ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရန်ကုန်မြို့တွင် အိမ်ခြံမြေ နှင့်တိုက်ခန်း အငှားဈေးကွက်များ ဝါမဝင်ခင်ကာလ အထိ ဆက်တိုက်မြင့်တက်လာနိုင်ကြောင်း အကျိုးဆောင်လုပ်ငန်းရှင်များ ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း နှင့် ပြင်ပမြို့နယ်အများစုရှိ အိမ်ခန်းတိုက်ခန်းများအပြင် လုံးချင်းအိမ်ခြံမြေများ သည်လည်း အငှားလုပ်ငန်းလုပ်ကိုင်လာကြသဖြင့် ရန်ကုန်မြို့ရှိအိမ်ငှားဈေးကွက် မှာ ကြီးမားကျယ်ပြန်လာခြင်း ဖြစ်သည်။
“ အိမ်ခြံမြေ နဲ့ တိုက်ခန်းတွေ ဝယ်ထားတဲ့သူတွေ အကုန်လုံးနီးပါက အငှားပြန်တင်နေကြတာပါ။ သင်္ကြန်ကာလ မတိုင်ခင်ကတည်းက အလုပ်လုပ်တဲ့နေရာကို ရွေးပြီး ရွှေ့ပြောင်းနေထိုင်ကြလို့ အိမ်ငှားဈေးကွက်က အရမ်းများပါတယ်။ ဝါမဝင်ခင် အထိ အိမ်ငှားဈေးကွက် က သွက်လက်နေမှာပါ ” ဟု ဗမာသစ္စာ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အကျိုးဆောင်များ၏ လေ့လာမှုများအရ တစ်လလျှင် ကျပ်နှစ်သိန်းမှ ငါးသိန်းအကြား အိမ်ခြံမြေ အငှားလုပ်ငန်းများမှာ နေရာပေါ်မှုတည်ကာ အငှားသွက်နေကြောင်း သိရသည်။
ရန်ကုန်မြို့သည် ယခုနှစ်အတွင်း နယ်မှ မိသားစုလိုက်ပြောင်းရွှေ့နေထိုင်သူများပြားလာခြင်းကြောင့် အိမ်ခြံမြေနှင့်တိုက်ခန်းအငှားလုပ်ငန်းများ တိုးတက်နေကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်