အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကို ချပြလာ

အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကို ချပြလာ - Property News in Myanmar from iMyanmarHouse.com
22 Nov 2024 11:15 am တွင် တင်ခဲ့သည်
757 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်မှ လစဉ်ထုတ် ဖက်ရှင်မဂ္ဂဇင်းကြီးဖြစ်သော Vanity Fair ၏ နိုဝင်ဘာ ၁၃ ရက်ထုတ် The Hollywood Issue တွင် ကိုရီးယားအအောင်မြင်ဆုံး မိန်းကလေး Pop အဖွဲ့မှ လီဆာသည် ဟောလိဝုဒ်အကျော်အမော်များနှင့်အတူ မျက်နှာဖုံး၌ ဖော်ပြခံခဲ့ရသည်။

ရုပ်ရှင်လောက ဖြတ်သန်းမှု နည်းပါးသော လီဆာသည် ဟောလိဝုဒ်အကျော်အမော်များနှင့်အတူ ယှဉ်တွဲဖော်ပြခံရမှုအပေါ် ဝေဖန်များ များပြားနေသည်။

“ရုပ်ရှင်လည်း မရိုက်ဖူးဘဲနဲ့ ဘာကြောင့် မျက်နှာဖုံးမှာ ပါလာတာလဲ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

လီဆာသည် ယခင်က ရုပ်ရှင်မရိုက်ခဲ့ဖူးသော်လည်း The White Lotus အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင်သရုပ်ဆောင်ထားကာ မကြာမီထွက်ရှိလာရန် ရှိနေသည်။

အခြားသူတို့ကမူ ကမ္ဘာ့ဖက်ရှင်လောကကို သြဇာလွှမ်းထားသော ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး Bernard Arnault ၏ သားဖြစ်သူ Frederic Arnault ၏ သားနှင့် ချစ်ကြိုက်နေသူဖြစ်ခြင်းကြောင့် Vanity Fair မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် အသုံးချခဲ့ခြင်းဖြစ်နိုင်ကြောင်း ဝေဖန်ကြသည်။

(Vanity Fair မဂ္ဂဇင်းကြီး၏ ၂၀၂၅ ခုနှစ် The Hollywood Issue ကို နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ဝေဖြန့်ချိ ခဲ့ရာ မဂ္ဂဇင်းမျက်နှာဖုံးတွင် လီဆာကို ဟောလိဝုဒ်ကြယ်ပွင့်များနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Vanity Fair’s official website)

“သူ့ချစ်သူက ကမ္ဘာ့ဖက်ရှင်လောကကို သြဇာလွှမ်းထားတဲ့သူဆိုတော့ မျက်နှာဖုံးမှာပါဖို့က ဖြစ်နိုင်ပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အခြားတစ်ဦးကလည်း “လီဆာက ဂီတလောကမှာ သူ့ကိုယ်ပိုင်အရည်အချင်းရှိပါတယ်။ ဒါပေမယ့် Vanity Fair မျက်နှာဖုံးမှာ ပါဖို့ကတော့ ချစ်သူကောင်လေးရဲ့ ကျောထောက်နောက်ခံမပေးဘဲ မရနိုင်ဘူးဆိုတာ ငြင်းလို့မရပါဘူး” ဟု ဆိုသည်။

လီဆာသည် ချစ်သူ Frederic Arnault နှင့်အတူ တိုကျိုရှိ ဟိုတယ်တစ်ခုထဲမှ ထွက်လာသည့်ဖြစ်ရပ်မှာလည်း ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်ခဲ့သေးသည်။

(ဆက်စပ်သတင်း)

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသောဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ

https://www.imyanmarhouse.com/news/read/1108537

Frederic Arnault သည် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် LVMH ၏ စီအီးအို Bernard Arnault ၏ ဒုတိယမြောက် သားဖြစ်သည်။

Bernard Arnault သည် ယခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ခေတ္တရောက်ရှိခဲ့သေးပြီး နောက်ပိုင်းတွင် Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့က ဖြတ်ကျော်သွားသည်။

Bernard Arnault ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆၄ ဘီလီယံ ဖြစ်သည်။ လီဆာသည် အမေရိကန်ပြည်တွင် စံအိမ်ပိုင်ဆိုင်ထားသည့်နည်းတူ ကိုရီးယားတွင်လည်း တန်ဖိုးကြီး နေအိမ်များပိုင်ဆိုင်ထားသည်။

ဆိုးလ်မြို့တော်တွင် ဝယ်ယူခဲ့သည့် Luxury အိမ်မှာ ဝမ်ငွေ ၇ ဒသမ ၅ ဘီလီယံခန့်ပေးခဲ့ရသည်။

((လီဆာက ဆိုးလ်မြို့တော်ရှိ နေအိမ်တွင်း မြင်ကွင်းများကို ပရိသတ်အား ချပြလာ))

လီဆာသည် သူ၏မွေးနေ့တွင် Special Birthday Q&A with Lisa ဟု အမည်ပေးထားသော ဗွီဒီယိုဖိုင်တစ်ခုကို LLOUD ၏ ချန်နယ်တွင် လွှင့်တင်ခဲ့သည်။

ဗွီဒီယိုထဲတွင် လီဆာက ဆိုးလ်မြို့တော်၊ Seongbuk-dong အရပ်ရှိ နေအိမ်ကို ပရိသတ်များအား ပထမဆုံး ချပြလာသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝမ်ငွေ ၇ ဒသမ ၅ ဘီလီယံပေးခဲ့ရသည်။

ယခင်က ကုမ္ပဏီသူဌေးတစ်ဦးပိုင်ဆိုင်ခဲ့သောစံအိမ်ဖြစ်ပြီး မြေအောက်ခန်းနှင့် မြေပေါ် ၂ ထပ်ပါဝင်သည်။

လီဆာက “ပရိသတ်တွေက ကျွန်မရဲ့အိမ်ကို မြင်ဖူးချင်ကြပါတယ်။ ဒီနေ့ကျွန်မက ပထမဆုံးချပြလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

(လီဆာကို နေအိမ်အဝင်ခန်းမနေရာတွင် တွေ့ရပုံ။ ဓာတ်ပုံ-allkpop)

(အလုပ်ကြိုးစားသူဟု လူသိများသူ လီဆာသည် ကျယ်ပြောသော ဧည့်ခန်းတွင် အပန်းဖြေရခြင်းကို နှစ်သက်သည်။)

လီဆာက နေအိမ်ကို မွမ်းမံမှု များစွာပြန်လည်ပြုလုပ်ထားရာ ဧည့်ခန်းတွင် ပူဖောင်းများဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့ရသည်။

သူ၏ အေဂျင်စီဖြစ်သော LLOUD နှင့် ပတ်သက်၍ လီဆာက ချစ်ခင်ဂုဏ်ယူကြောင်း ပြောသည်။

အေဂျင်စီက မိမိအပေါ် များစွာပံ့ပိုးပေးပြီး မိသားစုဆန်ကြောင်း၊ မိမိ၏ ယူဆချက်များကို သက်တောင့်သက်သာ မျှဝေပြောဆိုနိုင်ကြောင်း လီဆာက ပြောပြသည်။

လီဆာသည် ဒုတိယထပ်ကို ပြသပြီးနောက် ပထမထပ်၊ ထို့နောက် မြေအောက် ကားဂိုဒေါင်နေရာတို့ကို လိုက်လံပြသခဲ့သည်။

ကားဂိုဒေါင်တွင် လီဆာက သူ၏ကားကို ပရိသတ်များအား ပြသခဲ့ပြီး ကင်မရာမှတဆင့် ပရိသတ်များအား နွေးထွေးစွာ နှုတ်ဆက်သွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Blackpink's Lisa under fire for purportedly leveraging billionaire boyfriend's influence (allkpop) Photo Credit-allkpop

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service