ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဂျွန်နီဒက်ပ်နှင့် အင်ဂျလီနာ ဂျိုလီတို့သည် တချိန်က ချစ်သူများ ဖြစ်ခဲ့ကြဖူးသည်။
သို့သော် ၎င်းတို့နှစ်ဦးကြားအချစ်ရေးမှာ လူသိရှင်ကြား မဖြစ်ခဲ့။ ၁၉၉၀ ပြည့်နှစ်က ရုံတင်ခဲ့သော Edward Scissorhands ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးနောက် ဂျွန်နီဒက်ပ်ကို ကြွေသွားမိကြောင်း ဂျိုလီ ပြောဖူးသည်။
အင်ဂျလီနာ ဂျိုလီကို လမ်းလျှောက်နေသော ကဗျာတစ်ပုဒ်ဟု ဂျွန်နီဒက်ပ်က တင်စားခဲ့ဖူးပြီး ပြီးပြည့်စုံသော အလှတရားဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
၎င်းတို့နှစ်ဦး အတူတွဲကာ သရုပ်ဆောင်ခဲ့ရသည့် The Tourist ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ်တွင် ဂျွန်နီဒက်ပ်က ဂျိုလီကို နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရာတွင် ပြဿနာပေါ်သည်။
ဂျွန်နီဒက်ပ်၏ ပါးစပ်မှာ ခံတွင်းနံ့ဆိုးသောကြောင့် မနမ်းလိုကြောင်း ဂျိုလီက ငြင်းပယ်ခဲ့ခြင်း ဖြစ်၏။
ထိုဇာတ်ဝင်ခန်း ရိုက်လိုပါက ဂျွန်နီဒက်ပ်အနေဖြင့် Listerine သုံးရန် ဂျိုလီက တောင်းဆို ( ရာဇသံပေး) ခဲ့သည်။
((ဂျွန်နီဒက်ပ်နှင့် အင်ဂျလီနာ ဂျိုလီတို့ အချစ်ရေး))
ဂျွန်နီဒက်ပ်သည် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များဖြစ်သော အင်ဂျလီနာဂျိုလီ၊ ကီရာ နိုက်တလေ၊ Marion Cotillard တို့နှင့် ချစ်ခဲ့ဖူးကြောင်း Hollywood Reporter က ဖော်ပြသည်။
ဂျွန်နီဒက်ပ်နှင့် ဂျိုလီတို့ကြားအချစ်ရေးပေါ်ပေါက်လာခြင်းမှာ ဂျွန်နီဒက်ပ်က ဇနီးဖြစ်သူ အမ်ဘာဟာ့ထ်ကို အသရေဖျက်မှုဖြင့် တရားစွဲခဲ့ခြင်းမှ စသည်။
အမှုစစ်ဆေးမှု လိုအပ်ချက်အရ ဂျွန်နီဒက်ပ်အနေဖြင့် ၎င်းနှင့် ချစ်ကြိုက်ဖူးသူများအားလုံးအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ရသည်။
THR နှင့် Vulture သတင်းဌာနတို့က ကြည့်ရှုခွင့်ရခဲ့သော တရားရုံးမှတ်တမ်းများအရ ဂျိုလီ၊ ကီရာ နိုက်တလေနှင့် Cotillard တို့ ပါဝင်သည်ဟု ဆိုသည်။
ဂျွန်နီဒက်ပ်နှင့် ချစ်ဖူးသူများစာရင်းတွင် အခြားမည်သူများ ပါဝင်သေးသည်ကိုမူ မသိရချေ။
((အင်ဂျလီနာဂျိုလီ၏ ဒေါ်လာ ၂၅ သန်းတန် လော့စ်အိန်ဂျလိစံအိမ်))
အင်ဂျလီနာဂျိုလီ၏ စံအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ လော့စ် ဖီလစ်ဇ်အရပ်တွင် တည်ရှိသည်။
ခြံအကျယ် ၂ ဒသမ ၁ ဧကရှိပြီး မြို့နှင့် ပင်လယ်၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
စံအိမ်ကို ဘိုးအာ့ထ် ဗိသုကာဟန်ဖြင့် ၁၉၁၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စံအိမ်၏ အမည်မှာ မူလပိုင်ရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ Cecil B.DeMile ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
စံအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်း ပါဝင်သည်။
(ဓာတ်ပုံ-Hilton & Hyland)
စတုရန်းပေ ၇၅၀၀ ကျယ်ဝန်းသော ပင်မစံအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ၆ နှစ်ခန့် အချိန်ယူ မွမ်းမံခဲ့ရသည်။
စံအိမ်၏ မူလဟန်ကို ထိန်းသိမ်းရင်း ခေတ်မီ amenities များ ထည့်သွင်းခဲ့သည်။
စံအိမ်တစ်ခုလုံးတွင် သစ်မာသားကြမ်းခင်းများ ခင်းထားပြီး ဧည့်ခန်း၊ မဟော်ဂနီသားတို့ဖြင့် မွမ်းမံဆောက်လုပ်ထားသော ညစာစားခန်း၊ မီးဖိုခုံအသစ်ထည့်သွင်းထားသော မီးဖိုဆောင်တို့ကို တွေ့ရမည် ဖြစ်သည်။
စာကြည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော စာအုပ်စင်များရှိသည်။
(ဓာတ်ပုံ-Hilton & Hyland)
(ဓာတ်ပုံ-Hilton & Hyland)
အပေါ်ထပ်တွင် အိပ်ခန်းများနှင့် ရေချိုးခန်းများစွာရှိပြီး မူရင်း Art Deco ဗိသုကာဟန်နှင့် လိုက်ဖက်စေရန် မွမ်းမံထားသည်။
(ဓာတ်ပုံ-Hilton & Hyland)
(ဓာတ်ပုံ-Hilton & Hyland)
(ဓာတ်ပုံ-Hilton & Hyland)
(ဆက်စပ်သတင်း)
ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲ ရောင်းချမှုဖြင့် တရားစွဲ
https://www.imyanmarhouse.com/news/read/1019455
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Ref: Step inside Angelina Jolie’s new $25million home in Los Angeles (timesofindia) Photo Credit- Hilton & Hyland