ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
Red Hot Chilli Peppers ရော့ခ်ဂီတဝိုင်းကြီး၏ သီချင်းများကို မြန်မာပရိသတ်များ ကောင်းစွာ ရင်းနှီးထိတွေ့ဖူး ကြသည်။
မြန်မာနိုင်ငံတွင် Red Hot Chilli Peppers ၏ သီချင်းများကို ပြန်လည်သီဆိုကြမှုများ ရှိသည်။
Red Hot Chilli Peppers ၏ the zephyr song ကို ဇော်ပိုင်က စိတ်နာတယ်၊ Otherside ကို ဇော်ပိုင်ကပင် လောကသစ်၊ On mercury ကို အာဇာနည်က အားလပ်ရက်၊ Coffee Shop ကို ရင်ဂိုက ကန္တာရကဖေး၊ Californication ကို ချမ့်ခိုင်က အနာဂတ်ခရီးရှည် အစရှိသဖြင့် ပြန်လည်သီဆိုထားကြသည်။
ယခုအခါ Red Hot Chilli Peppers ရော့ခ်ဂီတအဖွဲ့ကြီး၏ ဘေ့စ်ဂစ်တာသမား မိုက်ကယ် ဖလီး ဘာဇရီ (Michael “Flea” Balzary) သည် လော့စ်အိန်ဂျလိမြို့ La Crescenta အရပ်ရှိ ရင်သပ်ရှုမောဖွယ် စံအိမ်ကို အရောင်းဈေးကွက် ပြန်တင်လာသည်။
Balzary သည် အဆိုပါစံအိမ်ကို ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ရောင်းထုတ်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။
(မှတ်ချက်။ ဘာဇရီ ပထမဆုံး အရောင်းဈေးကွက်တင်သည့် သတင်းကို imyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
အသက် ၆၁ နှစ်ရှိပြီဖြစ်သော ရော့ခ်ကြယ်ပွင့်ကြီးက သူ၏ တောင်ကုန်းထိပ်စံအိမ်ကို ယခုအခါ ကန်ဒေါ်လာ ၆ ဒသမ ၉၉ သန်း ဈေးခေါ်ထားရာ ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းအောက် များစွာ နည်းပါးသော ဈေးနှုန်းလည်း ဖြစ်သည်။
ထိုသို့ ဈေးနှုန်းလျှော့ချပေးသည့်တိုင် ဘာဇရီ ၂၀၁၈ ခုနှစ်အတွင်းက ဝယ်ဈေး ကန်ဒေါ်လာ ၄ ဒသမ ၃ သန်း ထက် များစွာ မြင့်မားနေဆဲ ဖြစ်သည်။
(ခြံဝန်းအကျယ် ၅ ဒသမ ၇ ဧကရှိသည်။ ဓာတ်ပုံ-Cameron Carothers)
( Richard Neutra ဆောက်လုပ်ပေးထားသော စံအိမ်အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Cameron Carothers)
(စတုရန်းပေ ၂၅၀၀ ကျယ်ဝန်းသော ပင်မစံအိမ်မှ အိပ်ခန်းတစ်ခန်း။ ဓာတ်ပုံ- Cameron Carothers)
(စံအိမ်အလယ်တွင် ဗဟိုကွက်လပ်တစ်ခု ရှိသည်။ ဓာတ်ပုံ- Cameron Carothers)
(ဘာဇရီ။ ဓာတ်ပုံ-Getty Images)
ဘာဇရီသည် ဤစံအိမ်ကို ဝယ်ယူပြီးနောက်ပိုင်း ထပ်မံဖြည့်စွက် ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ရာ သီးသန့် သစ်လုံး အိမ်ငယ်တစ်လုံး၊ အလျား ပေ ၅၀ ရှိ ရေကူးကန်၊ ၇ ထောင့် ပုံသဏ္ဍာန်ရှိ ပင်မစံအိမ်အား စတုရန်းပေ ၈၇၅ ပေ ထပ်မံတိုးချဲ့ ဆောက်လုပ်ခြင်းတို့ အပါအဝင် ဖြစ်သည်။
(ပင်မစံအိမ်၏ မီးဖိုဆောင်။ ဓာတ်ပုံ- Cameron Carothers)
(ပင်မအိပ်ခန်းမှ ရေချိုးခန်း။ ဓာတ်ပုံ- Cameron Carothers)
(Richard Neutra က စံအိမ်ကို ၁၉၅၀ ပြည့်လွန် အစောပိုင်းကာလများတွင် သူ၏ အတွင်းရေးမှူးအတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Cameron Carothers)
(ဘာဇရီ ပိုင်ဆိုင်ထားစဉ်ကာလအတွင်း ဆောက်လုပ်ခဲ့သော သစ်လုံးအိမ်။ ဓာတ်ပုံ- Cameron Carothers)
(ရေကူးကန်။ ဓာတ်ပုံ- Cameron Carothers)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Red Hot Chili Peppers’ Flea relists LA ‘midcentury space station’ home for $6.99M (nypost)
Photo Credit- Cameron Carothers, Getty Images
[Zawgyi]
ေရာ့ခ္ဂီတအဖြဲ႔ၾကီး Red Hot Chilli Peppers ၏ ေဘ့စ္ဂီတာသမား ေလာ့အိန္ဂ်လိစံအိမ္ကို ေရာင္းခ်ေနသည္မွာ (၂) ႏွစ္ေက်ာ္ ၾကာျပီ ျဖစ္ေသာ္လည္း ယေန႔တိုင္ ေရာင္းမထြက္ေသးေသာေၾကာင့္ ကန္ေဒၚလာ (၃) သန္းနီးပါး ေစ်းေလွ်ာ့ေပးလာ
Red Hot Chilli Peppers ေရာ့ခ္ဂီတဝိုင္းၾကီး၏ သီခ်င္းမ်ားကို ျမန္မာပရိသတ္မ်ား ေကာင္းစြာ ရင္းႏွီးထိေတြ႔ဖူး ၾကသည္။
ျမန္မာႏိုင္ငံတြင္ Red Hot Chilli Peppers ၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုၾကမႈမ်ား ရွိသည္။
Red Hot Chilli Peppers ၏ the zephyr song ကို ေဇာ္ပိုင္က စိတ္နာတယ္၊ Otherside ကို ေဇာ္ပိုင္ကပင္ ေလာကသစ္၊ On mercury ကို အာဇာနည္က အားလပ္ရက္၊ Coffee Shop ကို ရင္ဂိုက ကႏၱာရကေဖး၊ Californication ကို ခ်မ့္ခိုင္က အနာဂတ္ခရီးရွည္ အစရွိသျဖင့္ ျပန္လည္သီဆိုထားၾကသည္။
ယခုအခါ Red Hot Chilli Peppers ေရာ့ခ္ဂီတအဖြဲ႔ၾကီး၏ ေဘ့စ္ဂစ္တာသမား မိုက္ကယ္ ဖလီး ဘာဇရီ (Michael “Flea” Balzary) သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ La Crescenta အရပ္ရွိ ရင္သပ္ရႈေမာဖြယ္ စံအိမ္ကို အေရာင္းေစ်းကြက္ ျပန္တင္လာသည္။
Balzary သည္ အဆိုပါစံအိမ္ကို ၂၀၂၂ ခုႏွစ္ အေစာပိုင္းကတည္းက ေရာင္းထုတ္ရန္ ၾကိဳးပမ္းေနခဲ့ျခင္း ျဖစ္သည္။
(မွတ္ခ်က္။ ဘာဇရီ ပထမဆံုး အေရာင္းေစ်းကြက္တင္သည့္ သတင္းကို imyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)
အသက္ ၆၁ ႏွစ္ရွိျပီျဖစ္ေသာ ေရာ့ခ္ၾကယ္ပြင့္ၾကီးက သူ၏ ေတာင္ကုန္းထိပ္စံအိမ္ကို ယခုအခါ ကန္ေဒၚလာ ၆ ဒသမ ၉၉ သန္း ေစ်းေခၚထားရာ ပထမဆံုး အေရာင္းေစ်းကြက္တင္ခဲ့စဥ္က ေခၚေစ်း ကန္ေဒၚလာ ၉ ဒသမ ၈ သန္းေအာက္ မ်ားစြာ နည္းပါးေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။
ထိုသို႔ ေစ်းႏႈန္းေလွ်ာ့ခ်ေပးသည့္တုိင္ ဘာဇရီ ၂၀၁၈ ခုႏွစ္အတြင္းက ဝယ္ေစ်း ကန္ေဒၚလာ ၄ ဒသမ ၃ သန္း ထက္ မ်ားစြာ ျမင့္မားေနဆဲ ျဖစ္သည္။
(ျခံဝန္းအက်ယ္ ၅ ဒသမ ၇ ဧကရွိသည္။ ဓာတ္ပံု-Cameron Carothers)
( Richard Neutra ေဆာက္လုပ္ေပးထားေသာ စံအိမ္အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- Cameron Carothers)
(စတုရန္းေပ ၂၅၀၀ က်ယ္ဝန္းေသာ ပင္မစံအိမ္မွ အိပ္ခန္းတစ္ခန္း။ ဓာတ္ပံု- Cameron Carothers)
(စံအိမ္အလယ္တြင္ ဗဟိုကြက္လပ္တစ္ခု ရွိသည္။ ဓာတ္ပံု- Cameron Carothers)
(ဘာဇရီ။ ဓာတ္ပံု-Getty Images)
ဘာဇရီသည္ ဤစံအိမ္ကို ဝယ္ယူျပီးေနာက္ပိုင္း ထပ္မံျဖည့္စြက္ ေဆာက္လုပ္မႈမ်ား ျပဳလုပ္ခဲ့ရာ သီးသန္႔ သစ္လံုး အိမ္ငယ္တစ္လံုး၊ အလ်ား ေပ ၅၀ ရွိ ေရကူးကန္၊ ၇ ေထာင့္ ပံုသ႑ာန္ရွိ ပင္မစံအိမ္အား စတုရန္းေပ ၈၇၅ ေပ ထပ္မံတိုးခ်ဲ႕ ေဆာက္လုပ္ျခင္းတို႔ အပါအဝင္ ျဖစ္သည္။
(ပင္မစံအိမ္၏ မီးဖိုေဆာင္။ ဓာတ္ပံု- Cameron Carothers)
(ပင္မအိပ္ခန္းမွ ေရခ်ိဳးခန္း။ ဓာတ္ပံု- Cameron Carothers)
(Richard Neutra က စံအိမ္ကို ၁၉၅၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္ သူ၏ အတြင္းေရးမွဴးအတြက္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- Cameron Carothers)
(ဘာဇရီ ပိုင္ဆိုင္ထားစဥ္ကာလအတြင္း ေဆာက္လုပ္ခဲ့ေသာ သစ္လံုးအိမ္။ ဓာတ္ပံု- Cameron Carothers)
(ေရကူးကန္။ ဓာတ္ပံု- Cameron Carothers)
Ref: Red Hot Chili Peppers’ Flea relists LA ‘midcentury space station’ home for $6.99M (nypost)
Photo Credit- Cameron Carothers, Getty Images