ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ဒလမြို့နယ် တွင် တံတားစီမံကိန်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေပြီး ဒလ-တွံတေးလမ်းပိုင်း ၊ မဟာဗန္ဓုလလမ်း၊ မြဝတီမင်းကြီးလမ်းဘေး ပတ်ဝန်းကျင်ရပ်ကွက်များဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ဒလမြို့မှာ မြစ်ကူးတံတားတည်ဆောက်ပြီးစီးချိန် နီးကပ်လာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် ကျပ် သိန်း (၁)သောင်းခန့်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“တံတားမဆောက်ခင်ကဆိုရင် ဒလမှာက အကွက်အကွင်းကောင်းတဲ့နေရာလည်းဖြစ်တယ်၊ ခြံနဲ့ တိုက်နဲ့ ဆိုရင်တောင် သိန်းထောင်ဂဏန်းလောက်ပဲရှိတာ။ မြို့တွင်းပိုင်းမဟုတ်တဲ့ နေရာတွေဆိုရင် သိန်း (၄၀၊ ၅၀) လောက်နဲ့ အိမ်တစ်လုံးဝယ်နိုင်တယ်။ အခုအဲဒီနေရာတွေလည်း ဈေးက အတော်မြောက်နေပြီ” ဟု ဒလမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဒလမြို့နယ်သည် ရေအခက်အခဲရှိသောကြောင့် ယခင်က ဝယ်ယူနေထိုင်ရန် ခက်ခဲသော်လည်း တံတားစီမံကိန်းနှင့်အပြိုင် ရေးပေးဝေရေးလုပ်ငန်းများ ပါဝင်လာခြင်းကြောင့် လက်ရှိတွင် စိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ