ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ဂျွန်စီနာ (John Cena) (မွေး- ၁၉၇၇) သည် အမေရိကန် နပန်းသမား၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ဂျွန်စီနာသည် WWE ကမ္ဘာ့ချန်ပီယံ ၁၆ ကြိမ်ရရှိထားပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး နပန်းသမားများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။
ဂျွန်စီနာသည် ၂၀၂၄ ခုနှစ် ၊ မတ်လ ၁၀ ရက်က ကျင်းပခဲ့သော ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲ အခမ်းအနားတွင် စင်မြင့်ပေါ်သို့ ဝတ်လစ်စလစ် တက်လာခဲ့ပြီး သူ၏ မမြင်အပ်သောနေရာကို စာအိတ် တစ်ခုဖြင့်သာ ဖုံးကွယ်ထားသည်။
အဆိုပါ စာအိတ်ထဲတွင် Best Costume အော်စကာဆုရသူ၏ အမည်ပါဝင်သည်ဟု ဆိုသည်။
((Photo by Kevin Winter/Getty Images))
((ဂျွန်စီနာ၏ ပေါင် ၂ ဒသမ ၆ သန်းတန် စံအိမ်))
ဂျွန်စီနာသည် ဇနီးဖြစ်သူ Shay Shariatzadeh နှင့် ဖလော်ရီဒါတွင် ၂၀၂၀ ပြည့်နှစ်အတွင်း လျှို့ဝှက်လက်ထပ်ခဲ့ကြပြီးနောက် အေးချမ်းစွာ ဘဝဖြတ်သန်းလျက် ရှိသည်။
(ဂျွန်စီနာ၏ အားကျဖွယ်ဘဝ။ ဓာတ်ပုံ-WWE)
(ဂျွန်စီနာက Shay Shariatzadeh နှင့် လျှို့ဝှက် လက်ထပ်ခဲ့သည်။ ဓာတ်ပုံ-Getty Images)
(ဖလော်ရီဒါပြည်နယ် Tampa မြို့တွင် တည်ရှိသော ဂျွန်စီနာ၏ ပေါင် ၂ ဒသမ ၆ သန်းတန် စံအိမ်။ ဓာတ်ပုံ-YouTube/Thebellatwins)
ဂျွန်စီနာ၏ အိမ်တွင် Indoor နှင့် Outdoor ရေကူးကန်များ ရှိသည်။
ဂျွန်စီနာသည် မော်တော်ကားအများအပြားများလည်း ပိုင်ဆိုင်ထားသည့်အနက် ပေါင် ၁ သန်းကျော် တန်ကြေးရှိသော Ford GT တစ်စင်းလည်း ပါဝင်သည်။
ဂျွန်စီနာ၏ စံအိမ်မှာ Land O’ Lakes ဒေသ Nature’s Reserve ဂိတ်ဝန်းခတ် အိမ်ရာဝန်းတွင် တည်ရှိသည်။
ဂျွန်စီနာက ဤစံအိမ်ကို ၂၀၀၅ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သည်။
စံအိမ်အကျယ်အဝန်း ၁၀၆၉၂ စတုရန်းပေရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။
ဂျွန်စီနာသည် ၎င်းနှင့်စေ့စပ်ထားသူ Nikki Bella နှင့်အတူ ဤစံအိမ်တွင် ယခင်က နေထိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ၎င်းတို့ ၂ ဦး၏ စေ့စပ်ထားမှု ဖျက်သိမ်းခဲ့ကြသည်။
Nikki ထွက်ခွာသွားပြီး ဂျွန်စီနာမှာ အသည်းကွဲနေသော်လည်း ဤစံအိမ်တွင် ဆက်လက်နေထိုင်ခဲ့သည်။
(စံအိမ်အကျယ်အဝန်း ၁၀၆၉၂ စတုရန်းပေရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။ ဓာတ်ပုံ-YouTube/Thebellatwins)
(ဧည့်ခန်းမှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး သားနားစွာ မွမ်းမံထားသည်။ ဓာတ်ပုံ-YouTube/Thebellatwins)
(Indoor Outdoor ရေကူးကန်များ ပါဝင်သည်။ ဓာတ်ပုံ-YouTube/Thebellatwins)
(ဂျွန်စီနာသည် ဤစံအိမ်တွင် ယခင်က Nikki Bella နှင့်အတူ နေထိုင်ခဲ့သည်။ ဓာတ်ပုံ-YouTube )
(၎င်းတို့နှစ်ဦး ၂၀၁၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ဓာတ်ပုံ-YouTube/Thebellatwins)
ခြံဝန်းအတွင်း ဧည့်ဂေဟာ အိမ်တစ်လုံးလည်း ရှိသည်။
ဂျွန်စီနာသည် ဤစံအိမ်တွင် နေထိုင်စဉ် နှစ်ပေါင်းများစွာကာလအတွင်း မော်တော်ကားများစွာ ဝယ်ယူခဲ့ရာ ခြံဝန်းအတွင်း ကြီးမားသော ကားဂိုဒေါင်ကြီးလည်း ရှိသည်။
ထိုစုဆောင်းထားသော ကားများအနက် Ford GT ၁ စင်းလည်း ပါဝင်ပြီး ၎င်းဝယ်ယူခဲ့ချိန်က ပေါင် ၃၈၀၀၀၀ ဝန်းကျင် ပေးခဲ့ရသည်။
ထိုကားမျိုးမှာ လေလံပွဲတွင် ပေါင် ၁ သန်းကျော်အထိ လက်ရှိအချိန်တွင် ရနိုင်သည်။
ဤကားတွင် 3.5-liter twin-turbo V6 EcoBoost အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံး မြင့်နှုန်း ၁ နာရီ ၂၁၆ မိုင်အထိ မောင်းနှင်နိုင်သည်။
(ဂျွန်စီနာ ဝယ်ယူထားသော ကားများအနက် တန်ကြေးအကြီးဆုံးမှာ Ford GT ဖြစ်သည်။ ဓာတ်ပုံ-YouTube)
(စီနာသည် Chevrolet Corvette တစ်စီးကိုလည်း ပေါင် ၇၅၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-YouTube)
(စီနာက Dodge တစ်စင်းကိုလည်း ၂၀၀၆ ခုနှစ်က ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-EPA)
(စီနာစုဆောင်းထားသော ကားများတွင် ၁၉၆၉ ခုနှစ်ထုတ် Dodge Daytona တစ်စင်းလည်း ပါဝင်ပြီး လေလံတင်ရောင်းချလျှင် ဒေါ်လာ သိန်းဂဏန်းရနိုင်သည်။ ဓာတ်ပုံ-YouTube)
(စီနာ ပိုင်ဆိုင်သော ၁၉၇၁ ခုနှစ်ထုတ် Pontiac GTO ။ ဓာတ်ပုံ-YouTube)
(စီနာ၏ Cutlass Rallye 350 မှာ 0-60mph ကို ၆ စက္ကန့်ခွဲဖြင့် ရနိုင်သည်။ ဓာတ်ပုံ-YouTube)
(ခေတ်ပေါ်ကားများအနေဖြင့် စီနာတွင် Charger SRT-8 တစ်စင်းရှိပြီး တန်ကြေး ပေါင် ၅၅၀၀၀ ခန့် ရှိသည်။ ဓာတ်ပုံ-Reuters)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside WWE star John Cena’s glam lifestyle, living in a £2.6million Tampa mansion and owning a superfleet of fast cars (thesun)
Photo Credit: WWE, Getty Images, YouTube/Thebellatwins, EPA, Reuters
[Zawgyi]
မိမိ၏ မမြင်အပ်သောနေရာကို စာအိတ်တစ်ခုဖြင့်သာ ကာထားပြီး အော်စကာဆုပေးပွဲ စင်မြင့်ပေါ်သို့ ဝတ်လစ်စလစ် တက်လာခဲ့သူ အမေရိကန်နပန်းသမား John Cena ၏ စံအိမ်နှင့် မော်တော်ကားများ