ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
လယ်ယာမြေ၊ အိမ်ခြံမြေအပါအဝင် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ ရောင်းချမှုအပြီး ကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို မှတ်ပုံတင်ပေးဖို့ကို ဦးစွာလျှောက်ထားခွင့် မပြုတော့ဘူးလို့ မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက အသိပေးထားပါတယ်။ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေအပါအဝင် သက်ဆိုင်ရာအခွန်ဥပဒေတွေနဲ့အညီ ကျသင့်တဲ့အခွန်တွေကို အရင်ပေးဆောင်ပြီး ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်တဲ့ အချိန်မှသာ အထွေထွေကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို မှတ်ပုံတင်ပေးခွင့်ပြုမှာ ဖြစ်ပါတယ်။
အရင်က မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ အရောင်းအဝယ်ပြုလုပ်တဲ့အခါ အထွေထွေကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို အရပ်စာချုပ် ချုပ်ဆိုပြီး လွှဲပြောင်းကာလ (၄) လအတွင်း နာမည်ပြောင်းချိန်မှာ ပုံစံ (၁၀၅) ကူးခြင်း ၊ အခွန်ဆောင်တာတွေပြုလုပ်ရပြီး ၊ တကယ်လို့လွှဲပြောင်းကာလ (၄) လကျော်ပါက ဒဏ်ကြေးပေးဆောင်ပြီး မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာပါ။
အခုလို ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်တဲ့ ကိုယ်စားလှယ်လွှဲစာများကို အခွန်ဆောင်ပြီးမှ မှတ်ပုံတင်ခွင့်ပြုတာဟာ ရောင်းမှားဝယ်မှားမဖြစ်အောင် ကြိုတင်တားဆီးနိုင်ဖို့ရည်ရွယ်တယ်လို့ မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကနေ အသိပေးထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ေရာင္းမွားဝယ္မွားမျဖစ္ေအာင္ အိမ္ျခံေျမလႊဲေျပာင္းေရာင္းခ်ျခင္းအတြက္ အခြန္ေဆာင္ၿပီးမွသာ ပိုင္ဆိုင္မႈအလႊဲအေျပာင္းစာခ်ဳပ္စာတမ္း မွတ္ပုံတင္ခြင့္ျပဳမည္။
လယ္ယာေျမ၊ အိမ္ျခံေျမအပါအဝင္ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္းေတြ ေရာင္းခ်မႈအၿပီး ကိုယ္စားလွယ္လႊဲစာ (GP ၊ SP) ကို မွတ္ပုံတင္ေပးဖို႔ကို ဦးစြာေလွ်ာက္ထားခြင့္ မျပဳေတာ့ဘူးလို႔ ၿမိဳ႕ေတာ္စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးက အသိေပးထားပါတယ္။ ျမန္မာႏိုင္ငံတံဆိပ္ေခါင္းခြန္အက္ဥပေဒအပါအဝင္ သက္ဆိုင္ရာအခြန္ဥပေဒေတြနဲ႔အညီ က်သင့္တဲ့အခြန္ေတြကို အရင္ေပးေဆာင္ၿပီး ပိုင္ဆိုင္မႈအလႊဲအေျပာင္း စာခ်ဳပ္စာတမ္းကို လာေရာက္မွတ္ပုံတင္တဲ့ အခ်ိန္မွသာ အေထြေထြကိုယ္စားလွယ္လႊဲစာ (GP ၊ SP) ကို မွတ္ပုံတင္ေပးခြင့္ျပဳမွာ ျဖစ္ပါတယ္။
အရင္က မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္းေတြ အေရာင္းအဝယ္ျပဳလုပ္တဲ့အခါ အေထြေထြကိုယ္စားလွယ္လႊဲစာ (GP ၊ SP) ကို အရပ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး လႊဲေျပာင္းကာလ (၄) လအတြင္း နာမည္ေျပာင္းခ်ိန္မွာ ပုံစံ (၁၀၅) ကူးျခင္း ၊ အခြန္ေဆာင္တာေတြျပဳလုပ္ရၿပီး ၊ တကယ္လို႔လႊဲေျပာင္းကာလ (၄) လေက်ာ္ပါက ဒဏ္ေၾကးေပးေဆာင္ၿပီး မွတ္ပုံတင္ခြင့္ျပဳေပးခဲ့တာပါ။
အခုလို ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းျဖစ္တဲ့ ကိုယ္စားလွယ္လႊဲစာမ်ားကို အခြန္ေဆာင္ၿပီးမွ မွတ္ပုံတင္ခြင့္ျပဳတာဟာ ေရာင္းမွားဝယ္မွားမျဖစ္ေအာင္ ႀကိဳတင္တားဆီးႏိုင္ဖို႔ရည္႐ြယ္တယ္လို႔ ၿမိဳ႕ေတာ္စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးကေန အသိေပးထားပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com