ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ဟယ်ရီပေါ်တာ ရုပ်ရှင်ကားများတွင် Hogwarts Express ရေနွေးငွေ့ရထားကြီး၏ နောက်ခံအဖြစ် ပါဝင်ခဲ့သော အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံး ပေါင် ၂၃၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ထိုအိမ်မှာ ဘူတာရုံကို လူနေအိမ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ရောင်းချမည့်အိမ်မှာ Beasdale ဘူတာရုံ ရထားလမ်းအနီးတွင် တည်ရှိသည်။
အဆိုပါ ဘူတာရုံသည် စကော့တလန်နိုင်ငံ ၊ Druimindarroch ကျေးရွာတွင် တည်ရှိပြီး ယနေ့တိုင် အသုံးပြုနေသော ဘူတာဖြစ်သည်။
ရောင်းချမည့်အိမ်သည် ဝိတိုရိယခေတ် ဘူတာရုံအဆောက်အအုံကို နေအိမ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။
ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲတွင် ဟယ်ရီပေါ်တာနှင့် သူ၏သူငယ်ချင်းများသည် Hogwart Express ရေနွေးငွေ့ ရထားကြီးကိုစီးကာ မှော်ကျောင်းတော်သို့ သွားလေ့ရှိသည်။
ထိုဘူတာသည် ကမ်းခြေမှ ခြေလျင်ခရီး မိနစ် ၂၀ ခန့်အကွာတွင် တည်ရှိသည်။
ဂလပ်စဂိုမြို့မှ Mallaig မြို့သို့ သွားရာတွင် တထောက်နားရာနေရာ ဖြစ်နေဆဲဖြစ်ရာ သင်၏ အိမ်ရှေ့မှ ရထားတက်စီးနိုင်မည် ဖြစ်သည်။
သင့်အနေဖြင့် ရထားမောင်းသူအား လက်ကိုင်ပုဝါတစ်ခု ဝှေ့ယမ်းပြကာ ဤဘူတာတွင် ရပ်နားခိုင်း၍ ရပါသည်။
အရောင်းဈေးကွက်တင်ပေးသော Unique အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်က ပြောသည်မှာ ယခုအိမ်ထက် ပိုမိုစိတ်ကူးယာဉ်ဆန်ပြီး ကြီးမားသည့် ဇာတ်ကြောင်းရှိသောအိမ်မျိုး ရောင်းမပေးခဲ့ဖူးကြောင်း ပြောသည်။
(အိပ်ခန်း ၂ ခန်းပါသော နေအိမ်နှင့် ဘူတာရုံ)
(ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲတွင် ဟယ်ရီပေါ်တာနှင့် သူ၏သူငယ်ချင်းများသည် Hogwart Express ရေနွေးငွေ့ရထားကြီးကိုစီးကာ မှော်ကျောင်းတော်သို့ သွားလေ့ရှိသည်။)
(အရောင်းဈေးကွက်တင်ပေးသော Unique အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်က ပြောသည်မှာ ယခုအိမ်ထက် ပိုမိုစိတ်ကူးယာဉ်ဆန်ပြီး ကြီးမားသည့် ဇာတ်ကြောင်းရှိသော အိမ်မျိုး ရောင်းမပေးခဲ့ဖူးကြောင်း ပြောသည်။ ပုံတွင် တွေ့ရသည်မှာ မီးလင်းဖိုပါသော ဧည့်ခန်း ဖြစ်သည်။)
(ဘူတာရုံမှ မီးဖိုဆောင်။)
(ဤအိမ် သို့မဟုတ် ဘူတာမှာ ဂလပ်စဂိုမှ Mallaig မြို့သို့ သွားသည့် လမ်းပေါ်တွင် ရှိသည်။)
Beasdale ဘူတာရုံကို ၁၉၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အနီးရှိ Arisaig House စံအိမ်အတွက် သီးသန့် ဘူတာအဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဤဘူတာရုံမှတဆင့် စကော့တလန်အနောက်ပိုင်းကမ်းရိုးတန်းတခွင်တပြင် ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။
အဆောက်အအုံအတွင်း ၂ ယောက်အိပ် အိပ်ခန်းများ ၊ ရေချိုးခန်း ၁ ခန်းနှင့် ထပ်ခိုးသိုလှောင်ခန်းတို့ ပါဝင်သည်။
(စတုရန်းပေ ၃၃၀ ရှိ ဧည့်ခန်း )
(Beasdale ဘူတာသည် ဗြိတိန်တွင် အသုံးပြုမှု အနည်းဆုံး ဘူတာများ၌ ပါဝင်ပြီး ၂၀၂၀/၂၁ အတွင်း ခရီးသည်တစ်ဦးမှ မရှိခဲ့။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Two-bedroom home which formed iconic backdrop for the Hogwarts Express in Harry Potter goes on sale for £235,000 (dailymail)