မြေလွတ်၊မြေလပ်၊မြေရိုင်းများကိုစိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလိုပါက အောက် ပါအချက်အလက်များအား ကြိုတင်လေ့လာထားသင့်ပါတယ်။

မြေလွတ်၊မြေလပ်၊မြေရိုင်းများကိုစိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလိုပါက အောက် ပါအချက်အလက်များအား ကြိုတင်လေ့လာထားသင့်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2023 2:21 pm တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

မြေလွတ်မြေလပ်ဆိုသည်မှာ သီးစားခံယူ လုပ်ကိုင်ဖူးသောမြေဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မလုပ်ကိုင်တော့ဘဲ စွန့်လွတ်ထားသည့် ယခုအချိန်တွင်လဲ သီးစားလျှောက်ထား လုပ်ကိုင်သူ မရှိသော စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့်မြေကို ဆိုလိုပါသည်။

မြေရိုင်းဆိုသည်မှာ ချုံနွယ်များ ပေါက်ရောက်နေပြီး မြေပြင်မှာ ညီညာမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးမလုပ်ကိုင်ဖူးသော မြေဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တူထုတ် လုပ်ခြင်းလုပ်ငန်း၊ အခြားလုပ်ငန်းများ လုပ်ကိုင်ရန် တရားဝင်ဖျက်သိမ်းပြီး ကြိုးဝိုင်း၊ သစ်တောမြေ၊ စား ကျက်မြေနှင့် အင်းအိုင်မြေများကို ဆိုလိုသည်။

နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရန်အတွက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနပါဝင်ကာ မြေလွတ်၊မြေလပ်၊မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီကို ဖွဲ့စည်းထားရှိပါသည်။

မြေလွတ်မြေလပ်မြေရိုင်း လျှောက်ထားရယူသူသည် (၄)နှစ်အတွင်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီးအောင် လုပ်ကိုင်ရမည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများများကို အစိုးရခွင့်ပြုချက်မရှိလဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း (သို့) ခွဲစိတ်ခြင်း မပြုလုပ်ရပါ။

ထို့ပြင် ခွင့်ပြုချက် မရှိလဲ မြေပေါ်/မြေအောက်ရှိ အခြားသယံဇာတများကို ထုတ်ယူ ရောင်းချသုံးစွဲ ခွင့်လဲ မရှိပါ။ မြေခွန်ဆိုသည်မှာ အသုံးပြုသည့်လုပ်ငန်းအလိုက် နိုင်ငံတော်ကို ပေးဆောင်ရသည့် အခွန်နှုန်း ထားကို ဆိုလိုပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း တို့ကို အောက်ပါပုဂ္ဂိုလ်များက လျှောက်ထား၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ပါသည်။

- မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံသူများ

- အစိုးရဌာနနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ

- ၁၉၈၇ခုနှစ်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ ကင်း လွတ်ခွင့်ပြုထားသူများ၊

-အကျိုးတူဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ဗဟိုကော်မတီသို့ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် သတ်မှတ်ချက်များအပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သဘော ထားမှတ်ချက်ရယူရမည်။ ထို့အပြင် လုပ်ငန်းအလိုက်သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်လဲ ရယူရန် လိုအပ်ပါသည်။

သစ်တောနယ်မြေများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ညှီနှိုင်းဆောင်ရွက်ရမည့်အပြင် ပြည်ထောင်စုဝန်ကြီးထံသို့လဲ လိုအပ်သည့်အကြံဉာဏ်များရယူရမည်။

မြေလွတ်မြေလပ်နှင့်မြေရိုင်းအသုံးပြုခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုကာလမှာ တစ်ကြိမ်လျှင် ဧက ၅၀၀၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ၇၅ % အပြည့်အဝဆောင်ရွက်ပြီးပါက တစ်ကြိမ်လျှင် ၅၀၀၀ စီတိုး၍ စုစုပေါင်း ဧက ၅၀၀၀၀ထိ ခွင့်ပြုပေးနိုင်သည်။ ကျေးလက်မိသားစုများဖြစ်ပါက (၅၀)ဧကထက်မပိုသော မြေလွတ်၊မြေလပ်နှင့် မြေရိုင်းကို ခွင့်ပြုပေးနိုင်သည်။ မြေအမျိုးအစားအလိုက် ပေးသွင်းရမည့် အာမခံကြေး နှုန်းထားကို သတ်မှတ်ထားရှိပြီး လုပ်ငန်းအလိုက် ကွာခြားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ားကိုစိုက္ပ်ိဳးေရး၊ စီးပြားေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳလိုပါက ေအာက္ ပါအခ်က္အလက္မ်ားအား ႀကိဳတင္ေလ့လာထားသင့္ပါတယ္။

ေျမလြတ္ေျမလပ္ဆိုသည္မွာ သီးစားခံယူ လုပ္ကိုင္ဖူးေသာေျမျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္လက္မလုပ္ကိုင္ေတာ့ဘဲ စြန္႔လြတ္ထားသည့္ ယခုအခ်ိန္တြင္လဲ သီးစားေလွ်ာက္ထား လုပ္ကိုင္သူ မ႐ွိေသာ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္ႏိုင္သည့္ေျမကို ဆိုလိုပါသည္။

ေျမ႐ိုင္းဆိုသည္မွာ ခ်ံဳႏြယ္မ်ား ေပါက္ေရာက္ေနၿပီး ေျမျပင္မွာ ညီညာမႈ႐ွိသည္ျဖစ္ေစ၊ မ႐ွိသည္ျဖစ္ ေစ တစ္ႀကိမ္တစ္ခါမွ စိုက္ပ်ိဳးမလုပ္ကိုင္ဖူးေသာ ေျမျဖစ္ၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ဓာတ္သတၱဴထုတ္ လုပ္ျခင္းလုပ္ငန္း၊ အျခားလုပ္ငန္းမ်ား လုပ္ကိုင္ရန္ တရားဝင္ဖ်က္သိမ္းၿပီး ႀကိဳးဝိုင္း၊ သစ္ေတာေျမ၊ စား က်က္ေျမႏွင့္ အင္းအိုင္ေျမမ်ားကို ဆိုလိုသည္။

ႏိုင္ငံေတာ္စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ေဆာင္ရန္အတြက္ ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာနပါဝင္ကာ ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲမႈဗဟိုေကာ္မတီကို ဖြဲ႕စည္းထား႐ွိပါသည္။

ေျမလြတ္ေျမလပ္ေျမ႐ိုင္း ေလွ်ာက္ထားရယူသူသည္ (၄)ႏွစ္အတြင္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ ၿပီးစီးေအာင္ လုပ္ကိုင္ရမည္။ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ားမ်ားကို အစိုးရခြင့္ျပဳခ်က္မ႐ွိလဲ ေပါင္ႏွံျခင္း၊ ေပးကမ္းျခင္း၊ ေရာင္းခ်ျခင္း၊ အငွားခ်ထားျခင္း၊ အျခားနည္းျဖင့္ လႊဲေျပာင္းျခင္း (သို႔) ခြဲစိတ္ျခင္း မျပဳလုပ္ရပါ။

ထို႔ျပင္ ခြင့္ျပဳခ်က္ မ႐ွိလဲ ေျမေပၚ/ေျမေအာက္႐ွိ အျခားသယံဇာတမ်ားကို ထုတ္ယူ ေရာင္းခ်သုံးစြဲ ခြင့္လဲ မ႐ွိပါ။ ေျမခြန္ဆိုသည္မွာ အသုံးျပဳသည့္လုပ္ငန္းအလိုက္ ႏိုင္ငံေတာ္ကို ေပးေဆာင္ရသည့္ အခြန္ႏႈန္း ထားကို ဆိုလိုပါသည္။

ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္း တို႔ကို ေအာက္ပါပုဂၢိဳလ္မ်ားက ေလွ်ာက္ထား၍ လုပ္ငန္းမ်ား လုပ္ကိုင္ ေဆာင္႐ြက္ႏိုင္ပါသည္။

- ျမန္မာႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံသူမ်ား

- အစိုးရဌာနႏွင့္အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား

- ၁၉၈၇ခုႏွစ္၊မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒအရ ကင္း လြတ္ခြင့္ျပဳထားသူမ်ား၊

-အက်ိဳးတူေဆာင္႐ြက္မည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ဗဟိုေကာ္မတီသို႔ ေလွ်ာက္ထားႏိုင္သည္။ ေလွ်ာက္ထားသူသည္ သတ္မွတ္ခ်က္မ်ားအျပင္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕၏ သေဘာ ထားမွတ္ခ်က္ရယူရမည္။ ထို႔အျပင္ လုပ္ငန္းအလိုက္သက္ဆိုင္ရာဝန္ႀကီးဌာန၏ သေဘာထားမွတ္ခ်က္လဲ ရယူရန္ လိုအပ္ပါသည္။

သစ္ေတာနယ္ေျမမ်ား ထိခိုက္ပ်က္စီးမႈမ႐ွိေစေရးအတြက္ ပတ္ဝန္းက်င္ထိန္းသိမ္း ေရးႏွင့္ သစ္ေတာေရးရာဝန္ႀကီးဌာနႏွင့္ ညႇီႏိႈင္းေဆာင္႐ြက္ရမည့္အျပင္ ျပည္ေထာင္စုဝန္ႀကီးထံသို႔လဲ လိုအပ္သည့္အၾကံဉာဏ္မ်ားရယူရမည္။

ေျမလြတ္ေျမလပ္ႏွင့္ေျမ႐ိုင္းအသုံးျပဳခြင့္ႏွင့္စပ္လ်ဥ္း၍ ခြင့္ျပဳကာလမွာ တစ္ႀကိမ္လွ်င္ ဧက ၅၀၀၀ ထက္ မပိုေစဘဲ ခြင့္ျပဳႏိုင္သည္။ ၇၅ % အျပည့္အဝေဆာင္႐ြက္ၿပီးပါက တစ္ႀကိမ္လွ်င္ ၅၀၀၀ စီတိုး၍ စုစုေပါင္း ဧက ၅၀၀၀၀ထိ ခြင့္ျပဳေပးႏိုင္သည္။ ေက်းလက္မိသားစုမ်ားျဖစ္ပါက (၅၀)ဧကထက္မပိုေသာ ေျမလြတ္၊ေျမလပ္ႏွင့္ ေျမ႐ိုင္းကို ခြင့္ျပဳေပးႏိုင္သည္။ ေျမအမ်ိဳးအစားအလိုက္ ေပးသြင္းရမည့္ အာမခံေၾကး ႏႈန္းထားကို သတ္မွတ္ထား႐ွိၿပီး လုပ္ငန္းအလိုက္ ကြာျခားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service