ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ဗြိတိန်နိုင်ငံတွင် ထိုင်းဘုရင် ပိုင်ဆိုင်ခဲ့သော သမိုင်းဝင်ကျေးလက်စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင် လာသည်။
ယခင်က သံလုပ်ငန်း အချက်အခြာဖြစ်ခဲ့ပြီး သစ်တောထူထပ်သော Biddenden ကျေးရွာကလေးတွင် တည်ရှိသည့် တမူထူးခြားသော ဤစံအိမ်သည် ခမ်းနားမှုနှင့် ကျေးလက်အလှ ၂ ခုလုံး ပိုင်ဆိုင်ထားသည်။
ခြံဝန်းအကျယ် ၆၇ ဧကကျော် ကျယ်ဝန်းပြီး ၁၄၁၉ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ကာ ထိုင်းဘုရင် ရာမ ၇ ဟု ခေါ်သော Prajadhipok တစ်ချိန်က ပိုင်ဆိုင်ခဲ့သည်။
ရာမ ၇ သည် ထိုင်းနိုင်ငံတွင် သက်ဦးဆံပိုင်စနစ်ဖြင့် နောက်ဆုံးအုပ်ချုပ်သွားခဲ့သော ဘုရင်ဖြစ်သည်။
ရာမ ၇ (မွေး ၁၈၉၃-ကွယ်လွန် ၁၉၄၁ )သည် ချက္ကရီမင်းဆက်၏ သတ္တမမြောက် ဘုရင်ဖြစ်ကာ သူ၏ လက်ထက်တွင် စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည်။
အုပ်ချုပ်စိုးစံခဲ့သော ကာလမှာ ၁၉၂၅ မှ ၁၉၃၅ ခုနှစ်အထိ ဖြစ်သည်။ Vane Court ဟု အမည်ပေးထားသော ဤစံအိမ်ကို Savills အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Will Peppitt က အရောင်းဈေးကွက်တင်ပေးလာခြင်းဖြစ်ပြီး ဒေါ်လာ ၇ သန်းကျော်သာ ဈေးခေါ်ထားသည်။
ရာမ ၇ သည် အင်္ဂလန်သို့ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး သက်တော် ၄၇ နှစ်အရွယ် ၁၉၄၁ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။
ရာမ ၇ နှင့် သူ၏ မိဖုရား ရမ်ဖိုင်ဘာနီတို့သည် ဤစံအိမ်ကို ထီးနန်းစွန့်ပြီး ၂ နှစ်အကြာ ၁၉၃၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျေးလက်နေထိုင်မှုဘဝနှင့် လျင်မြန်စွာပင် သဟဇာတဖြစ်ခဲ့ကြသည်။
ရာမ ၇ သည် အမိုးအောက်ထပ်ခိုးတွင် စက်တော်ခေါ်ခဲ့သည်ဟု ယူဆရသည်။
အဆိုပါ နေရာကို ယခုအခါ ဘုရင့်အိပ်ခန်းဟု ခေါ်ကြသည်။
ထိုင်းဓလေ့ထုံးစံအရ နေအိမ်အတွင်းတွင် ရာမ ၇ ထက် မည်သူကမျှ ပိုမိုမြင့်မားသည့် နေရာတွင် မအိပ်ကြရ။
စံအိမ်အတွင်း ရှေးမူဟောင်းလက်ရာများ ယနေ့တိုင် ရှိနေဆဲဖြစ်ကာ ဝက်သစ်ချသား လှေကားကြီးရှိသော အဝင်ခန်းမလည်း အပါအဝင်ဖြစ်သည်။ စည်းရိုးဝန်းပတ်ထားသော အပူပေးစနစ်ပါ ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ကဲ့သို့ ခေတ်မီ Facilities များလည်း ပါဝင်သည်။
အမိုးမှာ အုတ်ကြွပ်ဖြစ်ပြီး အိပ်ခန်း ၇ ခန်းပါဝင်ကာ ၂ ခန်းမှာ သီးသန့်ရေချိုးခန်းများ ပါဝင်သည်။
ယင်းအပြင် အလွန်တရာကြီးမားသော မီးလင်းဖိုကြီးပါဝင်သည့် ညစာစားခန်း ၊ ဝက်သစ်ချသားတို့ဖြင့် ဆောက်လုပ်ထားသော အားကစားလေ့ကျင့်ခန်းမ ၊နှမ်းဖတ်ကျောက်ပြားခင်း စားပွဲများရှိသည့် အမေရိကန်သစ်ကြားသားဖြင့် ဆောက်လုပ်ထားသော မီးဖိုဆောင် ၊ လောင်စာဆီသုံး Aga မီးဖိုတို့ ပါဝင်သည်။
(ခြံဝန်း၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Savills)
(ခြံဝန်းအကျယ်မှာ ၆၇ ဧကခန့် ရှိသည်။ ဓာတ်ပုံ-Savills)
(အပူပေးစနစ်ပါ ရေကူးကန်။ ဓာတ်ပုံ-Savills)
(ရေကန်နှင့် စိမ်းလန်းသာယာသော ရှုခင်း။ ဓာတ်ပုံ-Savills)
(သမိုင်းဝင် အဆောက်အအုံအဖြစ် ဥပဒေအရ အကာအကွယ်ပေးထားသည်။ ဓာတ်ပုံ-Savills)
(မိမိ၏ စိတ်ကြိုက်အခန်းဖွဲ့မှုအပေါ် မူတည်ပြီး အိပ်ခန်း ၆ ခန်း ၊ ၇ ခန်းအထိ ရှိနိုင်သည်။ ဓာတ်ပုံ-Savills)
(ရှေးမူရင်းလက်ရာ များစွာ တွေ့ရနိုင်သည်။ ဓာတ်ပုံ-Savills)
(ကျယ်ပြောသော မီးဖိုဆောင်။ ဓာတ်ပုံ-Savills)
(စံအိမ်အတွင်း မီးလင်းဖိုများစွာ ပါဝင်သည်။ ဓာတ်ပုံ-Savills)
(ထိုင်းနိုင်ငံ ချက္ကရီမင်းဆက်၏ သတ္တမမြောက်ဘုရင် ရာမ ၇ ။ ဓာတ်ပုံ-Getty Images)
(ထိုင်းငွေစက္ကူပေါ်တွင် တွေ့ရသော ရာမ ၇ ၏ ပုံတူ။ ဓာတ်ပုံ-Getty Images )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Last King of Siam’s former UK estate lists for $7M (nypost)
[Zawgyi]
ထိုင္းႏိုင္ငံ၏ ေနာက္ဆံုးသက္ဦးဆံပိုင္ဘုရင္ ပိုင္ဆိုင္ခဲ့ေသာ ျဗိတိန္မွစံအိမ္ ေဒၚလာ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ
ျဗိတိန္ႏိုင္ငံတြင္ ထိုင္းဘုရင္ ပိုင္ဆိုင္ခဲ့ေသာ သမိုင္းဝင္ေက်းလက္စံအိမ္တစ္လုံး အေရာင္းေစ်းကြက္ဝင္ လာသည္။
ယခင္က သံလုပ္ငန္း အခ်က္အျခာျဖစ္ခဲ့ျပီး သစ္ေတာထူထပ္ေသာ Biddenden ေက်းရြာကေလးတြင္ တည္ရွိသည့္ တမူထူးျခားေသာ ဤစံအိမ္သည္ ခမ္းနားမႈႏွင့္ ေက်းလက္အလွ ၂ ခုလံုး ပိုင္ဆိုင္ထားသည္။
ျခံဝန္းအက်ယ္ ၆၇ ဧကေက်ာ္ က်ယ္ဝန္းျပီး ၁၄၁၉ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ကာ ထိုင္းဘုရင္ ရာမ ၇ ဟု ေခၚေသာ Prajadhipok တစ္ခ်ိန္က ပိုင္ဆိုင္ခဲ့သည္။
ရာမ ၇ သည္ ထိုင္းႏိုင္ငံတြင္ သက္ဦးဆံပိုင္စနစ္ျဖင့္ ေနာက္ဆံုးအုပ္ခ်ဳပ္သြားခဲ့ေသာ ဘုရင္ျဖစ္သည္။
ရာမ ၇ (ေမြး ၁၈၉၃-ကြယ္လြန္ ၁၉၄၁ )သည္ ခ်ကၠရီမင္းဆက္၏ သတၱမေျမာက္ ဘုရင္ျဖစ္ကာ သူ၏ လက္ထက္တြင္ စည္းမ်ဥ္းခံဘုရင္စနစ္သို႔ ေျပာင္းလဲခဲ့သည္။
အုပ္ခ်ဳပ္စိုးစံခဲ့ေသာ ကာလမွာ ၁၉၂၅ မွ ၁၉၃၅ ခုႏွစ္အထိ ျဖစ္သည္။ Vane Court ဟု အမည္ေပးထားေသာ ဤစံအိမ္ကို Savills အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Will Peppitt က အေရာင္းေစ်းကြက္တင္ေပးလာျခင္းျဖစ္ျပီး ေဒၚလာ ၇ သန္းေက်ာ္သာ ေစ်းေခၚထားသည္။
ရာမ ၇ သည္ အဂၤလန္သို႔ ထြက္ေျပးခဲ့ျခင္းျဖစ္ျပီး သက္ေတာ္ ၄၇ ႏွစ္အရြယ္ ၁၉၄၁ ခုႏွစ္တြင္ နတ္ရြာစံခဲ့သည္။
ရာမ ၇ ႏွင့္ သူ၏ မိဖုရား ရမ္ဖိုင္ဘာနီတု႔ိသည္ ဤစံအိမ္ကို ထီးနန္းစြန္႔ျပီး ၂ ႏွစ္အၾကာ ၁၉၃၇ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေက်းလက္ေနထိုင္မႈဘဝႏွင့္ လ်င္ျမန္စြာပင္ သဟဇာတျဖစ္ခဲ့ၾကသည္။
ရာမ ၇ သည္ အမိုးေအာက္ထပ္ခိုးတြင္ စက္ေတာ္ေခၚခဲ့သည္ဟု ယူဆရသည္။
အဆုိပါ ေနရာကို ယခုအခါ ဘုရင့္အိပ္ခန္းဟု ေခၚၾကသည္။
ထိုင္းဓေလ့ထံုးစံအရ ေနအိမ္အတြင္းတြင္ ရာမ ၇ ထက္ မည္သူကမွ် ပိုမိုျမင့္မားသည့္ ေနရာတြင္ မအိပ္ၾကရ။
စံအိမ္အတြင္း ေရွးမူေဟာင္းလက္ရာမ်ား ယေန႔တုိင္ ရွိေနဆဲျဖစ္ကာ ဝက္သစ္ခ်သား ေလွကားၾကီးရွိေသာ အဝင္ခန္းမလည္း အပါအဝင္ျဖစ္သည္။ စည္းရိုးဝန္းပတ္ထားေသာ အပူေပးစနစ္ပါ ေရကူးကန္ႏွင့္ တင္းနစ္ကြင္းတို႔ကဲ့သို႔ ေခတ္မီ Facilities မ်ားလည္း ပါဝင္သည္။
အမိုးမွာ အုတ္ၾကြပ္ျဖစ္ျပီး အိပ္ခန္း ၇ ခန္းပါဝင္ကာ ၂ ခန္းမွာ သီးသန္႔ေရခ်ဳိးခန္းမ်ား ပါဝင္သည္။
ယင္းအျပင္ အလြန္တရာၾကီးမားေသာ မီးလင္းဖိုၾကီးပါဝင္သည့္ ညစာစားခန္း ၊ ဝက္သစ္ခ်သားတို႔ျဖင့္ ေဆာက္လုပ္ထားေသာ အားကစားေလ့က်င့္ခန္းမ ၊ႏွမ္းဖတ္ေက်ာက္ျပားခင္း စားပြဲမ်ားရွိသည့္ အေမရိကန္သစ္ၾကားသားျဖင့္ ေဆာက္လုပ္ထားေသာ မီးဖိုေဆာင္ ၊ ေလာင္စာဆီသံုး Aga မီးဖိုတို႔ ပါဝင္သည္။
(ျခံဝန္း၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု-Savills)
(ျခံဝန္းအက်ယ္မွာ ၆၇ ဧကခန္႔ ရွိသည္။ ဓာတ္ပံု-Savills)
(အပူေပးစနစ္ပါ ေရကူးကန္။ ဓာတ္ပံု-Savills)
(ေရကန္ႏွင့္ စိမ္းလန္းသာယာေသာ ရႈခင္း။ ဓာတ္ပံု-Savills)
(သမုိင္းဝင္ အေဆာက္အအံုအျဖစ္ ဥပေဒအရ အကာအကြယ္ေပးထားသည္။ ဓာတ္ပံု-Savills)
(မိမိ၏ စိတ္ၾကိဳက္အခန္းဖြဲ႔မႈအေပၚ မူတည္ျပီး အိပ္ခန္း ၆ ခန္း ၊ ၇ ခန္းအထိ ရွိႏိုင္သည္။ ဓာတ္ပံု-Savills)
(ေရွးမူရင္းလက္ရာ မ်ားစြာ ေတြ႔ရႏိုင္သည္။ ဓာတ္ပံု-Savills)
(က်ယ္ေျပာေသာ မီးဖိုေဆာင္။ ဓာတ္ပံု-Savills)
(စံအိမ္အတြင္း မီးလင္းဖိုမ်ားစြာ ပါဝင္သည္။ ဓာတ္ပံု-Savills)
(ထုိင္းႏိုင္ငံ ခ်ကၠရီမင္းဆက္၏ သတၱမေျမာက္ဘုရင္ ရာမ ၇ ။ ဓာတ္ပံု-Getty Images)
(ထိုင္းေငြစကၠဴေပၚတြင္ ေတြ႔ရေသာ ရာမ ၇ ၏ ပံုတူ။ ဓာတ္ပံု-Getty Images )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Last King of Siam’s former UK estate lists for $7M (nypost)