တစ်ခါတုန်းက အဖြစ်လေးတွေ (၅၀)

တစ်ခါတုန်းက အဖြစ်လေးတွေ (၅၀) - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2023 11:08 am တွင် တင်ခဲ့သည်
468 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မျှားတိုင်းမိတဲ့ ငါးစင်ရိုင်း

 

ဒီလို မိုးတွေနေ့စဉ်ရက်ဆက် ရွာနေပြီ ဆိုရင် အညာမှာ ရေတွေကြီးပြီပေါ့။ မြစ်ရေတွေကြီးတဲ့ အချိန်ရောက်ရင် ငယ်ငယ်တုန်းက အဖြစ်လေးတွေကို အမှတ်ရတယ်။ ငါးတွေ မျှားခဲ့ကြတဲ့ အဖြစ်လေးကိုပေါ့။

ငါးတွေမျှားတယ်လို့သာ ပြောရတာပါ တကယ်တမ်းတော့ အဲဒီအချိန်ငါးမျှားရင် ငါးစင်ရိုင်းတွေပဲ အရများပါတယ်။

ရှားရှာပါးပါး တစ်ခါတစ်ရံမှသာ ငါးခုံးမနဲ့ အခြားအကောင်လေးတွေလည်း တစ်ကောင်စနှစ်ကောင်စ မိတတ်တယ်။ ဒါပေမယ့် ဒီအချိန် အများဆုံး မျှားလို့မိတာကတော့ ငါးစင်ရိုင်းပါပဲ။

ငါးစင်ရိုင်းဆိုတဲ့ အကောင်ကလည်း ဘယ်လောက်တောင်များလည်းတော့မသိပါဘူး။ မြစ်ထဲ ရေဆင်းချိုးရင်း ဖော့မပါတဲ့ ငါးမျှားကြိုးလေးကို လက်ကသာကိုင်ထား ငါးစင်ရိုင်းက လာဆွဲတတ်တယ်။ လူတွေရေကူးခပ်နေတဲ့ အနီးမှာတောင် ဒီကောင်တွေရှိနေတဲ့သဘောပါပဲ။ ရေထဲ ထွင်းဖောက်လို့ မြင်ရရင် ဒီကောင်တွေ ဘယ်လောက်တောင် များလိုက်မလဲ မသိပါဘူး။ မိတဲ့အကောင်တွေက အရောင်အဆင်းကိုက အဝါရောင်ပါးပါးလေးသန်းနေပြီး ကြည်တောက်နေပါတယ်။

ရန်ကုန်မှာ ငါးစင်ရိုင်းဝယ်စားရတာက အညာမှာ စားရသလို စားလို့ မကောင်းလှပါဘူး။ မကောင်းတဲ့ အနံ့အသက်တစ်ခုရှိနေသလိုပါပဲ။ ဘာတွေဘယ်လို စီရင်ထားလို့လဲတော့ မသိပါဘူး ညစ်တစ်တစ်နဲ့။ မလတ်ဆတ်ဘူးလို့ ပြောရမှာပါ။

ငါးစင်ရိုင်းတစ်ခါစားရဖို့ မကျည်းမှည့်နဲ့ဆေးရ၊ ကျောက်ချဉ်နဲ့ဆေးရ လုပ်ရတယ်။ မကောင်းတဲ့ အနံ့တွေပျောက်အောင် ထည့်လိုက်ရတဲ့ ရှမ်းနံနံဆိုတာကလည်း ဟင်းအိုးထဲမှာ ငါးစင်ရိုင်းထက်တောင် များနေပါသေးတယ်။

 

ငါးစင်ရိုင်းဟာ အရိုးနည်းပြီး အသားများတဲ့ငါးလို့ ပြောရင်ရပါတယ်။အလယ်ကျောရိုးနဲ့ ဗိုက်ရိုးလေးပဲပါပါတယ်။ ထူးခြားကြီးမားတဲ့ ကျောရိုးဆူးနဲ့ မေးရိုးနောက်မှာရှိတဲ့ ဘေးဆူးတောင်နှစ်ခုပါပဲ။အဲဒီအရိုးတွေက ချက်ပြုတ်တဲ့ အခါ ဖြုတ်ပစ်လိုက်လို့ လူတွေအတွက် အန္တရာယ်မရှိပေမယ့် မြစ်ရေထဲဆင်းတဲ့အခါ ငါးစင်ရိုင်းကိုနင်းမိလို့ ကျောရိုးဆူးနဲ့ ဆူးမိရင်တော့ အတော်ခံစားလို့ သွားရပါလိမ့်မယ်။

ရေကြီးချိန်ရောက်ရင် ကိုယ့်အိမ်မှာ ရေတွင်းရှိပါရက်နဲ့ မြစ်ဆိပ်သွားပြီးရေချိုးရတာကို နှစ်သက်တယ်။ မြစ်ဆိပ်မှာ ရေသွားချိုးမယ်လို့လူကြီးတွေကို အကြောင်းပြပြီး ငါးမျှားထွက်ကြတယ်။ မြစ်ဆိပ်ရောက်ရင်လည်း ရေမချိုးကြသေးပါဘူး။ ဝက်မစွပ်ကျောင်း ဥယျာဉ်ဘက်သွားပြီး မြစ်ရေဝင်နေတဲ့ ဆောက်ခြုံတွေနားသွားပြီး ငါးမျှားကြပါတယ်။

ငါးမျှားကြိုးက ဖော့လေးလှုပ်သွားတိုင်း ဆွဲတင်လိုက်ရင် ပါလာတာက ငါးစင်ရိုင်း။ ငါးသီတဲ့ကြိုးမှာ မိတဲ့အကောင်တွေကို ပါဟပ်ကဖောက်သီပြီး ရေထဲပြန်ချထားလိုက်တယ်။ ဒါမှ ငါးတွေက မသေမှာပေါ့။ နို့မို့ အစောကြီးသေပြီး အချိန်ကြာရင်ပုပ်ကုန်တော့မှာပေါ့။

ငါးအတော်များများရရင် ငါးသီတန်ကို ဆောက်ခြုံကိုင်းမှာ ချည်းထားခဲ့ပြီး ရေချိုးကြတယ်။ ရေထဲရောက်နေတဲ့ သစ်ပင်တွေအပေါ်တက်ပြီး သစ်ပင်တွေပေါ်ကနေ ဒိုင်ဗင်တွေထိုးကြတယ်။ရေချိုးတာ အားရမှ ငါးသီတန်လေးပြန်ဖော်ပြီး အိမ်ပြန်ခဲ့ကြတယ်။

အပြန်မှာ အိမ်မရောက်ခင် မရင်စန်းတို့အိမ်က မန်ကျည်းပင်က မန်ကျည်းရွက်နုတွေ ခါးပုံစနဲ့ တစ်ထုပ်လောက် ရအောင်ခူး တက်ခူးကြသေးတယ်။

အိမ်ရောက်တော့ ကျောရိုးဆူးတောင်နဲ့ မေးရိုးဆူးတောင်ကို ဖြုတ်ပြီးကိုင်ပေးရတယ်။ ခူးလာတဲ့ မန်းကျည်း ရွက်နုတွေရယ်၊ ငရုတ်သီးအကြမ်းဖတ်နဲနဲထည့်ပြီး ခုနကကိုင်ထားတဲ့ ငါးစင်ရိုင်းနဲ့ကို အရေချက်ချက်တာပေါ့။ အဲဒီလိုချက်စားတာက အညာသူအညာသားတွေပဲ ရှိမယ်ထင်တယ်။ ငါးအိုးကပ်တို့၊ ဆီပြန်တို့ကတော့ အထက်အောက် အကုန်ချက်စားကြပါတယ်။

အထက်ကပြောခဲ့သလို ငါးစင်ရိုင်းဟာ အရိုးနဲ၊ အရိုးရှင်းပါရက်ကယ်နဲ့ ငါးစင်ရိုင်းဟင်းစားတိုင်း ကျွန်တော်ဟာ အရိုးစူးတတ်ခြင်းပါပဲ။ငါးရိုးဟာမကျဘဲ နှစ်ရက်သုံးရက် ခံခဲ့ရတဲ့ အခါတွေ ရှိခဲ့ပါတယ်။

ဒါတွေဟာ ငါးမျှားတိုင်း မိတဲ့ငါးစင်ရိုင်းတွေကို ငါးသီတန်မှာ ထိုးသီခဲ့ခြင်းက လက်ငင်း ဝဋ်ပဲ လည်လေသလား…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

တစ္ခါတုန္းက အျဖစ္ေလးေတြ (၅၀)

 

မွ်ားတိုင္းမိတဲ့ ငါးစင္႐ိုင္း

 

ဒီလို မိုးေတြေန႔စဥ္ရက္ဆက္ ႐ြာေနၿပီ ဆိုရင္ အညာမွာ ေရေတြႀကီးၿပီေပါ့။ ျမစ္ေရေတြႀကီးတဲ့ အခ်ိန္ေရာက္ရင္ ငယ္ငယ္တုန္းက အျဖစ္ေလးေတြကို အမွတ္ရတယ္။ ငါးေတြ မွ်ားခဲ့ၾကတဲ့ အျဖစ္ေလးကိုေပါ့။

ငါးေတြမွ်ားတယ္လို႔သာ ေျပာရတာပါ တကယ္တမ္းေတာ့ အဲဒီအခ်ိန္ငါးမွ်ားရင္ ငါးစင္႐ိုင္းေတြပဲ အရမ်ားပါတယ္။

႐ွား႐ွာပါးပါး တစ္ခါတစ္ရံမွသာ ငါးခုံးမနဲ႔ အျခားအေကာင္ေလးေတြလည္း တစ္ေကာင္စႏွစ္ေကာင္စ မိတတ္တယ္။ ဒါေပမယ့္ ဒီအခ်ိန္ အမ်ားဆုံး မွ်ားလို႔မိတာကေတာ့ ငါးစင္႐ိုင္းပါပဲ။

ငါးစင္႐ိုင္းဆိုတဲ့ အေကာင္ကလည္း ဘယ္ေလာက္ေတာင္မ်ားလည္းေတာ့မသိပါဘူး။ ျမစ္ထဲ ေရဆင္းခ်ိဳးရင္း ေဖာ့မပါတဲ့ ငါးမွ်ားႀကိဳးေလးကို လက္ကသာကိုင္ထား ငါးစင္႐ိုင္းက လာဆြဲတတ္တယ္။ လူေတြေရကူးခပ္ေနတဲ့ အနီးမွာေတာင္ ဒီေကာင္ေတြ႐ွိေနတဲ့သေဘာပါပဲ။ ေရထဲ ထြင္းေဖာက္လို႔ ျမင္ရရင္ ဒီေကာင္ေတြ ဘယ္ေလာက္ေတာင္ မ်ားလိုက္မလဲ မသိပါဘူး။ မိတဲ့အေကာင္ေတြက အေရာင္အဆင္းကိုက အဝါေရာင္ပါးပါးေလးသန္းေနၿပီး ၾကည္ေတာက္ေနပါတယ္။

ရန္ကုန္မွာ ငါးစင္႐ိုင္းဝယ္စားရတာက အညာမွာ စားရသလို စားလို႔ မေကာင္းလွပါဘူး။ မေကာင္းတဲ့ အနံ႔အသက္တစ္ခု႐ွိေနသလိုပါပဲ။ ဘာေတြဘယ္လို စီရင္ထားလို႔လဲေတာ့ မသိပါဘူး ညစ္တစ္တစ္နဲ႔။ မလတ္ဆတ္ဘူးလို႔ ေျပာရမွာပါ။

ငါးစင္႐ိုင္းတစ္ခါစားရဖို႔ မက်ည္းမွည့္နဲ႔ေဆးရ၊ ေက်ာက္ခ်ဥ္နဲ႔ေဆးရ လုပ္ရတယ္။ မေကာင္းတဲ့ အနံ႔ေတြေပ်ာက္ေအာင္ ထည့္လိုက္ရတဲ့ ႐ွမ္းနံနံဆိုတာကလည္း ဟင္းအိုးထဲမွာ ငါးစင္႐ိုင္းထက္ေတာင္ မ်ားေနပါေသးတယ္။

ငါးစင္႐ိုင္းဟာ အ႐ိုးနည္းၿပီး အသားမ်ားတဲ့ငါးလို႔ ေျပာရင္ရပါတယ္။အလယ္ေက်ာ႐ိုးနဲ႔ ဗိုက္႐ိုးေလးပဲပါပါတယ္။ ထူးျခားႀကီးမားတဲ့ ေက်ာ႐ိုးဆူးနဲ႔ ေမး႐ိုးေနာက္မွာ႐ွိတဲ့ ေဘးဆူးေတာင္ႏွစ္ခုပါပဲ။အဲဒီအ႐ိုးေတြက ခ်က္ျပဳတ္တဲ့ အခါ ျဖဳတ္ပစ္လိုက္လို႔ လူေတြအတြက္ အႏၲရာယ္မ႐ွိေပမယ့္ ျမစ္ေရထဲဆင္းတဲ့အခါ ငါးစင္႐ိုင္းကိုနင္းမိလို႔ ေက်ာ႐ိုးဆူးနဲ႔ ဆူးမိရင္ေတာ့ အေတာ္ခံစားလို႔ သြားရပါလိမ့္မယ္။

ေရႀကီးခ်ိန္ေရာက္ရင္ ကိုယ့္အိမ္မွာ ေရတြင္း႐ွိပါရက္နဲ႔ ျမစ္ဆိပ္သြားၿပီးေရခ်ိဳးရတာကို ႏွစ္သက္တယ္။ ျမစ္ဆိပ္မွာ ေရသြားခ်ိဳးမယ္လို႔လူႀကီးေတြကို အေၾကာင္းျပၿပီး ငါးမွ်ားထြက္ၾကတယ္။ ျမစ္ဆိပ္ေရာက္ရင္လည္း ေရမခ်ိဳးၾကေသးပါဘူး။ ဝက္မစြပ္ေက်ာင္း ဥယ်ာဥ္ဘက္သြားၿပီး ျမစ္ေရဝင္ေနတဲ့ ေဆာက္ျခဳံေတြနားသြားၿပီး ငါးမွ်ားၾကပါတယ္။

ငါးမွ်ားႀကိဳးက ေဖာ့ေလးလႈပ္သြားတိုင္း ဆြဲတင္လိုက္ရင္ ပါလာတာက ငါးစင္႐ိုင္း။ ငါးသီတဲ့ႀကိဳးမွာ မိတဲ့အေကာင္ေတြကို ပါဟပ္ကေဖာက္သီၿပီး ေရထဲျပန္ခ်ထားလိုက္တယ္။ ဒါမွ ငါးေတြက မေသမွာေပါ့။ ႏို႔မို႔ အေစာႀကီးေသၿပီး အခ်ိန္ၾကာရင္ပုပ္ကုန္ေတာ့မွာေပါ့။

ငါးအေတာ္မ်ားမ်ားရရင္ ငါးသီတန္ကို ေဆာက္ျခဳံကိုင္းမွာ ခ်ည္းထားခဲ့ၿပီး ေရခ်ိဳးၾကတယ္။ ေရထဲေရာက္ေနတဲ့ သစ္ပင္ေတြအေပၚတက္ၿပီး သစ္ပင္ေတြေပၚကေန ဒိုင္ဗင္ေတြထိုးၾကတယ္။ေရခ်ိဳးတာ အားရမွ ငါးသီတန္ေလးျပန္ေဖာ္ၿပီး အိမ္ျပန္ခဲ့ၾကတယ္။

အျပန္မွာ အိမ္မေရာက္ခင္ မရင္စန္းတို႔အိမ္က မန္က်ည္းပင္က မန္က်ည္း႐ြက္ႏုေတြ ခါးပုံစနဲ႔ တစ္ထုပ္ေလာက္ ရေအာင္ခူး တက္ခူးၾကေသးတယ္။

အိမ္ေရာက္ေတာ့ ေက်ာ႐ိုးဆူးေတာင္နဲ႔ ေမး႐ိုးဆူးေတာင္ကို ျဖဳတ္ၿပီးကိုင္ေပးရတယ္။ ခူးလာတဲ့ မန္းက်ည္း ႐ြက္ႏုေတြရယ္၊ င႐ုတ္သီးအၾကမ္းဖတ္နဲနဲထည့္ၿပီး ခုနကကိုင္ထားတဲ့ ငါးစင္႐ိုင္းနဲ႔ကို အေရခ်က္ခ်က္တာေပါ့။ အဲဒီလိုခ်က္စားတာက အညာသူအညာသားေတြပဲ ႐ွိမယ္ထင္တယ္။ ငါးအိုးကပ္တို႔၊ ဆီျပန္တို႔ကေတာ့ အထက္ေအာက္ အကုန္ခ်က္စားၾကပါတယ္။

အထက္ကေျပာခဲ့သလို ငါးစင္႐ိုင္းဟာ အ႐ိုးနဲ၊ အ႐ိုး႐ွင္းပါရက္ကယ္နဲ႔ ငါးစင္႐ိုင္းဟင္းစားတိုင္း ကြၽန္ေတာ္ဟာ အ႐ိုးစူးတတ္ျခင္းပါပဲ။ငါး႐ိုးဟာမက်ဘဲ ႏွစ္ရက္သုံးရက္ ခံခဲ့ရတဲ့ အခါေတြ ႐ွိခဲ့ပါတယ္။

ဒါေတြဟာ ငါးမွ်ားတိုင္း မိတဲ့ငါးစင္႐ိုင္းေတြကို ငါးသီတန္မွာ ထိုးသီခဲ့ျခင္းက လက္ငင္း ဝဋ္ပဲ လည္ေလသလား…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service