ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“အိပ်လိုက်မကွ ရုပ်ရှင်ရုံထဲမှာ”
ရုပ်ရှင်ဆိုတာက ဖျော်ဖြေမှုထဲမှာ နံပါတ်တစ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ရုပ်ရှင်ကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေလည်းရှိတာ တွေ့ရပါတယ်။မကြိုက်ဘူးဆိုတဲ့သူက အလွန်ကိုနည်းပါးလှပါတယ်။ လူကြီးလူငယ်မရွေး ရုပ်ရှင်ကြိုက်ကြတာ များပါတယ်။
ကျွန်တော်လည်း ရုပ်ရှင်ကြိုက်တဲ့ထဲမှာ ထိပ်ဆုံးကပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆထားတယ်။ ဗီဒီယိုကြိုက်တာနဲ့ ရုပ်ရှင်ကြိုက်တာဟာ အတူတူပါပဲ။ဒါကလည်း ဖေဖေ့အမွေရခဲ့တယ်ပဲခေါ်ရမလားပဲ။
ဖေဖေနဲ့မေမေဟာ ကလေးတစ်ပြုံတစ်ခေါင်းကြီးနဲ့ကို ရုပ်ရှင်အသစ်လဲတိုင်း ကြည့်တတ်တယ်။အဲတုန်းလည်း ကျွန်တော်တို့က ငယ်သေးတာပေါ့။ဖေဖေ့လက်ကို ဆွဲပြီးလိုက်ရတဲ့ အရွယ်ပေါ့။
ပုံမှန်နေ့တွေဆိုရင် နေ့ခင်းတစ်ကား၊ညတစ်ကားပြတယ်ထင်ပါတယ်။ရွှေပေါ်ကျွန်းမြတ်စွာဘုရားပွဲကာလ ဆိုရင်တော့ ရုပ်ရုင်ပြသချိန်တွေများပါတယ်။ညမှဆိုနှစ်ကားဆက်ပြတယ်ထင်ပါရဲ့။
ကျွန်တော်တို့မြို့မှာ မြောက်ရပ်၊အလယ်ရပ်နဲ့ တောင်ရပ်ဆိုပြီး ခွဲခြားခေါ်ဆိုကြတယ်။ မြောက်ရပ်မှာ ရုပ်ရှင်ရုံရှိတယ်။ ရုပ်ရှင်ရုံဟာ ရဲစခန်းရဲ့တောင်ဘက်မှာ လမ်းပဲခြားပါတယ်။ကျွန်တော်တို့နေတာက တောင်ရပ်ရဲ့ တောင်ဘက်အစွန်ဆုံးမှာနေတော့ ရုပ်ရှင်တစ်ခါကြည့်ဖို့အရေး မြောက်ရပ်ထိသွားရတယ်။
ဖေဖေက ငယ်တဲ့ကလေးကို ဂုတ်ပေါ်မှာကားရားခွခိုင်း၊ လက်လွှတ်လျှောက်လို့မရသေးတဲ့ကလေးကို လက်ဆွဲပြီးခေါ်ပြီး၊လက်လွှတ်လျှောက်လို့ရတဲ့ ကလေးတွေက ဒီအတိုင်းလိုက်ကြရတာပေါ့။
အသွားမှာ ရုပ်ရှင်ကြည့်ချင်တဲ့စိတ်တွေနဲ့ ကျွန်တော်တို့မိသားစုတွေဟာ ပျော်ပျော်ရွှင်ရွှင် အသံတစာစာနဲ့ သွက်လက်လို့ပေါ့။မြို့ဆိုပေမယ့် တောအရပ်နဲ့ သိပ်မခြားတဲ့ ကျွန်တော်တို့မြို့လေးဟာ ရုပ်ရှင်ပြီးတာနဲ့ တစ်မြို့လုံးကိုပေးတဲ့ မီးစက်ကြီးကလည်း ရပ်သွားတော့တာပေါ့။
အိမ်အပြန်လမ်းမှာ လရောင်ရှိတဲ့အချိန်မှာ လရောင်နဲ့။လရောင်မရှိတဲ့အချိန်မှာ ကြယ်ရောင်နဲ့ပြန်ခဲ့ရတယ်။ ရုပ်ရှင်ရုံအသွားမှ ခြေလှမ်းတွေ သွက်ခဲ့သလောက်၊အသံတွေတစာစာနဲ့ ဖြစ်ခဲ့သလောက် အိမ်အပြန်လမ်းမှာ အိပ်ချင်စိတ်တွေက စိုးမိုးလို့ပေါ့။ ဖေဖေ့လက်ကိုဆွဲပြီးတော့ အိပ်ငိုက်ခြင်းတစ်ဝက်မက သိစိတ်တစ်ဝက်မရှိနဲ့ အိမ်ကိုရောက်မှန်းမသိ ရောက်ခဲ့ရတယ်။
တစ်ခါတော့ ဘုရားပွဲတော်ကာလကြီးမှာပေါ့။ဆပ်ကပ်တွေ၊ဇာတ်သဘင်တွေ၊မျက်လှည့်တွေနဲ့ ရုပ်ရှင်တွေကို တဝကြီး အမုန်းကြည့်ခွင့်ရတဲ့အချိန်။တစ်ညတော့ မိသားစုလိုက် ရုပ်ရှင်ကြည့်ဖြစ်တယ်။ ကျွန်တော်တို့မြို့က ရုပ်ရှင်ရုံမှာ အထူးတန်းနဲ့ ရိုးရိုးတန်းဆိုပြီးရှိတယ်။
အထူးတန်းနဲ့ ရိုးရိုးတန်းဘာကွာလဲလို့မေးရင် သမံတလင်းမှာ ဖျာနဲ့ထိုင်ရတာနဲ့ နောက်ဖက်မှာ သမံတလင်းကနေ တစ်ထွာတစ်မိုက်လောက်မြှင့်ထားတဲ့ အမြင့်လေးပေါ်မှာ နှစ်ထစ်သုံးထစ် မြှင့်ထားတဲ့ ကုလားထိုင်တန်းရှည်ကြီးတွေနဲ့ထိုင်ရတာ ဒါပဲကွာပါတယ်။ရန်ကုန်လိုမဟုတ်ပါဘူး။
မိသားစုများတဲ့ကျွန်တော်တို့ ရိုးရိုးတန်းမှာ ဖျာနှစ်ချပ်လောက်ဝယ်ပြီး ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်ကြည့်ရတာပေါ့။ မသက်မသာရှိလှပါတယ်။ဖျာနေရာရှာပြီးထိုင်ကြပြီဆိုရင် ဖေဖေကအပြင်ပြန်ထွက်ပြီး ရုပ်ရှင်ကြည့်ရင်း မိသားစုတွေစားဖို့ မုန့်တွေထွက်ဝယ်တယ်။ရန်ကုန်မှာ အဝင်ဝမှာကတည်းက ဝယ်ခဲ့ကြတယ်။ ကျွန်တော်တို့ နယ်က ရုပ်ရှင်ရုံတွေမှာ အပြင်ထွက်ဝယ်ရင် ငှက်ပျောသီး၊မာလကာသီး၊လိမ္မော်သီးစတဲ့ အသီးအနှံတွေ ဝယ်လို့ရပါတယ်။
နေကြာစေ့တို့၊မြေပဲစားလှော်တို့ ဆီးထုပ်တို့လို စားစရာတွေကိုတော့ အပြင်ထွက်ဝယ်စရာမလိုပါဘူး။ သွပ်ကြိုးမှာမုန့်ထုပ်တွေ သီပြီး ပွဲခင်းထဲလိုက်ရောင်းတဲ့သူတွေရှိလို့ ကိုယ်နားရောက်လာမှ ဝယ်လိုက်ရုံပါပဲ။ ရုပ်ရှင်စပြတာနဲ့ ရုပ်ရှင်က အသံနဲ့ နေကြာစေ့ကိုက်တဲ့အသံ၊ကွာစေ့ကိုက်ခွာတဲ့ အသံတွေ ရောနှောနေတာဟာ ရန်ကုန်မှာရော နယ်မှာရော အတူတူပါပဲ။
ရန်ကုန်မှာပိုထူးတာက ရုပ်ရှင်ပြတိုင်း ဟောက်သံပါကြားရခြင်းပါပဲ။ရန်ကုန်မှာ ရုပ်ရှင်ခ အကုန်ခံပြီး ရုံထဲမှာ လာအိပ်ကြပါတယ်။ ရှက်ကီလေးနှိပ်ပြီး အဲယားကွန်းအေးအေးနဲ့ဆိုတော့ အိပ်လို့ကောင်းတာပေါ့။ ဒီလိုလူတွေက ရုပ်ရှင်ရဲ့အရသာဘာညာခံစားဖို့ထက် “အိပ်လိုက်မကွ ရုပ်ရှင်ရုံထဲမှာ”လို့ သဘောထားကြပုံပါပဲ။
ကျွန်တော်လည်း အဲဒီဘုရားပွဲကာလမှာ မိသားစုနဲ့ ရိုးရိုးတန်းကနေ ရုပ်ရှင်ကြည့်ရင်း အထူးတန်းမှာ နေရာလွတ်ရှိမရှိ၊ရှိရင်အဲဒီကနေကြည့်မယ်ဆိုပြီး မိဘတွေကိုမပြောဘဲ လူအုပ်ကြားထဲက တိုးထွက်ခဲ့တယ်။
အထူးတန်းရောက်တော့ ခုံလွတ်က မရှိပါဘူး။ဒါနဲ့ ခုံတန်းနှစ်တန်းရဲ့ ကြားထဲက အဆင်းအတက်လုပ်တဲ့ နေရာမှာထိုင်ပြီး ရုပ်ရှင်ကို ဆက်ကြည့်နေမိတယ်။တဖြည်းဖြည်းနဲ့ မျက်စိတွေလေးလံလာပြီး အိပ်ချင်စိတ်တွေ ဖြစ်လာတယ်။ခဏလေးကြောဆန့်ဦးမယ်ဆိုပြီး လုပ်လိုက်တာ အိပ်ပါပျော်သွားပါရောလား။
တရှဲရှဲ၊တဖြန်းဖြန်း အသံကြားတော့မှ ကျွန်တော်နိုးပါတော့တယ်။မိုးလင်းလို့ရုပ်ရှင်ရုံထဲ သန့်ရှင်းရေးလာလုပ် နေကြပါရောလားဗျာ။ကျွန်တော်လည်း အင်္ကျီနဲ့ဘောင်းဘီမှာကပ်နေတဲ့ ဖုန်တွေကိုခါရင်း ရုပ်ရှင်ရုံအပြင်ကို အိပ်မှုန်စုံမွှားနဲ့ ထွက်ခဲ့တယ်။
ဆေးရုံသွားတဲ့လမ်းအတိုင်း အနောက်ဘက်ကိုလျှောက်လာရင်း ဆေးရုံကိုဦးတိုက်တဲ့ လမ်းအတိုင်း တောင်ဘက်ကိုချိုးပြီး နဲနဲလျှောက်လိုက်တော့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ဖေဖေလျှောက်လာနေတာကို တွေ့ရပါတယ်။
ဖေဖေကကျွန်တော်ကို “ငါ့သား..ဖေဖေမင်းကိုလာရှာတာ…ညတုန်းက ဘယ်ရောက်သွားတာလဲ” လို့မေးတော့။ ကျွန်တော် ရုပ်ရှင်ရုံထဲမှာ အထူးတန်းမှာ အိပ်ပျော်သွားတာ အခုမှနိုးလို့ထွက်လာတာဖြစ်ကြောင်း ပြောတော့ ဖေဖေက မငေါက်ဘဲ ရယ်ပါတော့တယ်။
ရန်ကုန်ကလူတွေက “အိပ်လိုက်မကွ ရုပ်ရှင်ရုံထဲမှာ”ဆိုတဲ့သူတွေက အဲယားကွန်းနဲ့ ဆိုဖာခုံနဲ့နှပ်နိုင်ကြပေမယ့် ထိုစဉ်တုန်း ရုပ်ရှင်ကြမ်းပိုးကြီးကျွန်တော့်မှာ အထူးတန်းရဲ့ ခြေနင်းဖတ်မှာ အိပ်ခဲ့ရပါကြောင်း…။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၈)
“အိပ္လိုက္မကြ ရုပ္ရွင္ရုံထဲမွာ”
ရုပ္ရွင္ဆိုတာက ေဖ်ာ္ေျဖမႈထဲမွာ နံပါတ္တစ္လို႔ ေျပာရင္မွားမယ္မထင္ပါဘူး။ရုပ္ရွင္ႀကိဳက္တဲ့သူေတြရွိသလို မႀကိဳက္တဲ့သူေတြလည္းရွိတာ ေတြ႔ရပါတယ္။မႀကိဳက္ဘူးဆိုတဲ့သူက အလြန္ကိုနည္းပါးလွပါတယ္။ လူႀကီးလူငယ္မေရြး ရုပ္ရွင္ႀကိဳက္ၾကတာ မ်ားပါတယ္။
ကၽြန္ေတာ္လည္း ရုပ္ရွင္ႀကိဳက္တဲ့ထဲမွာ ထိပ္ဆုံးကပါတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ယူဆထားတယ္။ ဗီဒီယိုႀကိဳက္တာနဲ႔ ရုပ္ရွင္ႀကိဳက္တာဟာ အတူတူပါပဲ။ဒါကလည္း ေဖေဖ့အေမြရခဲ့တယ္ပဲေခၚရမလားပဲ။
ေဖေဖနဲ႔ေမေမဟာ ကေလးတစ္ျပဳံတစ္ေခါင္းႀကီးနဲ႔ကို ရုပ္ရွင္အသစ္လဲတိုင္း ၾကည့္တတ္တယ္။အဲတုန္းလည္း ကၽြန္ေတာ္တို႔က ငယ္ေသးတာေပါ့။ေဖေဖ့လက္ကို ဆြဲၿပီးလိုက္ရတဲ့ အရြယ္ေပါ့။
ပုံမွန္ေန႔ေတြဆိုရင္ ေန႔ခင္းတစ္ကား၊ညတစ္ကားျပတယ္ထင္ပါတယ္။ေရႊေပၚကၽြန္းျမတ္စြာဘုရားပြဲကာလ ဆိုရင္ေတာ့ ရုပ္ရုင္ျပသခ်ိန္ေတြမ်ားပါတယ္။ညမွဆိုႏွစ္ကားဆက္ျပတယ္ထင္ပါရဲ႕။
ကၽြန္ေတာ္တို႔ၿမိဳ႕မွာ ေျမာက္ရပ္၊အလယ္ရပ္နဲ႔ ေတာင္ရပ္ဆိုၿပီး ခြဲျခားေခၚဆိုၾကတယ္။ ေျမာက္ရပ္မွာ ရုပ္ရွင္ရုံရွိတယ္။ ရုပ္ရွင္ရုံဟာ ရဲစခန္းရဲ႕ေတာင္ဘက္မွာ လမ္းပဲျခားပါတယ္။ကၽြန္ေတာ္တို႔ေနတာက ေတာင္ရပ္ရဲ႕ ေတာင္ဘက္အစြန္ဆုံးမွာေနေတာ့ ရုပ္ရွင္တစ္ခါၾကည့္ဖို႔အေရး ေျမာက္ရပ္ထိသြားရတယ္။
ေဖေဖက ငယ္တဲ့ကေလးကို ဂုတ္ေပၚမွာကားရားခြခိုင္း၊ လက္လႊတ္ေလွ်ာက္လို႔မရေသးတဲ့ကေလးကို လက္ဆြဲၿပီးေခၚၿပီး၊လက္လႊတ္ေလွ်ာက္လို႔ရတဲ့ ကေလးေတြက ဒီအတိုင္းလိုက္ၾကရတာေပါ့။
အသြားမွာ ရုပ္ရွင္ၾကည့္ခ်င္တဲ့စိတ္ေတြနဲ႔ ကၽြန္ေတာ္တို႔မိသားစုေတြဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အသံတစာစာနဲ႔ သြက္လက္လို႔ေပါ့။ၿမိဳ႕ဆိုေပမယ့္ ေတာအရပ္နဲ႔ သိပ္မျခားတဲ့ ကၽြန္ေတာ္တို႔ၿမိဳ႕ေလးဟာ ရုပ္ရွင္ၿပီးတာနဲ႔ တစ္ၿမိဳ႕လုံးကိုေပးတဲ့ မီးစက္ႀကီးကလည္း ရပ္သြားေတာ့တာေပါ့။
အိမ္အျပန္လမ္းမွာ လေရာင္ရွိတဲ့အခ်ိန္မွာ လေရာင္နဲ႔။လေရာင္မရွိတဲ့အခ်ိန္မွာ ၾကယ္ေရာင္နဲ႔ျပန္ခဲ့ရတယ္။ ရုပ္ရွင္ရုံအသြားမွ ေျခလွမ္းေတြ သြက္ခဲ့သေလာက္၊အသံေတြတစာစာနဲ႔ ျဖစ္ခဲ့သေလာက္ အိမ္အျပန္လမ္းမွာ အိပ္ခ်င္စိတ္ေတြက စိုးမိုးလို႔ေပါ့။ ေဖေဖ့လက္ကိုဆြဲၿပီးေတာ့ အိပ္ငိုက္ျခင္းတစ္ဝက္မက သိစိတ္တစ္ဝက္မရွိနဲ႔ အိမ္ကိုေရာက္မွန္းမသိ ေရာက္ခဲ့ရတယ္။
တစ္ခါေတာ့ ဘုရားပြဲေတာ္ကာလႀကီးမွာေပါ့။ဆပ္ကပ္ေတြ၊ဇာတ္သဘင္ေတြ၊မ်က္လွည့္ေတြနဲ႔ ရုပ္ရွင္ေတြကို တဝႀကီး အမုန္းၾကည့္ခြင့္ရတဲ့အခ်ိန္။တစ္ညေတာ့ မိသားစုလိုက္ ရုပ္ရွင္ၾကည့္ျဖစ္တယ္။ ကၽြန္ေတာ္တို႔ၿမိဳ႕က ရုပ္ရွင္ရုံမွာ အထူးတန္းနဲ႔ ရိုးရိုးတန္းဆိုၿပီးရွိတယ္။
အထူးတန္းနဲ႔ ရိုးရိုးတန္းဘာကြာလဲလို႔ေမးရင္ သမံတလင္းမွာ ဖ်ာနဲ႔ထိုင္ရတာနဲ႔ ေနာက္ဖက္မွာ သမံတလင္းကေန တစ္ထြာတစ္မိုက္ေလာက္ျမွင့္ထားတဲ့ အျမင့္ေလးေပၚမွာ ႏွစ္ထစ္သုံးထစ္ ျမွင့္ထားတဲ့ ကုလားထိုင္တန္းရွည္ႀကီးေတြနဲ႔ထိုင္ရတာ ဒါပဲကြာပါတယ္။ရန္ကုန္လိုမဟုတ္ပါဘူး။
မိသားစုမ်ားတဲ့ကၽြန္ေတာ္တို႔ ရိုးရိုးတန္းမွာ ဖ်ာႏွစ္ခ်ပ္ေလာက္ဝယ္ၿပီး က်ဳံ႕က်ဳံ႕ယုံ႔ယုံ႔ထိုင္ၾကည့္ရတာေပါ့။ မသက္မသာရွိလွပါတယ္။ဖ်ာေနရာရွာၿပီးထိုင္ၾကၿပီဆိုရင္ ေဖေဖကအျပင္ျပန္ထြက္ၿပီး ရုပ္ရွင္ၾကည့္ရင္း မိသားစုေတြစားဖို႔ မုန္႔ေတြထြက္ဝယ္တယ္။ရန္ကုန္မွာ အဝင္ဝမွာကတည္းက ဝယ္ခဲ့ၾကတယ္။ ကၽြန္ေတာ္တို႔ နယ္က ရုပ္ရွင္ရုံေတြမွာ အျပင္ထြက္ဝယ္ရင္ ငွက္ေပ်ာသီး၊မာလကာသီး၊လိေမၼာ္သီးစတဲ့ အသီးအႏွံေတြ ဝယ္လို႔ရပါတယ္။
ေနၾကာေစ့တို႔၊ေျမပဲစားေလွာ္တို႔ ဆီးထုပ္တို႔လို စားစရာေတြကိုေတာ့ အျပင္ထြက္ဝယ္စရာမလိုပါဘူး။ သြပ္ႀကိဳးမွာမုန္႔ထုပ္ေတြ သီၿပီး ပြဲခင္းထဲလိုက္ေရာင္းတဲ့သူေတြရွိလို႔ ကိုယ္နားေရာက္လာမွ ဝယ္လိုက္ရုံပါပဲ။ ရုပ္ရွင္စျပတာနဲ႔ ရုပ္ရွင္က အသံနဲ႔ ေနၾကာေစ့ကိုက္တဲ့အသံ၊ကြာေစ့ကိုက္ခြာတဲ့ အသံေတြ ေရာေႏွာေနတာဟာ ရန္ကုန္မွာေရာ နယ္မွာေရာ အတူတူပါပဲ။
ရန္ကုန္မွာပိုထူးတာက ရုပ္ရွင္ျပတိုင္း ေဟာက္သံပါၾကားရျခင္းပါပဲ။ရန္ကုန္မွာ ရုပ္ရွင္ခ အကုန္ခံၿပီး ရုံထဲမွာ လာအိပ္ၾကပါတယ္။ ရွက္ကီေလးႏွိပ္ၿပီး အဲယားကြန္းေအးေအးနဲ႔ဆိုေတာ့ အိပ္လို႔ေကာင္းတာေပါ့။ ဒီလိုလူေတြက ရုပ္ရွင္ရဲ႕အရသာဘာညာခံစားဖို႔ထက္ “အိပ္လိုက္မကြ ရုပ္ရွင္ရုံထဲမွာ”လို႔ သေဘာထားၾကပုံပါပဲ။
ကၽြန္ေတာ္လည္း အဲဒီဘုရားပြဲကာလမွာ မိသားစုနဲ႔ ရိုးရိုးတန္းကေန ရုပ္ရွင္ၾကည့္ရင္း အထူးတန္းမွာ ေနရာလြတ္ရွိမရွိ၊ရွိရင္အဲဒီကေနၾကည့္မယ္ဆိုၿပီး မိဘေတြကိုမေျပာဘဲ လူအုပ္ၾကားထဲက တိုးထြက္ခဲ့တယ္။
အထူးတန္းေရာက္ေတာ့ ခုံလြတ္က မရွိပါဘူး။ဒါနဲ႔ ခုံတန္းႏွစ္တန္းရဲ႕ ၾကားထဲက အဆင္းအတက္လုပ္တဲ့ ေနရာမွာထိုင္ၿပီး ရုပ္ရွင္ကို ဆက္ၾကည့္ေနမိတယ္။တျဖည္းျဖည္းနဲ႔ မ်က္စိေတြေလးလံလာၿပီး အိပ္ခ်င္စိတ္ေတြ ျဖစ္လာတယ္။ခဏေလးေၾကာဆန္႔ဦးမယ္ဆိုၿပီး လုပ္လိုက္တာ အိပ္ပါေပ်ာ္သြားပါေရာလား။
တရွဲရွဲ၊တျဖန္းျဖန္း အသံၾကားေတာ့မွ ကၽြန္ေတာ္ႏိုးပါေတာ့တယ္။မိုးလင္းလို႔ရုပ္ရွင္ရုံထဲ သန္႔ရွင္းေရးလာလုပ္ ေနၾကပါေရာလားဗ်ာ။ကၽြန္ေတာ္လည္း အက်ႌနဲ႔ေဘာင္းဘီမွာကပ္ေနတဲ့ ဖုန္ေတြကိုခါရင္း ရုပ္ရွင္ရုံအျပင္ကို အိပ္မႈန္စုံမႊားနဲ႔ ထြက္ခဲ့တယ္။
ေဆးရုံသြားတဲ့လမ္းအတိုင္း အေနာက္ဘက္ကိုေလွ်ာက္လာရင္း ေဆးရုံကိုဦးတိုက္တဲ့ လမ္းအတိုင္း ေတာင္ဘက္ကိုခ်ိဳးၿပီး နဲနဲေလွ်ာက္လိုက္ေတာ့ ကၽြန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ေဖေဖေလွ်ာက္လာေနတာကို ေတြ႔ရပါတယ္။
ေဖေဖကကၽြန္ေတာ္ကို “ငါ့သား..ေဖေဖမင္းကိုလာရွာတာ…ညတုန္းက ဘယ္ေရာက္သြားတာလဲ” လို႔ေမးေတာ့။ ကၽြန္ေတာ္ ရုပ္ရွင္ရုံထဲမွာ အထူးတန္းမွာ အိပ္ေပ်ာ္သြားတာ အခုမွႏိုးလို႔ထြက္လာတာျဖစ္ေၾကာင္း ေျပာေတာ့ ေဖေဖက မေငါက္ဘဲ ရယ္ပါေတာ့တယ္။
ရန္ကုန္ကလူေတြက “အိပ္လိုက္မကြ ရုပ္ရွင္ရုံထဲမွာ”ဆိုတဲ့သူေတြက အဲယားကြန္းနဲ႔ ဆိုဖာခုံနဲ႔ႏွပ္ႏိုင္ၾကေပမယ့္ ထိုစဥ္တုန္း ရုပ္ရွင္ၾကမ္းပိုးႀကီးကၽြန္ေတာ့္မွာ အထူးတန္းရဲ႕ ေျခနင္းဖတ္မွာ အိပ္ခဲ့ရပါေၾကာင္း…။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com