ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း ၂၀၂၃ ခုနှစ်၊မတ်လ ၃၀ ရက်၊နေ့လည် ၂နာရီအချိန်က မိုးလေဝသနှင့်ဇလဗေဒ မှ ထုတ်ပြန်ထားသည်။
မတ်လ၃၀ ရက်၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီခွဲ အချိန် တိုင်းထွာချက်များအရ (၂.၄.၂၀၂၃) ရက်နေ့မှ (၅.၄.၂၀၂၃) ရက်နေ့အတွင်း အနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အချိန်အခါမဟုတ်မိုးရွာသွန်းမှုကိုနေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အများပြည်သူများ ကြိုတင်သတိပြုနိုင်ပါရန်လည်း အသိပေးထားပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: iMyanmarHouse.com
[Zawgyi]
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။