ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ

ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ - Property Knowledge in Myanmar from iMyanmarHouse.com
20 Nov 2024 10:53 am တွင် တင်ခဲ့သည်
388 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

(မှတ်ချက်။ ယခုဆောင်းပါးမှာ Jocelyn Eikenburg ရေးသားသော Why Hangzhou China is truly for lovers ဆောင်းပါးကို အဓိကအခြေခံထားပါသည်)

တရုတ်ပြည်တွင် ဟန်ကျိုးမြို့သည် ရိုမန့်တစ်အဆန်ဆုံးမြို့တော်ဟု နာမည်ကြီးပြီး ၎င်း၏နောက်တွင် ဆုကျိုးမြို့က ရပ်တည်နေသည်။

“အထက်တွင် ကောင်းကင်ဘုံ…အောက်တွင် ဆုကျိုးဟန်ကျိုး”…ဟူသော တရုတ်စကားပုံတစ်ခုရှိသည်။

တရုတ်စာပေသမိုင်းတလျှောက် ဟန်ကျိုးမြို့ရှိ ပစ္ဆိမကန်တော် (West Lake) ၏ သာယာလှပပုံတို့ကို စာဆိုတို့က တေးကဗျာအဖုံဖုံ ဖွဲ့သီခဲ့ကြသည်။

အမှန်တကယ်လည်း သာယာလှပလွန်းသည်။

ဟန်ကျိုးသည် စုန့်မင်းဆက်ခေတ်က မင်းနေပြည်ဖြစ်ခဲ့ပြီး ထိုခေတ်ထိုကာလက ခရီးသည်ကြီး မာကိုပိုလို ရောက်ခဲ့ဖူးသည်။

ဟန်ကျိုးသည် ကမ္ဘာပေါ်တွင် အလှပဆုံးနှင့် အချမ်းသာဆုံးမြို့ဖြစ်ကြောင်း မာကိုပိုလို ရေးသားခဲ့ဖူးသည်။

အံ့မခန်းသာယာလှပသော ရေမြေတောတောင်ရှုမျှော်ခင်းများ၊ ချစ်ခြင်းဖွဲ့ ဒဏ္ဍာရီများကြောင့် ဟန်ကျိုးမှာ ချစ်သူများ၏မြို့တော်ဟု ကမ္ဘာကျော်ခြင်းလည်း ဖြစ်သည်။

ဟန်ကျိုးသည် လဘက်၊ ပိုးထည်တို့ဖြင့်လည်း နာမည်ကြီးသော ဒေသဖြစ်သည်။ ရှေးအခါကတည်းက ဟန်ကျိုးသည် တရုတ်ပြည်၏ လဘက်မြို့တော်ဟု လူသိများခဲ့၏။

Jocelyn Eikenburg ငယ်စဉ်က မိဘများက အမေရိကန်ပြည် ၊ အိုဟိုင်းအိုးပြည်နယ်၊ ကလိဗ်လန်းမြို့တွင် ကျင်းပသော ကမ္ဘာလှည့်ခရီးသွားပွဲတော်တစ်ခုသို့ ခေါ်သွားသည်။

ပွဲတော်၏ ကြွေးကြော်သံတစ်ခုမှာ ဗာဂျီးနီးယားကို ချစ်သူများ၏ မြို့တော်ဟု ဆိုသည်။ Jocelyn Eikenburg သည် ဗာဂျီးနီးယားပြည်နယ်သို့ ရောက်ဖူးသည်။

Blue Ridge တောင်တန်းကြီးသည် အမှန်တကယ်လှပသာယာသည်မှန်သော်လည်း Jocelyn အတွက်မူ ချစ်သူများ၏နေရာဟု ညွှန်းဆိုရန် လက်မခံနိုင်သေး။

Jocelyn ၏ ရေးသားဖော်ပြချက်အရ “ကျွန်မဟာ ချစ်သူတွေရဲ့ မြို့တော်အစစ်ကို ရှာဖွေတွေ့ရှိဖို့၊ အခြေချနေထိုင်ဖို့ ပဌာန်းဆက်ကံ ပါလာတယ်ထင်ပါရဲ့။ ”ဟု ဖော်ပြသည်။

ချစ်သူများ၏မြို့တော်ဟူသည့်ကြွေးကြော်သံနှင့် အမှန်တကယ်ကိုက်ညီသည်မှာ တရုတ်ပြည်၊ ဟန်ကျိုးမြို့ဖြစ်ကြောင်း Jocelyn က ပြောသည်။

ဟန်ကျိုးသည် ချစ်သူတို့၏ နယ်မြေအစစ်ဖြစ်သည်။

ချစ်သူများနေ့တွင် ဟန်ကျိုးသို့ သွားရောက်လည်ပတ်သင့်သည့် အခြေခံအကြောင်းရင်းများကို Jocelyn က ပြောပြထားသည်။

(တရုတ်ပြည်၏ အထင်ကရအချစ်ဇာတ်လမ်းတစ်ခု အခြေတည်ရာ Leifeng ဘုရားကျောင်း)

(၁။ မြွေဖြူရှင်မ၏ ချစ်ခြင်းဒဏ္ဍာရီ)

ဟန်ကျိုးသည် တရုတ်ပြည်၏ အထင်ကရ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သော မြွေဖြူမရှင်၏ အချစ်ဇာတ်လမ်း ပေါ်ပေါက်ရာနေရာ ဖြစ်သည်။

မြွေဖြူရှင်မသည် မှော်မြွေဖြစ်ပြီး နုငယ်ပျိုမြစ်သော မိန်းမချောလေးအသွင် ဖန်ဆင်းခဲ့ပြီးနောက် ရှုရှိယန်အမည်ရှိ လူငယ်၏ နှလုံးသားကို သိမ်းပိုက်ခဲ့သည်။

မြွေဖြူရှင်မ၏ အချစ်ဇာတ်လမ်းသည် တရုတ်ပြည်တွင် ပြည်သူများမြတ်နိုးနှစ်သက်သည့် ပုံပြင်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ဒဏ္ဍာရီတွင် မြွေဖြူမလေးနှင့် ရှုရှိယန်တို့ ချစ်သူဖြစ်ခဲ့ကြသော တံတားပြို (Broken Bridge---) သို့ သင်ချစ်ရသူနှင့်အတူ ပိုင် တာရိုးလမ်းမှ သွားကြည့်သင့်သည်။

ရှုရှိယန်က ချစ်သူနှင့် တွေ့ဆုံချိန်တွင် တရုတ်ရိုးရာ မုန့်တစ်မျိုးဖြစ်သော တန်ဟူလူ (သကြားစိမ် သစ်သီးတုတ်ထိုး) ကို ယူဆောင်သွားလေ့ရှိရာ သင်လည်း ချစ်ရသူနှင့်အတူ တံတားပြိုသို့ သွားချိန်တွင် သစ်သီးတုတ်ထိုး ဝယ်သွားသင့်သည်။

ရေကန်ကြီး၏ အခြားတစ်ဖက်ဆီတွင်ကား လိန်ဖုန်း ဘုရားကျောင်း (Leifeng Pagoda) ရှိသည်။

လိန်ဖုန်းသည် ဟန်ကျိုး၏ အဓိကပြယုဂ်ဟုလည်းဆိုနိုင်သည်။ Google တွင် ဟန်ကျိုး (Hangzhou) ဟူသော အမည်ကို ရှာဖွေပါက ဦးစွာတွေ့ရမည့်ပုံရိပ်မှာ လိန်ဖုန်းဘုရားကျောင်းဖြစ်သည်။

လိန်ဖုန်းဘုရားကျောင်းသည် မြွေဖြူရှင်မက ရှုရှိယန်ကို ချစ်မိကာ လက်ထပ်သောကြောင့် အကျဉ်းချခံထားရသော နေရာဖြစ်သည်ဟု ဒဏ္ဍာရီတွင်ဆိုသည်။

သင်ချစ်ရသူနှင့်အတူ လိန်ဖုန်းဘုရားကျောင်းသို့ရောက်လျှင် အဆုံးမဲ့ မြစိမ်းရောင် ပန်းဥယျာဉ်တို့ ဝန်းပတ်ထားသော အေးချမ်းသည့်ရေပြင်ကို ငေးမျှော်ကြည့်ရင်း မြွေဖြူရှင်မကဲ့သို့ အဖြစ်မျိုးမကြုံဘဲ တစ်ဦးနှင့်တစ်ဦး လွတ်လပ်စွာ ချစ်ခွင့်ရသည့်အဖြစ်ကို ဝမ်းမြောက်ခံစားမိနိုင်သည်။

(၂။ ချစ်သူများအတွက် လမ်းအတူလျှောက်ရန် အကောင်းဆုံး ပစ္ဆိမ ကန်တော်)

(ပစ္ဆိမ ကန်တော်သို့ ရောက်လျှင် တိမ်းမူးဖွယ် သာယာလွန်းသော သဘာဝအလှတရား၏ ဖမ်းစားမှုကြောင့် သင်ချစ်ရသူကို မနမ်းဘဲ နေနိုင်လိမ့်မည် မဟုတ်ချေ။)

ဟန်ကျိုး၏ ပစ္ဆိမ ကန်တော်သည် နှစ်ထောင်ချီ ကျော်ကြားခဲ့သော ရေကန်ကြီးဖြစ်ပြီး မရေမတွက်နိုင်သော ပန်းချီကားများ၊ ကဗျာများတွင် ရေကန်၏အံ့ဘနန်း အလှတရားကို အမျိုးမျိုးအဖုံဖုံဖွဲ့ဆိုခဲ့သော်လည်း မည်သည့်ကဗျာမှ ရေး၍ မမီနိုင်သော အလှတရားဖြစ်သည်။

ထိုသို့သော သမိုင်းတလျှောက် ထင်ရှားကျော်ကြားခဲ့သော ရေကန်ကြီး၏အလှကို မိမိချစ်ရသူနှင့်အတူ ခံစားမည်ဆိုပါက ပြီးပြည့်စုံသော ခံစားမှု ရရှိစေမည် ဖြစ်သည်။

(၃။ ဟန်ကျိုးရှိ လဘက်ရည်ဆိုင်တစ်ခုခုတွင် ချစ်သူနှင့် နှစ်ဦးတည်း လဘက်ရည်သောက်ခြင်း)

ဟန်ကျိုးသည် လဘက်မြို့တော်ဟု အထက်တွင် ဆိုခဲ့ပြီးဖြစ်၏။

ဟန်ကျိုး၏ နာမည်ကျော် နဂါးရေတွင်း လဘက်ခြောက်၏ သင်းကြိုင်မွှေးပျံ့လှသော အနံ့အရသာမှသည် သွားရေစာမျိုးစုံ၊ ပူပူနွေးနွေးစားသောက်ဖွယ်ရာများနှင့် အချိုတဲစရာများအထိ စားသောက်ဖွယ်မျိုးစုံက သင့်ကို စောင့်ကြိုနေသည်။

ဟန်ကျိုးရှိ လဘက်ရည်ဆိုင်တိုင်းတွင် သီးသန့်ခန်းလေးများ ရှိသည်။ အချို့သော အခန်းလေးများမှာ ကြမ်းပြင်ပေါ်တွင် လွတ်လွတ်လပ်လပ်ထိုင်ကာ နေထိုင်နိုင်ရာ ရိုမန့်တစ်ပိုဆန်သည်။

ဟန်ကျိုးရှိ လဘက်ရည်ဆိုင်များစွာအနက် ဆောင်းပါးရှင် Jocelyn က Recommend ပေးထားသည်မှာ ချင်းထန် လဘက်ရည်ဆိုင် (Qing Teng Teahouse) ဖြစ်သည်။

ချင်းထန် လဘက်ရည်ဆိုင်တွင် သီးသန့်ခန်းလေးများ၊ တသက်တာ မမေ့နိုင်ဖွယ် စားသောက်ဖွယ်များရှိရာ ချစ်သူစုံတွဲများအတွက် ပြီးပြည့်စုံသောနေရာဖြစ်သည်။

စားပွဲထိုးများမှာ သီးသန့်ခန်းသို့ မကြာခဏ ဝင်လိုက်ထွက်လိုက် လုပ်လေ့မရှိရာ သင်ချစ်ရသူကို ခိုးနမ်းနိုင်မည့် အခွင့်အလမ်းလည်း ရှိသည်။

၄။ ဟန်ကျိုးတွင် တစ်နှစ်ပတ်လုံး ပန်းများဖူးပွင့်သည် ဆောင်းရာသီတွင် ပစ္ဆိမကန်တော်ဘေး၌ မက်မန်းတို့ ဖူးပွင့်နေသည်ကို တွေ့ရမည်ဖြစ်ရာ အဆိုးရွားဆုံး အခြေအနေများတွင်ပင်လျှင် အလှတရားတို့ ထွက်ပေါ်နိုင်ကြောင်း သဘာဝ၏ သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။

နွေဦးပေါက်တွင်မူ ပစ္ဆိမကန်တော်ဘေးတလျှောက် အဖြူရောင် မက်မွန်ပန်းများ ပွင့်လန်းကြသည်။

နွေအခါတွင်ဆိုလျှင် ပစ္ဆိမကန်တော်အတွင်း ကြာပန်းတို့ ပွင့်ဖူးကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Hangzhou China is truly for lovers (and Valentine’s Day) (speakingofchina) Photo Credit-tripadvisor, speackingofchina

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service