ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ

ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ - Property Knowledge in Myanmar from iMyanmarHouse.com
20 Nov 2024 10:44 am တွင် တင်ခဲ့သည်
361 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

(ဘာကြောင့် လေလည်တာလဲ))

လေလည်ခြင်းဟူသည်မှာ အူထဲတွင်ရှိသော ဓာတ်ငွေ့တို့ကို ထုတ်လွှတ်ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ စားသောက်လိုက်သော အစားအစာများကို အစာအိမ်မှ ချေဖျက်ရာတွင် ဓာတ်ငွေ့ ထွက်ပေါ်ခြင်း ဖြစ်သည်။

အစားအစာနှင့်အတူ စားသောက်ရာတွင် ပါသွားသောလေတို့ကြောင့်လည်း ဓာတ်ငွေ့ဖြစ်ပေါ်လာနိုင်သည်။

အဆိုပါဓာတ်ငွေ့သည် အစာချေစနစ်တွင် ဖြတ်သန်းကာ နောက်ဆုံးတွင် လေလည်သည့်အနေဖြင့် ခန္ဓာကိုယ်ပြင်ပသို့ ထွက်သွားခြင်း ဖြစ်၏။

((ပွဲစီစဉ်သူ))

အီးပေါက်ပြိုင်ပွဲကျင်းပရန် စိတ်ကူးရသူမှာ အဆိုတော်တစ်ဦးဖြစ်သူ Yatin Sangoi နှင့် သူ၏ လက်တွဲဖော် Mui Sanghvi တို့ ဖြစ်သည်။

“မိသားစုနဲ့အတူ အိမ်မှာ ရုပ်ရှင်ကြည့်နေတုန်း ကျွန်တော် လေလည်လိုက်တယ်။ တစ်ယောက်က ထရယ်ပြီး အီးပေါက်ပြိုင်ပွဲသာရှိရင် ကျွန်တော်ပဲ ချန်ပီယံဖြစ်မယ်လို့ ပြောပါတယ်” ဟု Yatin က ပြောပြကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

“လေလည်တာကို သမားရိုးကျဖြစ်စဉ်လိုမျိုး ကျွန်တော်ဖြစ်စေချင်တာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၂၅ နှစ် လောက်ကဆိုရင် လူတွေဟာ လွတ်လွတ်လပ်လပ် လေလည်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လူတွေဟာ ခေတ်ဆန်လာကြပြီး လေလည်တာကို ရိုင်းပြတယ်လို့ ယူဆလာကြပါတယ်။ လူကြားထဲ လေလည်မိရင် ရှက်လာကြတယ်။ ဆရာဝန်တွေကို မေးကြည့်မယ်ဆိုရင် လေလည်တာဟာ လူ့ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းစေတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ ပြောပြကြမှာ ဖြစ်ပါတယ်”

အိန္ဒိယတွင် အကောင်းဆုံးလေလည်နိုင်သူအဖြစ် ချန်ပီယံဖြစ်လိုသူများကို Yatin က အကြံဉာဏ်များလည်း ပေးခဲ့သည်။

Yatin အကြံပေးသည်မှာ လေလည်စွမ်းရည် ကောင်းမွန်စေရေးအတွက် ပဲ၊ မုန်လာဥနှင့် အာလူးပြုတ်များများစားရန် အကြံပေးသည်။

Yatin က သူ၏ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် What The Fart အမည်ရှိ ကမ္ဘာ့အတော်ဆုံး လေလည်ချန်ပီယံပြိုင်ပွဲကြီးကို အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ ဆူရတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သည်။

ထိုပြိုင်ပွဲသည် ကမ္ဘာ့ပထမဆုံး အီးပေါက်ချန်ပီယံပြိုင်ပွဲဟုလည်း ဆိုနိုင်သည်။

((လေလည် ချန်ပီယံ ဆုအမျိုးမျိုး))

Yatin က အီးပေါက်ချန်ပီယံပြိုင်ပွဲတွင် ဆုအမျိုးမျိုး စီစဉ်ထားခဲ့ရာ အချိန်အကြာဆုံးဆု၊ အသံအကျယ်ဆုံးဆုနှင့် တေးဂီတဆန်ဆန် အီးပေါက်နိုင်သူဆုဟု ခွဲခြားထားသည်။

အီးပေါက်ချန်ပီယံပြိုင်ပွဲတွင် ဒိုင်လူကြီးများအနေဖြင့် ဆရာဝန်တစ်ဦး၊ stand-up လူရွှင်တော် Devang Raval နှင့် မူကြိုကျောင်းဆရာမ Kavita Parmar တို့ ပါဝင်အကဲဖြတ်ပေးခဲ့ကြသည်။

((ပြိုင်ပွဲဝင်ခဲ့သူများ))

အီးပေါက်ချန်ပီယံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လူဦးရေ အယောက် ၆၀ ခန့် စာရင်းပေးခဲ့ကြသည်။

သို့သော် ၂၀ ဦးသာ ပြိုင်ပွဲသို့ ရောက်လာခဲ့ပြီး ၃ ဦးသာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

(ပြိုင်ပွဲရလဒ်))

အီးပေါက်ချန်ပီယံပြိုင်ပွဲမှာ မအောင်မြင်ခဲ့။

အဘယ်ကြောင့်ဆိုလျှင် ပြိုင်ပွဲဝင်များအနက် တစ်ဦးမှ အီးမပေါက်ခဲ့သောကြောင့် ဖြစ်သည်။

အချို့ပြိုင်ပွဲဝင်များမှာ ရှက်နေခဲ့ကြပြီး အချို့မှာမူ မပြိုင်တော့ရန် ဆုံးဖြတ်ခဲ့ကြသည်။

((ပွဲစီစဉ်သူ၏ ရည်ရွယ်ချက်))

Yatin ၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းတွင် အီးပေါက်ခြင်းကို မနှစ်သက်ကြသောကြောင့် လူအများ လွတ်လွတ်လပ်လပ် အီးပေါက်နိုင်မည့် နေရာတစ်ခု ဖန်တီးပေးနိုင်ရေး ဖြစ်သည်။

အီးပေါက်ခြင်းသည် ရှယ်ဖွယ်ကောင်းသည့်ကိစ္စဟု ယူဆနေကြခြင်းများကို Yatin က ပြောင်းလဲပစ်လိုသည်။

“ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ စင်မြင့်ပေါ်ကို မတက်ကြတဲ့အကြောင်းက ရှက်နေလို့ ဖြစ်နိုင်ပါတယ်။ သတင်းမီဒီယာတွေ၊ ဓာတ်ပုံသမားတွေနဲ့ ပရိသတ်တွေရှိနေတာကြောင့် သူတိို့ ရှက်နေနိုင်ပါတယ်။ ကျွန်တော်တို့ဘက်မှာက လေလည်နှုန်းကို တိုင်းတာဖို့အတွက် အထူးစက်ပစ္စည်းတစ်ခုကို ကုမ္ပဏီတစ်ခုနဲ့တောင် ချိတ်ဆက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်”

ထိုပွဲမအောင်မြင်ခဲ့သော်လည်း မွမ်ဘိုင်းမြို့တွင် ထပ်မံကျင်းပနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပရိသတ်များ စောင့်ကြည့်မခံရဘဲ လွတ်လွတ်လပ်လပ် လေလည်နိုင်ရန် အခန်းငယ်များ စီစဉ်ပေးထားမည်ဖြစ်ကြောင်းလည်း Yatin က ပြောသည်။

ဆူရတ်မြို့တွင် ကျင်းပခဲ့သော လေလည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများမှာ ဘာဒိုလီမြို့မှ စူရှီးဂျိန်း၊ ပါတန်မြို့မှ အယ်လ်ကက်ရှ် ပန်ဒယာနှင့် ဆူရတ်မြို့မှ ဗိရှ်နူး ဟီဒါတို့ဖြစ်ကြောင်း Yatin က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What The Fart: India holds first ever farting contest in Surat (bbc)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service