ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
iMyanmarHouse ဆီကို မေးလာကြတဲ့မေးခွန်းတွေထဲ အမွေပိုင်ဆိုင်မှုနဲ့ပတ်သတ်တဲ့ မေးခွန်းအမျိုးအစားဟာ မေးမြန်းမှုအများဆုံးဖြစ်တာမို့လို့ အမွေနဲ့ပတ်သတ်တဲ့ အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။
မေးခွန်း (၁) - အမွေဆိုင်တစ်ဦးဦးက အမွေခွဲဝေရန် ကန့်ကွက်လာပါက မည်သို့လုပ်ဆောင်နိုင်မည်နည်း ?
အဖြေ (၁) - ဗုဒ္ဓဘာသာဝင်များ မိဘများမှ မွေးဖွားလာသည့် သားသမီးများသည် မိဘများ သေဆုံးသွားပြီးနောက် ကျန်ရစ်သည့် အမွေပစ္စည်းများကို ထုခွဲရောင်းချပြီး အမွေခွဲဝေ ရယူကြသည့်အခါ အမွေဆိုင် သားသမီး များအားလုံး၏ သဘောတူညီချက် လိုအပ်ပါသည်။
အမွေဆိုင်များအနက်မှ တစ်ဦးဦးမှ သဘောမတူကြောင်း ကန့်ကွက်လာပါက သို့မဟုတ် ငြင်းဆန် လာပါက အမွေခွဲဝေခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့လာပါက ကျန်ရှိနေသော အမွေခံများမှ တရားရုံးသို့ ဦးတိုက်ပြီး အမွေပုံစီမံခန့်ခွဲပေးစေလိုမှု လျှောက်ထားရမည်။
မေးခွန်း (၂) - အဘိုးအဘွားတို့၏ အမွေကို အမွေမမီမြေးများ ရပိုင်ခွင့်ရှိ/မရှိ ?
အဖြေ (၂) - အမွေမမီမြေး ဆိုသည်မှာ အဘိုးဖြစ်စေ၊ အဘွားဖြစ်စေ၊ ၎င်းတို့နှစ်ယောက်လုံးဖြစ်စေ သက်ရှိထင်ရှား ရှိစဉ်တွင် သေဆုံးသွားသော သားသမီးများမှ မွေးဖွားသည့် ထိုဘိုးဘွား၏ မြေးအရင်းများကို ဆိုလိုပါ သည်။ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင် များအနေဖြင့် သေတမ်းစာ ရေးသားခွင့် ရှိသောကြောင့် အဆိုပါ ဘာသာဝင်ဖြစ်သည့် အမွေမမီမြေးများသည် သေတမ်းစာတွင် ရေးသားထားသည့် အချက် အလက် များအပေါ် မူတည်ပြီး အမွေ ရရှိနိုင်ခြင်းရှိမရှိကို ဆုံး ဖြတ်ရမည်ဖြစ်ပါသည်။
အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၄၁ အရ ခိုင်လုံသည့် သေတမ်းစာ ရေးသားခဲ့ခြင်း မရှိပါက ကွယ်လွန်သူ၏ သား၊ သမီးများနှင့် အမွေမီမြေးများ၊ အမွေမမီမြေးများကျန်ရစ်လျှင် အမွေမီမြေးများ၊ အမွေမမီမြေးများသည် ၎င်းတို့မိဘ သက်ရှိထင်ရား ရှိခဲ့လျှင် ရမည့်ဝေစုအတိုင်းရ၍ အချင်းချင်း ညီတူမျှတူခွဲဝေယူရမည်ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာဝင်ဖြစ်သည့် အမွေမမီမြေးများအနေဖြင့် ၎င်းနှင့်အတူ အမွေခွဲဝေရမည့်သူများမှာ သွေးဝက်တော်စပ်သည့် ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးတို့ဖြစ်လျှင် အမွေမမီမြေးသည် မိမိ၏မိဘ ရရန်ရှိသော ဝေစုအတိုင်းပင် ရရှိမည် ဖြစ်ပါသည်။ ထို့ပြင် ဖခင်တစ်ဦး ကွယ်လွန်သောအခါ သြရသသား သည် အမွေဝေစု ရခွင့်ရှိသော်လည်း (၁၂)နှစ်အတွင်း အမွေမတောင်းခံပဲ သေဆုံးသွားပါက ၎င်း၏သားသမီးများသည် အမွေမမီမြေးများဖြစ်ပြီး အဖိုး၏အမွေကို ဆက်ခံနိုင်သည်။
မေးခွန်း (၃) - နိုင်ငံခြားသားဖြစ်သူ ခင်ပွန်းသည်အနေဖြင့် ကွယ်လွန်သူဇနီး၏အမွေကို ဆက်ခံပိုင်ခွင့်ရှိ/မရှိ ?
အဖြေ (၃) - ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ-၆ တွင် နိုင်ငံခြားသားတစ်ဦးကွယ်လွန်လျှင်ဖြစ်စေ၊ နိုင်ငံခြားသို့ အပြီးအပိုင်ထွက်သွားလျှင်ဖြစ်စေ၊ ပြည်နှင်ဒဏ် ပေးခြင်းခံရလျှင်ဖြစ်စေ၊ ၎င်းပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက ကိစ္စရပ်တစ်ခုချင်း အလိုက် စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ -
(က) ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပေးခြင်း။
(ခ) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ကြောင်းပြဌာန်းထားသည်။
ထို့ကြောင့် ခင်ပွန်းသည် ဇနီးဖြစ်သူအမွေကို နိုင်ငံခြားသားဖြစ်သည့်အတွက် အပြည့်အဝမရရှိနိုင်ပါ။ ဇနီးဖြစ်သူ၏ အမွေဆိုင်များရှိခဲ့ပါမူ ၎င်းတို့ဝေစု အချိုးကျသာရရှိကြောင်း စီရင်ဆုံးဖြတ်မှု တွေ့ရှိရပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အေမးမ်ားတဲ့ပုစၧာ အေမြခြဲေဝၾကတဲ့အခါ....
iMyanmarHouse ဆီကို ေမးလာၾကတဲ့ေမးခြန္းေတြထဲ အေမြပိုင္ဆိုင္မႈနဲ႔ပတ္သတ္တဲ့ ေမးခြန္းအမ်ိဳးအစားဟာ ေမးျမန္းမႈအမ်ားဆုံးျဖစ္တာမို႔လို႔ အေမြနဲ႔ပတ္သတ္တဲ့ အေမးအေျဖသုံးခုကို ဒီတစ္ပတ္အတြက္ ဥပေဒအေမးအေျဖက႑မွာ တင္ဆက္ေပးထားပါတယ္။
ေမးခြန္း (၁) - အေမြဆိုင္တစ္ဦးဦးက အေမြခြဲေဝရန္ ကန္႔ကြက္လာပါက မည္သို႔လုပ္ေဆာင္ႏိုင္မည္နည္း ?
အေျဖ (၁) - ဗုဒၶဘာသာဝင္မ်ား မိဘမ်ားမွ ေမြးဖြားလာသည့္ သားသမီးမ်ားသည္ မိဘမ်ား ေသဆုံးသြားၿပီးေနာက္ က်န္ရစ္သည့္ အေမြပစၥည္းမ်ားကို ထုခြဲေရာင္းခ်ၿပီး အေမြခြဲေဝ ရယူၾကသည့္အခါ အေမြဆိုင္ သားသမီး မ်ားအားလုံး၏ သေဘာတူညီခ်က္ လိုအပ္ပါသည္။
အေမြဆိုင္မ်ားအနက္မွ တစ္ဦးဦးမွ သေဘာမတူေၾကာင္း ကန္႔ကြက္လာပါက သို႔မဟုတ္ ျငင္းဆန္ လာပါက အေမြခြဲေဝျခင္းကို ဆက္လက္ေဆာင္႐ြက္ႏိုင္မည္မဟုတ္ပါ။ ထိုကဲ့သို႔ေသာ အေျခအေနႏွင့္ ၾကဳံေတြ႕လာပါက က်န္႐ွိေနေသာ အေမြခံမ်ားမွ တရား႐ုံးသို႔ ဦးတိုက္ၿပီး အေမြပုံစီမံခန္႔ခြဲေပးေစလိုမႈ ေလွ်ာက္ထားရမည္။
ေမးခြန္း (၂) - အဘိုးအဘြားတို႔၏ အေမြကို အေမြမမီေျမးမ်ား ရပိုင္ခြင့္႐ွိ/မ႐ွိ ?
အေျဖ (၂) - အေမြမမီေျမး ဆိုသည္မွာ အဘိုးျဖစ္ေစ၊ အဘြားျဖစ္ေစ၊ ၎တို႔ႏွစ္ေယာက္လုံးျဖစ္ေစ သက္႐ွိထင္႐ွား ႐ွိစဥ္တြင္ ေသဆုံးသြားေသာ သားသမီးမ်ားမွ ေမြးဖြားသည့္ ထိုဘိုးဘြား၏ ေျမးအရင္းမ်ားကို ဆိုလိုပါ သည္။ ခရစ္ယာန္၊ ဟိႏၵဴႏွင့္ အစၥလာမ္ဘာသာဝင္ မ်ားအေနျဖင့္ ေသတမ္းစာ ေရးသားခြင့္ ႐ွိေသာေၾကာင့္ အဆိုပါ ဘာသာဝင္ျဖစ္သည့္ အေမြမမီေျမးမ်ားသည္ ေသတမ္းစာတြင္ ေရးသားထားသည့္ အခ်က္ အလက္ မ်ားအေပၚ မူတည္ၿပီး အေမြ ရ႐ွိႏိုင္ျခင္း႐ွိမ႐ွိကို ဆုံး ျဖတ္ရမည္ျဖစ္ပါသည္။
အေမြဆက္ခံျခင္း အက္ဥပေဒ ပုဒ္မ ၄၁ အရ ခိုင္လုံသည့္ ေသတမ္းစာ ေရးသားခဲ့ျခင္း မ႐ွိပါက ကြယ္လြန္သူ၏ သား၊ သမီးမ်ားႏွင့္ အေမြမီေျမးမ်ား၊ အေမြမမီေျမးမ်ားက်န္ရစ္လွ်င္ အေမြမီေျမးမ်ား၊ အေမြမမီေျမးမ်ားသည္ ၎တို႔မိဘ သက္႐ွိထင္ရား ႐ွိခဲ့လွ်င္ ရမည့္ေဝစုအတိုင္းရ၍ အခ်င္းခ်င္း ညီတူမွ်တူခြဲေဝယူရမည္ျဖစ္သည္။ သို႔ေသာ္ ဗုဒၶဘာသာဝင္ျဖစ္သည့္ အေမြမမီေျမးမ်ားအေနျဖင့္ ၎ႏွင့္အတူ အေမြခြဲေဝရမည့္သူမ်ားမွာ ေသြးဝက္ေတာ္စပ္သည့္ ဦးႀကီး၊ ဦးေလး၊ ေဒၚႀကီး၊ ေဒၚေလးတို႔ျဖစ္လွ်င္ အေမြမမီေျမးသည္ မိမိ၏မိဘ ရရန္႐ွိေသာ ေဝစုအတိုင္းပင္ ရ႐ွိမည္ ျဖစ္ပါသည္။ ထို႔ျပင္ ဖခင္တစ္ဦး ကြယ္လြန္ေသာအခါ ၾသရသသား သည္ အေမြေဝစု ရခြင့္႐ွိေသာ္လည္း (၁၂)ႏွစ္အတြင္း အေမြမေတာင္းခံပဲ ေသဆုံးသြားပါက ၎၏သားသမီးမ်ားသည္ အေမြမမီေျမးမ်ားျဖစ္ၿပီး အဖိုး၏အေမြကို ဆက္ခံႏိုင္သည္။
ေမးခြန္း (၃) - ႏိုင္ငံျခားသားျဖစ္သူ ခင္ပြန္းသည္အေနျဖင့္ ကြယ္လြန္သူဇနီး၏အေမြကို ဆက္ခံပိုင္ခြင့္႐ွိ/မ႐ွိ ?
အေျဖ (၃) - ၁၉၈၇ ခုႏွစ္၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒပုဒ္မ-၆ တြင္ ႏိုင္ငံျခားသားတစ္ဦးကြယ္လြန္လွ်င္ျဖစ္ေစ၊ ႏိုင္ငံျခားသို႔ အၿပီးအပိုင္ထြက္သြားလွ်င္ျဖစ္ေစ၊ ျပည္ႏွင္ဒဏ္ ေပးျခင္းခံရလွ်င္ျဖစ္ေစ၊ ၎ပိုင္ပစၥည္းမ်ားႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာဝန္ႀကီးဌာနက ကိစၥရပ္တစ္ခုခ်င္း အလိုက္ စိစစ္၍ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ -
(က) ဥပေဒႏွင့္အညီ အေမြဆက္ခံခြင့္ေပးျခင္း။
(ခ) ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းျခင္း စသည္ျဖင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္းျပဌာန္းထားသည္။
ထို႔ေၾကာင့္ ခင္ပြန္းသည္ ဇနီးျဖစ္သူအေမြကို ႏိုင္ငံျခားသားျဖစ္သည့္အတြက္ အျပည့္အဝမရ႐ွိႏိုင္ပါ။ ဇနီးျဖစ္သူ၏ အေမြဆိုင္မ်ား႐ွိခဲ့ပါမူ ၎တို႔ေဝစု အခ်ိဳးက်သာရ႐ွိေၾကာင္း စီရင္ဆုံးျဖတ္မႈ ေတြ႕႐ွိရပါသည္။
လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။
ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com