“ကျွန်တော်ရောက်ရာအရပ်၌ အစာရေစာပေါများပါစေ”

“ကျွန်တော်ရောက်ရာအရပ်၌ အစာရေစာပေါများပါစေ” - Property Knowledge in Myanmar from iMyanmarHouse.com
13 Feb 2023 1:25 pm တွင် တင်ခဲ့သည်
417 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“ကျွန်တော်ရောက်ရာအရပ်၌ အစာရေစာပေါများပါစေ”တဲ့။သိပ်ကိုလှတဲ့ စိတ်ထားလေးဗျာ။

လူအများစုဟာ ဒီအချိန်မှာ ကိုယ့်ထမင်းကိုယ်ရှာစားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတဲ့ အနေအထားပါ။ပေးလှူဖို့ မစဉ်းစားနိုင်လောက်အောင် ခက်ခဲနေကြတဲ့ ကာလကြီးပါဗျာ။

အဲဒီလို ကာလကြီးမှာမှ ပေးလှူခြင်းတွေနဲ့ ပျော်မွေ့နေတဲ့သူတစ်ယောက်ကတော့ အလှူရေစက် လက်နဲ့မပျက်ဖို့ “ကျွန်တော်ရောက်ရာအရပ်၌ အစာရေစာပေါများပါစေ” ဆိုတဲ့ ဆုတောင်းစကားလေးကို ဆိုရင်း အလှူတွေကို နေ့စဉ်ပေးလှူနေပါတယ်။

သူဟာ သူ့ရဲ့စီးပွားရေးကိုလည်းရှာဖွေရင်း သူတစ်တစ်ပါးအကျိုးကိုလည်းဆောင်ရင်း ပရဟိတလုပ်ငန်းတွေ နေ့စဉ်ရက်ဆက်လုပ်နေတဲ့ မြင်ကွင်းက မြင်ရသူ ကျွန်တော့်ရင်ကို ကြည်နူးမှုးလေးတွေ ကူးစက်ခံရပါတယ်။

နောက်ပြီးတော့ လူအတော်များများဟာ သူတစ်ပါးအတွက်ထက် ကိုယ်နဲ့ ကိုယ်မိသားစုအတွက်ကိုပဲ ဦးစားပေး စဉ်းစားကြတာ များပါတယ်။လိုချင် လောဘတွေများကြတယ်။ငါမှငါ ဖြစ်နေကြတာတွေ များတယ်။ ကိုယ်ဘာရနိုင်မလဲလို့ဘဲ အရင်စဉ်းကြတာများပါတယ်။

တချို့က ကိုယ်ရဖို့အတွက် ရိုးရိုးသားသား ရှာဖွေကြသလို၊တပ်မက်ခြင်းကင်းကင်းနဲ့ စေတနာထားပြီးလည်း ပြန်လည်ပေးလှူတတ်ကြပါတယ်။

 

တချို့က ရိုးရိုးသားသား အင်တိုက်အားတိုက် ရှာဖွေကြပေမယ့် သူတစ်ပါးပေးလှူဖို့တော့ အားနည်းတတ်တယ်။ ကိုယ်ရဲ့ ဓနအင်အားတိုးပွားဖို့ ကြိုးစားပေးကြတဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ အခြေအနေကိုတောင်ပြန်မကြည့် တတ်ကြပါဘူး။

ကြွယ်ဝလာလို့တန်ဖိုးကြီးတွေ ဘယ်လောက်ဝယ်ထားနိုင်နိုင် အင်္ကျီဆိုရင်လည်း တစ်ခါဝတ်ရင် တစ်ထည်ပဲ ဝတ်နိုင်မှာပါ။ဘယ်လောက်တန်ဖိုးကြီးတဲ့ စားသောက်စရာတွေကို စားပွဲပြည့်အောင်မှာထားလည်း ဗိုက်ပြည့်ရင် ကိစ္စပြီးတာပါပဲ။ရွှေတွေ၊စိန်တွေ ဘက်ဟိုးနဲ့ကော်ထိုးလောက်အောင် ရှိနေဦးတော့ တစ်ဝတ်စာထက် လူရဲ့ကိုယ်ပေါ်မှာ ဆင်ဝံ့သလား။ဒီထက်ပိုတင်ဝံ့ရင်လည်း အရူးလို့ခေါ်ခံရတာပဲဖြစ်တောမပေါ့။

အိမ်ခြံမြေတိုက်တာအဆောက်အအုံတွေ အများအပြားပိုင်ဆိုင်တာ မကောင်းဘူးလားဆိုတော့ ကောင်းတာပေါ့။ အိပ်ရင်တော့လည်း တစ်ကုတင်ပါပဲလို့တော့ နားလည်ထားဖို့ပါ။

လူတိုင်းမှာ အခွင့်ရှိပါတယ်။ရိုးရိုးသားသားနဲ့ စိန်မြေဧကပေါင်းများစွာ ပိုင်ဆိုင်နိုင်အောင် ရှာဖွေခွင့်ရှိကြပါတယ်။ ဒီလိုရှာဖွေနိုင်လာရင် စိတ်မှာလည်း ကြည်နူးကြမှာပါ။ဒီထက်ကြည်နူးမှုကတော့ ပေးလှူခြင်းတွေပါပဲ။ ရှာသမျှ အကုန်ပေးလှူဖို့ မလိုဘူး။

အခုကာလမှာ ဒုက္ခတွေရောက်နေကြတဲ့ လူတန်းစားတွေဟာ နိုင်ငံအနှံ့အပြားမှာ များသထက်များလာနေပါပြီ။ သူတို့ဟာ တောင်းရမ်းနေကြသူတွေ မဟုတ်ပေမယ့် ဖြည့်ဆည်းပေးဖို့တော့ လိုအပ်နေပါတယ်။

ရေပေါ်မှာနေပြီးရေငတ်နေသလို၊မြေပေါ်မှာနေပြီးလည်း နေစရာပျောက်နေကြတဲ့ ဘဝတွေပါ။ ဒီလိုလူတွေ အတွက် ထည့်စဉ်းစားကြရပါလိမ့်မယ်။ဒီထက်အခြေအနေဆိုးလာရင် သူတို့မလုပ်ချင်တဲ့ မကောင်းမှုတွေ လုပ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမခံဝံ့မှာမဟုတ်ပါဘူး။မဝလင်တဲ့ ကာလတွေကို တောင့်ခံပြီး ရိုးသားနေကြတာနဲ့တင် ဂုဏ်တစ်ခုပါပဲ။

 

 

ဒီလိုလူတွေအတွက် သူဟာအများကြီး မကြွယ်ဝဘဲနဲ့ ဖြည့်ဆည်းပေးနေတယ်။သူ့လိုလူတွေ အများကြီးထွက်ပေါ်လာပါစေလို့ အသိအမှတ်ပြုဆုတောင်းမိပါတယ်။သူလာရင် ကလေးလူကြီးတွေ တရုံးရုံးနဲ့ဝိုင်းအုံလာပါတယ်။

လူတစ်ယောက်အတွက် မုန့်တစ်ထုပ်၊ရွိုင်ရယ်ဒီတစ်ဘူး တစ်ထောင်၊ထောင်းငါးရာဝန်းကျင်ပဲသုံး။ လူအယောက် ငါးရာစာလောက် သူနေ့စဉ်လှူနေပါတယ်။တစ်ရက်ကုန်ကျစရိတ်ဟာ မနဲပါဘူး။ တစ်ရက်ထဲလည်းမဟုတ်။ နေ့စဉ်လှူနေတာပါ။သူ့အလှူမှာ လူအားမပါဝင်နိုင်ပေမယ့် ငွေအားဖြည့်ထည့်ပြီး ပါဝင်ပူးပေါင်းသူတွေလည်း ရှိမှာပါ။

ဘာပဲဖြစ်ဖြစ် သူသွားလေရာ သူ့ဆန္ဒနဲ့ထပ်တူ အစာရေစာပေါပေါများ ပေးလှူနိုင်ပါစေလို့ ကျွန်တော်က မုဒိတာစိတ်နဲ့ သာဓုခေါ်ရင်း မျှဝေမှုလုပ်ရပါတယ်။လုံခြုံအေးချမ်းပြီး အစာဝအနာရှင်းကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

“ကၽြန္ေတာ္ေရာက္ရာအရပ္၌ အစာေရစာေပါမ်ားပါေစ”

 

“ကၽြန္ေတာ္ေရာက္ရာအရပ္၌ အစာေရစာေပါမ်ားပါေစ”တဲ့။သိပ္ကိုလွတဲ့ စိတ္ထားေလးဗ်ာ။

လူအမ်ားစုဟာ ဒီအခ်ိန္မွာ ကိုယ့္ထမင္းကိုယ္ရွာစားဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ေနၾကတဲ့ အေနအထားပါ။ေပးလွဴဖို႔ မစဥ္းစားႏိုင္ေလာက္ေအာင္ ခက္ခဲေနၾကတဲ့ ကာလႀကီးပါဗ်ာ။

အဲဒီလို ကာလႀကီးမွာမွ ေပးလွဴျခင္းေတြနဲ႔ ေပ်ာ္ေမြ႔ေနတဲ့သူတစ္ေယာက္ကေတာ့ အလွဴေရစက္ လက္နဲ႔မပ်က္ဖို႔ “ကၽြန္ေတာ္ေရာက္ရာအရပ္၌ အစာေရစာေပါမ်ားပါေစ” ဆိုတဲ့ ဆုေတာင္းစကားေလးကို ဆိုရင္း အလွဴေတြကို ေန႔စဥ္ေပးလွဴေနပါတယ္။

သူဟာ သူ႕ရဲ႕စီးပြားေရးကိုလည္းရွာေဖြရင္း သူတစ္တစ္ပါးအက်ိဳးကိုလည္းေဆာင္ရင္း ပရဟိတလုပ္ငန္းေတြ ေန႔စဥ္ရက္ဆက္လုပ္ေနတဲ့ ျမင္ကြင္းက ျမင္ရသူ ကၽြန္ေတာ့္ရင္ကို ၾကည္ႏူးမႈးေလးေတြ ကူးစက္ခံရပါတယ္။

ေနာက္ၿပီးေတာ့ လူအေတာ္မ်ားမ်ားဟာ သူတစ္ပါးအတြက္ထက္ ကိုယ္နဲ႔ ကိုယ္မိသားစုအတြက္ကိုပဲ ဦးစားေပး စဥ္းစားၾကတာ မ်ားပါတယ္။လိုခ်င္ ေလာဘေတြမ်ားၾကတယ္။ငါမွငါ ျဖစ္ေနၾကတာေတြ မ်ားတယ္။ ကိုယ္ဘာရႏိုင္မလဲလို႔ဘဲ အရင္စဥ္းၾကတာမ်ားပါတယ္။

တခ်ိဳ႕က ကိုယ္ရဖို႔အတြက္ ရုိးရိုးသားသား ရွာေဖြၾကသလို၊တပ္မက္ျခင္းကင္းကင္းနဲ႔ ေစတနာထားၿပီးလည္း ျပန္လည္ေပးလွဴတတ္ၾကပါတယ္။

တခ်ိဳ႕က ရုိးရုိးသားသား အင္တိုက္အားတိုက္ ရွာေဖြၾကေပမယ့္ သူတစ္ပါးေပးလွဴဖို႔ေတာ့ အားနည္းတတ္တယ္။ ကိုယ္ရဲ႕ ဓနအင္အားတိုးပြားဖို႔ ႀကိဳးစားေပးၾကတဲ့ ကိုယ့္ဝန္ထမ္းေတြရဲ႕ အေျခအေနကိုေတာင္ျပန္မၾကည့္ တတ္ၾကပါဘူး။

ၾကြယ္ဝလာလို႔တန္ဖိုးႀကီးေတြ ဘယ္ေလာက္ဝယ္ထားႏိုင္ႏိုင္ အကႌ်ဆိုရင္လည္း တစ္ခါဝတ္ရင္ တစ္ထည္ပဲ ဝတ္ႏိုင္မွာပါ။ဘယ္ေလာက္တန္ဖိုးႀကီးတဲ့ စားေသာက္စရာေတြကို စားပြဲျပည့္ေအာင္မွာထားလည္း ဗိုက္ျပည့္ရင္ ကိစၥၿပီးတာပါပဲ။ေရႊေတြ၊စိန္ေတြ ဘက္ဟိုးနဲ႔ေကာ္ထိုးေလာက္ေအာင္ ရွိေနဦးေတာ့ တစ္ဝတ္စာထက္ လူရဲ႕ကိုယ္ေပၚမွာ ဆင္ဝံ႔သလား။ဒီထက္ပိုတင္ဝံ႔ရင္လည္း အရူးလို႔ေခၚခံရတာပဲျဖစ္ေတာမေပါ့။

အိမ္ျခံေျမတိုက္တာအေဆာက္အအုံေတြ အမ်ားအျပားပိုင္ဆိုင္တာ မေကာင္းဘူးလားဆိုေတာ့ ေကာင္းတာေပါ့။ အိပ္ရင္ေတာ့လည္း တစ္ကုတင္ပါပဲလို႔ေတာ့ နားလည္ထားဖို႔ပါ။

လူတိုင္းမွာ အခြင့္ရွိပါတယ္။ရိုးရိုးသားသားနဲ႔ စိန္ေျမဧကေပါင္းမ်ားစြာ ပိုင္ဆိုင္ႏိုင္ေအာင္ ရွာေဖြခြင့္ရွိၾကပါတယ္။ ဒီလိုရွာေဖြႏိုင္လာရင္ စိတ္မွာလည္း ၾကည္ႏူးၾကမွာပါ။ဒီထက္ၾကည္ႏူးမႈကေတာ့ ေပးလွဴျခင္းေတြပါပဲ။ ရွာသမွ် အကုန္ေပးလွဴဖို႔ မလိုဘူး။

အခုကာလမွာ ဒုကၡေတြေရာက္ေနၾကတဲ့ လူတန္းစားေတြဟာ ႏိုင္ငံအႏွံ႔အျပားမွာ မ်ားသထက္မ်ားလာေနပါၿပီ။ သူတို႔ဟာ ေတာင္းရမ္းေနၾကသူေတြ မဟုတ္ေပမယ့္ ျဖည့္ဆည္းေပးဖို႔ေတာ့ လိုအပ္ေနပါတယ္။

ေရေပၚမွာေနၿပီးေရငတ္ေနသလို၊ေျမေပၚမွာေနၿပီးလည္း ေနစရာေပ်ာက္ေနၾကတဲ့ ဘဝေတြပါ။ ဒီလိုလူေတြ အတြက္ ထည့္စဥ္းစားၾကရပါလိမ့္မယ္။ဒီထက္အေျခအေနဆိုးလာရင္ သူတို႔မလုပ္ခ်င္တဲ့ မေကာင္းမႈေတြ လုပ္မလာႏိုင္ဘူးလို႔ ဘယ္သူမွ အာမခံဝံ႔မွာမဟုတ္ပါဘူး။မဝလင္တဲ့ ကာလေတြကို ေတာင့္ခံၿပီး ရိုးသားေနၾကတာနဲ႔တင္ ဂုဏ္တစ္ခုပါပဲ။

ဒီလိုလူေတြအတြက္ သူဟာအမ်ားႀကီး မၾကြယ္ဝဘဲနဲ႔ ျဖည့္ဆည္းေပးေနတယ္။သူ႔လိုလူေတြ အမ်ားႀကီးထြက္ေပၚလာပါေစလို႔ အသိအမွတ္ျပဳဆုေတာင္းမိပါတယ္။သူလာရင္ ကေလးလူႀကီးေတြ တရုံးရုံးနဲ႔ဝိုင္းအုံလာပါတယ္။

လူတစ္ေယာက္အတြက္ မုန္႔တစ္ထုပ္၊ရိြဳင္ရယ္ဒီတစ္ဘူး တစ္ေထာင္၊ေထာင္းငါးရာဝန္းက်င္ပဲသုံး။ လူအေယာက္ ငါးရာစာေလာက္ သူေန႔စဥ္လွဴေနပါတယ္။တစ္ရက္ကုန္က်စရိတ္ဟာ မနဲပါဘူး။ တစ္ရက္ထဲလည္းမဟုတ္။ ေန႔စဥ္လွဴေနတာပါ။သူ႕အလွဴမွာ လူအားမပါဝင္ႏိုင္ေပမယ့္ ေငြအားျဖည့္ထည့္ၿပီး ပါဝင္ပူးေပါင္းသူေတြလည္း ရွိမွာပါ။

ဘာပဲျဖစ္ျဖစ္ သူသြားေလရာ သူ႔ဆႏၵနဲ႔ထပ္တူ အစာေရစာေပါေပါမ်ား ေပးလွဴႏိုင္ပါေစလို႔ ကၽြန္ေတာ္က မုဒိတာစိတ္နဲ႔ သာဓုေခၚရင္း မွ်ေဝမႈလုပ္ရပါတယ္။လုံျခဳံေအးခ်မ္းၿပီး အစာဝအနာရွင္းၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service