ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
၁။ ကျားမော့( အသံထွက် - ကျမော့) - ထုပ်နှင့် လျောက်တို့ကို မလှုပ်ရှားအောင် ထုပ်လယ်မှ ခေါင်လျောက်သို့ ကန်ထောက်ထားသော သစ်သား။
၂။ ခါးပန်း ( အသံထွက် - ဂဗန်း )- ဆင့် နှင့် ကြမ်းပြင်အစွန်းများ မပေါ်အောင် ရိုက်ထားသော ပျဉ်ချပ်။
၃။ ခေါင်လျောက် - ခေါင်တိုင်တို့၏ ထိပ်တွင် အလျားလိုက် တင်သောတန်း။
၄။ ဆင့် - ပျဉ်ခင်းရန် ရက်မပေါ်တွင် ကန့်လန့်တင်ထားသော သစ်သားချောင်း။
၅။ ထုပ် - လျောက် နှစ်ခုကို ဆယ်သွယ် ထုံးဖွဲ့ထားသော တန်း။
၆။ ဒိုင်း - အိမ်ခေါင်လျောက် နှင့် လက်ခံလျောက်တွင် အမိုးစောင်းနှင့် တစ်ပြေးညီစွာ တန်းနေသော သစ်သား။
၇။ မြာတိုင် - ထုပ်နှင့် ခေါင်ကို ဆက်သွယ် ထောက်ခံထားသော တိုင်။
၈။ မြား - အခြင်တင်ရန် ဒိုင်းများပေါ်တွင် ကန့်လန့်ရိုက်ထားသော တန်း။ ၉။ မြင်းမိုရ်ပိတ် - အဆောက်အအုံတွင် ထုပ်တန်းနှင့် ခေါင်မိုးအကြား ပိတ်ထားသော အကာ။
၁၀။ ရက်မ - ဆင့်တင်ရာ အောက်ခံ။
၁၁။ လျောက် ( အသံထွက် - ယောက် )- အိမ်တွင် ဒိုင်းများတင်ရန် ခေါင်တိုင် အချင်းချင်း၊ လက်ခံတိုင် အချင်းချင်း အလျားလိုက် ဆက်သွယ်ထားသော တန်း။
၁၂။ လှေကား - တက်ရန်၊ ဆင်းရန် အထစ်အဆင့်ဆင့် ပြုလုပ်ထားသော အရာ။
၁၃။ ၀ရန်တာ - အဆောက်အအုံ၏ တစ်ဖက်ဖက်သို့ ဆွယ်ထုတ်ထားသော နေရာ။
(မှတ်ချက်။ အိမ်ဆိုင်ရာ အထက်ဖော်ပြပါ ဝေါဟာရများတွင် -
▣ 'လျောက်’ ဖြစ်ပါသည်။ ‘လျှောက်’ မဟုတ်ပါ။ ဟထိုး လုံး၀ မပါပါ။
▣ ‘မြား’ ဖြစ်ပါသည်။ ‘မြှား’ မဟုတ်ပါ။ ဟထိုး လုံး၀ မပါပါ။
▣ မြန်မာအဘိဓာန် နှင့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတွင် ဟထိုး ပါသော ‘မြှား’ကို လုံး၀ မတွေ့ရပါ။)
ကိုးကား - မြန်မာအဘိဓာန်(တတိယအကြိမ် တည်းဖြတ်ပုံနှိပ်ခြင်း၊ ၂၀၁၈ ခုနှစ်၊ မတ်လ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: မောင်အေးကို(ပေါင်းတလည်)
[Zawgyi]
အိမ္ အဘိဓာန္
၁။ က်ားေမာ့( အသံထြက္ - က်ေမာ့) - ထုပ္ႏွင့္ ေလ်ာက္တို႔ကို မလႈပ္႐ွားေအာင္ ထုပ္လယ္မွ ေခါင္ေလ်ာက္သို႔ ကန္ေထာက္ထားေသာ သစ္သား။
၂။ ခါးပန္း ( အသံထြက္ - ဂဗန္း )- ဆင့္ ႏွင့္ ၾကမ္းျပင္အစြန္းမ်ား မေပၚေအာင္ ႐ိုက္ထားေသာ ပ်ဥ္ခ်ပ္။
၃။ ေခါင္ေလ်ာက္ - ေခါင္တိုင္တို႔၏ ထိပ္တြင္ အလ်ားလိုက္ တင္ေသာတန္း။
၄။ ဆင့္ - ပ်ဥ္ခင္းရန္ ရက္မေပၚတြင္ ကန္႔လန္႔တင္ထားေသာ သစ္သားေခ်ာင္း။
၅။ ထုပ္ - ေလ်ာက္ ႏွစ္ခုကို ဆယ္သြယ္ ထုံးဖြဲ႕ထားေသာ တန္း။ ၆။ ဒိုင္း - အိမ္ေခါင္ေလ်ာက္ ႏွင့္ လက္ခံေလ်ာက္တြင္ အမိုးေစာင္းႏွင့္ တစ္ေျပးညီစြာ တန္းေနေသာ သစ္သား။
၇။ ျမာတိုင္ - ထုပ္ႏွင့္ ေခါင္ကို ဆက္သြယ္ ေထာက္ခံထားေသာ တိုင္။
၈။ ျမား - အျခင္တင္ရန္ ဒိုင္းမ်ားေပၚတြင္ ကန္႔လန္႔႐ိုက္ထားေသာ တန္း။ ၉။ ျမင္းမိုရ္ပိတ္ - အေဆာက္အအုံတြင္ ထုပ္တန္းႏွင့္ ေခါင္မိုးအၾကား ပိတ္ထားေသာ အကာ။
၁၀။ ရက္မ - ဆင့္တင္ရာ ေအာက္ခံ။
၁၁။ ေလ်ာက္ ( အသံထြက္ - ေယာက္ )- အိမ္တြင္ ဒိုင္းမ်ားတင္ရန္ ေခါင္တိုင္ အခ်င္းခ်င္း၊ လက္ခံတိုင္ အခ်င္းခ်င္း အလ်ားလိုက္ ဆက္သြယ္ထားေသာ တန္း။
၁၂။ ေလွကား - တက္ရန္၊ ဆင္းရန္ အထစ္အဆင့္ဆင့္ ျပဳလုပ္ထားေသာ အရာ။
၁၃။ ၀ရန္တာ - အေဆာက္အအုံ၏ တစ္ဖက္ဖက္သို႔ ဆြယ္ထုတ္ထားေသာ ေနရာ။
(မွတ္ခ်က္။ အိမ္ဆိုင္ရာ အထက္ေဖာ္ျပပါ ေဝါဟာရမ်ားတြင္ -
* 'ေလ်ာက္’ ျဖစ္ပါသည္။ ‘ေလွ်ာက္’ မဟုတ္ပါ။ ဟထိုး လုံး၀ မပါပါ။
* ‘ျမား’ ျဖစ္ပါသည္။ ‘ျမႇား’ မဟုတ္ပါ။ ဟထိုး လုံး၀ မပါပါ။
* ျမန္မာအဘိဓာန္ ႏွင့္ ျမန္မာစာလုံးေပါင္း သတ္ပုံက်မ္းတြင္ ဟထိုး ပါေသာ ‘ျမႇား’ကို လုံး၀ မေတြ႕ရပါ။)
ကိုးကား - ျမန္မာအဘိဓာန္(တတိယအႀကိမ္ တည္းျဖတ္ပုံႏွိပ္ျခင္း၊ ၂၀၁၈ ခုႏွစ္၊ မတ္လ)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: ေမာင္ေအးကို(ေပါင္းတလည္)