ဝါယာကြိုး ဝယ်ယူသုံးစွဲ‌တော့မယ်ဆိုရင်သိထားသင့်တဲ့ အချက်များ...

ဝါယာကြိုး ဝယ်ယူသုံးစွဲ‌တော့မယ်ဆိုရင်သိထားသင့်တဲ့ အချက်များ... - Property Knowledge in Myanmar from iMyanmarHouse.com
5 Nov 2022 12:57 pm တွင် တင်ခဲ့သည်
5591 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

1. ဝါယာကြိုး size အတိုင်းအတာ ယူနစ်

နိုင်ငံတကာမှာ International Electrotechnical Commission (IEC) Standard အရ ဝါယာကြိုး size များကို Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) Square Millimeters (mm²) နှင့် သတ်မှတ်ထုတ်လုပ် သုံးစွဲကြပြီး ကြိုးအရှည်ကို မီတာနှင့်သာ ထုတ်လုပ်ရောင်းချကြပါတယ်။

1.5mm², 2.5mm², 4mm², 6mm², 10mm², 16mm², .... မြန်မာနိုင်ငံမှာတော့ IEC standard အပြင် ယခင် စနစ်ဟောင်း British Imperial System အရ inch လက်မနှင့် တိုင်းတာ ထုတ်လုပ်သည့် ဝါယာကြိုးများကို ဆက်လက်သုံးစွဲကြပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိဘဲ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ကြိုးအရှည်ကို ကိုက်နှင့် ထုတ်လုပ်ရောင်းချကြပါတယ်။

3029, 3036, 7029, 7036, 7044, 7052, 7064, ...

100 မီတာ = 109.36 ကိုက်

91.44 မီတာ = 100 ကိုက်

တစ်ချို့ mm ကြိုး ထုတ်လုပ်တင်သွင်းသူတွေက ကြိုးတစ်ခွေဈေးနှုန်း သက်သာသွားအောင် 100 မီတာနှင့် မရောင်းကြပဲ 91.44 မီတာ(100ကိုက်) အရှည်နှင့် ထုတ်လုပ်မှာယူရောင်းချကြပါတယ်။ မီတာ 100 ကြိုးခွေထက် ဈေးနှုန်းအားဖြင့် 9% သက်သာသွားပါတယ်။

မီတာ 100 လို့ ရေးထားပြီး မီတာ 100 မပြည့်သည့် ဝါယာကြိုးများလဲ ဈေးကွက်ထဲမှာ ရောင်းချနေကြပါတယ်။ "3029 wire မှ 1.5mm² wire သို့ ပြောင်းလဲ သုံးစွဲခြင်း" *3029 wire မှာ ရှေ့ဆုံးက 3 သည် ကြေးမျှင် 3ချောင်း ကျစ်ထားသည်ဟု ဆိုလိုပြီး ကြေးမျှင် တစ်ခုချင်းရဲ့ Diameter(အချင်း)က 0.029 လက်မ ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။

**1.5mm² wire ဆိုတာ Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.5 square millimeter ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။

1.5mm² wire ကို IEC 01 Standard အရ ကြေးမျှင်အသေး 7ပင်လိမ် နှင့် ထုတ်လုပ်သလို ကြေးမျှင်အတုတ် 1 ချောင်းတည်းနဲ့လဲ ထုတ်လုပ်ပါတယ်။

*3029 wire ကို အရွယ်အစား တူညီတဲ့ Metric(မီလီမီတာ)စနစ်ကို ပြောင်းလဲပါက Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.28mm² ရပါတယ်။

*သို့ပေမယ့် Metric စနစ်မှာတော့ အနီးစပ်ဆုံး 1mm² နှင့် 1.5mm² wire cable များသာ ထုတ်လုပ်သုံးစွဲပါတယ်။

**အသုံးများတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire များမှ Metric(မီလီမီတာ)စနစ်သို့ ပြောင်းလဲသုံးစွဲရာတွင် အနီးစပ်ဆုံး တူညီတဲ့ mm² size များကို ဖော်ပြထားပါတယ်။

3029 = 1.28mm² (~1.5mm²)

 

3036 = 1.97mm² (~1.5mm²)

 

7029 = 2.98mm² (~2.5mm²)

 

7036 = 4.6mm² (~4mm²)

 

7044 = 6.86mm² (6mm²)

 

7052 = 9.59mm² (~10mm²)

 

7064 = 14.53mm² (~16mm²)

 

ဒီပြောင်းလဲခြင်းက ဝါယာကြိုးစနစ် 2ခုလုံး ကြေးနီလုံးပတ် gauge ပြည့်နေမှ မှန်မှာပါ။

သို့ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းနေကြတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက်မစနစ်ဝါယာ တံဆိပ်အများစုက ကြေးနီလုံးပတ် gauge လျော့နေကြပါတယ်။ လက်မစနစ် ဝါယာတွေမှာ မူလရှိရမယ့် အလေးချိန်နဲ့ ကြေးနီလုံးပတ် gauge အပြည့်ရှိတဲ့ တံဆိပ်က အတော်နည်းသွားပါပြီ။

2.Copper Purity and Weight

အိမ်တွင်းသုံးဝါယာကြိုးများကို ကြေးနီကြိုးများ သုံးစွဲရပါတယ်။ ကြေးနီ တစ်တန်ကို 5,800$ ခန့် ရှိပြီး အလူမီနီယမ် တစ်တန်ကို 1,700$ ခန့် ရှိပါတယ်။ Copper သည် Aluminium ထက် resistance နည်းသောကြောင့် Energy loss အလွန်နည်းပါတယ်။ ကြေးနီကို အခြားဈေးနည်းသောသတ္တုစပ်ထားသော ဝါယာကြိုးများကို သုံးစွဲပါက resistance များပြီး စွမ်းအင်ဆုံးရှုံးမှုများတဲ့အတွက် လျှပ်စစ်မီတာခကို ပိုမိုကုန်ကျစေပါတယ်။ အခြားသတ္တု ရောထားသော ကြေးနီမစစ်သော ဝါယာကြိုးများသည် ၎င်းနှင့် size တူ ကြေးနီကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်ပါ။ အခြားသတ္တုစပ်ထားသော ဝါယာကြိုးများကို ကြေးနီအစစ်ကြိုးများကဲ့သို့ loading သုံးစွဲပါက အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဈေးနည်းသော သတ္တုများများ ရောစပ်လေ ဝါယာကြိုးဈေးနှုန်း သက်သာလေပါ။

အိမ်သုံးဝါယာကြိုး တစ်ချောင်းသည် ကြေးနီစစ်ဖို့လဲ လိုအပ်ပြီး weight ပြည့်ဖို့လဲ လိုအပ်ပါတယ်။ ကြေးနီအမျှင်တစ်ချောင်းချင်း size ပြည့်ဖို့ လိုအပ်ပြီး အမျှင်များကို (uniform twist) မှန်ကန်တိကျစွာ လိမ်ကျစ်ထားဖို့ လိုအပ်ပါတယ်။ ကြေးနီတော့ စစ်ပြီး အတွင်းမှာ သေချာ လိမ်ကျစ်မထားသော ဝါယာကြိုးများလဲ ရှိပါတယ်။ လိမ်ကျစ်ထားတဲ့ အပတ်ရေ လျော့နည်းနေမယ်ဆိုရင် ဝါယာကြိုးက weight လျော့နေမှာပါ။

IEC 01 Standard အရ အိမ်တွင်းသုံး ဝါယာကြိုး မီတာ 100 ခွေတွေမှာ အနည်းဆုံးရှိရမယ့် အလေးချိန်တွေကို ဖော်ပြပေးပါမယ်။

Copper/PVC (ကာဗာတစ်ထပ် အိမ်တွင်းသုံး ကြေးမျှင်7ပင်လိမ် ဝါယာကြိုး)

1.5mm² - 2.2kg (၁ ပိဿာ ၃၄ ကျပ်သား)

2.5mm² - 3.5kg (၂ ပိဿာ ၁၄ ကျပ်သား)

4mm² - 5.0kg (၃ ပိဿာ ၆ ကျပ်သား)

6mm² - 7.0kg (၄ ပိဿာ ၂၈ ကျပ်သား)

10mm² - 12.0kg (၇ ပိဿာ ၃၄ ကျပ်သား)

16mm² - 18.0kg (၁၁ ပိဿာ ၂ ကျပ်သား)

ဘယ်နိုင်ငံထုတ် ဘယ်တံဆိပ်ပဲနေနေ ဒီအလေးချိန်တွေမှ မရှိဘူးဆိုရင် အရှည်မီတာ သို့မဟုတ် ကြေးနီ လုံးပတ် gauge သို့မဟုတ် ကြေးနီသတ္တုသန့်စင်မှု တစ်ခုခုကို လျှော့ထားလို့ပါ။

1 ပိဿာ = 1.632932532 kg

1.5mm² ဝါယာကြိုး မီတာ 100 ခွေ မှာ 2.2kg အနည်းဆုံး ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မီးဆရာတွေ အသုံးများပြီး လျှပ်စစ်ပစ္စည်းဆိုင်အများစုမှာ ရောင်းချနေတဲ့ ဝါယာတံဆိပ်တစ်ချို့မှာ 2.0kg ဝန်းကျင်ပဲ ရှိပြီး 10% ခန့် weight လျော့နေကြပါတယ်။ အခြား size များတွင်လဲ 5% မှ 10% ထိ အသီးသီး weight တွေ လျော့နေကြပါတယ်။ Weight အပြည့်ဝါယာကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်တော့ပါ။

နွေရာသီလို မီးအား Voltage ကျလို့ ဝါယာကြိုးတွေက Ampere(A) ပိုဆွဲတဲ့အခါမျိုးမှာ ဝါယာကြိုး ကြေးနီ လုံးပတ် gauge လျှော့ထားတာတွေ သုံးထားမယ်ဆိုရင် အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။Packing စက္ကူဖယ်ပြီး ကတ္တားပေါ် ချိန်ကြည့်ရုံနှင့် weight လျော့မလျော့ အလွယ်တကူ သိရှိနိုင်ပါတယ်။

3.PVC Quality

Copper ကို Coated လုပ်ထားတဲ့ PVC ကလည်း လုံးပတ်တစ်လျှောက်လုံး အထူညီနေဖို့ လိုအပ်ပါတယ်။ PVC Insulation ရဲ့ ထုက ညီမနေဘူးဆိုရင် ဝါယာပေါက်ပြဲပြီး လျှော့ဖြစ်ဖို့ အလွန်လွယ်ကူပါတယ်။ Recycled PVC အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဝါယာကြိုးတွေကတော့ ဈေးနှုန်း ပိုသက်သာပါတယ်။ PVC က Recycled ဖြစ်ရင် ဝါယာ သက်တမ်း ကြာရှည်မခံပါဘူး။

4.အရောင် ခွဲခြား သုံးစွဲမှုစနစ်

 

AC Power Circuit မှာ Wire ကြိုးများကို အသုံးပြုတဲ့ Function အလိုက် ခွဲခြားသိဖို့အတွက် အရောင်တွေ သတ်မှတ်ပြီး သုံးစွဲကြပါတယ်။ အရောင် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။

လက်ရှိမှာ EU နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံသုံးစွဲနေကြတာကတော့ International Electrotechnical Commission (IEC) အဖွဲ့က သတ်မှတ်တဲ့ Colour Code ဖြစ်တဲ့ Phase ကြိုး Line1,2,3 ကို အညို၊ အနက်၊ မီးခိုး၊ Neutral ကြိုးကို အပြာ နှင့် Earth ကြိုးကို စိမ်းဝါကြားတို့ပဲ ဖြစ်ပါတယ်။

USA နှင့် Canada မှာတော့ အဖြူနှင့် မီးခိုးရောင်ကို Neutral အတွက်သုံးစွဲကြပြီး Phase ကြိုး Line1,2,3 ကို အနက်၊ အနီ၊ အပြာ နှင့် Earth ကြိုးကို အစိမ်း၊ စိမ်းဝါကြားနှင့် Bare conductor သုံးစွဲကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအများစု သုံးစွဲနေကြတာကတော့ UK Old colour code ဖြစ်ပြီး UK မှာ 2006 နောက်ပိုင်း မသုံးစွဲတော့တဲ့ Neutral အနက်၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အပြာနှင့် Earth စိမ်းဝါကြား တို့ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိတော့တဲ့ အရောင်စနစ်တွေကို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးနေကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: CSS

 

 

[Zawgyi]

ဝါယာႀကိဳး ဝယ္ယူသုံးစြဲ‌ေတာ့မယ္ဆိုရင္သိထားသင့္တဲ့ အခ်က္မ်ား...

 

1. ဝါယာႀကိဳး size အတိုင္းအတာ ယူနစ္

ႏိုင္ငံတကာမွာ International Electrotechnical Commission (IEC) Standard အရ ဝါယာႀကိဳး size မ်ားကို Cross Sectional Area (ကန္႔လန္႔ျဖတ္ မ်က္ႏွာျပင္ ဧရိယာ) Square Millimeters (mm²) ႏွင့္ သတ္မွတ္ထုတ္လုပ္ သုံးစြဲၾကၿပီး ႀကိဳးအ႐ွည္ကို မီတာႏွင့္သာ ထုတ္လုပ္ေရာင္းခ်ၾကပါတယ္။

1.5mm², 2.5mm², 4mm², 6mm², 10mm², 16mm², ....

ျမန္မာႏိုင္ငံမွာေတာ့ IEC standard အျပင္ ယခင္ စနစ္ေဟာင္း British Imperial System အရ inch လက္မႏွင့္ တိုင္းတာ ထုတ္လုပ္သည့္ ဝါယာႀကိဳးမ်ားကို ဆက္လက္သုံးစြဲၾကပါတယ္။ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ဝါယာႀကိဳးစက္႐ုံမ်ားပင္ သူတို႔ႏိုင္ငံတြင္ သုံးစြဲမႈမ႐ွိဘဲ ျမန္မာႏိုင္ငံအတြက္ သီးသန္႔ထုတ္လုပ္ေပးလ်က္ ႐ွိပါတယ္။ ႀကိဳးအ႐ွည္ကို ကိုက္ႏွင့္ ထုတ္လုပ္ေရာင္းခ်ၾကပါတယ္။

3029, 3036, 7029, 7036, 7044, 7052, 7064, ...

100 မီတာ = 109.36 ကိုက္

91.44 မီတာ = 100 ကိုက္

တစ္ခ်ိဳ႕ mm ႀကိဳး ထုတ္လုပ္တင္သြင္းသူေတြက ႀကိဳးတစ္ေခြေဈးႏႈန္း သက္သာသြားေအာင္ 100 မီတာႏွင့္ မေရာင္းၾကပဲ 91.44 မီတာ(100ကိုက္) အ႐ွည္ႏွင့္ ထုတ္လုပ္မွာယူေရာင္းခ်ၾကပါတယ္။ မီတာ 100 ႀကိဳးေခြထက္ ေဈးႏႈန္းအားျဖင့္ 9% သက္သာသြားပါတယ္။

မီတာ 100 လို႔ ေရးထားၿပီး မီတာ 100 မျပည့္သည့္ ဝါယာႀကိဳးမ်ားလဲ ေဈးကြက္ထဲမွာ ေရာင္းခ်ေနၾကပါတယ္။ "3029 wire မွ 1.5mm² wire သို႔ ေျပာင္းလဲ သုံးစြဲျခင္း" *3029 wire မွာ ေ႐ွ႕ဆုံးက 3 သည္ ေၾကးမွ်င္ 3ေခ်ာင္း က်စ္ထားသည္ဟု ဆိုလိုၿပီး ေၾကးမွ်င္ တစ္ခုခ်င္းရဲ႕ Diameter(အခ်င္း)က 0.029 လက္မ ႐ွိတဲ့ ဝါယာႀကိဳးကို ဆိုလိုပါတယ္။

**1.5mm² wire ဆိုတာ Cross Sectional Area (ကန္႔လန္႔ျဖတ္ မ်က္ႏွာျပင္ ဧရိယာ) 1.5 square millimeter ႐ွိတဲ့ ဝါယာႀကိဳးကို ဆိုလိုပါတယ္။

1.5mm² wire ကို IEC 01 Standard အရ ေၾကးမွ်င္အေသး 7ပင္လိမ္ ႏွင့္ ထုတ္လုပ္သလို ေၾကးမွ်င္အတုတ္ 1 ေခ်ာင္းတည္းနဲ႔လဲ ထုတ္လုပ္ပါတယ္။

*3029 wire ကို အ႐ြယ္အစား တူညီတဲ့ Metric(မီလီမီတာ)စနစ္ကို ေျပာင္းလဲပါက Cross Sectional Area (ကန္႔လန္႔ျဖတ္ မ်က္ႏွာျပင္ ဧရိယာ) 1.28mm² ရပါတယ္။

*သို႔ေပမယ့္ Metric စနစ္မွာေတာ့ အနီးစပ္ဆုံး 1mm² ႏွင့္ 1.5mm² wire cable မ်ားသာ ထုတ္လုပ္သုံးစြဲပါတယ္။

**အသုံးမ်ားတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire မ်ားမွ Metric(မီလီမီတာ)စနစ္သို႔ ေျပာင္းလဲသုံးစြဲရာတြင္ အနီးစပ္ဆုံး တူညီတဲ့ mm² size မ်ားကို ေဖာ္ျပထားပါတယ္။

3029 = 1.28mm² (~1.5mm²)

3036 = 1.97mm² (~1.5mm²)

7029 = 2.98mm² (~2.5mm²)

7036 = 4.6mm² (~4mm²)

7044 = 6.86mm² (6mm²)

7052 = 9.59mm² (~10mm²)

7064 = 14.53mm² (~16mm²)

ဒီေျပာင္းလဲျခင္းက ဝါယာႀကိဳးစနစ္ 2ခုလုံး ေၾကးနီလုံးပတ္ gauge ျပည့္ေနမွ မွန္မွာပါ။

သို႔ေပမယ့္ ျမန္မာႏိုင္ငံမွာ ေရာင္းေနၾကတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက္မစနစ္ဝါယာ တံဆိပ္အမ်ားစုက ေၾကးနီလုံးပတ္ gauge ေလ်ာ့ေနၾကပါတယ္။ လက္မစနစ္ ဝါယာေတြမွာ မူလ႐ွိရမယ့္ အေလးခ်ိန္နဲ႔ ေၾကးနီလုံးပတ္ gauge အျပည့္႐ွိတဲ့ တံဆိပ္က အေတာ္နည္းသြားပါၿပီ။

2.Copper Purity and Weight

အိမ္တြင္းသုံးဝါယာႀကိဳးမ်ားကို ေၾကးနီႀကိဳးမ်ား သုံးစြဲရပါတယ္။ ေၾကးနီ တစ္တန္ကို 5,800$ ခန္႔ ႐ွိၿပီး အလူမီနီယမ္ တစ္တန္ကို 1,700$ ခန္႔ ႐ွိပါတယ္။ Copper သည္ Aluminium ထက္ resistance နည္းေသာေၾကာင့္ Energy loss အလြန္နည္းပါတယ္။ ေၾကးနီကို အျခားေဈးနည္းေသာသတၱဳစပ္ထားေသာ ဝါယာႀကိဳးမ်ားကို သုံးစြဲပါက resistance မ်ားၿပီး စြမ္းအင္ဆုံး႐ႈံးမႈမ်ားတဲ့အတြက္ လွ်ပ္စစ္မီတာခကို ပိုမိုကုန္က်ေစပါတယ္။ အျခားသတၱဳ ေရာထားေသာ ေၾကးနီမစစ္ေသာ ဝါယာႀကိဳးမ်ားသည္ ၎ႏွင့္ size တူ ေၾကးနီႀကိဳးမ်ားကဲ့သို႔ Ampere(A) မသယ္ေဆာင္ႏိုင္ပါ။ အျခားသတၱဳစပ္ထားေသာ ဝါယာႀကိဳးမ်ားကို ေၾကးနီအစစ္ႀကိဳးမ်ားကဲ့သို႔ loading သုံးစြဲပါက အပူလြန္ကဲၿပီး မီးေလာင္ႏိုင္ပါတယ္။ ေဈးနည္းေသာ သတၱဳမ်ားမ်ား ေရာစပ္ေလ ဝါယာႀကိဳးေဈးႏႈန္း သက္သာေလပါ။

အိမ္သုံးဝါယာႀကိဳး တစ္ေခ်ာင္းသည္ ေၾကးနီစစ္ဖို႔လဲ လိုအပ္ၿပီး weight ျပည့္ဖို႔လဲ လိုအပ္ပါတယ္။ ေၾကးနီအမွ်င္တစ္ေခ်ာင္းခ်င္း size ျပည့္ဖို႔ လိုအပ္ၿပီး အမွ်င္မ်ားကို (uniform twist) မွန္ကန္တိက်စြာ လိမ္က်စ္ထားဖို႔ လိုအပ္ပါတယ္။ ေၾကးနီေတာ့ စစ္ၿပီး အတြင္းမွာ ေသခ်ာ လိမ္က်စ္မထားေသာ ဝါယာႀကိဳးမ်ားလဲ ႐ွိပါတယ္။ လိမ္က်စ္ထားတဲ့ အပတ္ေရ ေလ်ာ့နည္းေနမယ္ဆိုရင္ ဝါယာႀကိဳးက weight ေလ်ာ့ေနမွာပါ။

IEC 01 Standard အရ အိမ္တြင္းသုံး ဝါယာႀကိဳး မီတာ 100 ေခြေတြမွာ အနည္းဆုံး႐ွိရမယ့္ အေလးခ်ိန္ေတြကို ေဖာ္ျပေပးပါမယ္။

Copper/PVC (ကာဗာတစ္ထပ္ အိမ္တြင္းသုံး ေၾကးမွ်င္7ပင္လိမ္ ဝါယာႀကိဳး)

1.5mm² - 2.2kg (၁ ပိႆာ ၃၄ က်ပ္သား)

2.5mm² - 3.5kg (၂ ပိႆာ ၁၄ က်ပ္သား)

4mm² - 5.0kg (၃ ပိႆာ ၆ က်ပ္သား)

6mm² - 7.0kg (၄ ပိႆာ ၂၈ က်ပ္သား)

10mm² - 12.0kg (၇ ပိႆာ ၃၄ က်ပ္သား)

16mm² - 18.0kg (၁၁ ပိႆာ ၂ က်ပ္သား)

ဘယ္ႏိုင္ငံထုတ္ ဘယ္တံဆိပ္ပဲေနေန ဒီအေလးခ်ိန္ေတြမွ မ႐ွိဘူးဆိုရင္ အ႐ွည္မီတာ သို႔မဟုတ္ ေၾကးနီ လုံးပတ္ gauge သို႔မဟုတ္ ေၾကးနီသတၱဳသန္႔စင္မႈ တစ္ခုခုကို ေလွ်ာ့ထားလို႔ပါ။

1 ပိႆာ = 1.632932532 kg

1.5mm² ဝါယာႀကိဳး မီတာ 100 ေခြ မွာ 2.2kg အနည္းဆုံး ႐ွိရပါတယ္။ ျမန္မာႏိုင္ငံမွာ မီးဆရာေတြ အသုံးမ်ားၿပီး လွ်ပ္စစ္ပစၥည္းဆိုင္အမ်ားစုမွာ ေရာင္းခ်ေနတဲ့ ဝါယာတံဆိပ္တစ္ခ်ိဳ႕မွာ 2.0kg ဝန္းက်င္ပဲ ႐ွိၿပီး 10% ခန္႔ weight ေလ်ာ့ေနၾကပါတယ္။ အျခား size မ်ားတြင္လဲ 5% မွ 10% ထိ အသီးသီး weight ေတြ ေလ်ာ့ေနၾကပါတယ္။ Weight အျပည့္ဝါယာႀကိဳးမ်ားကဲ့သို႔ Ampere(A) မသယ္ေဆာင္ႏိုင္ေတာ့ပါ။

ေႏြရာသီလို မီးအား Voltage က်လို႔ ဝါယာႀကိဳးေတြက Ampere(A) ပိုဆြဲတဲ့အခါမ်ိဳးမွာ ဝါယာႀကိဳး ေၾကးနီ လုံးပတ္ gauge ေလွ်ာ့ထားတာေတြ သုံးထားမယ္ဆိုရင္ အပူလြန္ကဲၿပီး မီးေလာင္ဆုံး႐ႈံးမႈေတြ ျဖစ္ေပၚႏိုင္ပါတယ္။Packing စကၠဴဖယ္ၿပီး ကတၱားေပၚ ခ်ိန္ၾကည့္႐ုံႏွင့္ weight ေလ်ာ့မေလ်ာ့ အလြယ္တကူ သိ႐ွိႏိုင္ပါတယ္။

3.PVC Quality

Copper ကို Coated လုပ္ထားတဲ့ PVC ကလည္း လုံးပတ္တစ္ေလွ်ာက္လုံး အထူညီေနဖို႔ လိုအပ္ပါတယ္။ PVC Insulation ရဲ႕ ထုက ညီမေနဘူးဆိုရင္ ဝါယာေပါက္ၿပဲၿပီး ေလွ်ာ့ျဖစ္ဖို႔ အလြန္လြယ္ကူပါတယ္။ Recycled PVC အသုံးျပဳၿပီး ထုတ္လုပ္ထားတဲ့ ဝါယာႀကိဳးေတြကေတာ့ ေဈးႏႈန္း ပိုသက္သာပါတယ္။ PVC က Recycled ျဖစ္ရင္ ဝါယာ သက္တမ္း ၾကာ႐ွည္မခံပါဘူး။

4.အေရာင္ ခြဲျခား သုံးစြဲမႈစနစ္

AC Power Circuit မွာ Wire ႀကိဳးမ်ားကို အသုံးျပဳတဲ့ Function အလိုက္ ခြဲျခားသိဖို႔အတြက္ အေရာင္ေတြ သတ္မွတ္ၿပီး သုံးစြဲၾကပါတယ္။ အေရာင္ သတ္မွတ္ေပးတဲ့ အဖြဲ႕အစည္းေတြ ႐ွိပါတယ္။

လက္႐ွိမွာ EU ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား အပါအဝင္ ကမ႓ာ့ႏိုင္ငံအမ်ားစု လက္ခံသုံးစြဲေနၾကတာကေတာ့ International Electrotechnical Commission (IEC) အဖြဲ႕က သတ္မွတ္တဲ့ Colour Code ျဖစ္တဲ့ Phase ႀကိဳး Line1,2,3 ကို အညိဳ၊ အနက္၊ မီးခိုး၊ Neutral ႀကိဳးကို အျပာ ႏွင့္ Earth ႀကိဳးကို စိမ္းဝါၾကားတို႔ပဲ ျဖစ္ပါတယ္။

USA ႏွင့္ Canada မွာေတာ့ အျဖဴႏွင့္ မီးခိုးေရာင္ကို Neutral အတြက္သုံးစြဲၾကၿပီး Phase ႀကိဳး Line1,2,3 ကို အနက္၊ အနီ၊ အျပာ ႏွင့္ Earth ႀကိဳးကို အစိမ္း၊ စိမ္းဝါၾကားႏွင့္ Bare conductor သုံးစြဲၾကပါတယ္။

ျမန္မာႏိုင္ငံမွာ လက္႐ွိအမ်ားစု သုံးစြဲေနၾကတာကေတာ့ UK Old colour code ျဖစ္ၿပီး UK မွာ 2006 ေနာက္ပိုင္း မသုံးစြဲေတာ့တဲ့ Neutral အနက္၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အျပာႏွင့္ Earth စိမ္းဝါၾကား တို႔ပဲ ျဖစ္ပါတယ္။ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ဝါယာႀကိဳးစက္႐ုံမ်ားပင္ သူတို႔ႏိုင္ငံတြင္ သုံးစြဲမႈမ႐ွိေတာ့တဲ့ အေရာင္စနစ္ေတြကို ျမန္မာႏိုင္ငံအတြက္ သီးသန္႔ထုတ္လုပ္ေပးေနၾကပါတယ္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Ref: CSS

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service