အိမ်ရောင်းဖို့ ကြည့်ကောင်းတဲ့ဓာတ်ပုံရိုက်နည်းများ.....

အိမ်ရောင်းဖို့ ကြည့်ကောင်းတဲ့ဓာတ်ပုံရိုက်နည်းများ..... - Property Knowledge in Myanmar from iMyanmarHouse.com
22 Aug 2022 11:45 am တွင် တင်ခဲ့သည်
664 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အိမ်ရောင်းဖို့အတွက် Online မှာဓါတ်ပုံတင်တဲ့အခါ သင့်အိမ်ရဲ့ အပြင်အဆင်က စိတ်ဝင်စားစရာကောင်းဖို့နဲ့ ပွဲစားတွေ၊ ဝယ်သူတွေကို ဖမ်းစားနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် အခုပြောပြပေးမယ့်နည်းလမ်းတွေကို ဓါတ်ပုံရိုက်မယ့်နေ့မတိုင်ခင် ပြင်ဆင်ပြုလုပ်မယ်ဆိုရင် သင့်အိမ်ရောင်းထွက်ဖို့အတွက် အကူအညီကောင်းတစ်ခုဖြစ်မှာပါ။

(1) ရေချိုးခန်းထဲကမလိုအပ်တော့တာတွေကို ဖယ်ထုတ်ပါ။

ရေနှူးနေတဲ့ဆပ်ပြာကို စင်ပေါ်ကနေဖယ်ရှားပါ။ ရေချိုးခန်းနဲ့ သန့်စင်ခန်းသုံးပစ္စည်းတွေဖြစ်တဲ့ များပြားလှတဲ့ထုတ်ကုန်တွေကို ရေချိုးခန်းနဲ့သန့်စင်ခန်းထဲမှာ အကုန်သိုလှောင်ထားဖို့ကိုအကြံပေးချင်ပါတယ်။ ရေချိုးခန်းလိုက်ကာတွေကိုဆွဲဖွင့်ထားတာ၊ မှန်တွေကိုသန့် ရှင်းရေးလုပ်တာတွေအပြင် အိမ်သာကမုတ်ကိုပိတ်ထားပါ။ ပြီးရင်တော့ ရေချိုးခန်းကိုအလင်းရောင်ရရှိအောင်ပြုလုပ်ထားပါ။

(2) ဧည့်ခန်းထဲက ရှုပ်ပွနေတဲ့ပစ္စည်းတွေကို ရှင်းလင်းလိုက်ပါ။

ဧည့်ခန်းစားပွဲတင်ခုံပေါ်က အလှပန်းအိုးထဲက ပန်းခြောက်တွေ TV ရီမုဒ်နဲ့အလှတင်စင်ပေါ်က ဖုန်တက်နေတဲ့ ဆုတံဆိပ်တွေ ၊ အမှတ်တရပစ္စည်းတွေ အရုပ်ငယ်လေးတွေနဲ့ ရှုပ်ယှက်ခတ်စေတဲ့ အရာတွေကို သေသပ်လှပသွားအောင် ရှင်းလင်းထားလိုက်ပါ။ဟောင်းနွမ်းမှေးမှိန်နေတဲ့ ခန်းစီးလိုက်ကာတွေကို လဲလှယ်ထားလိုက်ပါ။

(3) အိပ်ရာခင်းပေါ်ကအဝတ်တွေကိုရှင်းလင်းပါ။

ဓါတ်ပုံတွေကနေ မကောင်းတဲ့အရာ၊မပြည့်စုံတဲ့အရာမှန်သမျှကို မြင်ရတဲ့အတွက် ထိန်းသိမ်းဖို့လိုအပ်ပါ တယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်မယ့်နေ့မှာ မရိုက်ခင်အချိန်အနည်းငယ်လောက်ကို အိပ်ရာပေါ်ကမလိုတဲ့အရာတွေကို ရှင်းထုတ်ဖို့စီစဉ်လိုက်ပါ။ သင့်ရဲ့အိပ်ခန်းလေးက ဓါတ်ပုံထဲမှာအလှဆုံးဖြစ်နေဖို့အတွက်ကတော့ ခေါင်းအုံး အပေါ် ပျော့ပျောင်းတဲ့ခြုံထည်ထင်ထားတာ၊ တောင့်တင်းတဲ့ အိပ်ရာခင်းကိုအပေါ်ကိုဆွဲတင်ထားတာမျိုးတွေ လုပ်ပေးပါ။ နောက်ဆုံးအနေနဲ့ အိပ်ရာဘေးကစားပွဲခုံပေါ်က အရေးကြီးပစ္စည်းတွေမပျောက်အောင်နဲ့ ရှုပ်ထွေးမနေအောင် ပစ္စည်းတွေကိုအချိန်ခဏလောက်ဖယ်ရှားထားလိုက်ပါ။

(4) လျှောက်လမ်းတစ်လျှောက်မှာရှိတဲ့ မလိုတာတွေကိုသိမ်းထားပါ။

သင့်အိမ်ကိုဓါတ်ပုံရိုက်တဲ့ရည်ရွယ်ချက်က သင့်အိမ်ကကျယ်ဝန်းပြီး သန့်ရှင်းနေတယ်ဆိုတာကိုပြသဖို့ ဖြစ်သလို သင့်အိမ်ကိုဝယ်ယူမယ့်သူတွေလာရောက်ကြည့်ဖို့ဖိတ်ခေါ်ခြင်းလည်းဖြစ်မှာပါ။ ဒါ့ကြောင့် မလိုအပ်တဲ့ အရာတွေကို တတ်နိုင်သလောက်ဖယ်ထုတ်ပြီး စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးလိုက်ပါ။ ဖိနပ်စင်၊ စာရွက် စာတမ်းတွေနဲ့ mail အတွက် ဖိုင်၊ Remote controls၊ magazines၊ ကလေးကစားစရာ၊ အိမ်မွေးတိရစ္ဆာန်အစာ ကျွေးတဲ့ခွက် စတာတွေနဲ့ ရှုပ်ပွနေတဲ့ သံတိုသံစ၊ ဓါတ်ပုံအသေးအမွှားစတာတွေကို သိမ်းထားလိုက်ပါ။

(5) မီးခလုတ်တွေကိုဖွင့်ထားပါ။

အလင်းရောင်ရနိုင်မယ့် မီးသီး၊ မီးအိမ် စတာတွေကိုဖွင့် ထားပြီး အပြင်ကအလင်းရောင်ကောင်းကောင်းရအောင်လို့ လိုက်ကာနဲ့ Shade စတာ တွေကိုဖွင့်ထားမထားဆိုတာ နောက်တစ်ခေါက်ထပ်စစ်ဆေးပါ။

(6) ကြည့်ကောင်းနေဖို့ကို အာရုံစိုက်ပါ။

ဒီအချိန်က major landscape အပြောင်းအလဲနဲ့ပက်သက်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မြက်ခင်းပြင် ကပြန်မစိမ်းလန်းတော့တာပဲဖြစ်ဖြစ် အဲဒါမျိုးတွေကို စိုးရိမ်ရမယ့်အချိန်မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုစိုးရိမ်နေမယ့်အစား အမြန်ပြင်ဆင်ဖို့ကိုသာအာရုံထားပြီး ဓါတ်ပုံထဲမှာသင့်အိမ်က ကြည့်ကောင်းနေစေဖို့အတွက်သာ ပြုလုပ်သင့်ပါတယ်။

ပန်းပင်ကမကောင်းတော့တဲ့အပွင့်တွေကိုညှပ်ပစ်တာနဲ့ အပင်ကကြွေကျလာတဲ့သစ်ရွက် နဲ့ ရှုပ်ပွနေတဲ့အရာတွေကိုခြံပြင်ကိုရှင်းထုတ်ပါ။ ပြီးရင်တော့ ပန်းအိုးထဲကပန်းပင်ရဲ့အပွင့်အဖူးလေးတွေကို လှပသွားအောင်ပြုပြင်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ခြံဝန်းလေးကကြည့်ကောင်းနေတော့မှာသေချာပါတယ်။ ဒီလိုမှသာ သင့်အိမ်ရဲ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါ။

အကုန်လုံးပြီးသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ သင့်အိမ်ပတ်ဝန်းကျင်မှာ ပရိဘောဂတွေကသေသေသပ်သပ်ရှိရဲ့လား၊ အမှိုက်တွေကိုရောသေချာရှင်းလင်းပြီးရဲ့လား စတာတွေစစ်ဆေးပါ။ ဒီလိုစစ်ဆေးမှုတွေ ပါပြုလုပ်ပြီးပြီဆိုရင်တော့ သင့်အိမ်က အိမ်ဝယ်ချင်သူတွေကြားထဲမှာ ရေပန်းစားလူကြိုက်များနေမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: buildersguide

 

 

[Zawgyi]

အိမ္ေရာင္းဖို႔ ၾကည့္ေကာင္းတဲ့ဓာတ္ပုံ႐ိုက္နည္းမ်ား.....

 

အိမ္ေရာင္းဖို႔အတြက္ Online မွာဓ ါတ္ပုံတင္တဲ့အခါ သင့္အိမ္ရဲ႕ အျပင္အဆင္က စိတ္ဝင္စားစရာေကာင္းဖို႔နဲ႔ ပြဲစားေတြ၊ ဝယ္သူေတြကို ဖမ္းစားႏိုင္ဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ အခုေျပာျပေပးမယ့္နည္းလမ္းေတြကို ဓါတ္ပုံ႐ိုက္မယ့္ေန႔မတိုင္ခင္ ျပင္ဆင္ျပဳလုပ္မယ္ဆိုရင္ သင့္အိမ္ေရာင္းထြက္ဖို႔အတြက္ အကူအညီေကာင္းတစ္ခုျဖစ္မွာပါ။

(1) ေရခ်ိဳးခန္းထဲကမလိုအပ္ေတာ့တာေတြကို ဖယ္ထုတ္ပါ။

ေရႏႉးေနတဲ့ဆပ္ျပာကို စင္ေပၚကေနဖယ္႐ွားပါ။ ေရခ်ိဳးခန္းနဲ႔ သန္႔စင္ခန္းသုံးပစၥည္းေတြျဖစ္တဲ့ မ်ားျပားလွတဲ့ထုတ္ကုန္ေတြကို ေရခ်ိဳးခန္းနဲ႔သန္႔စင္ခန္းထဲမွာ အကုန္သိုေလွာင္ထားဖို႔ကိုအၾကံေပးခ်င္ပါတယ္။ ေရခ်ိဳးခန္းလိုက္ကာေတြကိုဆြဲဖြင့္ထားတာ၊ မွန္ေတြကိုသန္႔ ႐ွင္းေရးလုပ္တာေတြအျပင္ အိမ္သာကမုတ္ကိုပိတ္ထားပါ။ ၿပီးရင္ေတာ့ ေရခ်ိဳးခန္းကိုအလင္းေရာင္ရ႐ွိေအာင္ျပဳလုပ္ထားပါ။

(2) ဧည့္ခန္းထဲက ရႈပ္ပြေနတဲ့ပစၥည္းေတြကို ရွင္းလင္းလိုက္ပါ။

ဧည့္ခန္းစားပြဲတင္ခံုေပၚက အလွပန္းအိုးထဲက ပန္းေျခာက္ေတြ TV ရီမုဒ္နဲ႕အလွတင္စင္ေပၚက ဖုန္တက္ေနတဲ့ ဆုတံဆိပ္ေတြ ၊ အမွတ္တရပစၥည္းေတြ အ႐ုပ္ငယ္ေလးေတြနဲ႕ ရႈပ္ယွက္ခတ္ေစတဲ့ အရာေတြကို ေသသပ္လွပသြားေအာင္ ရွင္းလင္းထားလိုက္ပါ။ေဟာင္းႏြမ္းေမွးမွိန္ေနတဲ့ ခန္းစီးလိုက္ကာေတြကို လဲလွယ္ထားလိုက္ပါ။

(3) အိပ္ရာခင္းေပၚကအဝတ္ေတြကို႐ွင္းလင္းပါ။

ဓါတ္ပုံေတြကေန မေကာင္းတဲ့အရာ၊မျပည့္စုံတဲ့အရာမွန္သမွ်ကို ျမင္ရတဲ့အတြက္ ထိန္းသိမ္းဖို႔လိုအပ္ပါ တယ္။ ဒါ့ေၾကာင့္ ဓါတ္ပုံ႐ိုက္မယ့္ေန႔မွာ မ႐ိုက္ခင္အခ်ိန္အနည္းငယ္ေလာက္ကို အိပ္ရာေပၚကမလိုတဲ့အရာေတြကို ႐ွင္းထုတ္ဖို႔စီစဥ္လိုက္ပါ။ သင့္ရဲ႕အိပ္ခန္းေလးက ဓါတ္ပုံထဲမွာအလွဆုံးျဖစ္ေနဖို႔အတြက္ကေတာ့ ေခါင္းအုံး အေပၚ ေပ်ာ့ေပ်ာင္းတဲ့ျခဳံထည္ထင္ထားတာ၊ ေတာင့္တင္းတဲ့ အိပ္ရာခင္းကိုအေပၚကိုဆြဲတင္ထားတာမ်ိဳးေတြ လုပ္ေပးပါ။ ေနာက္ဆုံးအေနနဲ႔ အိပ္ရာေဘးကစားပြဲခုံေပၚက အေရးႀကီးပစၥည္းေတြမေပ်ာက္ေအာင္နဲ႔ ႐ႈပ္ေထြးမေနေအာင္ ပစၥည္းေတြကိုအခ်ိန္ခဏေလာက္ဖယ္႐ွားထားလိုက္ပါ။

(4) ေလွ်ာက္လမ္းတစ္ေလွ်ာက္မွာ႐ွိတဲ့ မလိုတာေတြကိုသိမ္းထားပါ။

သင့္အိမ္ကိုဓါတ္ပုံ႐ိုက္တဲ့ရည္႐ြယ္ခ်က္က သင့္အိမ္ကက်ယ္ဝန္းၿပီး သန္႔႐ွင္းေနတယ္ဆိုတာကိုျပသဖို႔ ျဖစ္သလို သင့္အိမ္ကိုဝယ္ယူမယ့္သူေတြလာေရာက္ၾကည့္ဖို႔ဖိတ္ေခၚျခင္းလည္းျဖစ္မွာပါ။ ဒါ့ေၾကာင့္ မလိုအပ္တဲ့ အရာေတြကို တတ္ႏိုင္သေလာက္ဖယ္ထုတ္ၿပီး စိတ္ဝင္စားစရာေကာင္းေအာင္ဖန္တီးလိုက္ပါ။ ဖိနပ္စင္၊ စာ႐ြက္ စာတမ္းေတြနဲ႔ mail အတြက္ ဖိုင္၊ Remote controls၊ magazines၊ ကေလးကစားစရာ၊ အိမ္ေမြးတိရစၧာန္အစာ ေကြၽးတဲ့ခြက္ စတာေတြနဲ႔ ႐ႈပ္ပြေနတဲ့ သံတိုသံစ၊ ဓါတ္ပုံအေသးအမႊားစတာေတြကို သိမ္းထားလိုက္ပါ။

(5) မီးခလုတ္ေတြကိုဖြင့္ထားပါ။

အလင္းေရာင္ရႏိုင္မယ့္ မီးသီး၊ မီးအိမ္ စတာေတြကိုဖြင့္ ထားၿပီး အျပင္ကအလင္းေရာင္ေကာင္းေကာင္းရေအာင္လို႔ လိုက္ကာနဲ႔ Shade စတာ ေတြကိုဖြင့္ထားမထားဆိုတာ ေနာက္တစ္ေခါက္ထပ္စစ္ေဆးပါ။

(6) ၾကည့္ေကာင္းေနဖို႔ကို အာ႐ုံစိုက္ပါ။

ဒီအခ်ိန္က major landscape အေျပာင္းအလဲနဲ႔ပက္သက္ၿပီးေတာ့ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ျမက္ခင္းျပင္ ကျပန္မစိမ္းလန္းေတာ့တာပဲျဖစ္ျဖစ္ အဲဒါမ်ိဳးေတြကို စိုးရိမ္ရမယ့္အခ်ိန္မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ဒီလိုစိုးရိမ္ေနမယ့္အစား အျမန္ျပင္ဆင္ဖို႔ကိုသာအာ႐ုံထားၿပီး ဓါတ္ပုံထဲမွာသင့္အိမ္က ၾကည့္ေကာင္းေနေစဖို႔အတြက္သာ ျပဳလုပ္သင့္ပါတယ္။

ပန္းပင္ကမေကာင္းေတာ့တဲ့အပြင့္ေတြကိုညႇပ္ပစ္တာနဲ႔ အပင္ကေႂကြက်လာတဲ့သစ္႐ြက္ နဲ႔ ႐ႈပ္ပြေနတဲ့အရာေတြကိုျခံျပင္ကို႐ွင္းထုတ္ပါ။ ၿပီးရင္ေတာ့ ပန္းအိုးထဲကပန္းပင္ရဲ႕အပြင့္အဖူးေလးေတြကို လွပသြားေအာင္ျပဳျပင္လိုက္ပါ။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ ျခံဝန္းေလးကၾကည့္ေကာင္းေနေတာ့မွာေသခ်ာပါတယ္။ ဒီလိုမွသာ သင့္အိမ္ရဲ႕ျမင္ကြင္းကို ႐ွင္း႐ွင္းလင္းလင္းျမင္ႏိုင္မွာပါ။

အကုန္လုံးၿပီးသြားၿပီဆိုရင္ေတာ့ ေနာက္ဆုံးအေနနဲ႔ သင့္အိမ္ပတ္ဝန္းက်င္မွာ ပရိေဘာဂေတြကေသေသသပ္သပ္႐ွိရဲ႕လား၊ အမိႈက္ေတြကိုေရာေသခ်ာ႐ွင္းလင္းၿပီးရဲ႕လား စတာေတြစစ္ေဆးပါ။ ဒီလိုစစ္ေဆးမႈေတြ ပါျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ သင့္အိမ္က အိမ္ဝယ္ခ်င္သူေတြၾကားထဲမွာ ေရပန္းစားလူႀကိဳက္မ်ားေနမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: buildersguide

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
Google က ဝန်ထမ်းအားလုံးကို အဘယ်ကြောင့် စားစရာ အခမဲ့ကျွေးမွေးကြောင်း စီအီးအို ဆွန်ဒါ ပီချိုင်း ရှင်းပြ
Google က ဝန်ထမ်းအားလုံးကို အဘယ်ကြောင့် စားစရာ အခမဲ့ကျွေးမွေးကြောင်း စီအီးအို ဆွန်ဒါ ပီချိုင်း ရှင်းပြ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Grand Aung Thar Yar
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service