မီးဖိုချောင်သုံးပစ္စည်းများကို လွယ်ကူလျင်မြန်ဆေးကြောနည်း (၅) နည်း

မီးဖိုချောင်သုံးပစ္စည်းများကို လွယ်ကူလျင်မြန်ဆေးကြောနည်း (၅) နည်း - Property Knowledge in Myanmar from iMyanmarHouse.com
22 Aug 2022 11:21 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မီးဖိုခန်းထဲဝင်ပြီး အစားအသောက်ချက်ပြုတ်ပြင်ဆင်ရသူတွေအတွက် သန့်ရှင်းတဲ့မီးဖိုခန်းလေး၊ အသုံးအဆောင်လေးတွေရှိပါမှ ချက်ပြုတ်ရတာ မပင်ပန်းဘဲ စိတ်ကြည်နူးမှုရပါတယ်။ တစ်အိမ်လုံးရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ မီးဖိုခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ သန့်ရှင်းနေဖို့ အိမ်ရှင်မတွေက အချိန်ပေးပြီး သန့်ရှင်းရေးပြုလုပ်ကြရပါတယ်။ ဒီနေ့ခေတ်လို အိမ်ရှင်မတွေ အလုပ်တစ်ဖက်နဲ့ အချိန်အများကြီးမပေးနိုင်တဲ့အခါမျိုးမှာတော့ လွယ်ကူလျင်မြန်တဲ့ သန့်ရှင်းနည်းလေးတွေက ပိုမိုအသုံးဝင်လာပါပြီ။

ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းများကို လွယ်ကူလျင်မြန်ဆေးကြောနည်းလေးတွေအကြောင်း How to cook team က စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများကိုစုစည်းပါ

မီးဖိုချောင်သုံးပစ္စည်းတွေကို ဆေးကြောတော့မယ်ဆိုရင် အဓိကလိုအပ်တာက ဆေးကြောရာမှာသုံးမယ့်ပစ္စည်းတွေပါ။ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရည်၊ ဘရပ်ရှ်၊ ဖော့တုံး၊ ရေနွေး၊ အိုးတိုက်စတီးဖတ်၊ သွားတိုက်တံ၊ သတင်းစာ စတဲ့လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို စုစည်းထားဖို့အရေးကြီးပါတယ်။ ဒါမှလည်း သန့်ရှင်းရေးလုပ်ဖို့ ဟိုဟာမရှိလို့ ဒီဟာမစုံလို့ဆိုတာမျိုးမရှိတော့ဘဲ အမြဲတက်ကြွနေမှာဖြစ်ပါတယ်။

စတီးလ်နဲ့ အလူမီနီယံအသုံးအဆောင်များ

သန့်ရှင်းရေးပြုလုပ်မယ်ဆိုရင် အသုံးအဆောင်တွေကို ဘာနဲ့ပြုလုပ်ထားသလဲ၊ ဘာနဲ့သန့်ရှင်းစေမလဲဆိုတာက အရေးကြီးပါတယ်။ စတီးလ်နဲ့ ပြုလုပ်ထားတဲ့ အိုးခွက်ပန်းကန်တွေဆိုရင်တော့ ရေနွေးပူနဲ့ မုန့်ဖုတ်ဆိုဒါကိုသုံးနိုင်ပါတယ်။ အိုးတိုက်တဲ့ စတီးဖတ်ကို သုံးနိုင်ပါတယ်။ တစ်နေရာတည်းမှာ စွန်းထင်းညစ်ပတ်နေတာမျိုးဆိုရင် မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေနွေး ၁ ဇွန်းကို ပျစ်ပျစ်လေးရောပြီး ပွတ်တိုက်ပေးရပါမယ်။

ဆီချီးတွေကပ်နေတာမျိုးဆိုရင်တော့ ရေနွေးနဲ့ မုန့်ဖုတ်ဆိုဒါကို လောင်းထည့်ပြီး နာရီဝက်ခန့် စိမ်ထားပေးရပါမယ်။ အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေဆိုရင်တော့ ရေ၊ ရှာလကာရည်နဲ့ အစိမ်းရောင်အိုးတိုက်ဖတ်ကို သုံးရပါမယ်။ ဒါဆိုရင်တော့ သန့်ရှင်းတောက်ပပြီး အရောင်ထွက်လာတာကို တွေ့မြင်ရပါမယ်။

 

ဖန်၊ ကြွေ နဲ့ကြေးနီ အသုံးအဆောင်များ

ကြွေ၊ ဖန်နဲ့ပြုလုပ်ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကိုသန့်ရှင်းဖို့အတွက်တော့ ရေနွေးပူ၊ ဆပ်ပြာရည်၊ မုန့်ဖုတ်ဆိုဒါ၊ ဖော့တုံးလေးတွေလိုအပ်ပါတယ်။ကြွေထည်အတွက် ပြာနဲ့ဆပ်ပြာမှုန့်ကိုရောနှော အသုံးပြုပေးတာက ဆေးကြောရာမှာလွယ်ကူလျင်မြန်ပြီး အရောင်လက်နေစေပါတယ်။ ရေနွေးနဲ့မုန့်ဖုတ်ဆိုဒါကိုလည်းသုံးနိုင်ပါတယ်။ ကြေးနီနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကိုတော့ ရှာလကာရည်၊ ဆားနဲ့ အိုးတိုက်ဖတ်နုနုလေးကို သုံးပြီးသန့်ရှင်းသင့်ပါတယ်။

ချိုးမကပ်ဒယ်အိုးများ

Non-stick pan လို့ခေါ်တဲ့ ချိုးမကပ်ဒယ်အိုးတွေကိုတော့ ရေနွေး၊ ပန်းကန်ဆေးဆပ်ပြာရည်တို့ သုံးရုံနဲ့အဆင်ပြေပါတယ်။ သတိထားရမှာက ဖော့ဖတ်နုနုလေးတွေနဲ့ပဲ ဆေးဖို့ပါ။ စတီးခွေတွေနဲ့ ခြစ်မိရှမိရင် အိုးတွေလည်းအလွယ်တကူ ပျက်စီးသွားပါလိမ့်မယ်။ အရမ်းညစ်ပတ်လွန်းနေရင်တော့ ရေနဲ့ ဗီနီဂါ တစ်ခွက်ရောပြီး ဆူအောင်တည်ပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ရေတွေကိုသွန်ပစ်လိုက်ပြီး ဆပ်ပြာရည်၊ဖော့ဖတ်လေးတွေနဲ့ အလွယ်တကူဆေးကြောနိုင်ပါပြီ။

မီးဖိုမျက်နှာပြင်များ

ဟင်းချက်တဲ့မီးဖိုနဲ့ မီးဖိုခုံမျက်နှာပြင်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အရင်ဆုံးလုပ်သင့်တာကတော့ မီးဖိုခုံပေါ်တင်ထားတဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ဖယ်ရှားထားဖို့ပါ။ ဒါမှစိတ်ကြိုက်သန့်ရှင်းနိုင်မှာဖြစ်ပါတယ်။ မီးဖိုတွေကို ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါရောပြီး စပရေးဘူးလေးနဲ့ဖျန်းပါ။ ပဝါစလေးကို ရေနွေးထဲနှစ်ပြီးရေညှစ်ထားပါ။ ရေစွတ်ထားတဲ့ပဝါစကို မီးဖိုပေါ် ၁၅ မိနစ်ခန့် တင်ထားပြီးတဲ့အခါ အဝတ်စလေးနဲ့ ပွတ်တိုက်သန့်ရှင်းနိုင်ပါပြီ။

ချွတ်ရခက်တဲ့ အညစ်အကြေးတွေရှိရင်တော့ မုန့်ဖုတ်ဆိုဒါကိုဖြူးပြီး ရှာလကာရည်အနည်းငယ်လောင်းချကာ ခဏနှပ်ထားပါ။ ပြီးတဲ့အခါ အိုးတိုက်ဖတ်နဲ့ ပွတ်တိုက်သန့်ရှင်းနိုင်ပါတယ်။ ရေဆေးချလို့ မရတာမို့ ရေစုပ်တဲ့ပဝါစနဲ့သာ သုတ်လိုက်၊ ရေညှစ်လိုက် အခါခါလုပ်ပေးရပါမယ်။ မီးဖိုခုံတွေကိုတော့ ရေနွေးနဲ့ ဆပ်ပြာမှုန့်ကို ရောနှောပြီး ဖော့ဖတ်နဲ့ တို့ယူပွတ်တိုက်ကာ သန့်ရှင်းပေးနိုင်ပါတယ်။

ဒီအချက်လေးတွေက မီးဖိုခန်းလေးသန့်ရှင်းတောက်ပနေစေဖို့ အများကြီးအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်သုံးနေတဲ့ လျှို့ဝှက်ချက်နည်းလမ်းကောင်းလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: How to Cook

 

[Zawgyi]

မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို လြယ္ကူလ်င္ျမန္ေဆးေၾကာနည္း (၅) နည္း

မီးဖိုခန္းထဲဝင္ၿပီး အစားအေသာက္ခ်က္ျပဳတ္ျပင္ဆင္ရသူေတြအတြက္ သန္႔႐ွင္းတဲ့မီးဖိုခန္းေလး၊ အသုံးအေဆာင္ေလးေတြ႐ွိပါမွ ခ်က္ျပဳတ္ရတာ မပင္ပန္းဘဲ စိတ္ၾကည္ႏူးမႈရပါတယ္။ တစ္အိမ္လုံးရဲ႕က်န္းမာေရးအတြက္ အေရးႀကီးတဲ့ မီးဖိုခန္းေလးနဲ႔ အသုံးအေဆာင္ပစၥည္းေလးေတြ သန္႔႐ွင္းေနဖို႔ အိမ္႐ွင္မေတြက အခ်ိန္ေပးၿပီး သန္႔႐ွင္းေရးျပဳလုပ္ၾကရပါတယ္။ ဒီေန႔ေခတ္လို အိမ္႐ွင္မေတြ အလုပ္တစ္ဖက္နဲ႔ အခ်ိန္အမ်ားႀကီးမေပးႏိုင္တဲ့အခါမ်ိဳးမွာေတာ့ လြယ္ကူလ်င္ျမန္တဲ့ သန္႔႐ွင္းနည္းေလးေတြက ပိုမိုအသုံးဝင္လာပါၿပီ။

ဒါေၾကာင့္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို လြယ္ကူလ်င္ျမန္ေဆးေၾကာနည္းေလးေတြအေၾကာင္း How to cook team က စုစည္းတင္ဆက္ေပးလိုက္ပါတယ္။

လိုအပ္ေသာပစၥည္းမ်ားကိုစုစည္းပါ

မီးဖိုေခ်ာင္သုံးပစၥည္းေတြကို ေဆးေၾကာေတာ့မယ္ဆိုရင္ အဓိကလိုအပ္တာက ေဆးေၾကာရာမွာသုံးမယ့္ပစၥည္းေတြပါ။ ဆပ္ျပာရည္၊ ဆပ္ျပာဆီ၊ မုန္႔ဖုတ္ဆိုဒါ၊ ႐ွာလကာရည္၊ ဘရပ္႐ွ္၊ ေဖာ့တုံး၊ ေရေႏြး၊ အိုးတိုက္စတီးဖတ္၊ သြားတိုက္တံ၊ သတင္းစာ စတဲ့လိုအပ္တဲ့ပစၥည္းေတြအားလုံးကို စုစည္းထားဖို႔အေရးႀကီးပါတယ္။ ဒါမွလည္း သန္႔႐ွင္းေရးလုပ္ဖို႔ ဟိုဟာမ႐ွိလို႔ ဒီဟာမစုံလို႔ဆိုတာမ်ိဳးမ႐ွိေတာ့ဘဲ အၿမဲတက္ႂကြေနမွာျဖစ္ပါတယ္။

စတီးလ္နဲ႔ အလူမီနီယံအသုံးအေဆာင္မ်ား

သန္႔႐ွင္းေရးျပဳလုပ္မယ္ဆိုရင္ အသုံးအေဆာင္ေတြကို ဘာနဲ႔ျပဳလုပ္ထားသလဲ၊ ဘာနဲ႔သန္႔႐ွင္းေစမလဲဆိုတာက အေရးႀကီးပါတယ္။ စတီးလ္နဲ႔ ျပဳလုပ္ထားတဲ့ အိုးခြက္ပန္းကန္ေတြဆိုရင္ေတာ့ ေရေႏြးပူနဲ႔ မုန္႔ဖုတ္ဆိုဒါကိုသုံးႏိုင္ပါတယ္။ အိုးတိုက္တဲ့ စတီးဖတ္ကို သုံးႏိုင္ပါတယ္။ တစ္ေနရာတည္းမွာ စြန္းထင္းညစ္ပတ္ေနတာမ်ိဳးဆိုရင္ မုန္႔ဖုတ္ဆိုဒါစားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ ေရေႏြး ၁ ဇြန္းကို ပ်စ္ပ်စ္ေလးေရာၿပီး ပြတ္တိုက္ေပးရပါမယ္။

ဆီခ်ီးေတြကပ္ေနတာမ်ိဳးဆိုရင္ေတာ့ ေရေႏြးနဲ႔ မုန္႔ဖုတ္ဆိုဒါကို ေလာင္းထည့္ၿပီး နာရီဝက္ခန္႔ စိမ္ထားေပးရပါမယ္။ အလူမီနီယံနဲ႔ ျပဳလုပ္ထားတဲ့ အသုံးအေဆာင္ေတြဆိုရင္ေတာ့ ေရ၊ ႐ွာလကာရည္နဲ႔ အစိမ္းေရာင္အိုးတိုက္ဖတ္ကို သုံးရပါမယ္။ ဒါဆိုရင္ေတာ့ သန္႔႐ွင္းေတာက္ပၿပီး အေရာင္ထြက္လာတာကို ေတြ႕ျမင္ရပါမယ္

ဖန္၊ ေႂကြ နဲ႔ေၾကးနီ အသုံးအေဆာင္မ်ား

ေႂကြ၊ ဖန္နဲ႔ျပဳလုပ္ထားတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းေတြကိုသန္႔႐ွင္းဖို႔အတြက္ေတာ့ ေရေႏြးပူ၊ ဆပ္ျပာရည္၊ မုန္႔ဖုတ္ဆိုဒါ၊ ေဖာ့တုံးေလးေတြလိုအပ္ပါတယ္။ေႂကြထည္အတြက္ ျပာနဲ႔ဆပ္ျပာမႈန္႔ကိုေရာေႏွာ အသုံးျပဳေပးတာက ေဆးေၾကာရာမွာလြယ္ကူလ်င္ျမန္ၿပီး အေရာင္လက္ေနေစပါတယ္။ ေရေႏြးနဲ႔မုန္႔ဖုတ္ဆိုဒါကိုလည္းသုံးႏိုင္ပါတယ္။ ေၾကးနီနဲ႔ျပဳလုပ္ထားတဲ့ အသုံးအေဆာင္ေတြကိုေတာ့ ႐ွာလကာရည္၊ ဆားနဲ႔ အိုးတိုက္ဖတ္ႏုႏုေလးကို သုံးၿပီးသန္႔႐ွင္းသင့္ပါတယ္။

ခ်ိဳးမကပ္ဒယ္အိုးမ်ား

Non-stick pan လို႔ေခၚတဲ့ ခ်ိဳးမကပ္ဒယ္အိုးေတြကိုေတာ့ ေရေႏြး၊ ပန္းကန္ေဆးဆပ္ျပာရည္တို႔ သုံး႐ုံနဲ႔အဆင္ေျပပါတယ္။ သတိထားရမွာက ေဖာ့ဖတ္ႏုႏုေလးေတြနဲ႔ပဲ ေဆးဖို႔ပါ။ စတီးေခြေတြနဲ႔ ျခစ္မိ႐ွမိရင္ အိုးေတြလည္းအလြယ္တကူ ပ်က္စီးသြားပါလိမ့္မယ္။ အရမ္းညစ္ပတ္လြန္းေနရင္ေတာ့ ေရနဲ႔ ဗီနီဂါ တစ္ခြက္ေရာၿပီး ဆူေအာင္တည္ေပးပါ။ ပြက္ပြက္ဆူလာၿပီဆိုရင္ ေရေတြကိုသြန္ပစ္လိုက္ၿပီး ဆပ္ျပာရည္၊ေဖာ့ဖတ္ေလးေတြနဲ႔ အလြယ္တကူေဆးေၾကာႏိုင္ပါၿပီ။

မီးဖိုမ်က္ႏွာျပင္မ်ား

ဟင္းခ်က္တဲ့မီးဖိုနဲ႔ မီးဖိုခုံမ်က္ႏွာျပင္ေတြကို သန္႔႐ွင္းေရးလုပ္ဖို႔အတြက္ အရင္ဆုံးလုပ္သင့္တာကေတာ့ မီးဖိုခုံေပၚတင္ထားတဲ့ ပစၥည္းေတြ၊ အသုံးအေဆာင္ေတြကို ဖယ္႐ွားထားဖို႔ပါ။ ဒါမွစိတ္ႀကိဳက္သန္႔႐ွင္းႏိုင္မွာျဖစ္ပါတယ္။ မီးဖိုေတြကို ႐ွာလကာရည္နဲ႔ မုန္႔ဖုတ္ဆိုဒါေရာၿပီး စပေရးဘူးေလးနဲ႔ဖ်န္းပါ။ ပဝါစေလးကို ေရေႏြးထဲႏွစ္ၿပီးေရညႇစ္ထားပါ။ ေရစြတ္ထားတဲ့ပဝါစကို မီးဖိုေပၚ ၁၅ မိနစ္ခန္႔ တင္ထားၿပီးတဲ့အခါ အဝတ္စေလးနဲ႔ ပြတ္တိုက္သန္႔႐ွင္းႏိုင္ပါၿပီ။

ခြၽတ္ရခက္တဲ့ အညစ္အေၾကးေတြ႐ွိရင္ေတာ့ မုန္႔ဖုတ္ဆိုဒါကိုျဖဴးၿပီး ႐ွာလကာရည္အနည္းငယ္ေလာင္းခ်ကာ ခဏႏွပ္ထားပါ။ ၿပီးတဲ့အခါ အိုးတိုက္ဖတ္နဲ႔ ပြတ္တိုက္သန္႔႐ွင္းႏိုင္ပါတယ္။ ေရေဆးခ်လို႔ မရတာမို႔ ေရစုပ္တဲ့ပဝါစနဲ႔သာ သုတ္လိုက္၊ ေရညႇစ္လိုက္ အခါခါလုပ္ေပးရပါမယ္။ မီးဖိုခုံေတြကိုေတာ့ ေရေႏြးနဲ႔ ဆပ္ျပာမႈန္႔ကို ေရာေႏွာၿပီး ေဖာ့ဖတ္နဲ႔ တို႔ယူပြတ္တိုက္ကာ သန္႔႐ွင္းေပးႏိုင္ပါတယ္။

ဒီအခ်က္ေလးေတြက မီးဖိုခန္းေလးသန္႔႐ွင္းေတာက္ပေနေစဖို႔ အမ်ားႀကီးအေထာက္အကူျပဳမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကိုယ္သုံးေနတဲ့ လွ်ိဳ႕ဝွက္ခ်က္နည္းလမ္းေကာင္းေလးေတြ႐ွိရင္လည္း မွ်ေဝခဲ့ပါဦး။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: How to Cook

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service