ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အဝတ်အခြောက်ခံစက် ရှိတာဟာ ယေဘုယျအားဖြင့်တော့ ကောင်းတယ်လို့ဆိုရမယ်ဆိုပေမဲ့ ဝယ်သင့်မဝယ်သင့်စဉ်းစားနေဆဲအခြေအနေမှာဆိုရင်တော့ မိမိအတွက်သင့်လျော်မလျော်ချင့်ချိန်ဆုံးဖြတ်နိုင်စေဖို့ အဝတ်အခြောက်ခံစက်ရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
အဝတ်ခြောက်ခံစက်အသုံးပြုခြင်း၏ ကောင်းကျိုးများ
- လှန်းထားတဲ့အဝတ်တွေ နေမပူလို့မခြောက်မှာကို မစိုးရိမ်ရတော့ပါဘူး။
- အချိန်ကုန်လူပင်ပန်းသက်သာစေပါတယ်။ အဝတ်လှန်းရတဲ့အလုပ် မရှိတော့တာကြောင့် လူပင်ပန်းသက်သာပြီး စက်ထဲမှာ အချိန်တိုအတွင်း ခြောက်သွေ့သွားတာကြောင့် အချိန်ကုန်သက်သာစေပါတယ်။
- လှန်းထားတဲ့အဝတ်တွေကို မမြင်ရတော့တာကြောင့် နေအိမ်ကိုသပ်ရပ်စေပါတယ်။
- အဝတ်အခြောက်ခံစက်နဲ့အခြောက်ခံထားတဲ့အဝတ်တွေဟာ မီးပူတိုက်ရလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဝတ်အခြောက်ခံစက်တွေကို အဝတ်တွေတွန့်မကြေသွားအောင် ဒီဇိုင်းထွင်ထားတာကြောင့်ပါ။
- ရာသီဥတုကို အကဲခတ်စောင့်ကြည့်ခန့်မှန်းနေစရာမလိုတော့ပါဘူး။ အဝတ်အခြောက်ခံစက်ရှိလို့ကတော့ မိုးရွာသည်ဖြစ်စေ၊ နှင်းကျသည်ဖြစ်စေ ရာသီဥတုချိန်ခါမရွေး သင့်အဝတ်တွေနွေးထွေးခြောက်သွေ့နေမှာပဲ ဖြစ်ပါတယ်။
အဝတ်ခြောက်ခံစက်အသုံးပြုခြင်း၏ ဆိုးကျိုးများ
- ဘယ်တံဆိပ်ဘယ်အမျိုးအစားဖြစ်ဖြစ် အဝတ်ခြောက်ခံစက်တစ်ခုရဲ့ ဈေးနှုန်းဟာ မသေးပါဘူး။
- သူ့ရဲ့ငွေကြေးအဖိုးအခအပြင် သူ့ကိုအသုံးပြုချိန်မှာ မီတာခနဲ့ ပြုပြင်ထိန်းသိမ်းခတွေကလည်း ရှိပါသေးတယ်။ အဝတ်အခြောက်ခံစက်ဝယ်ယူတဲ့အခါ ဘယ်လောက်ဝပ်ပမာဏမီးစားလည်းဆိုတာကိုပါ ကြည့်ရှုပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။
- အဝတ်အခြောက်ခံစက်ဟာ အဝတ်အထည်တွေကို နူးညံ့စေပါတယ်။ ဒါကြောင့် အဝတ်အခြောက်ခံစက်အသုံးပြုတယ်ဆိုရင် အဝတ်အထည်တွေမပျက်စီးစေဖို့ ဂရုစိုက်ဖို့လိုပါတယ်။ အဝတ်အခြောက်ခံစက်နဲ့အခြောက်ခံလို့ရတဲ့အဝတ်ဟုတ်မဟုတ်၊ ရတယ်ဆိုလည်း ဘယ်လိုအနေအထားနဲ့အခြောက်ခံရမယ်ဆိုတာကို အထည်တိုင်းရဲ့လေဘယ်လ်တွေမှာ သေချာဖတ်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အဝတ္အေျခာက္ခံစက္အသံုးျပဳျခင္း၏ ေကာင္းက်ဳိးႏွင့္ဆိုးက်ဳိးမ်ား
အဝတ္အေျခာက္ခံစက္ ႐ွိတာဟာ ေယဘုယ်အားျဖင့္ေတာ့ ေကာင္းတယ္လို႔ဆိုရမယ္ဆိုေပမဲ့ ဝယ္သင့္မဝယ္သင့္စဥ္းစားေနဆဲအေျခအေနမွာဆိုရင္ေတာ့ မိမိအတြက္သင့္ေလ်ာ္မေလ်ာ္ခ်င့္ခ်ိန္ဆုံးျဖတ္ႏိုင္ေစဖို႔ အဝတ္အေျခာက္ခံစက္ရဲ႕ ေကာင္းက်ိဳးနဲ႔ဆိုးက်ိဳးေတြကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။
အဝတ္ေျခာက္ခံစက္အသုံးျပဳျခင္း၏ ေကာင္းက်ိဳးမ်ား
- လွန္းထားတဲ့အဝတ္ေတြ ေနမပူလို႔မေျခာက္မွာကို မစိုးရိမ္ရေတာ့ပါဘူး။
- အခ်ိန္ကုန္လူပင္ပန္းသက္သာေစပါတယ္။ အဝတ္လွန္းရတဲ့အလုပ္ မ႐ွိေတာ့တာေၾကာင့္ လူပင္ပန္းသက္သာၿပီး စက္ထဲမွာ အခ်ိန္တိုအတြင္း ေျခာက္ေသြ႕သြားတာေၾကာင့္ အခ်ိန္ကုန္သက္သာေစပါတယ္။
- လွန္းထားတဲ့အဝတ္ေတြကို မျမင္ရေတာ့တာေၾကာင့္ ေနအိမ္ကိုသပ္ရပ္ေစပါတယ္။
- အဝတ္အေျခာက္ခံစက္နဲ႔အေျခာက္ခံထားတဲ့အဝတ္ေတြဟာ မီးပူတိုက္ရလြယ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဝတ္အေျခာက္ခံစက္ေတြကို အဝတ္ေတြတြန္႔မေၾကသြားေအာင္ ဒီဇိုင္းထြင္ထားတာေၾကာင့္ပါ။
- ရာသီဥတုကို အကဲခတ္ေစာင့္ၾကည့္ခန္႔မွန္းေနစရာမလိုေတာ့ပါဘူး။ အဝတ္အေျခာက္ခံစက္႐ွိလို႔ကေတာ့ မိုး႐ြာသည္ျဖစ္ေစ၊ ႏွင္းက်သည္ျဖစ္ေစ ရာသီဥတုခ်ိန္ခါမေ႐ြး သင့္အဝတ္ေတြေႏြးေထြးေျခာက္ေသြ႕ေနမွာပဲ ျဖစ္ပါတယ္။
အဝတ္ေျခာက္ခံစက္အသုံးျပဳျခင္း၏ ဆိုးက်ိဳးမ်ား
- ဘယ္တံဆိပ္ဘယ္အမ်ိဳးအစားျဖစ္ျဖစ္ အဝတ္ေျခာက္ခံစက္တစ္ခုရဲ႕ ေဈးႏႈန္းဟာ မေသးပါဘူး။
- သူ႕ရဲ႕ေငြေၾကးအဖိုးအခအျပင္ သူ႕ကိုအသုံးျပဳခ်ိန္မွာ မီတာခနဲ႔ ျပဳျပင္ထိန္းသိမ္းခေတြကလည္း ႐ွိပါေသးတယ္။ အဝတ္အေျခာက္ခံစက္ဝယ္ယူတဲ့အခါ ဘယ္ေလာက္ဝပ္ပမာဏမီးစားလည္းဆိုတာကိုပါ ၾကည့္႐ႈၿပီး ထည့္သြင္းစဥ္းစားသင့္ပါတယ္။
- အဝတ္အေျခာက္ခံစက္ဟာ အဝတ္အထည္ေတြကို ႏူးညံ့ေစပါတယ္။ ဒါေၾကာင့္ အဝတ္အေျခာက္ခံစက္အသုံးျပဳတယ္ဆိုရင္ အဝတ္အထည္ေတြမပ်က္စီးေစဖို႔ ဂ႐ုစိုက္ဖို႔လိုပါတယ္။ အဝတ္အေျခာက္ခံစက္နဲ႔အေျခာက္ခံလို႔ရတဲ့အဝတ္ဟုတ္မဟုတ္၊ ရတယ္ဆိုလည္း ဘယ္လိုအေနအထားနဲ႔အေျခာက္ခံရမယ္ဆိုတာကို အထည္တိုင္းရဲ႕ေလဘယ္လ္ေတြမွာ ေသခ်ာဖတ္ပါ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com