ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
Dragon Fruit လို့ခေါ်ကြတဲ့နဂါးမောက်သီးဟာ ကျွန်တော်တို့အတွက်များစွာကောင်းကျိုးရှိတဲ့အသီးတမျိုးဖြစ်တာကြောင့်အသီးဝယ်တဲ့အခါမှာပဲဖြစ်စေ၊အသီးဖျော်ရည်သောက်တဲ့အခါမှာပဲဖြစ်စေချန်မထားသင့်တဲ့ ရွေးချယ်စရာတခုပါ။
နဂါးမောက်သီးရဲ့အရသာကချိုပေမယ့်
ဆရာဝန်တွေနဲ့ပညာရှင်တွေက ဆီးချိူဝေဒနာရှင်တွေစားသုံးနိုင်တယ်လို့Recommend ပေးထားကြပါတယ်။ဘာကြောင့်လဲဆိုရင်တော့နဂါးမောက်သီးဟာအမျှင်ဓာတ်(Fiber)များကြွယ်ဝစွာပါဝင်ပြီးသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်တာကြောင့်ပါ။
Fat 0%ဖြစ်ပြီးအမျှင်ဓာတ်များစွာပါတာကြောင့် အဆာခံတဲ့ အသီးတမျိုးဖြစ်ပြီးWeight ထိန်းနေတဲ့သူတွေ၊Diet လုပ်နေတဲ့သူတွေအတွက်သိပ်ကိုမှသင့်တော်တဲ့အသီးတမျိုးလည်းဖြစ်ပါတယ်။
ဝမ်းချုပ်တဲ့ပြဿနာကိုလည်းနဂါးမောက်သီးစားပေးခြင်းဖြင့်လွယ်လင့်တကူဖြေရှင်းပေးနိုင်တဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝစွာပါတာမို့ အစာခြေစနစ်ကောင်းမွန်အောင်လည်းကူညီပေးပါတယ်။
ကိုယ်ဝန်ဆောင်စဉ်သွေးအားနည်းခြင်းကိုလည်းကာကွယ်ပေးနိုင်တဲ့သဘာဝရဲ့ဖြည့်စွက်စာတခုလည်းဖြစ်ပါတယ်။
နဂါးမောက်သီးက LDL Cholesterol ကိုကျဆင်းစေပြီးအသီးအတွင်းပိုင်းရှိ အနက်ရောင် အစေ့လေးများကနှလုံးအတွက်ကောင်းမွန်တဲ့ Omega 3& Omega 9 Fatty Acids များကြွယ်ဝတာကြောင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ရုံတင်မကပဲနှလုံးကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။
Amino Acid နဲ့ Protein နဲ့ Vitamin C များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကြံ့ခိုင်သန်မာမှုတွေကို ဖြည့်တင်းပေးနိုင်ပြီး Immune System ကိုကောင်းစေပါတယ်။
Antioxidants ဓာတ်ကြွယ်ဝစွာပါပြီး Free Redicals တွေကိုတိုက်ထုတ်ပေးနိုင်တာကြောင့် Cancer ရောဂါဖြစ်စေခြင်းမှကာကွယ်ပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
အဆစ်အမြစ်ရောင်ရောဂါတွေခံစားနေရတဲ့အခါမှာလည်း ဆရာဝန်ရဲ့ကုသမှူကိူခံယူရင်း ဖြည့်စွက်စာအဖြစ်နဂါးမောက်သီးကိုစားသုံးပေးခြင်းဖြင့် ရောဂါဝေဒနာကိုလျင်မြန်စွာသက်သာစေနိုင်ပါတယ်။
Dragon Fruit (နဂါးမောက်သီး)ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဖြည့်စွက်စာတခုဖြစ်သလို အလှအပဆိုင်ရာအတွက်လည်းအကျိုးပြုပါသေးတယ်။
နဂါးမောက်သီးမှာ Antioxidants များစွာပါဝင်တဲ့အတွက် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးနိုင်ပြီးအသားအရေကို တင်းရင်းစိုပြေစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။
နဂါးမောက်သီးမှာပါဝင်တဲ့ Vitamin C က ခန္ဓာကိုယ်ပေါ်ကအစက်အပျောက်တွေမှေးမှိန်စေဖို့ ကူညီပေးနိုင်ပါတယ်။
UVB Rays ကြောင့်ထိခိုက်ခံစားရတဲ့ နေလောင်ဒဏ်ပြဿနာနဲ့အသားအရေနီမြန်းခြင်းတွေအတွက်နဂါးမောက်သီးအနှစ်ကို ပျားရည်နဲ့ရောစပ်ပြီးမျက်နှာနဲ့ခန္ဓာကိုယ်ပေါ်အနှံ့လိမ်း၍Mask အဖြစ်ပေါင်းတင်နိုင်ပါတယ်။ဒါပေမယ့် ဒီလို DYI Mask လုပ်မယ့် နဂါးမောက်သီးကတော့ Organic နည်းနဲ့စိုက်ပျိုးထားတဲ့ Dragon Fruit ဖြစ်ဖို့လိုအပ်ပါတယ်။
Organic Dragon Fruti ရဲ့အနှစ်ကို မိနစ် 20ခန့်သုတ်လိမ်းပြီးရေပြန်ဆေးချကာ မျက်နှာပေါ်က ဝက်ခြံနဲ့ကျောဘက်ကဝက်ခြံတွေအတွက် သက်သာပျောက်ကင်းဖို့ကုသပေးနိုင်ပါတယ်။
နဂါးမောက်သီးအနှစ်ကိုချေကာဆံသားကိုပေါင်းတင်ပေးခြင်းဖြင့်လည်း ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံပင်ကို ပြန်လည်နူးညံ့တောက်ပြောင်စေပါတယ်။
နဂါးမောက်သီး Juice ဟာ အသားအရေကို Healthy Glow Skin ဖြစ်စေနိုင်တဲ့အပြင် Brightening Skin ကိုပါရရှိစေနိုင်ပါတယ်။
ယနေ့ခေတ်မှာနဂါးမောက်သီးကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ Skin Cares Products တွေကိုဈေးကွက်ထဲမှာလွယ်လင့်တကူဝယ်ယူအသုံးပြုနိုင်နေပြီလည်းဖြစ်ပါတယ်ခင်ဗျာ။
နဂါးမောက်သီးရဲ့အရသာဟာ ချိုပြီးအေးမြတာကြောင့်လူကြ်ိုက်များလှပေမယ့် ရှားစောင်းလတ်ပတ်နဲ့ဆင်တူတဲ့ သူ့ရဲ့အနံ့ကိုတော့ မစားခင်ဝေဖန်လေ့ရှိတတ်ကြပါတယ်။ဒါပေမယ့် နဂါးမောက်သီးစားလိုက်ပြီးရတဲ့အရသာရဲ့ကျေနပ်ခံစားမှူကတော့ ကိုယ်တိုင်ဝေဖန်ခဲ့တာကိုပါမေ့သွားစေပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Emperor Restaurant-Myakyunthar
[Zawgyi]
အသက်ကြီးတဲ့အထိကျန်းမာလှပစေဖို့အတွက် နဂါးမောက်သီးကဘယ်လောက်ထိကူညီပေးနိုင်မလဲ?
အဆစ်အမြစ်ရောင်ရောဂါတွေခံစားနေရတဲ့အခါမှာလည်း ဆရာဝန်ရဲ့ကုသမှူကိုခံယူရင်း ဖြည့်စွက်စာအဖြစ်နဂါးမောက်သီးကိုစားသုံးပေးခြင်းဖြင့် ရောဂါဝေဒနာကိုလျင်မြန်စွာသက်သာစေနိုင်ပါတယ်။