ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုတို့က ကမ္ဘာ့ပထဝီနိုင်ငံရေးအပေါ် မင်းမူနေချိန်ဖြစ်သော မျက်မှောက်ကာလတွင် အိန္ဒိယပြည်၊ မဏိပူရပြည်နယ်မှ အသက် ၄၅ နှစ်အရွယ်ရှိ မွိုင်ရမ်းချမ့် လေယာ (Moirangthem Loiya) မှာ အရုဏ်ဦးလင်းရောင်ခြည်တစ်ခု ဖြစ်လာသည်။
မဏိပူရဟူသောအမည်နှင့် မြန်မာတို့ ကောင်းစွာရင်းနှီးကြသည်။ တချိန်က မြန်မာပိုင်နက်အတွင်း ပါဝင်ခဲ့သော ဒေသဖြစ်ပြီး စစ်သူကြီး မဟာဗန္ဓုလနှင့် ဆက်စပ်ကာ မဏိပူရနှင့် အာသံဟူသောအမည်များ မြန်မာတို့ ရင်းနှီးခဲ့ ကြသည်။
လေယာသည် အိန္ဒိယနိုင်ငံ၊ အင်ဖာအနောက်ပိုင်းရှိ ယူရီးပု ခိုင်ဒမ်း လေခိုင် (Uripok Khaidem Leikai) ဒေသတွင် နေထိုင်သူတစ်ဦး ဖြစ်၏။ မြန်မာနိုင်ငံ တမူးမြို့နှင့် အင်ဖာမှာ မော်တော်ကားဖြင့် ၃ နာရီခွဲခရီးသာ ဝေးကွာသည်။
လေယာသည် လွန်ခဲ့သော ၁၈ နှစ်တာ ကာလပတ်လုံး သစ်တောပြုန်းတီးမှုများကို ကုစားကာ သတ္တလောကကြီးအား ကာကွယ်ပေးမှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်။
ဟင်ဒီဘာသာအားဖြင့် Punshilok အမည်ရှိ သစ်တောကြီးတစ်ခုလုံးကို စိုက်ပျိုးထူထောင်ပေးခဲ့သူဖြစ်ပြီး Punshilok ၏ အဓိပ္ပာယ်မှာ “ဘဝစမ်းရေ”ဟု အဓိပ္ပာယ်ရသည်။
လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်၊ သဘာဝတရားကြီးကို ကာကွယ်ရန် သူ၏ မမောမပန်းအားထုတ်ခဲ့မှုများကို Punshilok (ဘဝစမ်းရေ) တောအုပ်ကြီးက သက်သေထင်ရှားပြသနေသည်။
(ဘဝစမ်းရေ၏ ကောင်းကင်မြင်ကွင်း)
လေယာ ကလေးဘဝက မဏိပူရပြည်နယ်၊ သေနာပတိခရိုင်ရှိ စိမ်းလန်းသာယာသော ကူးဘရူး (Koubru) တောင်ထိပ်သို့ မကြာခဏ သွားရောက်ဆော့ကစား လည်ပတ်လေ့ရှိသည်။
သို့သော် ၂၀၀၀ ပြည့်နှစ်တွင် တက္ကသိုလ်ပြီးကာ နေရပ်သို့ ပြန်လာချိန်တွင် သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။
တချိန်က ဆော့ကစားခဲ့သော စိမ်းလန်းဝေဆာလှသည့် တောင်ထိပ်မှာ ယခုအခါ တောင်ကတုံးဖြစ်နေလေပြီ။
(ဘဝစမ်းရေတွင် မြူဆိုင်းနေပုံ)
လေယာလည်း အလွန်စိတ်မချမ်းမြေ့ဖြစ်ရကာ ဘဝစမ်းရေကို ပြန်လည်စိမ်းလန်းအောင် ပြုလုပ်ရန် ၂၀၀၂ ခုနှစ်တွင် သံန္တွိဌာန်ချလိုက်သည်။
ထို့နောက် ဒေသခံတစ်ဦး၏ လမ်းပြမှုဖြင့် မေရီး လန်ဂိုး (Maru Langol) တောင်ကြောသို့ ရောက်လာသည်။
ထိုတောင်ကြောတွင် ဒေသခံတို့က စပါးစိုက်ရန် သစ်တောများကို မီးရှို့ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ လေယာ ရောက်ရှိချိန်တွင် သစ်ပင်ဝါးပင်ဟူ၍ တစ်ပင်တစ်လေပင် မရှိတော့။
[လေယာ (ယာစွန်) ကို WAHPS အဖွဲ့မှ စေတနာ့ဝန်ထမ်းများနှင့်အတူ တွေ့ရပုံ]
(စတင်ခြင်း)
ဆေးဝါးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေသောအလုပ်မှ လေယာ အလုပ်ထွက်လိုက်သည်။ ယင်းနောက် အဝတ်အစားတချို့၊ စားစရာများ သယ်ဆောင်ကာ ဘဝစမ်းရေတွင် တဲငယ်တစ်လုံး ကိုယ်တိုင်ဆောက်လုပ်ကာ စတင်အခြေချခဲ့သည်။
ထိုတဲကလေးတွင် ၆ နှစ်ခန့် နေထိုင်ခဲ့ပြီး ဝါး၊ ဝက်သစ်ချ၊ ရာဘာပင်၊ တတိုင်းမွှေး၊ ပိန္နဲနှင့် ကျွန်းပင်တို့ အပါအဝင် အပင်မျိုးပေါင်းများစွာ စိုက်ပျိုးတော့သည်။
(ကလေးငယ်များနှင့်အတူ သစ်ပင်များစိုက်ပျိုးနေသော လေယာ)
ကနဦးတွင် လေယာသည် အပင် ၃ မျိုး၏ မျိုးစေ့များသာ ဝယ်ယူစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
မိတ်ဆွေသူငယ်ချင်းအနည်းငယ်၊ စေတနာဖြင့် ဝိုင်းဝန်းကူညီသူတို့၏ အကူအညီဖြင့် ခြုံများရှင်းလင်းကာ အပင်များ စတင်စိုက်ပျိုးခဲ့သည်။ ထိုဒေသတွင် သဘာဝစမ်းချောင်းတစ်ခုရှိနေသောကြောင့်လည်း အပင်တို့၏ ကြီးထွားနှုန်းမှာ လျင်မြန်လှသည်။
ထိုစမ်းချောင်းသည် သမိုင်းစဉ်ဆက် ဒေသခံတို့ အထွတ်အမြတ်ထားသည့်အရာလည်း ဖြစ်သည်။
(တောအုပ်ကြီးတစ်ခု ပြန်လည်ထူထောင်ပေးနိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနှင့် လေယာကြိုးစားသည်)
အစိုးရကလည်း လေယာ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ပြဿနာမလုပ်။ စင်စစ်အားဖြင့် လေယာသည် နိုင်ငံပိုင် သစ်တောမြေတွင် လုပ်ကိုင်ဆောင်ရွက်နေခြင်း မဟုတ်လော။
သစ်တောအရာရှိ နန်ဒေးဘမ် မိုဘီဆင်း (Nandeibam Mobi Singh) က “သစ်တောနယ်မြေထဲမှာ ဘယ်လိုဆောက်လုပ်မှုမျိုးကိုမဆို တရားမဝင်ကျူးကျော်မှုအဖြစ် သတ်မှတ်ရလိမ့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေယာကတော့ သစ်တော ထိန်းသိမ်းရေး အတွက် အကူအညီပေးတဲ့အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး စိမ်းလန်းတဲ့သစ်တောကြီးဖြစ်လာအောင် လုပ်ဆောင်ပေးနေတာပါ။ ဒီလုပ်ဆောင်မှုကို တရားမဝင်လုပ်ဆောင်မှုအဖြစ် သတ်မှတ်လို့ မရပါဘူး”ဟု ပြောသည်။
သစ်တောကာကွယ်ရေးအတွက် ပြည်နယ်သစ်တောဌာနသည် ထိုဒေသဝန်းကျင်တွင် ဒေသခံတို့ တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်များစွာကို ဖြိုချဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သည်။
(WAHPS မှ စေတနာ့ဝန်ထမ်းများ)
(WAHPS မှ စေတနာ့ဝန်ထမ်းများ)
“အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၁-က (ဆ) မှာ နိုင်ငံရဲ့ သစ်တောတွေ၊ ရေကန်တွေ၊ မြစ်တွေနဲ့ တောရိုင်းတိရ စ္ဆာန်တွေကို ကာကွယ်ဖို့၊ စာနာထောက်ထားဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ အတိအလင်း ပြဌာန်းထားပါတယ်။ လေယာနဲ့ သူ့ရဲ့အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီပုဒ်မအတိုင်း တာဝန်သိနိုင်ငံသားတွေ ဖြစ်ဖို့ လုပ်ဆောင်နေကြတာပါ”ဟု သစ်တောအရာရှိ ဆင်းက ရှင်းပြသည်။
(စိုက်ပျိုးရေးအတွက် မီးရှို့ရှင်းလင်းခံခဲ့ရသောနေရာမှာ ယခုအခါ တောအုပ်ကြီးတစ်ခုအဖြစ် ပြန်လည်စိမ်းလန်းဝေဆာနေလေပြီ)
၂၀၀၃ ခုနှစ်တွင် လေယာသည် သူငယ်ချင်းများ၊ ဘဝစမ်းရေဒေသကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် စေတနာဖြင့် ကူညီသူများနှင့်အတူ သဘာဝတောရိုင်းကာကွယ်ရေးအဖွဲ့ (WAHPS) ကို စတင်ဖွဲ့စည်းခဲ့သည်။
(တောအုပ်အတွင်း ဝါးမျိုးစိတ်ပေါင်း ၂၅ မျိုးခန့် စိုက်ပျိုးထားသည်)
(ဘဝစမ်းရေတွင် စိုက်ပျိုးထားသော Cymbidium erythraeum သစ်ခွမျိုးစိတ်)
သစ်တစ်ပင် ဝါးတစ်ပင်မျှ မရှိတော့သော ဘဝစမ်းရေသစ်တောနယ်မြေသည် ယနေ့တွင်ကား ဧကပေါင်း ၃၀၀ ကို ဖြန့်ကျက်ထားသည့် တောအုပ်ကြီးဖြစ်နေလေပြီ။
ပန်းမန်များ၊ ဒေသရင်း တိရ စ္ဆာန်မျိုးစိတ်များ၊ သစ်ပင်အမျိုးမျိုးနှင့် ဘယဆေးပင်များစွာ တောင်ထိပ်များကို ဖုံးလွှမ်းနေလေပြီ။
သစ်ပင်အမျိုးအစားပေါင်း ၂၅၀ ခန့်နှင့် ဝါးမျိုးစိတ် ၂၅ မျိုးခန့် စိုက်ပျိုးထားသည်။
ဘဝစမ်းရေသည် ငှက်အမျိုးမျိုး၊ မြွေများ၊ သမင်၊ သင်းခွေချပ်၊ ဖြူ၊ မြွေပါ၊ သစ်ကြောင် အစရှိသည်တို့ဖြင့် အခြားသော တိရ စ္ဆာန်မျိုးစုံ ကျက်စားရာနေရာလည်း ဖြစ်လာသည်။
[ပုတတ်လည်နီ -လက်ဝဲဘက်အကောင်(Red-necked keelback )- အဆိပ်ပြင်းသည်]
[ တောင်လင်းနီ- အဆိပ်မရှိ၊ ရှားပါးသည်။(Black-banded trinket snake)]
ယခုတောအုပ်ကြီးကြောင့် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ရာသီဥတု မည်သို့မည်ပုံ ကွာခြားသည်ကို ဒေသခံများလည်း သိရှိကြမည်ဖြစ်သည်။
“အပူက သိသိသာသာကြီးကျသွားတယ်။ ငှက်တွေရဲ့ ကျီကျီကျာကျာအသံတွေ တစ်နှစ်ပတ်လုံး ကြားလာ
ရပါတယ်”ဟု အင်ဖာမှ ဒေသခံတစ်ဦးဖြစ်သူ Kunjaksor က ပြောသည်။
(ဘဝစမ်းရေတောကြီးထဲမှ သစ်တောက်ငှက်)
(ငူ- Wedge-tailed green pigeon)
(အလည်အပတ်လာသူများအတွက် ဆောက်လုပ်ထားသော သစ်ပင်အိမ်)
“ဒီတောအုပ်အကြောင်း လူတွေအာရုံစိုက်လာကြပြီးတော့ ဒီတောအုပ်ကြီးရဲ့ ရင်သပ်ရှုမောဖွယ်အလှကို လေ့လာဖို့ ပြည်တွင်း၊ ပြည်ပကနေ လာရောက်လည်ပတ်သူတွေ အများကြီးရှိလာတယ်။”ဟု လေယာက ပြောသည်။
မဏိပူရ၏ သံမဏိအမျိုးသမီးဟု နာမည်ကျော်သော ပြည်သူ့ရပိုင်ခွင့်လှုပ်ရှားသူ Irom Chanu Sharmila ကလည်း ၁၆ နှစ်တာ ဥပုသ်စောင့်အပြီး ဘဝစမ်းရေသို့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ရောက်လာခဲ့သည်။ ယင်းနောက် ဘဝစမ်းရေ တောအုပ်တွင် သရက်ရိုင်းတစ်ပင် စိုက်ပျိုးပေးသွားခဲ့ကြောင်း လေယာက ပြောပြသည်။
(ဘဝစမ်းရေတောအုပ်တွင် Sharmila က သရက်ရိုင်းပင် စိုက်ပျိုးနေပုံ)
“WAHPS အဖွဲ့သားတွေနဲ့ သစ်တောဌာနရဲ့ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုတွေကြောင့် သစ်တောက လျင်လျင်မြန်မြန်ပဲ ကြီးထွားလာခဲ့ပါတယ်။ တောမီးဘေးရန်ကနေ ကာကွယ်ဖို့ ဒီ ၂ ဖွဲ့လုံးက စွမ်းစွမ်းတမံ အားထုတ်ခဲ့ကြတယ်”
(ဘဝစမ်းရေတွင် စိုက်ပျိုးထားသော Dendrobium primulinum သစ်ခွမျိုး။ ဒန်ဒရိုသစ်ခွသည် မျိုးစိတ်ပေါင်း ၁၈၀၀ ကျော်ရှိပြီး ယခုမျိုးစိတ် Dendrobium primulinum ကို မြန်မာနိုင်ငံတွင် သင်းကြူကြူဟု အမည်ပေးထားသည်။ မြန်မာနိုင်ငံတွင် ဒန်ဒရို သစ်ခွမျိုးစိတ် ၃၉ မျိုးရှိသည်)
လေယာအတွက် ဘဝစမ်းရေသည် တစ်ဘဝလုံးမြှုပ်နှံထားရသည့်အလုပ်တစ်ခု ဖြစ်သည်။
စားဝတ်နေရေးအတွက် လေယာက အစ်ကိုဖြစ်သူ၏ ဆေးဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ခြင်းတို့ လုပ်ဆောင်သည်။ သို့သော် သူ၏ ဘဝရည်မှန်းချက်မှာမူ သစ်ပင်များ ဆက်လက် စိုက်ပျိုးကာ တောအုပ်များ ဆက်လက်ထူထောင်သွားရန် ဖြစ်သည်။
“ကျွန်တော့်ကိုယ် ကျွန်တော် ပန်းချီဆရာတစ်ယောက်လို သဘောထားတယ်။ တခြားပန်းချီဆရာတွေဟာ ကင်းဗတ်စတွေ၊ စုတ်တံတွေ ဆေးရောင်တွေနဲ့ ပန်းချီဆွဲတယ်။ ကျွန်တော်ကျတော့ တောင်နံရံတွေကို ကင်းဗတ်စလိုမျိုး အသုံးပြုပြီး သစ်ပင်တွေ ပန်းပင်တွေ စိုက်ပျိုးပြီး ပန်းချီပုံဖော်တယ်။ ဒီပန်းချီပုံကတော့ တစ်ဘဝလုံး အချိန်ယူပြီးဆွဲရတဲ့ ပန်းချီကား….သက်ရှိပန်းချီကားတစ်ချပ်ပဲပေါ့”
(ဘဝစမ်းရေတောအုပ်ကြီး၏ အလှတရား)
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Manipur: How one man planted a 300-acre forest near Imphal (timesofindia)
[Zawgyi]
အညတရသူရဲေကာင္းတစ္ဦး၊ ဧက ၃၀၀ သစ္ေတာၾကီး စိုက္ပ်ဳိးခဲ့သူ၊ မဏိပူရ ဘဝစမ္းေရ
ကမၻာၾကီးပူေႏြးလာမႈႏွင့္ ရာသီဥတုေျပာင္းလဲလာမႈတို႔က ကမၻာ့ပထဝီႏိုင္ငံေရးအေပၚ မင္းမူေနခ်ိန္ျဖစ္ေသာ မ်က္ေမွာက္ကာလတြင္ အိႏိၵယျပည္၊ မဏိပူရျပည္နယ္မွ အသက္ ၄၅ ႏွစ္အရြယ္ရွိ မြိဳင္ရမ္းခ်မ့္ ေလယာ (Moirangthem Loiya) မွာ အရုဏ္ဦးလင္းေရာင္ျခည္တစ္ခု ျဖစ္လာသည္။
မဏိပူရဟူေသာအမည္ႏွင့္ ျမန္မာတို႔ ေကာင္းစြာရင္းႏွီးၾကသည္။ တခ်ိန္က ျမန္မာပိုင္နက္အတြင္း ပါဝင္ခဲ့ေသာ ေဒသျဖစ္ျပီး စစ္သူၾကီး မဟာဗႏၶဳလႏွင့္ ဆက္စပ္ကာ မဏိပူရႏွင့္ အာသံဟူေသာအမည္မ်ား ျမန္မာတို႔ ရင္းႏွီးခဲ့ ၾကသည္။
ေလယာသည္ အိႏိၵယႏိုင္ငံ၊ အင္ဖာအေနာက္ပိုင္းရွိ ယူရီးပု ခိုင္ဒမ္း ေလခိုင္ (Uripok Khaidem Leikai) ေဒသတြင္ ေနထိုင္သူတစ္ဦး ျဖစ္၏။ ျမန္မာႏိုင္ငံ တမူးျမိဳ႕ႏွင့္ အင္ဖာမွာ ေမာ္ေတာ္ကားျဖင့္ ၃ နာရီခြဲခရီးသာ ေဝးကြာသည္။
ေလယာသည္ လြန္ခဲ့ေသာ ၁၈ ႏွစ္တာ ကာလပတ္လံုး သစ္ေတာျပဳန္းတီးမႈမ်ားကို ကုစားကာ သတၱေလာကၾကီးအား ကာကြယ္ေပးမႈမ်ား အဆက္မျပတ္ျပဳလုပ္ခဲ့သည္။
ဟင္ဒီဘာသာအားျဖင့္ Punshilok အမည္ရွိ သစ္ေတာၾကီးတစ္ခုလံုးကို စိုက္ပ်ဳိးထူေထာင္ေပးခဲ့သူျဖစ္ျပီး Punshilok ၏ အဓိပၸာယ္မွာ “ဘဝစမ္းေရ”ဟု အဓိပၸာယ္ရသည္။
ေလထုညစ္ညမ္းမႈကို တိုက္ဖ်က္ရန္၊ သဘာဝတရားၾကီးကို ကာကြယ္ရန္ သူ၏ မေမာမပန္းအားထုတ္ခဲ့မႈမ်ားကို Punshilok (ဘဝစမ္းေရ) ေတာအုပ္ၾကီးက သက္ေသထင္ရွားျပသေနသည္။
(ဘဝစမ္းေရ၏ ေကာင္းကင္ျမင္ကြင္း)
ေလယာ ကေလးဘဝက မဏိပူရျပည္နယ္၊ ေသနာပတိခရိုင္ရွိ စိမ္းလန္းသာယာေသာ ကူးဘရူး (Koubru) ေတာင္ထိပ္သို႔ မၾကာခဏ သြားေရာက္ေဆာ့ကစား လည္ပတ္ေလ့ရွိသည္။
သို႔ေသာ္ ၂၀၀၀ ျပည့္ႏွစ္တြင္ တကၠသိုလ္ျပီးကာ ေနရပ္သို႔ ျပန္လာခ်ိန္တြင္ သူ၏ မ်က္လံုးမ်ားကိုပင္ မယံုႏိုင္ေအာင္ျဖစ္ခဲ့ရသည္။
တခ်ိန္က ေဆာ့ကစားခဲ့ေသာ စိမ္းလန္းေဝဆာလွသည့္ ေတာင္ထိပ္မွာ ယခုအခါ ေတာင္ကတံုးျဖစ္ေနေလျပီ။
(ဘဝစမ္းေရတြင္ ျမဴဆိုင္းေနပံု)
ေလယာလည္း အလြန္စိတ္မခ်မ္းေျမ႕ျဖစ္ရကာ ဘဝစမ္းေရကို ျပန္လည္စိမ္းလန္းေအာင္ ျပဳလုပ္ရန္ ၂၀၀၂ ခုႏွစ္တြင္ သံႏ႖ိဌာန္ခ်လိုက္သည္။
ထို႔ေနာက္ ေဒသခံတစ္ဦး၏ လမ္းျပမႈျဖင့္ ေမရီး လန္ဂိုး (Maru Langol) ေတာင္ေၾကာသို႔ ေရာက္လာသည္။
ထိုေတာင္ေၾကာတြင္ ေဒသခံတို႔က စပါးစိုက္ရန္ သစ္ေတာမ်ားကို မီးရႈိ႕ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ရာ ေလယာ ေရာက္ရွိခ်ိန္တြင္ သစ္ပင္ဝါးပင္ဟူ၍ တစ္ပင္တစ္ေလပင္ မရွိေတာ့။
[ေလယာ (ယာစြန္) ကို WAHPS အဖြဲ႔မွ ေစတနာ့ဝန္ထမ္းမ်ားႏွင့္အတူ ေတြ႔ရပံု]
(စတင္ျခင္း)
ေဆးဝါးကိုယ္စားလွယ္အျဖစ္ လုပ္ကိုင္ေနေသာအလုပ္မွ ေလယာ အလုပ္ထြက္လိုက္သည္။ ယင္းေနာက္ အဝတ္အစားတခ်ဳိ႕၊ စားစရာမ်ား သယ္ေဆာင္ကာ ဘဝစမ္းေရတြင္ တဲငယ္တစ္လံုး ကိုယ္တိုင္ေဆာက္လုပ္ကာ စတင္အေျခခ်ခဲ့သည္။
ထိုတဲကေလးတြင္ ၆ ႏွစ္ခန္႔ ေနထိုင္ခဲ့ျပီး ဝါး၊ ဝက္သစ္ခ်၊ ရာဘာပင္၊ တတိုင္းေမႊး၊ ပိႏၷဲႏွင့္ ကၽြန္းပင္တို႔ အပါအဝင္ အပင္မ်ဳိးေပါင္းမ်ားစြာ စိုက္ပ်ဳိးေတာ့သည္။
(ကေလးငယ္မ်ားႏွင့္အတူ သစ္ပင္မ်ားစိုက္ပ်ဳိးေနေသာ ေလယာ)
ကနဦးတြင္ ေလယာသည္ အပင္ ၃ မ်ဳိး၏ မ်ဳိးေစ့မ်ားသာ ဝယ္ယူစိုက္ပ်ဳိးခဲ့ျခင္းျဖစ္သည္။
မိတ္ေဆြသူငယ္ခ်င္းအနည္းငယ္၊ ေစတနာျဖင့္ ဝုိင္းဝန္းကူညီသူတို႔၏ အကူအညီျဖင့္ ျခံဳမ်ားရွင္းလင္းကာ အပင္မ်ား စတင္စိုက္ပ်ဳိးခဲ့သည္။ ထိုေဒသတြင္ သဘာဝစမ္းေခ်ာင္းတစ္ခုရွိေနေသာေၾကာင့္လည္း အပင္တို႔၏ ၾကီးထြားႏႈန္းမွာ လ်င္ျမန္လွသည္။
ထိုစမ္းေခ်ာင္းသည္ သမိုင္းစဥ္ဆက္ ေဒသခံတို႔ အထြတ္အျမတ္ထားသည့္အရာလည္း ျဖစ္သည္။
(ေတာအုပ္ၾကီးတစ္ခု ျပန္လည္ထူေထာင္ေပးႏိုင္ေရးအတြက္ ျဖစ္ႏိုင္သမွ်နည္းလမ္းအားလံုးႏွင့္ ေလယာၾကိဳးစားသည္)
အစိုးရကလည္း ေလယာ၏ ၾကိဳးပမ္းအားထုတ္မႈမ်ားအေပၚ ျပႆနာမလုပ္။ စင္စစ္အားျဖင့္ ေလယာသည္ ႏိုင္ငံပိုင္ သစ္ေတာေျမတြင္ လုပ္ကိုင္ေဆာင္ရြက္ေနျခင္း မဟုတ္ေလာ။
သစ္ေတာအရာရွိ နန္ေဒးဘမ္ မိုဘီဆင္း (Nandeibam Mobi Singh) က “သစ္ေတာနယ္ေျမထဲမွာ ဘယ္လိုေဆာက္လုပ္မႈမ်ဳိးကိုမဆို တရားမဝင္က်ဴးေက်ာ္မႈအျဖစ္ သတ္မွတ္ရလိမ့္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေလယာကေတာ့ သစ္ေတာ ထိန္းသိမ္းေရး အတြက္ အကူအညီေပးတဲ့အေနနဲ႔ ေဆာင္ရြက္ေနတာျဖစ္ျပီး စိမ္းလန္းတဲ့သစ္ေတာၾကီးျဖစ္လာေအာင္ လုပ္ေဆာင္ေပးေနတာပါ။ ဒီလုပ္ေဆာင္မႈကို တရားမဝင္လုပ္ေဆာင္မႈအျဖစ္ သတ္မွတ္လို႔ မရပါဘူး”ဟု ေျပာသည္။
သစ္ေတာကာကြယ္ေရးအတြက္ ျပည္နယ္သစ္ေတာဌာနသည္ ထိုေဒသဝန္းက်င္တြင္ ေဒသခံတို႔ တရားမဝင္ ေဆာက္လုပ္ထားသည့္ ေနအိမ္မ်ားစြာကို ျဖိဳခ်ဖ်က္သိမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။
(WAHPS မွ ေစတနာ့ဝန္ထမ္းမ်ား)
(WAHPS မွ ေစတနာ့ဝန္ထမ္းမ်ား)
“အိႏိၵယ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၅၁-က (ဆ) မွာ ႏိုင္ငံရဲ႕ သစ္ေတာေတြ၊ ေရကန္ေတြ၊ ျမစ္ေတြနဲ႔ ေတာရိုင္းတိရ စၦာန္ေတြကို ကာကြယ္ဖို႔၊ စာနာေထာက္ထားဖို႔ ႏိုင္ငံသားတိုင္းမွာ တာဝန္ရွိတယ္လို႔ အတိအလင္း ျပဌာန္းထားပါတယ္။ ေလယာနဲ႔ သူ႔ရဲ႕အဖြဲ႔ဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ဒီပုဒ္မအတိုင္း တာဝန္သိႏိုင္ငံသားေတြ ျဖစ္ဖို႔ လုပ္ေဆာင္ေနၾကတာပါ”ဟု သစ္ေတာအရာရွိ ဆင္းက ရွင္းျပသည္။
(စိုက္ပ်ဳိးေရးအတြက္ မီးရႈိ႕ရွင္းလင္းခံခဲ့ရေသာေနရာမွာ ယခုအခါ ေတာအုပ္ၾကီးတစ္ခုအျဖစ္ ျပန္လည္စိမ္းလန္းေဝဆာေနေလျပီ)
၂၀၀၃ ခုႏွစ္တြင္ ေလယာသည္ သူငယ္ခ်င္းမ်ား၊ ဘဝစမ္းေရေဒသကို ထိန္းသိမ္းေစာင့္ေရွာက္လိုသည့္ ေစတနာျဖင့္ ကူညီသူမ်ားႏွင့္အတူ သဘာဝေတာရိုင္းကာကြယ္ေရးအဖြဲ႔ (WAHPS) ကို စတင္ဖြဲ႔စည္းခဲ့သည္။
(ေတာအုပ္အတြင္း ဝါးမ်ဳိးစိတ္ေပါင္း ၂၅ မ်ဳိးခန္႔ စိုက္ပ်ဳိးထားသည္)
(ဘဝစမ္းေရတြင္ စိုက္ပ်ဳိးထားေသာ Cymbidium erythraeum သစ္ခြမ်ဳိးစိတ္)
သစ္တစ္ပင္ ဝါးတစ္ပင္မွ် မရွိေတာ့ေသာ ဘဝစမ္းေရသစ္ေတာနယ္ေျမသည္ ယေန႔တြင္ကား ဧကေပါင္း ၃၀၀ ကို ျဖန္႔က်က္ထားသည့္ ေတာအုပ္ၾကီးျဖစ္ေနေလျပီ။
ပန္းမန္မ်ား၊ ေဒသရင္း တိရ စၦာန္မ်ဳိးစိတ္မ်ား၊ သစ္ပင္အမ်ဳိးမ်ဳိးႏွင့္ ဘယေဆးပင္မ်ားစြာ ေတာင္ထိပ္မ်ားကို ဖံုးလႊမ္းေနေလျပီ။
သစ္ပင္အမ်ဳိးအစားေပါင္း ၂၅၀ ခန္႔ႏွင့္ ဝါးမ်ဳိးစိတ္ ၂၅ မ်ဳိးခန္႔ စိုက္ပ်ဳိးထားသည္။
ဘဝစမ္းေရသည္ ငွက္အမ်ဳိးမ်ဳိး၊ ေျမြမ်ား၊ သမင္၊ သင္းေခြခ်ပ္၊ ျဖဴ၊ ေျမြပါ၊ သစ္ေၾကာင္ အစရွိသည္တုိ႔ျဖင့္ အျခားေသာ တိရ စၦာန္မ်ဳိးစံု က်က္စားရာေနရာလည္း ျဖစ္လာသည္။
[ပုတတ္လည္နီ -လက္ဝဲဘက္အေကာင္(Red-necked keelback )- အဆိပ္ျပင္းသည္]
[ ေတာင္လင္းနီ- အဆိပ္မရွိ၊ ရွားပါးသည္။(Black-banded trinket snake)]
ယခုေတာအုပ္ၾကီးေၾကာင့္ ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ရာသီဥတု မည္သို႔မည္ပံု ကြာျခားသည္ကို ေဒသခံမ်ားလည္း သိရွိၾကမည္ျဖစ္သည္။
“အပူက သိသိသာသာၾကီးက်သြားတယ္။ ငွက္ေတြရဲ႕ က်ီက်ီက်ာက်ာအသံေတြ တစ္ႏွစ္ပတ္လံုး ၾကားလာရပါတယ္”ဟု အင္ဖာမွ ေဒသခံတစ္ဦးျဖစ္သူ Kunjaksor က ေျပာသည္။
(ဘဝစမ္းေရေတာၾကီးထဲမွ သစ္ေတာက္ငွက္)
(ငူ- Wedge-tailed green pigeon)
(အလည္အပတ္လာသူမ်ားအတြက္ ေဆာက္လုပ္ထားေသာ သစ္ပင္အိမ္)
“ဒီေတာအုပ္အေၾကာင္း လူေတြအာရံုစိုက္လာၾကျပီးေတာ့ ဒီေတာအုပ္ၾကီးရဲ႕ ရင္သပ္ရႈေမာဖြယ္အလွကို ေလ့လာဖို႔ ျပည္တြင္း၊ ျပည္ပကေန လာေရာက္လည္ပတ္သူေတြ အမ်ားၾကီးရွိလာတယ္။”ဟု ေလယာက ေျပာသည္။ မဏိပူရ၏ သံမဏိအမ်ဳိးသမီးဟု နာမည္ေက်ာ္ေသာ ျပည္သူ႔ရပိုင္ခြင့္လႈပ္ရွားသူ Irom Chanu Sharmila ကလည္း ၁၆ ႏွစ္တာ ဥပုသ္ေစာင့္အျပီး ဘဝစမ္းေရသို႔ ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလတြင္ ေရာက္လာခဲ့သည္။ ယင္းေနာက္ ဘဝစမ္းေရ ေတာအုပ္တြင္ သရက္ရိုင္းတစ္ပင္ စိုက္ပ်ဳိးေပးသြားခဲ့ေၾကာင္း ေလယာက ေျပာျပသည္။
(ဘဝစမ္းေရေတာအုပ္တြင္ Sharmila က သရက္ရိုင္းပင္ စိုက္ပ်ဳိးေနပံု)
“WAHPS အဖြဲ႔သားေတြနဲ႔ သစ္ေတာဌာနရဲ႕ ပံုမွန္ထိန္းသိမ္းေစာင့္ေရွာက္မႈေတြေၾကာင့္ သစ္ေတာက လ်င္လ်င္ျမန္ျမန္ပဲ ၾကီးထြားလာခဲ့ပါတယ္။ ေတာမီးေဘးရန္ကေန ကာကြယ္ဖို႔ ဒီ ၂ ဖြဲ႔လံုးက စြမ္းစြမ္းတမံ အားထုတ္ခဲ့ၾကတယ္”
(ဘဝစမ္းေရတြင္ စိုက္ပ်ဳိးထားေသာ Dendrobium primulinum သစ္ခြမ်ဳိး။ ဒန္ဒရိုသစ္ခြသည္ မ်ဳိးစိတ္ေပါင္း ၁၈၀၀ ေက်ာ္ရွိျပီး ယခုမ်ဳိးစိတ္ Dendrobium primulinum ကို ျမန္မာႏိုင္ငံတြင္ သင္းၾကဴၾကဴဟု အမည္ေပးထားသည္။ ျမန္မာႏိုင္ငံတြင္ ဒန္ဒရို သစ္ခြမ်ဳိးစိတ္ ၃၉ မ်ဳိးရွိသည္)
ေလယာအတြက္ ဘဝစမ္းေရသည္ တစ္ဘဝလံုးျမွဳပ္ႏွံထားရသည့္အလုပ္တစ္ခု ျဖစ္သည္။
စားဝတ္ေနေရးအတြက္ ေလယာက အစ္ကိုျဖစ္သူ၏ ေဆးဆိုင္တြင္ ဝင္ေရာက္လုပ္ကိုင္ျခင္း၊ ေအာ္ဂဲနစ္ စိုက္ပ်ဳိးေရး လုပ္ကိုင္ျခင္းတို႔ လုပ္ေဆာင္သည္။ သို႔ေသာ္ သူ၏ ဘဝရည္မွန္းခ်က္မွာမူ သစ္ပင္မ်ား ဆက္လက္ စိုက္ပ်ဳိးကာ ေတာအုပ္မ်ား ဆက္လက္ထူေထာင္သြားရန္ ျဖစ္သည္။
“ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ပန္းခ်ီဆရာတစ္ေယာက္လို သေဘာထားတယ္။ တျခားပန္းခ်ီဆရာေတြဟာ ကင္းဗတ္စေတြ၊ စုတ္တံေတြ ေဆးေရာင္ေတြနဲ႔ ပန္းခ်ီဆြဲတယ္။ ကၽြန္ေတာ္က်ေတာ့ ေတာင္နံရံေတြကို ကင္းဗတ္စလိုမ်ဳိး အသံုးျပဳျပီး သစ္ပင္ေတြ ပန္းပင္ေတြ စိုက္ပ်ဳိးျပီး ပန္းခ်ီပံုေဖာ္တယ္။ ဒီပန္းခ်ီပံုကေတာ့ တစ္ဘဝလံုး အခ်ိန္ယူျပီးဆြဲရတဲ့ ပန္းခ်ီကား….သက္ရွိပန္းခ်ီကားတစ္ခ်ပ္ပဲေပါ့”
(ဘဝစမ္းေရေတာအုပ္ၾကီး၏ အလွတရား)
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Manipur: How one man planted a 300-acre forest near Imphal (timesofindia)