သင့်ခွေးရဲ့ မစင်ကို ကျုံးသင့်တဲ့ အကြောင်းရင်း (၄) ခု

သင့်ခွေးရဲ့ မစင်ကို ကျုံးသင့်တဲ့ အကြောင်းရင်း (၄) ခု - Property Knowledge in Myanmar from iMyanmarHouse.com
9 Feb 2022 11:33 am တွင် တင်ခဲ့သည်
1346 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

တာဝန်ယူတတ်တဲ့ ခွေးပိုင်ရှင်တွေဟာ သူတို့မွေးထားတဲ့ခွေးက အများပြည်သူပိုင်နေရာတွေ၊ ကိုယ်ပိုင်မဟုတ်တဲ့ အခြားသူပိုင်နေရာတွေမှာ မစင်စွန့်လိုက်ရင် အဲဒီမစင်ကို ပြန်ကျုံး၊ စနစ်တကျစွန့်ပစ်ကြပါတယ်။ ဒါပေမဲ့လည်း ခွေးပိုင်ရှင်တွေက သူတို့ခွေးရဲ့မစင်ကို မကျုံးပစ်လိုက်မိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။

အလျင်လိုနေတာကြောင့်ဖြစ်နိုင်သလို၊ ပလတ်စတစ်အိတ် စသဖြင့် မစင်ကျုံးဖို့ လိုအပ်တဲ့အရာတစ်ခုခုမရှိတာ ဒါမှမဟုတ် ခွေးမစင်ကျုံးဖို့ သိပ်အရေးကြီးကြောင်း မသိကြတာကြောင့်ဖြစ်နိုင်ပါတယ်။

ခွေးမစင်စွန့်ထားကြောင်း သိရပြီဆိုရင်တော့ သိလျှင်သိချင်း တတ်နိုင်သမျှအမြန်ဆုံး မစင်ကျုံးသင့်ပါတယ်။

သင့်ခွေးရဲ့မစင်ဟာ အန္တရာယ်သိပ်မပေးနိုင်လောက်ဘူးလို့ သင့်အနေနဲ့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ခွေးမစင်ကို သေချာမှန်မှန်ကန်ကန်မကျုံးဘူးဆိုရင် အထူးသဖြင့် လူဦးရေထူထပ်တဲ့နေရာတွေမှာ ‌‌‌‌ဂေဟစနစ်မျှခြေကို ထိခိုက်စေနိုင်ပါတယ်။

သင့်ခွေးစွန့်ပစ်လိုက်တဲ့ မစင်ကို ကျုံးဖို့ရာ အရေးကြီးကြောင်း အကြောင်းရင်းများစွာရှိတဲ့အထဲက အဓိကအချက်လေးတွေကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

သင့်ခွေးစွန့်ပစ်လိုက်သည့် မစင်ကိုကျုံးခြင်းက သင်ထင်သည်ထက်ပို၍အရေးကြီးကြောင်း အကြောင်းရင်း (၄) ခု

၁။ ခွေးမစင်သည် သူ့ဘာသာ မပျက်စီးသွားပါ

ခွေးမစင်ဟာ သူ့ဘာသာ ပျက်စီးသွားလိမ့်မယ်လို့ သင် ယူဆတယ်ဆိုရင် သင်မှားပါတယ်။ ခွေးမစင်ဟာ လုံးလုံးလျားလျား ပျက်စီးသွားဖို့အတွက် အချိန် ၁၂ လလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ပြီးတော့လည်း မိုးရွာချလို့ မိုးရေနဲ့အတူ စီးမျောသွားတဲ့အခါ ခွေးမစင်ဟာ ရေနုတ်ရေမြောင်းစနစ်ထဲ ဝင်ရောက်သွားပါတယ်။ အဲဒီနောက် အဲဒီရေဆိုးရေညစ်တွေဟာ ရေကန်၊ စမ်း‌ချောင်းနဲ့ မြစ်တွေဆီ ရောက်ရှိသွားပါလိမ့်မယ်။ ဒါဘာအဓိပ္ပာယ်လဲဆိုတော့ နောက်တစ်ခါ သင်ကြိုက်တဲ့နေရာမှာ ရေသွားကူးတဲ့အခါ သင်ဟာ မစင်တွေ ပါဝင်နေတဲ့ ရေထဲမှာ ရေကူးရတာဖြစ်သွားနိုင်ပါတယ်။ ရေဝေကြော/ရေဝေကုန်းတန်းတွေမှာ တွေ့ရတဲ့ ဗက်တီရီးယားပိုးတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အိမ်မွေးခွေးတွေရဲ့ မစင်တွေကနေ လာတာဖြစ်တယ်လို့ လေ့လာမှုတွေက ပြသထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၈၃ သန်းသော အိမ်မွေးခွေးတွေက နှစ်စဥ် မစင် တန်ချိန် ၁၀ ဒသမ ၆ သန်းခန့် ထုတ်လုပ်တယ်လို့ livescience.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

၂။ အနာရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားပိုးနှင့် ကပ်ပါးကောင်များ

ခွေးမစင်ကို သေချာမကျုံးဘူးဆိုရင် ခွေးမစင်မှာပါတဲ့ ဗက်တီးရီးယားပိုးနဲ့ ကပ်ပါးကောင်တွေဟာ အခြားခွေးတွေဆီ/ အခန့်မသင့်ရင် သင့်ဆီကိုပါ အနာရောဂါ ကူးစက်စေနိုင်ပါတယ်။ E. coli နဲ့ salmonella တွေဟာ ခွေးမစင်မှာ သယ်ဆောင်ထားတဲ့ ဗက်တီးရီးယားပိုးအချို့ပဲဖြစ်ပါတယ်။ သင့်ခွေးက နာမကျန်းဖြစ်ခြင်းလက္ခဏာမပြဘူးဆိုရင်တောင်မှ သူတို့ရဲ့မစင်မှာ လူတွေနဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေကို ဒုက္ခပေးနိုင်တဲ့ အနာရောဂါတွေ သယ်ဆောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ပွေးနဲ့ တုပ်ပြားကဲ့သို့သော ပိုးအမျိုးမျိုးနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်၊ Giardiasis၊ Parvovirus၊ Cryptosporidiosis၊ Salmonellosis နဲ့ Campylobacteriosis စတာတွေကိုလည်း သယ်ဆောင်ထားနိုင်ပါတယ်။

ကပ်ပါးကောင်တွေနဲ့ ဗက်တီးရီးယားပိုးဟာ အပေါ်ယံမြေဆီလွှာ၊ မြေကြီးထဲမျာ နှစ်နဲ့ချီအောင် ရှင်သန်နိုင်ပါတယ်။ သင့်ခွေးရဲ့မစင်ကို မကျုံးခြင်းဖြင့် သင်ဟာ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားပိုးတွေနဲ့ ထိတွေ့စေနိုင်ခြေထဲ အခြားသူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကလေးတွေကို တွန်းပို့လိုက်ရာရောက်ပါလိမ့်မယ်။

ဒီကျန်းမာရေးအန္တရာယ်ရှိတဲ့ ဗက်တီးရီးယားပိုးဟာ ရေအရည်အသွေးကိုလည်း ထိခိုက်စေပါတယ်။ ခွေးမစင်ကို မှန်မှန်ကန်ကန် မဖျက်ဆီးမစွန့်ပစ်ဘူးဆိုရင် ရေကို ညစ်ညမ်းစေနိုင်တဲ့ သြဇာဓာတ်တွေနဲ့ ရောဂါပစ္စယ (ရောဂါဖြစ်ပွားစေတဲ့ ပစ္စည်း) တွေ ရှိပါတယ်။

၃။ သင့်ခွေး၏ မစင်အား ကျုံးရန်မှာ သာမန်လောကဝတ်ပင်ဖြစ်သည်

သင့်ခွေးရဲ့မစင်ကို ကျုံးခြင်းဟာ သာမန်လောကဝတ်သာမကဘဲ ခွေးပိုင်ရှင်တစ်ယောက်အနေနဲ့ သင့်တာဝန်ဖြစ်ပါတယ်။ သင့်ခွေးကို သင်ပိုင်တာကြောင့် သင့်ခွေးစွန့်ပစ်လိုက်တဲ့ အညစ်အကြေးကို ကျုံးဖို့ဆိုတာ သင့်တာဝန်ပါ။ ခွေးမစင်တွေ အများပြည်သူပိုင်နေရာမှာ ကျန်ခဲ့ရင် အနံအသက်အားဖြင့်တင် အများပြည်သူကို လျင်လျင်မြန်မြန်ပဲ အနှောင့်အယှက်ပေးပါတယ်။

၄။ ခွေးမစင်သည် မြေသြဇာ မဟုတ်

ခွေးမစင်ဟာ သဘာဝမြေသြဇာတစ်ခုလို့ လူတော်တော်များများလိုပဲ သင်လည်းပဲ ထင်တယ်ဆိုရင် နောက်ထပ်စဥ်းစားကြည့်ဖို့လိုပါပြီ။ ခွေးအများစုရဲ့ အစာတွေက ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ခွေးမစင်မှာ မြေသြဇာရဲ့ ပြောင်းပြန်ဆိုးကျိုးရှိပါတယ်။ ခွေးမစင်မှာ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေ အလွန်မြင့်မားပါတယ်၊ ဒါကြောင့် သင်က သင့်ခွေးမစင်ကို မြက်ခင်းပေါ်မှာ ဒီအတိုင်းထားထားလိုက်မယ်ဆိုရင် မြက်ခင်းကိုတောင် လောင်ကျွမ်းစေနိုင်ပါတယ်။ သူ့မှာ အက်စစ်သဘာဝရှိတာကြောင့် မကျုံးဘူးဆိုရင် သင့်မြက်ခင်းကို သေစေပါလိမ့်မယ်။

နွားက အပင်တွေကိုပဲ စားတာကြောင့် ခွေးမစင်ဟာ နွားမစင်နဲ့ မတူပါဘူး။ နွားမစင်ကို ဥယျာဥ်တွေနဲ့ လယ်ယာတွေမှာ သစ်ရွက်ဆွေးမြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ခွေးမစင်ကျတော့ မြေသြဇာဖြစ်အောင် သေချာကျကျနနပြုလုပ်ထားတာမဟုတ်ရင် သူ့မှာပါဝင်တဲ့ ဗက်တီးရီးယားပိုးနဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ပတ်ဝန်းကျင်ဧရိယာတွေကို ညစ်ညမ်းစေနိုင်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 4 Reasons You Need To Pick Up Your Dog's Poop (doggydogood)

 

[Zawgyi]

သင့္ေခြးရဲ႕ မစင္ကို က်ံဳးသင့္တဲ့ အေၾကာင္းရင္း (၄) ခု

တာဝန္ယူတတ္တဲ့ ေခြးပိုင္႐ွင္ေတြဟာ သူတို႔ေမြးထားတဲ့ေခြးက အမ်ားျပည္သူပိုင္ေနရာေတြ၊ ကိုယ္ပိုင္မဟုတ္တဲ့ အျခားသူပိုင္ေနရာေတြမွာ မစင္စြန္႔လိုက္ရင္ အဲဒီမစင္ကို ျပန္က်ံဳး၊ စနစ္တက်စြန္႔ပစ္ၾကပါတယ္။ ဒါေပမဲ့လည္း ေခြးပိုင္႐ွင္ေတြက သူတို႔ေခြးရဲ႕မစင္ကို မက်ံဳးပစ္လိုက္မိတဲ့ အခ်ိန္ေတြ ႐ွိတတ္ပါတယ္။

အလ်င္လိုေနတာေၾကာင့္ျဖစ္ႏိုင္သလို၊ ပလတ္စတစ္အိတ္ စသျဖင့္ မစင္က်ံဳးဖို႔ လိုအပ္တဲ့အရာတစ္ခုခုမ႐ွိတာ ဒါမွမဟုတ္ ေခြးမစင္က်ံဳးဖို႔ သိပ္အေရးႀကီးေၾကာင္း မသိၾကတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။

ေခြးမစင္စြန္႔ထားေၾကာင္း သိရၿပီဆိုရင္ေတာ့ သိလွ်င္သိခ်င္း တတ္ႏိုင္သမွ်အျမန္ဆုံး မစင္က်ံဳးသင့္ပါတယ္။

သင့္ေခြးရဲ႕မစင္ဟာ အႏၲရာယ္သိပ္မေပးႏိုင္ေလာက္ဘူးလို႔ သင့္အေနနဲ႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမဲ့ ေခြးမစင္ကို ေသခ်ာမွန္မွန္ကန္ကန္မက်ံဳးဘူးဆိုရင္ အထူးသျဖင့္ လူဦးေရထူထပ္တဲ့ေနရာေတြမွာ ‌‌‌‌ေဂဟစနစ္မွ်ေျခကို ထိခိုက္ေစႏိုင္ပါတယ္။

သင့္ေခြးစြန္႔ပစ္လိုက္တဲ့ မစင္ကို က်ံဳးဖို႔ရာ အေရးႀကီးေၾကာင္း အေၾကာင္းရင္းမ်ားစြာ႐ွိတဲ့အထဲက အဓိကအခ်က္ေလးေတြကို ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္။

သင့္ေခြးစြန္႔ပစ္လိုက္သည့္ မစင္ကိုက်ံဳးျခင္းက သင္ထင္သည္ထက္ပို၍အေရးႀကီးေၾကာင္း အေၾကာင္းရင္း (၄) ခု

၁။ ေခြးမစင္သည္ သူ႕ဘာသာ မပ်က္စီးသြားပါ

ေခြးမစင္ဟာ သူ႕ဘာသာ ပ်က္စီးသြားလိမ့္မယ္လို႔ သင္ ယူဆတယ္ဆိုရင္ သင္မွားပါတယ္။ ေခြးမစင္ဟာ လုံးလုံးလ်ားလ်ား ပ်က္စီးသြားဖို႔အတြက္ အခ်ိန္ ၁၂ လေလာက္အထိ ၾကာျမင့္ႏိုင္ပါတယ္။ ၿပီးေတာ့လည္း မိုး႐ြာခ်လို႔ မိုးေရနဲ႔အတူ စီးေမ်ာသြားတဲ့အခါ ေခြးမစင္ဟာ ေရႏုတ္ေရေျမာင္းစနစ္ထဲ ဝင္ေရာက္သြားပါတယ္။ အဲဒီေနာက္ အဲဒီေရဆိုးေရညစ္ေတြဟာ ေရကန္၊ စမ္း‌ေခ်ာင္းနဲ႔ ျမစ္ေတြဆီ ေရာက္႐ွိသြားပါလိမ့္မယ္။ ဒါဘာအဓိပၸာယ္လဲဆိုေတာ့ ေနာက္တစ္ခါ သင္ႀကိဳက္တဲ့ေနရာမွာ ေရသြားကူးတဲ့အခါ သင္ဟာ မစင္ေတြ ပါဝင္ေနတဲ့ ေရထဲမွာ ေရကူးရတာျဖစ္သြားႏိုင္ပါတယ္။ ေရေဝေၾကာ/ေရေဝကုန္းတန္းေတြမွာ ေတြ႕ရတဲ့ ဗက္တီရီးယားပိုးေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းဟာ အိမ္ေမြးေခြးေတြရဲ႕ မစင္ေတြကေန လာတာျဖစ္တယ္လို႔ ေလ့လာမႈေတြက ျပသထားပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ၈၃ သန္းေသာ အိမ္ေမြးေခြးေတြက ႏွစ္စဥ္ မစင္ တန္ခ်ိန္ ၁၀ ဒသမ ၆ သန္းခန္႔ ထုတ္လုပ္တယ္လို႔ livescience.com ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

၂။ အနာေရာဂါျဖစ္ပြားေစေသာ ဗက္တီးရီးယားပိုးႏွင့္ ကပ္ပါးေကာင္မ်ား

ေခြးမစင္ကို ေသခ်ာမက်ံဳးဘူးဆိုရင္ ေခြးမစင္မွာပါတဲ့ ဗက္တီးရီးယားပိုးနဲ႔ ကပ္ပါးေကာင္ေတြဟာ အျခားေခြးေတြဆီ/ အခန္႔မသင့္ရင္ သင့္ဆီကိုပါ အနာေရာဂါ ကူးစက္ေစႏိုင္ပါတယ္။ E. coli နဲ႔ salmonella ေတြဟာ ေခြးမစင္မွာ သယ္ေဆာင္ထားတဲ့ ဗက္တီးရီးယားပိုးအခ်ိဳ႕ပဲျဖစ္ပါတယ္။ သင့္ေခြးက နာမက်န္းျဖစ္ျခင္းလကၡဏာမျပဘူးဆိုရင္ေတာင္မွ သူတို႔ရဲ႕မစင္မွာ လူေတြနဲ႔ အျခားအိမ္ေမြးတိရစၧာန္ေတြကို ဒုကၡေပးႏိုင္တဲ့ အနာေရာဂါေတြ သယ္ေဆာင္ထားႏိုင္ပါတယ္။ ဒါ့အျပင္ ေပြးနဲ႔ တုပ္ျပားကဲ့သို႔ေသာ ပိုးအမ်ိဳးမ်ိဳးနဲ႔အတူ ကို႐ိုနာဗိုင္းရပ္စ္၊ Giardiasis၊ Parvovirus၊ Cryptosporidiosis၊ Salmonellosis နဲ႔ Campylobacteriosis စတာေတြကိုလည္း သယ္ေဆာင္ထားႏိုင္ပါတယ္။

ကပ္ပါးေကာင္ေတြနဲ႔ ဗက္တီးရီးယားပိုးဟာ အေပၚယံေျမဆီလႊာ၊ ေျမႀကီးထဲမ်ာ ႏွစ္နဲ႔ခ်ီေအာင္ ႐ွင္သန္ႏိုင္ပါတယ္။ သင့္ေခြးရဲ႕မစင္ကို မက်ံဳးျခင္းျဖင့္ သင္ဟာ အႏၲရာယ္႐ွိတဲ့ ဗက္တီးရီးယားပိုးေတြနဲ႔ ထိေတြ႕ေစႏိုင္ေျခထဲ အျခားသူေတြရဲ႕ အိမ္ေမြးတိရစၧာန္ေတြနဲ႔ ကေလးေတြကို တြန္းပို႔လိုက္ရာေရာက္ပါလိမ့္မယ္။

ဒီက်န္းမာေရးအႏၲရာယ္႐ွိတဲ့ ဗက္တီးရီးယားပိုးဟာ ေရအရည္အေသြးကိုလည္း ထိခိုက္ေစပါတယ္။ ေခြးမစင္ကို မွန္မွန္ကန္ကန္ မဖ်က္ဆီးမစြန္႔ပစ္ဘူးဆိုရင္ ေရကို ညစ္ညမ္းေစႏိုင္တဲ့ ၾသဇာဓာတ္ေတြနဲ႔ ေရာဂါပစၥယ (ေရာဂါျဖစ္ပြားေစတဲ့ ပစၥည္း) ေတြ ႐ွိပါတယ္။

၃။ သင့္ေခြး၏ မစင္အား က်ံဳးရန္မွာ သာမန္ေလာကဝတ္ပင္ျဖစ္သည္

သင့္ေခြးရဲ႕မစင္ကို က်ံဳးျခင္းဟာ သာမန္ေလာကဝတ္သာမကဘဲ ေခြးပိုင္႐ွင္တစ္ေယာက္အေနနဲ႔ သင့္တာဝန္ျဖစ္ပါတယ္။ သင့္ေခြးကို သင္ပိုင္တာေၾကာင့္ သင့္ေခြးစြန္႔ပစ္လိုက္တဲ့ အညစ္အေၾကးကို က်ံဳးဖို႔ဆိုတာ သင့္တာဝန္ပါ။ ေခြးမစင္ေတြ အမ်ားျပည္သူပိုင္ေနရာမွာ က်န္ခဲ့ရင္ အနံအသက္အားျဖင့္တင္ အမ်ားျပည္သူကို လ်င္လ်င္ျမန္ျမန္ပဲ အေႏွာင့္အယွက္ေပးပါတယ္။

၄။ ေခြးမစင္သည္ ေျမၾသဇာ မဟုတ္

ေခြးမစင္ဟာ သဘာဝေျမၾသဇာတစ္ခုလို႔ လူေတာ္ေတာ္မ်ားမ်ားလိုပဲ သင္လည္းပဲ ထင္တယ္ဆိုရင္ ေနာက္ထပ္စဥ္းစားၾကည့္ဖို႔လိုပါၿပီ။ ေခြးအမ်ားစုရဲ႕ အစာေတြက ပ႐ိုတင္းဓာတ္ႂကြယ္ဝတာေၾကာင့္ ေခြးမစင္မွာ ေျမၾသဇာရဲ႕ ေျပာင္းျပန္ဆိုးက်ိဳး႐ွိပါတယ္။ ေခြးမစင္မွာ ႏိုက္ထ႐ိုဂ်င္နဲ႔ ေဖာ့စဖရပ္စ္ဓာတ္ေတြ အလြန္ျမင့္မားပါတယ္၊ ဒါေၾကာင့္ သင္က သင့္ေခြးမစင္ကို ျမက္ခင္းေပၚမွာ ဒီအတိုင္းထားထားလိုက္မယ္ဆိုရင္ ျမက္ခင္းကိုေတာင္ ေလာင္ကြၽမ္းေစႏိုင္ပါတယ္။ သူ႕မွာ အက္စစ္သဘာဝ႐ွိတာေၾကာင့္ မက်ံဳးဘူးဆိုရင္ သင့္ျမက္ခင္းကို ေသေစပါလိမ့္မယ္။

ႏြားက အပင္ေတြကိုပဲ စားတာေၾကာင့္ ေခြးမစင္ဟာ ႏြားမစင္နဲ႔ မတူပါဘူး။ ႏြားမစင္ကို ဥယ်ာဥ္ေတြနဲ႔ လယ္ယာေတြမွာ သစ္႐ြက္ေဆြးေျမၾသဇာအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ ေခြးမစင္က်ေတာ့ ေျမၾသဇာျဖစ္ေအာင္ ေသခ်ာက်က်နနျပဳလုပ္ထားတာမဟုတ္ရင္ သူ႕မွာပါဝင္တဲ့ ဗက္တီးရီးယားပိုးနဲ႔ သစ္သီး၊ ဟင္းသီးဟင္း႐ြက္နဲ႔ ပတ္ဝန္းက်င္ဧရိယာေတြကို ညစ္ညမ္းေစႏိုင္ပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 4 Reasons You Need To Pick Up Your Dog's Poop (doggydogood)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service