အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြစ်

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
2 May 2024 1:23 pm တွင် တင်ခဲ့သည်
476 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စုတွင် ၄၄ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် မကြာသေးမီက ရောင်းချလိုက်ရာ ၂၀၀၆ ခုနှစ်က အဆိုပါမိုးမျှော်တိုက်ကြီး၏ ပေါက်ဈေးမှ အစွန်းထွက် ပမာဏပင် မရှိချေ။

ယခု အရောင်းအဝယ်မှာ မြောက်အမေရိကတွင် ရုံးခန်းအိမ်ခြံမြေ deman ကျဆင်းနေပြီး work from home အလုပ်လုပ်သည့် trend မြင့်တက်လာနေမှုကို ပြသနေသည်။

အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့လယ်တွင် တည်ရှိပြီး စိန့်လူးဝစ်၏ အမြင့်မားဆုံး အဆောက်အအုံများတွင် ပါဝင်သော AT & T Center အဆောက်အအုံကြီးသည် ၂၀၀၆ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂၀၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော မိုးမျှော်တိုက်ကြီးဖြစ်သည်။

အဆိုပါ မိုးမျှော်တိုက်ကြီးသည် ယခုလအစောပိုင်းက ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။

အမှတ် ၉၀၉ ၊ Chestnut လမ်းပေါ်တွင် တည်ရှိပြီး စတုရန်းပေ ၁ ဒသမ ၄၆ သန်း ကျယ်ဝန်းသော အဆောက်အအုံကြီးကို တိုက်ခန်းတစ်ခန်းဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သူမှာ ဘော့စ်တွန်မြို့အခြေစိုက် Goldman Group ကုမ္ပဏီမှဖြစ်ကြောင်း CoStar က ဖော်ပြသည်။

 

(စိန့်လူးဝစ်မြို့ရှိ မိုးမျှော်တိုက်ကြီးကို အလွန်တရာများပြားလှသော လျှော့ဈေးဖြင့် ရောင်းချခဲ့သည်။ ဓာတ်ပုံ-Wikipedia)

Goldman Group သည် AT & T မိုးမျှော်တိုက်ကြီးကို SomeraRoad Holdings ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မိုးမျှော်တိုက်ကြီး၏ ၁ စတုရန်းပေ ဈေးနှုန်းမှာ ၁၈ နှစ်တာ ကာလအတွင်း ဒေါ်လာ ၁၄၀ မှ ၂ ဒသမ ၅၀ ဒေါ်လာအထိ ကျဆင်းသွားခဲ့ကြောင်း CoStar ၏ အချက်အလက်များတွင် ဖော်ပြသည်။

နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုပါက နယူးယောက်မြို့ စက်မှုဇုန်ရှိ စတုရန်းပေ ၈၂၀၀ ကျယ်ဝန်းသော ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံမှာ ပုံမှန်ဈေးနှုန်း ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းခန့်ရှိကြောင်း Zillow တွင် ဈေးကွက်တင်ထားသော အချက်အလက်များအရ သိရသည်။

ထို့အပြင် နယူးယောက်မြို့လယ်မှ စတုရန်းပေ ၂၀၀၀ ခန့်ကျယ်ဝန်းသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နေရာကို ဝယ်မည်ဆိုလျှင် ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းခန့် ကျသင့်မည်ဖြစ်သည်။

 

(ဓာတ်ပုံ-Urban Angle)

ကာလကြာရှည်လူသူကင်းမဲ့နေသော မိုးမျှော်တိုက်ကြီး တည်ရှိရာနေရာကို ပျက်စီးယိုယွင်းနေသော နေရာ အဖြစ် စိန့်လူးဝစ်မြို့ စီမံကိန်းကော်မရှင်က ၂၀၂၃ ခုနှစ်တွင် ကြေညာထားခဲ့သည်။

ရောင်းချလိုက်သူ SomeraRoad Holdings က ဤမိုးမျှော်တိုက်ကြီးကို လူနေခန်းပေါင်း ၃၀၆ ခန်း၊ ဟိုတယ်ခန်း ၃၀၀၊ လက်လီအရောင်းနေရာ စတုရန်းပေ ၃၇၀၀၀ ဖြင့် ပြန်လည်ဖွဲ့စည်းမွမ်းမံရန် စီမံကိန်းလျှောက်ထား ခဲ့သည်။

သို့သော် SomeraRoad ၏ အဆိုပါအစီအစဉ်မှာ အကောင်အထည်ပေါ်မလာခဲ့။

 

 

(ပြန်လည်မွမ်းမံရေး အစီအစဉ်များရှိခဲ့သော်လည်း လက်တွေ့အကောင်အထည်ပေါ်မလာခဲ့ချေ။)

 

ဓာတ်ပုံ-Wampa-One/ Flickr)

 

(ဓာတ်ပုံ-FOX 2 St Louis)

 

AT & T မိုးမျှော်တိုက်ကြီးသည် အမေရိကန်ပြည်ထောင်စုတွင် ဒုတိယအကြီးမားဆုံး လူသူကင်းမဲ့သည့် ရုံးခန်းအဆောက်အအုံကြီးဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက လူသူကင်းမဲ့သွားခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် လူမရှိသော အကြီးမားဆုံး ရုံးခန်းအဆောက်အအုံကြီးမှာ တက္ကဆပ်ပြည်နယ်၊ Plano မြို့၊ Legacy Drive လမ်း၊ အမှတ် ၅၄၀၀ တွင် တည်ရှိပြီး စတုရန်းပေ ၁ ဒသမ ၅၉ သန်း အကျယ်အဝန်း ရှိသည်။

 

(မိုးမျှော်တိုက်ကြီးသည် ၁၈ နှစ်တာကာလအတွင်း ၁ စတုရန်းပေလျှင် ဒေါ်လာ ၁၄၀ မှ ၂ ဒသမ ၅၀ ဒေါ်လာ အထိ ထိုးကျသွားခဲ့သည်။ ဓာတ်ပုံ-zillow)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Entire Skyscraper In Downtown St. Louis Just Sold For Less Than An Apartment In New York (boredpanda)

Photo Credit: Wikipedia, Urban Angle, Wampa-One/ Flickr, FOX 2 St Louis, zillow

 

 

 

[Zawgyi]

အေမရိကန္ျပည္၊ စိန္႔လူးဝစ္ျမိဳ႕လယ္မွ ကန္ေဒၚလာ ၂၀၅ သန္းတန္ မိုးေမွ်ာ္တိုက္ၾကီးတစ္ခုလံုးကို တိုက္ခန္းတစ္ခန္းေစ်းပင္ မရွိေသာေစ်းႏႈန္းျဖင့္ အံ့အားသင့္ဖြယ္ အေရာင္းအဝယ္ျဖစ္

 

အေမရိကန္ျပည္ေထာင္စုတြင္ ၄၄ ထပ္ျမင့္မားေသာ မိုးေမွ်ာ္တိုက္ၾကီးတစ္ခုလံုးကို ကန္ေဒၚလာ ၃ ဒသမ ၆ သန္းျဖင့္ မၾကာေသးမီက ေရာင္းခ်လိုက္ရာ ၂၀၀၆ ခုႏွစ္က အဆိုပါမိုးေမွ်ာ္တိုက္ၾကီး၏ ေပါက္ေစ်းမွ အစြန္းထြက္ ပမာဏပင္ မရွိေခ်။

ယခု အေရာင္းအဝယ္မွာ ေျမာက္အေမရိကတြင္ ရံုးခန္းအိမ္ျခံေျမ deman က်ဆင္းေနျပီး work from home အလုပ္လုပ္သည့္ trend ျမင့္တက္လာေနမႈကို ျပသေနသည္။

အေမရိကန္ျပည္ေထာင္စု၊ မစ္ဇူရီျပည္နယ္၊ စိန္႔လူးဝစ္ျမိဳ႕လယ္တြင္ တည္ရွိျပီး စိန္႔လူးဝစ္၏ အျမင့္မားဆံုး အေဆာက္အအံုမ်ားတြင္ ပါဝင္ေသာ AT & T Center အေဆာက္အအံုၾကီးသည္ ၂၀၀၆ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၂၀၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေသာ မိုးေမွ်ာ္တိုက္ၾကီးျဖစ္သည္။

အဆိုပါ မိုးေမွ်ာ္တိုက္ၾကီးသည္ ယခုလအေစာပိုင္းက ပိုင္ရွင္အေျပာင္းအလဲျဖစ္ေပၚခဲ့သည္။

အမွတ္ ၉၀၉ ၊ Chestnut လမ္းေပၚတြင္ တည္ရွိျပီး စတုရန္းေပ ၁ ဒသမ ၄၆ သန္း က်ယ္ဝန္းေသာ အေဆာက္အအံုၾကီးကို တိုက္ခန္းတစ္ခန္းေစ်းႏႈန္းမွ်ျဖင့္ ဝယ္ယူလိုက္သူမွာ ေဘာ့စ္တြန္ျမိဳ႕အေျခစိုက္ Goldman Group ကုမၸဏီမွျဖစ္ေၾကာင္း CoStar က ေဖာ္ျပသည္။

(စိန္႔လူးဝစ္ျမိဳ႕ရွိ မိုးေမွ်ာ္တိုက္ၾကီးကို အလြန္တရာမ်ားျပားလွေသာ ေလွ်ာ့ေစ်းျဖင့္ ေရာင္းခ်ခဲ့သည္။ ဓာတ္ပံု-Wikipedia)

Goldman Group သည္ AT & T မိုးေမွ်ာ္တိုက္ၾကီးကို SomeraRoad Holdings ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

မိုးေမွ်ာ္တိုက္ၾကီး၏ ၁ စတုရန္းေပ ေစ်းႏႈန္းမွာ ၁၈ ႏွစ္တာ ကာလအတြင္း ေဒၚလာ ၁၄၀ မွ ၂ ဒသမ ၅၀ ေဒၚလာအထိ က်ဆင္းသြားခဲ့ေၾကာင္း CoStar ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ႏႈိင္းယွဥ္ေလ့လာၾကည့့္မည္ဆိုပါက နယူးေယာက္ျမိဳ႕ စက္မႈဇုန္ရွိ စတုရန္းေပ ၈၂၀၀ က်ယ္ဝန္းေသာ ကူးသန္း ေရာင္းဝယ္ေရးဆိုင္ရာ အေဆာက္အအံုမွာ ပံုမွန္ေစ်းႏႈန္း ကန္ေဒၚလာ ၄ ဒသမ ၅ သန္းခန္႔ရွိေၾကာင္း Zillow တြင္ ေစ်းကြက္တင္ထားေသာ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔အျပင္ နယူးေယာက္ျမိဳ႕လယ္မွ စတုရန္းေပ ၂၀၀၀ ခန္႔က်ယ္ဝန္းေသာ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေနရာကို ဝယ္မည္ဆိုလွ်င္ ကန္ေဒၚလာ ၄ ဒသမ ၁ သန္းခန္႔ က်သင့္မည္ျဖစ္သည္။

(ဓာတ္ပံု-Urban Angle)

ကာလၾကာရွည္လူသူကင္းမဲ့ေနေသာ မိုးေမွ်ာ္တိုက္ၾကီး တည္ရွိရာေနရာကို ပ်က္စီးယိုယြင္းေနေသာ ေနရာ အျဖစ္ စိန္႔လူးဝစ္ျမဳိ႕ စီမံကိန္းေကာ္မရွင္က ၂၀၂၃ ခုႏွစ္တြင္ ေၾကညာထားခဲ့သည္။

ေရာင္းခ်လိုက္သူ SomeraRoad Holdings က ဤမိုးေမွ်ာ္တိုက္ၾကီးကို လူေနခန္းေပါင္း ၃၀၆ ခန္း၊ ဟိုတယ္ခန္း ၃၀၀၊ လက္လီအေရာင္းေနရာ စတုရန္းေပ ၃၇၀၀၀ ျဖင့္ ျပန္လည္ဖြဲ႔စည္းမြမ္းမံရန္ စီမံကိန္းေလွ်ာက္ထား ခဲ့သည္။

သို႔ေသာ္ SomeraRoad ၏ အဆိုပါအစီအစဥ္မွာ အေကာင္အထည္ေပၚမလာခဲ့။

(ျပန္လည္မြမ္းမံေရး အစီအစဥ္မ်ားရွိခဲ့ေသာ္လည္း လက္ေတြ႔အေကာင္အထည္ေပၚမလာခဲ့ေခ်။ ဓာတ္ပံု-Wampa-One/ Flickr)

(ဓာတ္ပံု-FOX 2 St Louis)

AT & T မိုးေမွ်ာ္တိုက္ၾကီးသည္ အေမရိကန္ျပည္ေထာင္စုတြင္ ဒုတိယအၾကီးမားဆံုး လူသူကင္းမဲ့သည့္ ရံုးခန္းအေဆာက္အအံုၾကီးျဖစ္ျပီး ၂၀၁၇ ခုႏွစ္ကတည္းက လူသူကင္းမဲ့သြားျခင္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ လူမရွိေသာ အၾကီးမားဆံုး ရံုးခန္းအေဆာက္အအံုၾကီးမွာ တကၠဆပ္ျပည္နယ္၊ Plano ျမိဳ႕၊ Legacy Drive လမ္း၊ အမွတ္ ၅၄၀၀ တြင္ တည္ရွိျပီး စတုရန္းေပ ၁ ဒသမ ၅၉ သန္း အက်ယ္အဝန္း ရွိသည္။

(မိုးေမွ်ာ္တိုက္ၾကီးသည္ ၁၈ ႏွစ္တာကာလအတြင္း ၁ စတုရန္းေပလွ်င္ ေဒၚလာ ၁၄၀ မွ ၂ ဒသမ ၅၀ ေဒၚလာ အထိ ထုိးက်သြားခဲ့သည္။ ဓာတ္ပံု-zillow)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Entire Skyscraper In Downtown St. Louis Just Sold For Less Than An Apartment In New York (boredpanda)

Photo Credit: Wikipedia, Urban Angle, Wampa-One/ Flickr, FOX 2 St Louis, zillow

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service