iMyanmarHouse.com တွင် အကောင့်ဖွင့်ခြင်းမှာ နှစ်မျိုးနှစ်စား ရှိပါသည်။
(၁)
သာမာန်အကောင့် ဖွင့်နိုင်ပါသည်။
(၂)
အကျိုးဆောင်ကုမ္ပဏီ အကောင့် ဖွင့်နိုင်ပါသည်။
အကောင့် အမျိုးအစား နှစ်ခုစလုံးမှာ အခမဲ့ (FREE) ဖြစ်ပါသည်။ ကြော်ငြာများကို အခမဲ့ တင်ခွင့်ရှိပါသည်။ သို့သော် အကျိုးဆောင်ကုမ္ပဏီ အကောင့်မှာ လုပ်ဆောင်ချက်များ ပိုမိုပါဝင်ပါသည်။
ပိုမိုပါဝင်သော လုပ်ဆောင်ချက်များမှာ (က) အကျိုးဆောင်ကုမ္ပဏီ အကောင့်မှ တင်ထားသော ကြော်ငြာများ၏ ညာဖက်ခြမ်းတွင် အကျိုးဆောင်ကုမ္ပဏီ၏ အချက်အလက်များ (ဆက်သွယ်ရန်ဖုန်း ၊ လိပ်စာ အစရှိသည်တို့) ကို ဖော်ပြထားပါသည်။
(ခ) အကျိုးဆောင်ကုမ္ပဏီ အကောင့်များကို
အကျိုးဆောင်များ ဟူသော
Menu အောက်တွင် ဖော်ပြခြင်းခံရပါမည်။
(ဂ) အကျိုးဆောင်ကုမ္ပဏီ အကောင့်တိုင်းတွင် ကိုယ်ပိုင် သီးသန့် စာမျက်နှာ (Page) ရှိပါသည်။
(ဃ) အကျိုးဆောင်ကုမ္ပဏီ အကောင့်မှ တင်ထားသော ရောင်းရန် (သို့) ငှားရန် ကြော်ငြာများကို လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။
သာမာန်အကောင့်မှ အကျိုးဆောင်ကုမ္ပဏီ အကောင့်သို့ အဆင့်မြှင့် (Upgrade) ၍ ရပါသည်။