ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်

ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ် - Property News in Myanmar from iMyanmarHouse.com
17 May 2024 11:02 am တွင် တင်ခဲ့သည်
398 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်နေ အမျိုးသမီးတစ်ဦးက ခြောက်ခြားဖွယ် ရှေးဟောင်း ပစ္စည်းများ၊ သင်္ချိုင်းကျောက်စာတိုင်များ၊ ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများဖြင့် အတိပြီးနေသော သူ၏ကျောချမ်းဖွယ်နေအိမ်အကြောင်း ပြောပြလာသည်။

ဘက်ကီ အန်း ဂါလန်တင်းအမည်ရှိ အမျိုးသမီးမှာ သူနေထိုင်ကြီးပြင်းခဲ့ရသည့် ပတ်ဝန်းကျင်ကြောင့်လည်း ထိတ်လန့်ဖွယ်ရာများကို စိတ်ဝင်စားလာခြင်း ဖြစ်နိုင်သည်။

ဘက်ကီ၏ မိဘများမှာ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူများဖြစ်ကြသည်။

မိဘများမှာ သမိုင်းဝင် ရှေးဟောင်းပစ္စည်းများကို အဓိက ရောင်းချသည်။

ဘက်ကီစိတ်ဝင်စားသည်မှာမူ ခြောက်ခြားဖွယ် ဓာတ်ပုံဟောင်းများနှင့် ခေါင်းတလားများ ဖြစ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ဘက်ကီသည် သူ၏အိမ်တွင် ထားရှိရန် ခြောက်ခြားဖွယ် ရှေးဟောင်းပစ္စည်း ရာနှင့်ချီကာ စုဆောင်းခဲ့သည်။

ဘက်ကီ၏ အိမ်မှာ ၁၉၀၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော ရှေးဟောင်းအိမ်တစ်လုံးဖြစ်ပြီး ဘက်ကီက ခင်ပွန်းဖြစ်သူ Josh Rawson (၃၂ နှစ်) နှင့် အတူနေထိုင်သည်။

ခင်ပွန်းဖြစ်သူ Rawson မှာ ပရလောကသုတေသီတစ်ဦး ဖြစ်သည်။ မိမိစုဆောင်းထားသော ပစ္စည်းတိုင်းတွင် ဝိဉာဉ်ရှိနေသည်ဟု ခံစားရကြောင်း ဘက်ကီက ပြောသည်။

(ဘက်ကီ စုဆောင်းထားသော ပစ္စည်းများတွင် သင်္ချိုင်းကျောက်စာတိုင်ဟောင်းများလည်း ပါဝင်သည်။ ဓာတ်ပုံ-Beckie-Ann Galentine/SWNS)

“သာမာန်လူတွေများစွာဟာ သမိုင်းတင်မခံရဘဲ သေဆုံးမှုနဲ့အတူ ပျောက်ကွယ်သွားကြရတယ်။ သူတို့ကို မှတ်မိနေဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီလိုပစ္စည်းတွေကို စုဆောင်းတာပါပဲ” ဟု သူမက ပြောသည်။

ဘက်ကီစုဆောင်းထားသော ပစ္စည်းအများစုမှာ လေလံကုမ္ပဏီများ၊ အဟောင်းဈေးများနှင့် ရှေးဟောင်းပစ္စည်းဆိုင်များမှ ဝယ်ယူထားခြင်း ဖြစ်သည်။

အချို့သူများမှာ အမွေဆက်ခံရရှိသော ပစ္စည်းအချို့ကို နေအိမ်တွင် မထားရဲသောကြောင့် မိမ်ိထံ ပေးပို့သူများ လည်းရှိကြောင်း ဘက်ကီက ပြောသည်။

“စိတ်ကျန်းမာရေးဆေးရုံတွေမှာ အရူးတွေကို လက်တွေ မလှုပ်နိုင်အောင် ဖန်တီးထားတဲ့ အင်္ကျီတွေမျိုးကနေ ဆေးရုံ ဗီရိုတွေအထိ ကျွန်မတို့မှာ ရှိပါတယ်။ ဆေးရုံတစ်ခုကနေရတဲ့ သရဲခြောက်တဲ့ wheelchair တစ်လုံး လည်း ရှိပါတယ်။ ဒီ wheelchair ရဲ့ ပိုင်ရှင်က သူ့အိမ်ကို ယူမသွားရဲလို့ ကျွန်မတို့ကို ပေးခဲ့တာ ဖြစ်ပါတယ်”

ဘက်ကီပိုင်ဆိုင်ထားသော ခြောက်ခြားဖွယ်ပစ္စည်းတစ်ခုမှာ အသံကို မိမိထံမှ မထွက်ဘဲ အရုပ်မှ အသံထွက် ဟန် လှည့်စားဖျော်ဖြေတင်ဆက်သူများ အသုံးပြုသည့် အရုပ်တစ်စုံဖြစ်ပြီး ၁၉၃၀ ပြည့်လွန် ကာလများက အသုံးပြုခဲ့သည့်ပစ္စည်း ဖြစ်သည်။

အဆိုပါအရုပ်များကို ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦးက ဘက်ကီအား ပေးခဲ့ခြင်း ဖြစ်သည်။

အရုပ်များမှာ အလွန်ကံဆိုးမိုးမှောင်ကျစေသော ကျိန်စာသင့်အရုပ်များဖြစ်ပြီး ထိုအရုပ်များ ပိုင်ဆိုင်ထားသည့် ကာလမှာ မိမိဘဝတွင် အဆိုးရွားဆုံးကာလများဖြစ်ခဲ့ကြောင်း ရှေးဟောင်းပစ္စည်းစုဆောင်းသူက ဘက်ကီကို ပြောခဲ့သည်။

(ဘက်ကီ၏ အိမ်တွင် ခေါင်းတလားများလည်း ရှိသည်။ ဓာတ်ပုံ-Beckie-Ann Galentine/SWNS)

ဤပစ္စည်းများကို မိမိအိမ်သို့ ယူဆောင်ရသည်မှာ တုန်လှုပ်မိကြောင်းလည်း ဘက်ကီက ပြောသည်။

(ဘက်ကီ၏ အိမ်မှ ကျိန်စာသင့် အရုပ်များ။ ဓာတ်ပုံ-Beckie-Ann Galentine/SWNS)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet the woman who shares the ‘world’s spookiest home’ with cursed dolls and coffins (metro)

Photo Credit- Beckie-Ann Galentine/SWNS

[Zawgyi]

က်ိန္စာသင့္အရုပ္မ်ား၊ ေခါင္းတလားမ်ားႏွင့္ ေျခာက္ျခားဖြယ္ပစၥည္းမ်ား စုေဆာင္းထားေသာ အေမရိကန္မွ မိန္းကေလးတစ္ဦး၏ ေက်ာခ်မ္းဖြယ္ ေနအိမ္

အေမရိကန္ျပည္ေထာင္စု၊ ဗာဂ်ီးနီးယားျပည္နယ္ေန အမ်ဳိးသမီးတစ္ဦးက ေျခာက္ျခားဖြယ္ ေရွးေဟာင္း ပစၥည္းမ်ား၊ သခၤ်ဳိင္းေက်ာက္စာတိုင္မ်ား၊ က်ိန္စာသင့္အရုပ္မ်ား၊ ေခါင္းတလားမ်ားျဖင့္ အတိျပီးေနေသာ သူ၏ေက်ာခ်မ္းဖြယ္ေနအိမ္အေၾကာင္း ေျပာျပလာသည္။

ဘက္ကီ အန္း ဂါလန္တင္းအမည္ရွိ အမ်ဳိးသမီးမွာ သူေနထိုင္ၾကီးျပင္းခဲ့ရသည့္ ပတ္ဝန္းက်င္ေၾကာင့္လည္း ထိတ္လန္႔ဖြယ္ရာမ်ားကို စိတ္ဝင္စားလာျခင္း ျဖစ္ႏိုင္သည္။

ဘက္ကီ၏ မိဘမ်ားမွာ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္ဖြင့္ထားသူမ်ားျဖစ္ၾကသည္။

မိဘမ်ားမွာ သမိုင္းဝင္ ေရွးေဟာင္းပစၥည္းမ်ားကို အဓိက ေရာင္းခ်သည္။ ဘက္ကီစိတ္ဝင္စားသည္မွာမူ ေျခာက္ျခားဖြယ္ ဓာတ္ပံုေဟာင္းမ်ားႏွင့္ ေခါင္းတလားမ်ား ျဖစ္သည္။

ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ဘက္ကီသည္ သူ၏အိမ္တြင္ ထားရွိရန္ ေျခာက္ျခားဖြယ္ ေရွးေဟာင္းပစၥည္း ရာႏွင့္ခ်ီကာ စုေဆာင္းခဲ့သည္။

ဘက္ကီ၏ အိမ္မွာ ၁၉၀၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ ေရွးေဟာင္းအိမ္တစ္လံုးျဖစ္ျပီး ဘက္ကီက ခင္ပြန္းျဖစ္သူ Josh Rawson (၃၂ ႏွစ္) ႏွင့္ အတူေနထိုင္သည္။

ခင္ပြန္းျဖစ္သူ Rawson မွာ ပရေလာကသုေတသီတစ္ဦး ျဖစ္သည္။ မိမိစုေဆာင္းထားေသာ ပစၥည္းတိုင္းတြင္ ဝိဥာဥ္ရွိေနသည္ဟု ခံစားရေၾကာင္း ဘက္ကီက ေျပာသည္။

(ဘက္ကီ စုေဆာင္းထားေသာ ပစၥည္းမ်ားတြင္ သခၤ်ဳိင္းေက်ာက္စာတိုင္ေဟာင္းမ်ားလည္း ပါဝင္သည္။ ဓာတ္ပံု-Beckie-Ann Galentine/SWNS)

“သာမာန္လူေတြမ်ားစြာဟာ သမိုင္းတင္မခံရဘဲ ေသဆံုးမႈနဲ႔အတူ ေပ်ာက္ကြယ္သြားၾကရတယ္။ သူတို႔ကို မွတ္မိေနဖို႔ တစ္ခုတည္းေသာ နည္းလမ္းက ဒီလိုပစၥည္းေတြကို စုေဆာင္းတာပါပဲ” ဟု သူမက ေျပာသည္။

ဘက္ကီစုေဆာင္းထားေသာ ပစၥည္းအမ်ားစုမွာ ေလလံကုမၸဏီမ်ား၊ အေဟာင္းေစ်းမ်ားႏွင့္ ေရွးေဟာင္းပစၥည္းဆိုင္မ်ားမွ ဝယ္ယူထားျခင္း ျဖစ္သည္။

အခ်ဳိ႕သူမ်ားမွာ အေမြဆက္ခံရရွိေသာ ပစၥည္းအခ်ဳိ႕ကို ေနအိမ္တြင္ မထားရဲေသာေၾကာင့္ မိမ္ိထံ ေပးပို႔သူမ်ား လည္းရွိေၾကာင္း ဘက္ကီက ေျပာသည္။

“စိတ္က်န္းမာေရးေဆးရံုေတြမွာ အရူးေတြကို လက္ေတြ မလႈပ္ႏိုင္ေအာင္ ဖန္တီးထားတဲ့ အကၤ်ီေတြမ်ဳိးကေန ေဆးရံု ဗီရိုေတြအထိ ကၽြန္မတို႔မွာ ရွိပါတယ္။ ေဆးရံုတစ္ခုကေနရတဲ့ သရဲေျခာက္တဲ့ wheelchair တစ္လံုး လည္း ရွိပါတယ္။ ဒီ wheelchair ရဲ႕ ပိုင္ရွင္က သူ႔အိမ္ကို ယူမသြားရဲလို႔ ကၽြန္မတို႔ကို ေပးခဲ့တာ ျဖစ္ပါတယ္”

ဘက္ကီပိုင္ဆိုင္ထားေသာ ေျခာက္ျခားဖြယ္ပစၥည္းတစ္ခုမွာ အသံကို မိမိထံမွ မထြက္ဘဲ အရုပ္မွ အသံထြက္ ဟန္ လွည့္စားေဖ်ာ္ေျဖတင္ဆက္သူမ်ား အသံုးျပဳသည့္ အရုပ္တစ္စံုျဖစ္ျပီး ၁၉၃၀ ျပည့္လြန္ ကာလမ်ားက အသံုးျပဳခဲ့သည့္ပစၥည္း ျဖစ္သည္။

အဆိုပါအရုပ္မ်ားကို ေရွးေဟာင္းပစၥည္း စုေဆာင္းသူတစ္ဦးက ဘက္ကီအား ေပးခဲ့ျခင္း ျဖစ္သည္။

အရုပ္မ်ားမွာ အလြန္ကံဆိုးမိုးေမွာင္က်ေစေသာ က်ိန္စာသင့္အရုပ္မ်ားျဖစ္ျပီး ထိုအရုပ္မ်ား ပိုင္ဆိုင္ထားသည့္ ကာလမွာ မိမိဘဝတြင္ အဆိုးရြားဆံုးကာလမ်ားျဖစ္ခဲ့ေၾကာင္း ေရွးေဟာင္းပစၥည္းစုေဆာင္းသူက ဘက္ကီကို ေျပာခဲ့သည္။

(ဘက္ကီ၏ အိမ္တြင္ ေခါင္းတလားမ်ားလည္း ရွိသည္။ ဓာတ္ပံု-Beckie-Ann Galentine/SWNS)

ဤပစၥည္းမ်ားကို မိမိအိမ္သို႔ ယူေဆာင္ရသည္မွာ တုန္လႈပ္မိေၾကာင္းလည္း ဘက္ကီက ေျပာသည္။

(ဘက္ကီ၏ အိမ္မွ က်ိန္စာသင့္ အရုပ္မ်ား။ ဓာတ္ပံု-Beckie-Ann Galentine/SWNS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet the woman who shares the ‘world’s spookiest home’ with cursed dolls and coffins (metro)

Photo Credit- Beckie-Ann Galentine/SWNS

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...
သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...
အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

လော့စ်အိန်ဂျလိမှ အိမ်ရှင်အမျိုးသမီးက သူ၏ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် အိမ်ကို အငှားချထားရာ ငှားရမ်းသည့်သူက အင်္ဂလန်သို့ ပြောင်းရွှေ့သွားပြီးနောက် လော့စ်အိန်ဂျလိမှ အခန်းကို အချိန်ပိုင်းတရားမဝင် ပြန်လည်အငှားချ...

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
golden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service