မိုက္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ် အမေရိကန်ပြည်နယ် ၁၈ ခုတွင် မြေဧကပေါင်း ၂၄၂,၀၀၀ ကျော် ဝယ်ယူလိုက်ပြီးနောက် အမေရိကတွင် စိုက်ပျိုးမြေအများဆုံးပိုင်ဆိုင်သည့် မြေရှင်ကြီးဖြစ်လာ

မိုက္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ် အမေရိကန်ပြည်နယ် ၁၈ ခုတွင် မြေဧကပေါင်း ၂၄၂,၀၀၀ ကျော် ဝယ်ယူလိုက်ပြီးနောက် အမေရိကတွင် စိုက်ပျိုးမြေအများဆုံးပိုင်ဆိုင်သည့် မြေရှင်ကြီးဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
19 Jan 2021 11:34 am တွင် တင်ခဲ့သည်
1846 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက္ကရိုဆော့ဖ်တည်ထောင်သူ၊ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်သည် အမေရိကန်ပြည်ထောင်စုတစ်ဝန်း ပြည်နယ်ပေါင်း ၁၈ ခုတွင် မြေဧကပေါင်း ၂၄၂,၀၀၀ ကျော် ဝယ်ယူလိုက်ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စု၏ ယာမြေအများဆုံး ပိုင်ဆိုင်သူ မြေပိုင်ရှင်ကြီး တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၁၂၁ ဘီလီယံ ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဘီလ်ဂိတ်သည် စိုက်ပျိုးမြေများကို တိတ်တဆိတ်အလုံးအရင်း စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဘီလျံနာ ဘီလ်ဂိတ်ပိုင်ဆိုင်ထားသည့် မြေယာများအနက် မြေယာအများဆုံး တည်ရှိသည့် ပြည်နယ်များမှာ လူဝီစီယားနားပြည်နယ်၌ ၆၉၀၇၁ ဧက၊ အာကန်ဆော ပြည်နယ်၌ ၄၇၉၂၇ ဧက၊ အရီဇိုးနားပြည်နယ်၌ ၂၅၇၅၀ ဧက၊ နီဘရာစကာ ပြည်နယ်၌ ၂၀၅၈၈ ဧကနှင့် ဝါရှင်တန်ပြည်နယ်၌ ၁၆၀၉၇ ဧကတို့ ဖြစ်ကြသည်။

သို့သော် ဘီလ်ဂိတ်သည် စိုက်ပျိုးမြေများ ယခုကဲ့သို့ များပြားစွာ ပိုင်ဆိုင်ထားသော်လည်း စိုက်ပျိုးမြေအမျိုးအစား သာမကဘဲ အခြားသော မြေပိုင်ဆိုင်မှုများကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏ မြေအများဆုံး ပိုင်ဆိုင်သူ ထိပ်တန်း ၁၀၀ ဦး စာရင်းတွင် မပါဝင်သေးချေ။

အမေရိကန်ပြည်ထောင်စုတွင် မြေယာအမျိုးအစား အမျိုးမျိုး အများဆုံး ပိုင်ဆိုင်ထားသူမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Liberty Media ၏ ဥက္ကဌ ဂျွန် မာလုံး (John Malone) ဖြစ်ပြီး သူ၏ ပိုင်ဆိုင်မှုမှာ မြေဧကပေါင်း ၂ ဒသမ ၂ သန်း ဖြစ်သည်။

နည်းပညာနယ်မှ သူဌေးကြီးဖြစ်သူ ဘီလ်ဂိတ်သည် အဘယ်ကြောင့် ယာမြေများတွင် အလုံးအရင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည်ကိုမူ မသိရချေ။

ထိုသို့ စိုက်ပျိုးမြေဝယ်ယူမှုများကို ဘီလ်ဂိတ်၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Cascade Investments မှ ဝယ်ယူမှုမျိုးရှိသလို တိုက်ရိုက်ဝယ်ယူမှုများလည်း ရှိသည်။

၁၉၉၄ ခုနှစ်တွင် ဘီလ်နှင့် မီလင်ဒါဂိတ်တို့ ဇနီးမောင်နှံက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖြန့်ကျက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မိုက်ကယ် လာဆင်ဆိုသူကို ခန့်အပ်ခဲ့သည်။

မိုက်ကယ်လာဆင်သည် Cascade Investments မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲတစ်ဦးအဖြစ် ဘီလ်ဂိတ်ကို ဆောင်ရွက်ပေးခဲ့သည်။

ဝေါစထရိဂျာနယ်တွင် ၂၀၁၄ ခုနှစ်အတွင်း မိုက်ကယ်လာဆင်၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြခဲ့ရာ၌ Cascade Investments သည် ကယ်လီဖိုးနီးယား၊ အီလီနွိုက်စ်၊ အိုင်အိုဝါ၊ လူဝီစီယားနားနှင့် အခြားသော ပြည်နယ်များတွင် မြေဧက အနည်းဆုံး ၁၀၀,၀၀၀ ခန့် ပိုင်ဆိုင်ထားကြောင်း ဖော်ပြခဲ့ရာ ဘီလ်ဂိတ်၏ စိုက်ပျိုးမြေစုဆောင်းမှုသည် ထိုစဉ်ကတည်းက စတင်နေကြောင်း ပြသနေသည်။

၆ နှစ်အကြာ ယနေ့အခါတွင်ကား ၂၀၁၄ ကထက် ၂ ဆ များပြားသွားခဲ့ပြီ ဖြစ်သည်။ ဘီလ်ဂိတ်သည် ၂၀၁၄ ခုနှစ်အတွင်း ဖလော်ရီဒါပြည်နယ်၊ Suwannee ခရိုင်တွင် မြေဧကပေါင်း ၄၅၀၀ ကျော်ကို ကန်ဒေါ်လာ ၂၈ သန်းနီးပါးဖြင့် ဝယ်ယူခဲ့သည်ဟူသော သတင်းများ ရှိသည်။

၂၀၁၈ ခုနှစ်အတွင်းတွင်လည်း ဘီလ်ဂိတ်သည် သူ၏ဇာတိပြည်နယ် ဝါရှင်တန်တွင် မြေဧကပေါင်း ၁၆၀၀၀ ခန့်ကို ဝယ်ယူခဲ့သည်။

ထို့အပြင် Horse Heaven Hills ဒေသရှိ ဧကပေါင်း ၁၄၅၀၀ ကို အာမခံကုမ္ပဏီတစ်ခုထံမှ ကန်ဒေါ်လာ ၁၇၁ သန်းနီးပါးဖြင့် ဝယ်ယူခဲ့သည်။ အဆိုပါကုမ္ပဏီက ယင်းမြေနေရာများကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် ဝယ်ယူခဲ့ကာ ဘီလ်ဂိတ်အား ပြန်လည်ရောင်းချခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအရောင်းအဝယ်သည် ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၏ တန်ဖိုးအကြီးဆုံး မြေအရောင်းအယယ် ဖြစ်ခဲ့သည်။

ဘီလ်ဂိတ်သည် ယာမြေများတွင်သာ ရင်းနှီးမြှုပ်နှံမှုလုပ်သည်ကားမဟုတ်။ အမေရိကန်ရှိ ပြည်နယ်ပေါင်း ၁၉ ခုတွင် မြေယာအမျိုးအစားမျိုးစုံ ဧကပေါင်း ၂၆၈၉၈၄ ဧက ပိုင်ဆိုင်ထားသည်။ ထိုသို့သော ပိုင်ဆိုင်မှုများတွင် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ပြင်ရှိ 'smart city' ဟု အမည်ရသော အိမ်ရာတစ်ခုလည်း ပါဝင်သည်။

၂၀၁၇ ခုနှစ်မှ စတင်ပြီး ဘီလ်ဂိတ်သည် ဖီးနစ်မြို့ အနောက်ပိုင်းတွင် မြေဧကပေါင်း ၂၄၈၀၀ ခန့် ပိုင်ဆိုင်ထားခဲ့သည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်း Cascade Investment သည် အရီဇိုးနားပြည်နယ်တွင် Spurlock Ranch ဟု နာမည်ကျော်သည့် ဧကပေါင်း ၂၈၀၀ ကျော် ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဘီလ်ဂိတ်တို့ ဇနီးမောင်နှံသည် ၂၀၂၀ အတွင်းတွင်ပင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီဂိုခရိုင်တွင်လည်း ပင်လယ်ကမ်းခြေ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄၃ သန်းအထိ စံချိန်တင်ဈေးပေးကာ ဝယ်ယူခဲ့သေးသည်။

အိပ်ခန်း ၆ ခန်း၊ လူ ၁၀ ဦးဆန့် Jacuzzi ၊ ပင်လယ်ကို စီးမိုးကြည့်ရှုနိုင်သည့် ရေကူးကန်တို့ပါဝင်သော အဆိုပါ စံအိမ်ကြီးကို တက္ကဆပ်ပြည်နယ်မှ ဘီလျံနာကြီး T. Boone Pickens ၏ ဇနီးဟောင်း Madeleine Pickens ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ဒေသတွင်းတွင်မူ ဈေးအကြီးဆုံးအိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ခဲ့ကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Farmer Bill is now the biggest owner of agricultural land in the US - billionaire Gates buys up 242,000 acres across 18 states (dailymail)

 

[Zawgyi]

မိုကၠရိုေဆာ့ဖ္သူေဌးၾကီး ဘီလ္ဂိတ္ အေမရိကန္ျပည္နယ္ ၁၈ ခုတြင္ ေျမဧကေပါင္း ၂၄၂,၀၀၀ ေက်ာ္ ဝယ္ယူလိုက္ျပီးေနာက္ အေမရိကတြင္ စိုက္ပ်ဳိးေျမအမ်ားဆံုးပိုင္ဆိုင္သည့္ ေျမရွင္ၾကီးျဖစ္လာ

မိုကၠရိုေဆာ့ဖ္တည္ေထာင္သူ၊ ဘီလ်ံနာသူေဌးၾကီး ဘီလ္ဂိတ္သည္ အေမရိကန္ျပည္ေထာင္စုတစ္ဝန္း ျပည္နယ္ေပါင္း ၁၈ ခုတြင္ ေျမဧကေပါင္း ၂၄၂,၀၀၀ ေက်ာ္ ဝယ္ယူလိုက္ျပီးေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စု၏ ယာေျမအမ်ားဆံုး ပိုင္ဆိုင္သူ ေျမပိုင္ရွင္ၾကီး တစ္ဦး ျဖစ္လာျပီ ျဖစ္သည္။

ေဖာ့ဘ္မဂၢဇင္းၾကီး၏ ခန္႔မွန္းခ်က္အရ ကန္ေဒၚလာ ၁၂၁ ဘီလီယံ ပိုင္ဆိုင္ျပီး ကမၻာေပၚတြင္ စတုတၳေျမာက္အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္သူ ဘီလ္ဂိတ္သည္ စိုက္ပ်ဳိးေျမမ်ားကို တိတ္တဆိတ္အလံုးအရင္း စုေဆာင္းေနခဲ့ျခင္း ျဖစ္သည္။

အသက္ ၆၅ ႏွစ္အရြယ္ရွိ ဘီလ်ံနာ ဘီလ္ဂိတ္ပိုင္ဆိုင္ထားသည့္ ေျမယာမ်ားအနက္ ေျမယာအမ်ားဆံုး တည္ရွိသည့္ ျပည္နယ္မ်ားမွာ လူဝီစီယားနားျပည္နယ္၌ ၆၉၀၇၁ ဧက၊ အာကန္ေဆာ ျပည္နယ္၌ ၄၇၉၂၇ ဧက၊ အရီဇိုးနားျပည္နယ္၌ ၂၅၇၅၀ ဧက၊ နီဘရာစကာ ျပည္နယ္၌ ၂၀၅၈၈ ဧကႏွင့္ ဝါရွင္တန္ျပည္နယ္၌ ၁၆၀၉၇ ဧကတို႔ ျဖစ္ၾကသည္။

သို႔ေသာ္ ဘီလ္ဂိတ္သည္ စိုက္ပ်ဳိးေျမမ်ား ယခုကဲ့သို႔ မ်ားျပားစြာ ပိုင္ဆိုင္ထားေသာ္လည္း စိုက္ပ်ဳိးေျမအမ်ဳိးအစား သာမကဘဲ အျခားေသာ ေျမပိုင္ဆိုင္မႈမ်ားကိုပါ ထည့္သြင္းစဥ္းစားမည္ဆိုပါက အေမရိကန္ျပည္ေထာင္စုတစ္ခုလံုး၏ ေျမအမ်ားဆံုး ပိုင္ဆိုင္သူ ထိပ္တန္း ၁၀၀ ဦး စာရင္းတြင္ မပါဝင္ေသးေခ်။

အေမရိကန္ျပည္ေထာင္စုတြင္ ေျမယာအမ်ဳိးအစား အမ်ဳိးမ်ဳိး အမ်ားဆံုး ပိုင္ဆိုင္ထားသူမွာ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ Liberty Media ၏ ဥကၠဌ ဂၽြန္ မာလံုး (John Malone) ျဖစ္ျပီး သူ၏ ပိုင္ဆိုင္မႈမွာ ေျမဧကေပါင္း ၂ ဒသမ ၂ သန္း ျဖစ္သည္။

နည္းပညာနယ္မွ သူေဌးၾကီးျဖစ္သူ ဘီလ္ဂိတ္သည္ အဘယ္ေၾကာင့္ ယာေျမမ်ားတြင္ အလံုးအရင္း ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ေနသည္ကိုမူ မသိရေခ်။

ထိုသို႔ စိုက္ပ်ဳိးေျမဝယ္ယူမႈမ်ားကို ဘီလ္ဂိတ္၏ ပုဂၢလိက ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီတစ္ခုျဖစ္ေသာ Cascade Investments မွ ဝယ္ယူမႈမ်ဳိးရွိသလို တိုက္ရိုက္ဝယ္ယူမႈမ်ားလည္း ရွိသည္။

၁၉၉၄ ခုႏွစ္တြင္ ဘီလ္ႏွင့္ မီလင္ဒါဂိတ္တို႔ ဇနီးေမာင္ႏွံက ၎တို႔၏ ပိုင္ဆိုင္မႈမ်ားကို ျဖန္႔က်က္ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ မိုက္ကယ္ လာဆင္ဆိုသူကို ခန္႔အပ္ခဲ့သည္။

မိုက္ကယ္လာဆင္သည္ Cascade Investments မွ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ အၾကီးအကဲတစ္ဦးအျဖစ္ ဘီလ္ဂိတ္ကို ေဆာင္ရြက္ေပးခဲ့သည္။

ေဝါစထရိဂ်ာနယ္တြင္ ၂၀၁၄ ခုႏွစ္အတြင္း မိုက္ကယ္လာဆင္၏ ကိုယ္ေရးအက်ဥ္းကို ေဖာ္ျပခဲ့ရာ၌ Cascade Investments သည္ ကယ္လီဖိုးနီးယား၊ အီလီႏြိဳက္စ္၊ အိုင္အိုဝါ၊ လူဝီစီယားနားႏွင့္ အျခားေသာ ျပည္နယ္မ်ားတြင္ ေျမဧက အနည္းဆံုး ၁၀၀,၀၀၀ ခန္႔ ပိုင္ဆိုင္ထားေၾကာင္း ေဖာ္ျပခဲ့ရာ ဘီလ္ဂိတ္၏ စိုက္ပ်ဳိးေျမစုေဆာင္းမႈသည္ ထိုစဥ္ကတည္းက စတင္ေနေၾကာင္း ျပသေနသည္။

၆ ႏွစ္အၾကာ ယေန႔အခါတြင္ကား ၂၀၁၄ ကထက္ ၂ ဆ မ်ားျပားသြားခဲ့ျပီ ျဖစ္သည္။ ဘီလ္ဂိတ္သည္ ၂၀၁၄ ခုႏွစ္အတြင္း ဖေလာ္ရီဒါျပည္နယ္၊ Suwannee ခရိုင္တြင္ ေျမဧကေပါင္း ၄၅၀၀ ေက်ာ္ကို ကန္ေဒၚလာ ၂၈ သန္းနီးပါးျဖင့္ ဝယ္ယူခဲ့သည္ဟူေသာ သတင္းမ်ား ရွိသည္။

၂၀၁၈ ခုႏွစ္အတြင္းတြင္လည္း ဘီလ္ဂိတ္သည္ သူ၏ဇာတိျပည္နယ္ ဝါရွင္တန္တြင္ ေျမဧကေပါင္း ၁၆၀၀၀ ခန္႔ကို ဝယ္ယူခဲ့သည္။

ထို႔အျပင္ Horse Heaven Hills ေဒသရွိ ဧကေပါင္း ၁၄၅၀၀ ကို အာမခံကုမၸဏီတစ္ခုထံမွ ကန္ေဒၚလာ ၁၇၁ သန္းနီးပါးျဖင့္ ဝယ္ယူခဲ့သည္။ အဆိုပါကုမၸဏီက ယင္းေျမေနရာမ်ားကို ၂၀၁၀ ျပည့္ႏွစ္အတြင္း ကန္ေဒၚလာ ၇၅ သန္းျဖင့္ ဝယ္ယူခဲ့ကာ ဘီလ္ဂိတ္အား ျပန္လည္ေရာင္းခ်ခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါအေရာင္းအဝယ္သည္ ၂၀၁၈ ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စု၏ တန္ဖိုးအၾကီးဆံုး ေျမအေရာင္းအယယ္ ျဖစ္ခဲ့သည္။

ဘီလ္ဂိတ္သည္ ယာေျမမ်ားတြင္သာ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္သည္ကားမဟုတ္။ အေမရိကန္ရွိ ျပည္နယ္ေပါင္း ၁၉ ခုတြင္ ေျမယာအမ်ဳိးအစားမ်ဳိးစံု ဧကေပါင္း ၂၆၈၉၈၄ ဧက ပိုင္ဆိုင္ထားသည္။ ထိုသို႔ေသာ ပိုင္ဆိုင္မႈမ်ားတြင္ အရီဇိုးနားျပည္နယ္၊ ဖီးနစ္ျမိဳ႕ျပင္ရွိ 'smart city' ဟု အမည္ရေသာ အိမ္ရာတစ္ခုလည္း ပါဝင္သည္။

၂၀၁၇ ခုႏွစ္မွ စတင္ျပီး ဘီလ္ဂိတ္သည္ ဖီးနစ္ျမိဳ႕ အေနာက္ပိုင္းတြင္ ေျမဧကေပါင္း ၂၄၈၀၀ ခန္႔ ပိုင္ဆိုင္ထားခဲ့သည္။

ျပီးခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္အတြင္း Cascade Investment သည္ အရီဇိုးနားျပည္နယ္တြင္ Spurlock Ranch ဟု နာမည္ေက်ာ္သည့္ ဧကေပါင္း ၂၈၀၀ ေက်ာ္ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီးကို ကန္ေဒၚလာ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ဘီလ္ဂိတ္တို႔ ဇနီးေမာင္ႏွံသည္ ၂၀၂၀ အတြင္းတြင္ပင္ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဒီဂိုခရိုင္တြင္လည္း ပင္လယ္ကမ္းေျခ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၄၃ သန္းအထိ စံခ်ိန္တင္ေစ်းေပးကာ ဝယ္ယူခဲ့ေသးသည္။

အိပ္ခန္း ၆ ခန္း၊ လူ ၁၀ ဦးဆန္႔ Jacuzzi ၊ ပင္လယ္ကို စီးမိုးၾကည့္ရႈႏိုင္သည့္ ေရကူးကန္တို႔ပါဝင္ေသာ အဆိုပါ စံအိမ္ၾကီးကို တကၠဆပ္ျပည္နယ္မွ ဘီလ်ံနာၾကီး T. Boone Pickens ၏ ဇနီးေဟာင္း Madeleine Pickens ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ကာ ေဒသတြင္းတြင္မူ ေစ်းအၾကီးဆံုးအိမ္ျခံေျမအေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ခဲ့ေၾကာင္း ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Farmer Bill is now the biggest owner of agricultural land in the US - billionaire Gates buys up 242,000 acres across 18 states (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service