ဩရသနှင့်အကြီးဆုံးသားသမီးက မွေးသောအမွေမမီမြေးအပြိုင်ပြသာနာ

ဩရသနှင့်အကြီးဆုံးသားသမီးက မွေးသောအမွေမမီမြေးအပြိုင်ပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
15 Nov 2020 11:38 am တွင် တင်ခဲ့သည်
2106 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြန်မာဓလေ့ထုံးတမ်းဥပဒေအရအမွေမမီမြေးဆိုသည်မှာဘိုးဘွားတစ်ယာက်ဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေမကွယ်လွန်မီ ၎င်းတို့ထက် စောလျင်စွာ ကွယ်လွန်သွားသော သားသမီးများက မွေးဖွားသည့်ထိုဘိုဘွား၏မြေးများဖြစ်သည်။

အမွေဆက်ခံခြင်း

အမွေမမီမြေးတို့၏အခွင့်အရေးသည်အမွေမီမြေးများကဲ့သို့မဟုတ်ပေ။မိဘများရရှိသင့်သည့်အခွင့်အရေးအလျှောက် မိဘကိုယ်စားအမွေဆက်ခံရရှိခြင်းမဟုတ်ဘဲမိမိတို့၏ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့်အမွေဆက်ခံခြင်းဖြစ်ပါသည်။

အမွေမမီမြေးပြသာနာ

အမွေမမီမြေးများသည် ၎င်းတို့၏ဦးလေးဒေါ်လေးတို့နှင့် အမွေခွဲဝေရာတွင် မည်သို့သောအခြေအနေတွင်ဝေစု တန်းတူရထိုက်ခွင့်ရှိသနည်းဆိုသောပြသာနာပင်ဖြစ်သည်။

အဍသံခေပဝဏ္ဏနာကျမ်းပုဒ်မ-၂၁၂ အရ ဩရသသားကြီး၊ သမီးကြီးက မွေးသော အမွေမမီမြေးသည်မိဘဖြစ်သူ၏ဩရသအခွင့်အရေးအရအမွေဝေစုလေးပုံတစ်ပုံကိုမရထိုက်ဘဲ ဦးလေး၊ ဒေါ်လေးများနှင့်အညီအမျှဝေစုရထိုက်သည်ကိုလေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် အမွေမမီမြေးများသည် ဦးလေး၊ ဒေါ်လေးများနှင့်တန်းတူ ဝေစုရရှိနိုင်ရန်မှာ မိမိ၏မိဘသည် ဩရသနှင့်အကြီးဆုံးသားသမီးဖြစ်ရန်လိုအပ်နေကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။

ထိုသို့ဆိုလျှင်အမွေမမီမြေးကို သုံးမျိုးကို တွေ့ရှိရပါသည်။

၁။ သြရသသားသမီးက မွေးသောအမွေးမမီမြေး။

၂။ အကြီးဆုံးသားသမီးက မွေးသော အမွေမမီမြေး။

၃။ ကျန်သားသမီးများက မွေးသော အမွေမမီမြေးဟူ၍ဖြစ်ပါသည်။

အပြိုင်အမွေမမီမြေး

ဩရသက မွေးသောအမွေမမီမြေး(သို့မဟုတ်)အကြီးဆုံးသားသမီးကမွေးသောအမွေမမီမြေး စသည့်ဖြင့် ယှဉ်ပြိုင်ရန်မလိုဘဲဩရသနှင့်အကြီးဆုံးသားသမီးကမွေးသောအမွေမမီမြေး(အကယ်၍ရှိလျှင်)နှစ်ဦးလုံးသည်ဦးလေး၊ ဒေါ်လေးတို့၏ဝေစုနှင့်အညီရထိုက်ခွင့်ရှိပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြ အပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဩရသႏွင့္အႀကီးဆုံးသားသမီးက ေမြးေသာအေမြမမီေျမးအၿပိဳင္ျပသာနာ

ျမန္မာဓေလ့ထုံးတမ္းဥပေဒအရအေမြမမီေျမးဆိုသည္မွာဘိုးဘြားတစ္ယာက္ျဖစ္ေစ၊ ႏွစ္ေယာက္လုံးျဖစ္ေစမကြယ္လြန္မီ ၄င္းတို႔ထက္ ေစာလ်င္စြာ ကြယ္လြန္သြားေသာ သားသမီးမ်ားက ေမြးဖြားသည့္ထိုဘိုဘြား၏ေျမးမ်ားျဖစ္သည္။

အေမြဆက္ခံျခင္း

အေမြမမီေျမးတို႔၏အခြင့္အေရးသည္အေမြမီေျမးမ်ားကဲ့သို႔မဟုတ္ေပ။မိဘမ်ားရ႐ွိသင့္သည့္အခြင့္အေရးအေလွ်ာက္ မိဘကိုယ္စားအေမြဆက္ခံရ႐ွိျခင္းမဟုတ္ဘဲမိမိတို႔၏ကိုယ္ပိုင္အခြင့္အေရးမ်ားအျဖစ္ တစ္ဦးခ်င္းအေနႏွင့္အေမြဆက္ခံျခင္းျဖစ္ပါသည္။

အေမြမမီေျမးျပသာနာ

အေမြမမီေျမးမ်ားသည္ ၎တို႔၏ဦးေလးေဒၚေလးတို႔ႏွင့္ အေမြခြဲေဝရာတြင္ မည္သို႔ေသာအေျခအေနတြင္ေဝစု တန္းတူရထိုက္ခြင့္႐ွိသနည္းဆိုေသာျပသာနာပင္ျဖစ္သည္။

အဍသံေခပဝဏၰနာက်မ္းပုဒ္မ-၂၁၂ အရ ဩရသသားႀကီး၊ သမီးႀကီးက ေမြးေသာ အေမြမမီေျမးသည္မိဘျဖစ္သူ၏ဩရသအခြင့္အေရးအရအေမြေဝစုေလးပုံတစ္ပုံကိုမရထိုက္ဘဲ ဦးေလး၊ ေဒၚေလးမ်ားႏွင့္အညီအမွ်ေဝစုရထိုက္သည္ကိုေလ့လာေတြ႕႐ွိရပါသည္။

ထို႔ေၾကာင့္ အေမြမမီေျမးမ်ားသည္ ဦးေလး၊ ေဒၚေလးမ်ားႏွင့္တန္းတူ ေဝစုရ႐ွိႏိုင္ရန္မွာ မိမိ၏မိဘသည္ ဩရသႏွင့္အႀကီးဆုံးသားသမီးျဖစ္ရန္လိုအပ္ေနေၾကာင္းလည္း ေလ့လာေတြ႕႐ွိရပါသည္။

ထိုသို႔ဆိုလွ်င္အေမြမမီေျမးကို သံုးမ်ိဳးကို ေတြ႔ရွိရပါသည္။

၁။ ၾသရသသားသမီးက ေမြးေသာအေမြးမမီေျမး။

၂။ အႀကီးဆုံးသားသမီးက ေမြးေသာ အေမြမမီေျမး။

၃။ က်န္သားသမီးမ်ားက ေမြးေသာ အေမြမမီေျမးဟူ၍ျဖစ္ပါသည္။

အၿပိဳင္အေမြမမီေျမး

ဩရသက ေမြးေသာအေမြမမီေျမး(သို႔မဟုတ္)အႀကီးဆုံးသားသမီးကေမြးေသာအေမြမမီေျမး စသည့္ျဖင့္ ယွဥ္ၿပိဳင္ရန္မလိုဘဲဩရသႏွင့္အႀကီးဆုံးသားသမီးကေမြးေသာအေမြမမီေျမး(အကယ္၍႐ွိလွ်င္)ႏွစ္ဦးလုံးသည္ဦးေလး၊ ေဒၚေလးတို႔၏ေဝစုႏွင့္အညီရထိုက္ခြင့္႐ွိပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပ အပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service