ကျုးကျော်အချို့ထုတ်ပေးထားသည့်စမတ်ကတ်များကို ပြန်လည်ရောင်းချခြင်းများရှိနေ

ကျုးကျော်အချို့ထုတ်ပေးထားသည့်စမတ်ကတ်များကို ပြန်လည်ရောင်းချခြင်းများရှိနေ - Property News in Myanmar from iMyanmarHouse.com
13 Jun 2018 10:37 am တွင် တင်ခဲ့သည်
4567 ကြိမ် ကြည့်ရှု့ပြီး
ကျူးကျော် များကို ထုတ်ပေးထားသည့် စမတ်ကတ်များ ကို တဆင့် ပြန်လည် ရောင်းချနေမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြန်လည်စိစစ် နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် လှိုင်သာယာ မဲဆန္ဒနယ်မှ ကိုမြတ်မင်းသူက ပြောသည်။

“ တဆင့်ပြန်ပြီး ရောင်းချတာလေးတွေရှိနေတော့ ကျွန်တော်တို့  ပြန်လည်စိစစ်မှုတွေ လုပ်နေရတာတွေ လဲရှိပါတယ် “ ဟု ၄င်းကဆိုသည်။
လူဦးရေ သိန်းနှင့် ချီသောကျူးကျော်များကို လက်ရှိ အစိုးရလက်ထပ်တွင် အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် အခက်အခဲရှိနေပြီး ၄င်းတို့ အား ကောင်းမွန်စွာ ပြန်လည်နေရာချထားပေးရန် တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်လျက်ရှိကြောင်း ၄င်းကဆိုသည်။

ကျူးကျော်များအတွက် ပြန်လည်နေရာချထားပေးရာတွင် လက်ရှိ စမတ်ကတ်ထုတ်ပေးရာ၌ စာရင်းလာရောက်ပေးသွင်းစဉ်က အိမ်ထောင်စု၏ အိမ်ထောင်ဦးစီး နာမည်နှင့် ပြန်လည်စိစစ်ချိန်တွင် ကွဲလွဲမှုများလည်းရှိနေသောကြောင့် အခက်အခဲတွေ့ နေရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

အမှန်တကယ်ကျူးကျော် နေထိုင်သူများအား နေရာချထား ပေးရန် ထုတ်ပေးနေသည့် စလစ်ကတ်ပြားများကို ကျူးကျော်မဟုတ်ဘဲ အခြားစီးပွားဖြစ်ကျူး ကျော်သူများက လာရောက်ထုတ်ယူမှုများလည်း စမတ်ကတ်များ ထုတ်ပေးစဉ်က ကြုံတွေ့ ခဲ့ရသေးသည်။

ကျူးကျော်များအား စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး အဖွဲ့ဝင် ၄၂ ဦးစီပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ ရှစ်ဖွဲ့က ၂၀၁၆ စက်တင်ဘာမှ ယခုနှစ် ဇူလိုင်အထိ ကောက်ယူခဲ့သည်။

ယခုအခါ ကျူးကျော်များနေထိုင်သည့် ရန်ကုန်တိုင်း မြို့နယ် ၂၇ ခုရှိ အိမ်ထောင်စုတစ်သိန်း ခြောက်သောင်းကျော်သို့ စလစ် များ ထုတ်ပေးထားကြောင်း ကျူး ကျော်စာရင်းကောက်ယူရေးအ ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service