Hotel Novotel Yangon Max နှင့် Center Point Hotel ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည် - Property News in Myanmar from iMyanmarHouse.com
1779 Views

Hotel Novotel Yangon Max နှင့် Center Point Hotel ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်

ရန်ကုန်မြို့ရှိထိပ်တန်းအဆင့် ဟိုတယ်များဖြစ်သည့် Hotel Novotel Yangon Max နှင့် Center Point ဟိုတယ်တို့ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားရန်ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မဇ္ဈိမကို ပြောသည်။

မေလဆန်းပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းမရှိ နိုင်ငံသားပိုင်အဆင့်မြင့်ဟိုတယ် တစ်လုံးဖြစ်သည့် အခန်းပေါင်း ၅၀၀ ရှိသည့် တော်ဝင်ဟိုတယ် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွင်း Max Myanmar ကုမ္ပဏီနှင့် ပြင်သစ် Accor ဟိုတယ်အုပ်စုတို့ ပူးပေါင်း တည်ဆောက်ထားသည့် Hotel Novotel Yangon Max နှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် ဆူးလေ
လမ်းမရှိ Center Point ဟိုတယ်တို့ ထပ်မံ ဖွင့်လှစ်သွားမည်ဟု ၎င်းက ပြောသည်။

ဦးအောင်ဇော်ဝင်းက “နှစ်စဉ် ဟိုတယ်အသစ်တွေ တည်ဆောက်ဖွင့်လှစ်နေတာ တိုးလာနေတယ်။ နှစ်စဉ်ဖွင့်လှစ်ထားတဲ့
ဟိုတယ်အခန်းအရေအတွက်တွေအရ ဒီနှစ်လည်း ရန်ကုန်မှာ အခန်းပေါင်း ၁,၀၀၀ ၀န်းကျင်လောက် တိုးလာဖို့ရှိပါတယ်။ ဟိုတယ်အသစ်တွေများလာတာနဲ့အမျှ ဟိုတယ်အခန်း မလုံလောက်တဲ့ ပြဿနာတွေ ပြေလည်လာမယ်”ဟု ပြောသည်။

Novotel သည် အခန်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်သွားရန်ရှိပြီး Center Point Hotel သည်လည်း အခန်းပေါင်း ၃၀၀ ခန့်ဖြင့် ဖွင့်လှစ်သွားရန်ရှိသည်ဟု ဟိုတယ်/ ခရီးဝန်ကြီးဌာနမှ သိရှိရသည်။

ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်မှု များပြားလာသော်လည်း နိုင်ငံခြားသားများ တည်းခိုနိုင်မည့် ဟိုတယ်အမျိုးအစားနှင့် ဈေးနှုန်းရှိသည့် ဟိုတယ်များ ဖွင့်လှစ်ရန် ပိုမိုလိုအပ်လျက်ရှိသည် ဟု ခရီးသွားလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။

ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၁၀,၀၀၀ ကျော်ရှိသော်လည်း ဟိုတယ် အခန်းပေါင်း ၂,၀၀၀ နှင့် ၃,၀၀၀ ၀န်းကျင်သာ နိုင်ငံခြားခရီးသည်များ ဈေးကွက်ရှိပြီး ကျန်ရှိသည့် အခန်းအရေအတွက်များသည် ပြည်တွင်းတည်းခိုမည့် ဈေးကွက်သို့သာ
အလေးထားလျက်ရှိသည် ဟု ၄င်းတို့က သုံးသပ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက “ 5 star၊ 4 star အဆင့်ဟိုတယ်တွေ ဖွင့်တာဟာ ခရီးသွားကဏ္ဍမှာ ဟိုတယ်မလုံလောက်မှုဖြစ်နေတာတွေကို အထိုက်အလျောက် ပြေလည်သွားစေမှာပါ။ ဒါပေမဲ့ ဒေါ်လာ ၁၀၀ ၀န်းကျင်နဲ့ ၀န်ဆောင်မှုပေးနိုင်မယ့် ဟိုတယ်တွေလည်း များများဖွင့် လာနိုင်ဖို့လိုအပ်တယ်။ ဒါမှလည်း ခရီးသွားတွေအတွက် အဆင်ပြေပြီး ခရီးသွားလုပ်ငန်းက ရေရှည်မှာလည်ပတ်နိုင်မှာ”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ လာရောက်မှုများပြားသည့် နိုဝင်ဘာမှ ဖေဖော်ဝါရီလများတွင် ဟိုတယ်အခန်း မလုံလောက်မှုနှင့်အတူ အခန်းခဈေးနှုန်း ကြီးမြင့်သည့်ပြဿနာများကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလျက်ရှိသည်။

မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ဟိုတယ်ပေါင်း ၉၉၁ လုံး၊ အခန်းပေါင်း ၃၈,၂၆၅ ခန်းရှိပြီး ၂၀၁၁ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အခန်းပေါင်း တစ်သောင်းကျော် တိုးတက်များပြားလာခဲ့သည်ဟု ဟိုတယ်/ ခရီးဝန်ကြီးဌာနမှ သိရှိရသည်။

Credit: Mizzima Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service