ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
Vin Diesel အကြောင်းကို ရုပ်ရှင်ပရိသတ်တိုင်း သိကြသည်။
သူ၏ဘေးတွင် ထူးခြားသော အမျိုးသမီးတစ်ဦး ရှိ၏။
ထိုအမျိုးသမီး၏ အမည်မှာ ပါလိုမာ ဟီမန်းနက်ဇ် (Paloma Jimenez ) ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက သူတို့နှစ်ဦး တွဲခဲ့ကြခြင်း ဖြစ်သည်။
Vin Diesel တို့ စုံတွဲမှာ ဟောလိဝုဒ် စံနှုန်းအရဆိုလျှင် အနေအထိုင် သိုသိပ်သည်ဟု ဆိုနိုင်သည်။
ကော်ဇောနီပွဲများတွင် ရံဖန်ရံခါမှသာ အတူတွေ့ရသည်။
Paloma မှာလည်း မထင်မရှားသာ နေထိုင်တတ်သူဖြစ်ပြီး လူမှုကွန်ရက်အကောင့်ပင် မရှိချေ။
အကောင့်တုဖြင့် သုံးခြင်းမျိုးကား ရှိကောင်းရှိနိုင်သည်။
((Vin Diesel ဘယ်သူလဲ))
Vin Diesel (မွေး ၁၉၆၇) ၏ အမည်ရင်းမှာ မာ့ခ် ဆင်ကလဲယား (Mark Sinclair) ဖြစ်ပြီး Vin Diesel ဟုသာ လူသိများသည်။
Vin Diesel သည် အမေရိကန် ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
Fast & Furious ရုပ်ရှင်ဇာတ်လမ်းတွဲတွင် Dominic Torretto အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုမှာ အထင်ရှားဆုံးဖြစ်သည်။
Vin Diesel သည် ၁၉၉၈ ခုနှစ်တွင် စတီဗင် စပီးဘတ် ရိုက်ကူးခဲ့သော Saving Private Ryan တွင် ပါဝင်သရုပ်ဆောင်ကာ စတင်ကျော်ကြားလာသည်။
((ပါလိုမာ ဟီမန်းနက်ဇ် -Paloma Jimenez ဘယ်သူလဲ))
ပါလိုမာသည် မက္ကဆီကို နိုင်ငံသူဖြစ်ပြီး ယခုအခါ အသက် ၄၁ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
မက္ကဆီကိုနိုင်ငံ၊ Acapulco ကမ်းရိုးတန်းဒေသတွင် မွေးဖွားသူ ဖြစ်သည်။
Vin Diesel နှင့် မဆုံစည်းမီက ပါလိုမာသည် မော်ဒယ်တစ်ဦးအဖြစ် အသက်မွေးခဲ့သည်။ နာမည်ကြီး ဒီဇိုင်နာများဖြစ်သော Alberto Rodriguez ၊ Carlos Demichelis တို့အပါအဝင် ဒီဇိုင်နာများစွာ၏ ပွဲများတွင် မော်ဒယ်လျှောက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း People မဂ္ဂဇင်းကြီးက ဖော်ပြသည်။
Vin Diesel တို့ စုံတွဲမှာ သိုသိုသိပ်သိပ်သာ နေထိုင်ကြပြီး Vin Diesel မှာ လူမှုကွန်ရက်သုံးစွဲသော်လည်း အလုပ်နှင့်ဆိုင်သည်များကိုသာ မျှဝေသည်။
((Vin Diesel တို့စုံတွဲ၏အချစ်ရေးခရီး Timeline))
(▲ ၂၀၀၇- Vin Diesel တို့စုံတွဲစတင် တွဲခဲ့ကြသည့်ကာလဖြစ်သည်။ ဓာတ်ပုံ-Jim Smeal/ BEI/ Shutterstock)
(▲ ၂၀၀၈ ဧပြီ- Vin Diesel တို့စုံတွဲ တစ်နှစ်ခန့် တွဲခဲ့ပြီးနောက် ဟာနီရာ ရိုင်လေ အမည်ရှိ သမီးငယ်တစ်ဦး ထွန်းကားခဲ့သည်။ ဓာတ်ပုံ-Jim Smeal/ BEI/ Shutterstock)
(▲ ၂၀၁၀-နောက် ၂ နှစ်အကြာတွင် Vin Diesel တို့စုံတွဲ Vincent အမည်ရှိ သားတစ်ဦး ထပ်မံထွန်းကားလာသည်။ ဓာတ်ပုံ-BroadImage/ Shutterstock)
(▲ ၂၀၁၅ ခုနှစ်၊ မတ်လ -Pauline အမည်ရှိ သမီးတစ်ဦး ထပ်မံထွန်းကားသည်။ ဓာတ်ပုံ-Jim Smeal/ BEI/ Shutterstock)
(▲ xXx: Return of Xander Cage စာနယ်ဇင်း မိတ်ဆက်ပွဲတွင် Vin Diesel တို့စုံတွဲကို တွေ့ရပုံ။ ဓာတ်ပုံ-BroadImage/ Shutterstock)
((Vin Diesel က လက်တွဲဖော်အပေါ် စာနာတတ်ပုံ))
Vin Diesel သည် လက်တွဲဖော် ပါလိုမာနှင့် ၃ နှစ်ခန့် လမ်းခွဲခဲ့ကြသည်။
ထိုသို့ လမ်းခွဲချိန်တွင် ပါလိုမာကို နေအိမ်မှ နှင်ထုတ်ခြင်း မပြုခဲ့။
ပါလိုမာတစ်ယောက် လူနေမှု အဆင့်နိမ့်မသွားစေရန် အဆိုပါစံအိမ်တွင်သာ ဆက်လက်နေထိုင်စေခဲ့ပြီး ၎င်းကသာ အိမ်ပေါ်မှဆင်းသွားကာ ပါလိုမာနှင့် နီးသောနေရာတွင် နေထိုင်ခဲ့သည်။
ထိုမျှမက တစ်ပတ်လျှင် တစ်ကြိမ် ပါလိုမာနှင့် သမီးဖြစ်သူတို့၏ အသုံးစရိတ်များကို ပေးပို့ခဲ့ရာ မီတာခ၊ ဖုန်းဘေဖိုးမှသည် ကုန်ကျစရိတ်အားလုံးကို ကျခံပေးခဲ့သည်။
လမ်းခွဲပြီး ၃ နှစ်ခန့်အကြာတွင် ပါလိုမာသည် ဈေးဝယ်ထွက်ရင်း အက်ဆီးဒင့်တစ်ခုဖြစ်ကာ ဆေးရုံသို့ ရောက်သွားသည်။
ထိုအချိန်တွင် Vin Diesel က ဓာတ်ပုံရိုက်ကူးနေချိန်ဖြစ်သည်။
Vin Diesel သည် သတင်းကြားသည်နှင့် ဓာတ်ပုံရိုက်ကူးမှု ချက်ခြင်းရပ်နားလိုက်ကာ ဆေးရုံသို့ အပြေးသွားခဲ့ပြီးနောက် ပါလိုမာအတွက် သူ၏သွေးကို လှူဒါန်းပေးခဲ့သည်။
ပါလိုမာ ပြန်လည်ကျန်းမာလာချိန်တွင် ၎င်းတို့နှစ်ဦး ပြန်လည်လက်တွဲခဲ့ကြသည်။ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ပင်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Vin Diesel and Paloma Jimenez’s Relationship Timeline: From Long-Time Partners to Family of 5 Photo Credit- Jim Smeal/ BEI/ Shutterstock, BroadImage/ Shutterstock