ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဟောင်ကောင်အက်ရှင်မင်းသား ဒွန်နီယန်း (၆၂ နှစ်) နှင့် သူ၏ ဇနီး စစ်စီဝမ် (၄၄ နှစ်) တို့မှာ ခိုင်မြဲသော ချစ်ခြင်းတို့ဖြင့် ချိုမြိန်သောအိမ်ထောင်ရေးခရီး သမိုင်းမှတ်တိုင်တစ်ခုကို ပရိသတ်တို့အား မျှဝေလာသည်။
ဒွန်နီယန်းတို့ စုံတွဲ၏ အိမ်ထောင်ရေးခရီးမှာ ၂၂ နှစ်ရှိပြီဖြစ်ပြီး အားလပ်ရက်များနှင့် anniversary များ၏ အမှတ်တရပုံရိပ်များကို လူမှုကွန်ရက်တွင် မကြာခဏမျှဝေလေ့ရှိသည်။
ပြီးခဲ့သော မတ်လ ၂၂ ရက်က ဇနီးဖြစ်သူ စစ်စီဝမ်သည် သူငယ်ချင်းများနှင့် ပါတီပွဲတစ်ခုတွင် သီချင်းဆိုနေစဉ် ဒွန်နီယန်းက စစ်စီဝမ်အား surprise ပြုလုပ်ခဲ့သည်။
ဒွန်နီယန်းက စစ်စီဝမ်အား ပန်းစည်းပေးကာ နမ်းရှိုက်ခဲ့မှုမှာ ပွဲလာဧည့်ပရိသတ်တို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သည်။
နှစ်ပေါင်းများစွာကာလအတွင်း ဒွန်နီယန်းနှင့် စစ်စီဝမ်တို့သည် ၎င်းတို့၏ အချစ်ရေးအကြောင်း ဖွင့်ဟပြောပြမှုများ ပြုလုပ်ခဲ့သည်။
Cosmo Bride နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒွန်နီယန်းက ပြောပြသည်မှာ မိမိအနေဖြင့် ဇနီးဖြစ်သူကို တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီသော၊ တမူထူးသော၊ တီထွင်ဆန်းသစ်သော နည်းလမ်းများဖြင့် အံ့အားသင့်အောင် လုပ်ဆောင်ရခြင်းကို သဘောကျကြောင်း ပြောသည်။
တစ်ဘက်တွင်လည်း စစ်စီဝမ်က အခက်အခဲနှင့် ရင်ဆိုင်ရချိန်မျိုးတွင် အိမ်ထောင်ရေး၏ နွေးထွေးချိုမြိန်မှုကို ထိန်းသိမ်းထားရန်အတွက် ဒွန်နီယန်းကို အားပေးနှစ်သိမ့်ပေးကာ ချစ်ခြင်းမေတ္တာကို ပြသလေ့ရှိကြောင်း ပြောကာ သူ၏နက်ရှိုင်းသောအချစ်ကို ထုတ်ဖော်ပြောဆိုသည်။
တစ်ခုသော ချစ်သူများနေ့တွင် ဒွန်နီယန်းမှာ အလုပ်ဖြင့် အဝေးတစ်နေရာတွင် ရောက်ရှိနေစဉ် စစ်စီဝမ်က ဒွန်နီယန်းထံ ပန်းချီကားများ ပို့ပေးခဲ့သည်။
ဒွန်နီယန်းက မည်မျှပျော်ရွှင်ရကြောင်းကို လူမှုကွန်ရက်တွင် “သူနဲ့ မရှိတဲ့အချိန်မျိုးမှာတောင် ချစ်ဇနီးက သေချာထုတ်ပိုးပြင်ဆင်ပြီး ပန်းချီကားတွေ ပို့ပေးခဲ့တယ်။ ကျွန်တော်အရမ်းပျော်ရွှင်ကျေနပ်ပါတယ်” ဟု ရေးသားခဲ့သည်။
(▲ ရုပ်ရှင်ရိုက် မရှိသည့်အခါမျိုးတွင် ဒွန်နီယန်းတို့ ဇနီးမောင်နှံ ကမ္ဘာပတ်လေ့ရှိသည်)
(▲ ဒွန်နီယန်းတို့ ဇနီးမောင်နှံက ၂၀၂၃ ခုနှစ်အတွင်း အိမ်ထောင်သက် နှစ် ၂၀ ပြည့်ကာလကို အီတလီတွင် ဖြတ်သန်းခဲ့ပုံ)
(▲ စစ်စီဝမ်က ဒွန်နီယန်းနှင့် နှစ်ပေါင်းများစွာ အတူဖြတ်သန်းခဲ့ပြီးနောက် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သည့် သူ၏ သဘောထားကို ထုတ်ဖော်ပြောပြသည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာဆိုသည်မှာ တစ်ဦး၏ အလှကို တစ်ဦး ခံစားနေရုံမျှ မဟုတ်ဘဲ တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက လက်ခံပေးခြင်းဖြစ်ကြောင်း စစ်စီဝမ်က ပြောသည်)
“ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်၊ အားသာချက်တွေကို သိထားပါတယ်။ အပြုသဘောကို ပိုပြီးအာရုံစိုက်နိုင်ဖို့ လေ့လာခဲ့ကြပါတယ်” ဟု စစ်စီဝမ်က ပြောသည်။
(▲ ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း သူ၏ မွေးနေ့တွင် စစ်စီဝမ်က ပြောသည်မှာ ချစ်ရသောခင်ပွန်းဖြစ်သူ၏ ချစ်ခြင်းနှင့် အားပေးကူညီမှုတို့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်)
(▲ ဒွန်နီယန်းတို့ စုံတွဲ၏ သားနှင့်သမီး။ သမီးဖြစ်သူ ဂျက်စမင်း ယန်း (၂၁ နှစ်) (ယာ) မှာ အဆိုတော်တစ်ဦးဖြစ်ပြီး သားဖြစ်သူ ဂျိမ်းစ်ယန်းမှာ အသက် ၁၈ နှစ်ဖြစ်သည်။)
(▲ ပြီးခဲ့သော မတ်လ ၂၂ ရက်က ဒွန်နီယန်းသည် HK01 သို့ ပြောပြသည်မှာ သားဖြစ်သူ ဂျိမ်းစ်ယန်း (ယာစွန်) မှာ ဂီတအထုံအားကာင်းကြောင်း ပြောပြသည်)
(▲ မကြာသေးမီက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပခဲ့သော ထိပ်တန်းလွှာ ပွဲလမ်းတစ်ခုတွင် ဒွန်နီယန်းတို့ မိသားစုကို တွေ့ခဲ့ရပုံ)
ဒွန်နီယန်းသည် ရုပ်ရှင်လောကတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည့်အနက် IP Man ရုပ်ရှင်ဇာတ်လမ်းတွဲမှာ အကျော်ကြားဆုံးဖြစ်သည်။
မကြာမီတွင် IP Man 5 နှင့် Flash Point 2 တို့ ရိုက်ကူးသွားရန် စီစဉ်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Donnie Yen enjoys sweet marriage with 18-year-younger wife Photos from official Instagram accounts of Donnie Yen and Cissy Wang