ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
Def Leppard သည် အင်္ဂလန်ရော့ခ်ဂီတအဖွဲ့ကြီး ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့တွင် ၁၉၇၆ ခုနှစ်၌ဖွဲ့စည်းခဲ့သည်။
ပါဝင်သူများမှာ Rick Savage (ဘေ့စ်ဂစ်တာနှင့် နောက်ခံအဆို)၊ Joe Elliott (ရှေ့ထွက်အဆိုတော်)၊ Rick Allen (ဒရမ်နှင့်နောက်ခံအဆို)၊ Phil Collen (ဂစ်တာနှင့်နောက်ခံအဆို)၊ and Vivian Campbell (ဂစ်တာနှင့်နောက်ခံအဆို) တို့ဖြစ်ကြသည်။
Def Leppard သည် ကမ္ဘာ့အရောင်းရဆုံး ဂီတသမားများထဲတွင် အပါအဝင်ဖြစ်ပြီး ကမ္ဘာ့တစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော်ရောင်းချထားရပြီးဖြစ်သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
All I want it everything - လေးဖြူ ကျိန်စာ
I miss you in a heartbeat -မျိုးကြီး အရင်အတိုင်းပဲမင်းကိုချစ်မယ်
Breathe a sigh - မျိုးကြီး ဆန့်ကျင်ဘက်
Hystreia - ခရစ္စတိုဖာ ပေးဆပ်မဲ့အချစ်
two steps behind - အများသုံးဘာသာစကား ၂ - ဘိုဘို(ထွဏ်းထွဏ်း စဉ်းစားကြည့်)
When love and hate collide - ထွဏ်းထွဏ်း အချစ်နဲ့အမုန်းကဗျာ (ကော်နီ အပြင်းစားလမ်းများ)
Goodbye - ထွဏ်းထွဏ်း ဝေးချိန်
(အထက်ပါစာရင်းမှာ iMyanmarHouse.com မှ ရှာဖွေရရှိသမျှသာဖြစ်ပြီး အခြားသီချင်းများစွာ ကျန်ရှိနိုင်ပါသေးသည်။)
ဂျိုး အဲလိယက် (Joe Elliott) သည် Def Leppard တေးဂီတဝိုင်း၏ ရှေ့ထွက်အဆိုတော်ဖြစ်လာပြီးနောက် ဝင်ငွေကောင်းရန် ၁၀ နှစ်ခန့်အချိန်ယူခဲ့ရသည်။
ပိုက်ဆံမရှိသောကြောင့် အဲလိယက်သည် အဖွဲ့သားများနှင့်အတူ အရက်ဆိုင်ထိုင်ကာ ဘီယာတစ်ခွက်ကို တစ်ယောက်တငုံစီမျှသောက်ခဲ့ကြရသည်။ အဲလိယက်သည် ရှက်ဖီးမြို့ရှိ အိမ်လေးတစ်လုံးတွင် ကြီးပြင်းခဲ့သည်။ ကျောင်းမှ ထွက်ကာ မြို့ကလေးရှိ စတီးစက်ရုံတွင် တစ်ပတ်လျှင် လုပ်အားခ ၈ ပေါင်မျှဖြင့် အလုပ်လုပ်ခဲ့ရ၏။
Def Leppard အဖွဲ့ကြီးသည် ၁၉၈၀ နှင့် ၉၀ ပြည့်လွန်နှစ်များတွင် တေးအယ်လ်ဘမ် ချပ်ရေသန်းပေါင်းများစွာ ရောင်းချခဲ့ရသော်လည်း ဝင်ငွေများများရသည်မှာမူ ကမ္ဘာလှည့်တေးဂီတဖျော်ဖြေပွဲများမှ ဖြစ်သည်။
ယခုအခါ အဲလိယက်သည် အိုင်ယာလန်နိုင်ငံ ၊ ဒဗ္ဗလင်မြို့ ဆင်ခြေဖုံးတွင် ဇနီးဖြစ်သူ ခရစ္စတင်း၊ သားဖြစ်သူ ဖင်လေ၊ သမီးဖြစ်သူ လိုင်လာ တို့နှင့်အတူ နေထိုင်လျှက်ရှိသည်။
အဲလိယက်နှင့်တွေ့ဆုံမေးမြန်းခြင်း
မေး။ မိဘတွေက ပိုက်ဆံနဲ့ ပက်သက်ပြီး ဘာတွေသင်ပေးခဲ့လဲ။
ဖြေ။ သိပ်မရှိပါဘူး။ဧည့်ခန်း ၂ ခန်း အိပ်ခန်း ၂ခန်းပါပြီး အိမ်သာက အပြင်ဘက်မှာရှိတဲ့ တိုက်တန်းအိမ်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ၁၀ နှစ်သားအရွယ်အထိ အိမ်တွင်းရေချိုးခန်းမရှိခဲ့ဘူး။ အဖေက လျှစ်စစ်အင်ဂျင်နီယာ မက္ကင်းနစ်တစ်ယောက်ပဲ ၊ သူက ကားရေဒီယိုတွေဆင်ပေးတယ် ၊ အမေကတော့ သူနာပြုတစ်ယောက်ပါ။ မိဘတွေက ကျွန်တော်ကို တစ်ခါမှ မုန့်ဖိုးမပေးဘူး။ ကိုယ့်ဟာကို ရှာရတယ် ၊ အဲဒီကတည်းက ငွေတန်ဖိုးသိခဲ့တာပဲ။
မေး။ ပထမဆုံးလုပ်ဖူးတဲ့အလုပ်က..?
ဖြေ။ ရှက်ဖီးမြို့မှာရှိတဲ့ Osborn-Mushet Tools ဆိုတဲ့ စတီးစက်ရုံမှာ။ အဲ့တုန်းကအသက် ၁၅ နှစ်သား။ အလုပ်သင်အနေနဲ့ ဝင်ရတာ။ တစ်ပတ်ကို ၈ ပေါင်ရပါတယ်။ အသက် ၁၇ နှစ်မှာ အဝယ်တော်ခေါင်းဆောင် ဖြစ်လာတယ်။ ရေချိုးခန်းသုံးဆပ်ပြာကနေ ရုံးသုံးပစ္စည်းတွေအထိ စက်ရုံက လိုအပ်သမျှကို ဝယ်ပေးရတယ်။ မြေအောက်စတိုခန်းမှာ ခရစ်ကက်ဆော့နေရင်း ပြတင်းပေါက်တစ်ချပ်ကွဲသွားလို့ အလုပ်ဖြုတ်ခံလိုက်ရတယ်။
မေး။ နေ့စဉ်ဘဝရပ်တည်နိုင်ရေးအတွက် ရုန်းကန်ခဲ့ရဖူးသလား .?
ဖြေ။ ရုန်းကန်ဖူးတာပေါ့။ ၁၉၇၈ ခုနှစ်တုန်းက မိဘတွေနဲ့ အတူနေတယ်။ တနေကုန်အလုပ်လုပ်တာ တစ်ပတ်ကို ၁၀ ပေါင် (ဒါမှမဟုတ်) ၁၅ ပေါင်ရတယ်။ ပြီးတော့ ညဘက်ကြရင် ကျွန်တော်တို့အဖွဲ့သားတွေ တီးကြခတ်ကြတယ်။ဂစ်တာတွေကို အကြွေးနဲ့ဝယ်တယ်။ တချို့ဟာတွေကို ငှားရပါတယ်။ တခါတလေမှာ ညနေဘက်ဆို ဘီယာတစ်ခွက်ဝယ်ပြီး ပိုက်တွေနဲ့ ဝိုင်းစုပ်ကြတယ်။ ဒီလိုသောက်မှ အိမ်ပြန်ဖို့ ဘတ်စ်ကားခကျန်မှာပါ။
မေး။ ငွေနဲ့ ပတ်သက်ပြီး ချမှတ်ဖူးတဲ့အကောင်းဆုံး ဆုံးဖြတ်ချက်က..?
ဖြေ။ ဒေါ်လာ ၅၀၀၀၀၀ လောက်သုံးပြီး ကိုယ်ပိုင်အသံဖမ်း စတူဒီယိုတစ်ခု လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီစတူဒီယို ရှိတာကြောင့် နှစ်ပေါင်းများစွာကာလအတွင်း ပေါင် သန်းနဲ့ချီ ကုန်ကျစရိတ်သက်သာခဲ့တယ်။
မေး။ အိမ်ခြံမြေ ပိုင်ဆိုင်ထားမှုရှိလား .?
ဖြေ။ ရှိပါတယ်။ ကျွန်တော့်အိမ်က အိပ်ခန်း ၃ ခန်းပါပြီး လူကြီးတွေအတွက် တိုးချဲ့ဆောင်တစ်ခုပါ ပါတယ်။
ခြံအကျယ် ၃ ဧက၊ ကား ၂ စင်းဆန့် ဂိုဒေါင်တစ်လုံးပါပြီး ဒဗ္ဗလင်မြို့ ဆင်ခြေဖုံးဒေသမှာ ရှိပါတယ်။ အဲဒီအိမ်မှာ ကျွန်တော့်ရဲ့ အသံဖမ်း စတူဒီယိုရှိပါတယ်။ အဲဒီအိမ်ကို ၁၉၈၈ ခုနှစ်တုန်းက အိုင်းရစ်ပေါင် ၄၅၀၀၀၀ နဲ့ ဝယ်ခဲ့တာပါ။
အဲဒီငွေက ဒီနေ့ခေတ် ပေါင် ၉၅၀၀၀၀ နဲ့ညီမျှပါတယ်။ ကျွန်တော့်အတွက်ကတော့ သန်းပေါင်းများစွာ တန်ကြေးှရှိပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: DEF LEPPARD’S JOE ELLIOTT REVEALS THE VALUE OF HIS MASSIVE HOUSE (metalheadzone)
[Zawgyi]
ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး Def Leppard မွ အဆိုေတာ္ Joe Elliott ၏စံအိမ္
Def Leppard သည္ အဂၤလန္ေရာ့ခ္ဂီတအဖြဲ႔ၾကီး ျဖစ္ျပီး အဂၤလန္ႏိုင္ငံ ရွက္ဖီးျမိဳ႕တြင္ ၁၉၇၆ ခုႏွစ္၌ဖြဲ႔စည္းခဲ့သည္။
ပါဝင္သူမ်ားမွာ Rick Savage (ေဘ့စ္ဂစ္တာႏွင့္ ေနာက္ခံအဆို)၊ Joe Elliott (ေရွ႕ထြက္အဆိုေတာ္)၊ Rick Allen (ဒရမ္ႏွင့္ေနာက္ခံအဆို)၊ Phil Collen (ဂစ္တာႏွင့္ေနာက္ခံအဆို)၊ and Vivian Campbell (ဂစ္တာႏွင့္ေနာက္ခံအဆို) တို႔ျဖစ္ၾကသည္။
Def Leppard သည္ ကမၻာ့အေရာင္းရဆံုး ဂီတသမားမ်ားထဲတြင္ အပါအဝင္ျဖစ္ျပီး ကမၻာ့တစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ေရာင္းခ်ထားရျပီးျဖစ္သည္။
(ျမန္မာႏုိင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)
All I want it everything - ေလးျဖဴ က်ိန္စာ
I miss you in a heartbeat -မ်ဳိးၾကီး အရင္အတိုင္းပဲမင္းကိုခ်စ္မယ္
Breathe a sigh - မ်ဳိးၾကီး ဆန္႔က်င္ဘက္
Hystreia - ခရစၥတိုဖာ ေပးဆပ္မဲ့အခ်စ္
two steps behind - အမ်ားသံုးဘာသာစကား ၂ - ဘိုဘို(ထြဏ္းထြဏ္း စဥ္းစားၾကည့္)
When love and hate collide - ထြဏ္းထြဏ္း အခ်စ္နဲ႔အမုန္းကဗ်ာ (ေကာ္နီ အျပင္းစားလမ္းမ်ား)
Goodbye - ထြဏ္းထြဏ္း ေဝးခ်ိန္
(အထက္ပါစာရင္းမွာ iMyanmarHouse.com မွ ရွာေဖြရရွိသမွ်သာျဖစ္ျပီး အျခားသီခ်င္းမ်ားစြာ က်န္ရွိႏိုင္ပါေသးသည္။)
ဂ်ိဳး အဲလိယက္ (Joe Elliott) သည္ Def Leppard ေတးဂီတဝိုင္း၏ ေရွ႕ထြက္အဆိုေတာ္ျဖစ္လာျပီးေနာက္ ဝင္ေငြေကာင္းရန္ ၁၀ ႏွစ္ခန္႔အခ်ိန္ယူခဲ့ရသည္။
ပိုက္ဆံမရွိေသာေၾကာင့္ အဲလိယက္သည္ အဖြဲ႔သားမ်ားႏွင့္အတူ အရက္ဆိုင္ထိုင္ကာ ဘီယာတစ္ခြက္ကို တစ္ေယာက္တငံုစီမွ်ေသာက္ခဲ့ၾကရသည္။ အဲလိယက္သည္ ရွက္ဖီးျမဳိ႕ရွိ အိမ္ေလးတစ္လံုးတြင္ ၾကီးျပင္းခဲ့သည္။ ေက်ာင္းမွ ထြက္ကာ ျမဳိ႕ကေလးရွိ စတီးစက္ရံုတြင္ တစ္ပတ္လွ်င္ လုပ္အားခ ၈ ေပါင္မွ်ျဖင့္ အလုပ္လုပ္ခဲ့ရ၏။
Def Leppard အဖြဲ႕ၾကီးသည္ ၁၉၈၀ ႏွင့္ ၉၀ ျပည့္လြန္ႏွစ္မ်ားတြင္ ေတးအယ္လ္ဘမ္ ခ်ပ္ေရသန္းေပါင္းမ်ားစြာ ေရာင္းခ်ခဲ့ရေသာ္လည္း ဝင္ေငြမ်ားမ်ားရသည္မွာမူ ကမၻာလွည့္ေတးဂီတေဖ်ာ္ေျဖပြဲမ်ားမွ ျဖစ္သည္။
ယခုအခါ အဲလိယက္သည္ အိုင္ယာလန္ႏိုင္ငံ ၊ ဒဗၺလင္ျမဳိ႕ ဆင္ေျခဖံုးတြင္ ဇနီးျဖစ္သူ ခရစၥတင္း၊ သားျဖစ္သူ ဖင္ေလ၊ သမီးျဖစ္သူ လုိင္လာ တို႔ႏွင့္အတူ ေနထိုင္လွ်က္ရွိသည္။
အဲလိယက္ႏွင့္ေတြ႔ဆံုေမးျမန္းျခင္း
ေမး။ မိဘေတြက ပိုက္ဆံနဲ႔ ပက္သက္ျပီး ဘာေတြသင္ေပးခဲ့လဲ။
ေျဖ။ သိပ္မရွိပါဘူး။ဧည့္ခန္း ၂ ခန္း အိပ္ခန္း ၂ခန္းပါျပီး အိမ္သာက အျပင္ဘက္မွာရွိတဲ့ တိုက္တန္းအိမ္တစ္ခုမွာ ေမြးဖြားခဲ့ပါတယ္။ ၁၀ ႏွစ္သားအရြယ္အထိ အိမ္တြင္းေရခ်ဳိးခန္းမရွိခဲ့ဘူး။ အေဖက လွ်စ္စစ္အင္ဂ်င္နီယာ မကၠင္းနစ္တစ္ေယာက္ပဲ ၊ သူက ကားေရဒီယိုေတြဆင္ေပးတယ္ ၊ အေမကေတာ့ သူနာျပဳတစ္ေယာက္ပါ။ မိဘေတြက ကၽြန္ေတာ္ကို တစ္ခါမွ မုန္႔ဖုိးမေပးဘူး။ ကိုယ့္ဟာကို ရွာရတယ္ ၊ အဲဒီကတည္းက ေငြတန္ဖိုးသိခဲ့တာပဲ။
ေမး။ ပထမဆံုးလုပ္ဖူးတဲ့အလုပ္က..?
ေျဖ။ ရွက္ဖီးျမိဳ႕မွာရွိတဲ့ Osborn-Mushet Tools ဆိုတဲ့ စတီးစက္ရံုမွာ။ အဲ့တုန္းကအသက္ ၁၅ ႏွစ္သား။ အလုပ္သင္အေနနဲ႔ ဝင္ရတာ။ တစ္ပတ္ကို ၈ ေပါင္ရပါတယ္။ အသက္ ၁၇ ႏွစ္မွာ အဝယ္ေတာ္ေခါင္းေဆာင္ ျဖစ္လာတယ္။ ေရခ်ဳိးခန္းသံုးဆပ္ျပာကေန ရံုးသံုးပစၥည္းေတြအထိ စက္ရံုက လိုအပ္သမွ်ကို ဝယ္ေပးရတယ္။ ေျမေအာက္စတိုခန္းမွာ ခရစ္ကက္ေဆာ့ေနရင္း ျပတင္းေပါက္တစ္ခ်ပ္ကြဲသြားလို႔ အလုပ္ျဖဳတ္ခံလိုက္ရတယ္။
ေမး။ ေန႔စဥ္ဘဝရပ္တည္ႏိုင္ေရးအတြက္ ရုန္းကန္ခဲ့ရဖူးသလား .?
ေျဖ။ ရုန္းကန္ဖူးတာေပါ့။ ၁၉၇၈ ခုႏွစ္တုန္းက မိဘေတြနဲ႔ အတူေနတယ္။ တေနကုန္အလုပ္လုပ္တာ တစ္ပတ္ကို ၁၀ ေပါင္ (ဒါမွမဟုတ္) ၁၅ ေပါင္ရတယ္။ ျပီးေတာ့ ညဘက္ၾကရင္ ကၽြန္ေတာ္တို႔အဖြဲ႔သားေတြ တီးၾကခတ္ၾကတယ္။ဂစ္တာေတြကို အေၾကြးနဲ႔ဝယ္တယ္။ တခ်ဳိ႕ဟာေတြကို ငွားရပါတယ္။ တခါတေလမွာ ညေနဘက္ဆို ဘီယာတစ္ခြက္ဝယ္ျပီး ပိုက္ေတြနဲ႔ ဝိုင္းစုပ္ၾကတယ္။ ဒီလိုေသာက္မွ အိမ္ျပန္ဖို႔ ဘတ္စ္ကားခက်န္မွာပါ။
ေမး။ ေငြနဲ႔ ပတ္သက္ျပီး ခ်မွတ္ဖူးတဲ့အေကာင္းဆံုး ဆံုးျဖတ္ခ်က္က..?
ေျဖ။ ေဒၚလာ ၅၀၀၀၀၀ ေလာက္သံုးျပီး ကိုယ္ပိုင္အသံဖမ္း စတူဒီယိုတစ္ခု လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီစတူဒီယို ရွိတာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ေပါင္ သန္းနဲ႔ခ်ီ ကုန္က်စရိတ္သက္သာခဲ့တယ္။
ေမး။ အိမ္ျခံေျမ ပိုင္ဆိုင္ထားမႈရွိလား .?
ေျဖ။ ရွိပါတယ္။ ကၽြန္ေတာ့္အိမ္က အိပ္ခန္း ၃ ခန္းပါျပီး လူၾကီးေတြအတြက္ တိုးခ်ဲ႕ေဆာင္တစ္ခုပါ ပါတယ္။
ျခံအက်ယ္ ၃ ဧက၊ ကား ၂ စင္းဆန္႔ ဂိုေဒါင္တစ္လံုးပါျပီး ဒဗၺလင္ျမိဳ႕ ဆင္ေျခဖံုးေဒသမွာ ရွိပါတယ္။ အဲဒီအိမ္မွာ ကၽြန္ေတာ့္ရဲ႕ အသံဖမ္း စတူဒီယိုရွိပါတယ္။ အဲဒီအိမ္ကို ၁၉၈၈ ခုႏွစ္တုန္းက အိုင္းရစ္ေပါင္ ၄၅၀၀၀၀ နဲ႔ ဝယ္ခဲ့တာပါ။
အဲဒီေငြက ဒီေန႔ေခတ္ ေပါင္ ၉၅၀၀၀၀ နဲ႔ညီမွ်ပါတယ္။ ကၽြန္ေတာ့္အတြက္ကေတာ့ သန္းေပါင္းမ်ားစြာ တန္ေၾကးွရိွပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: DEF LEPPARD’S JOE ELLIOTT REVEALS THE VALUE OF HIS MASSIVE HOUSE (metalheadzone)