Plastering ( အုတ်နံရံ အချောကိုင်မယ် ဆိုရင်...)

Plastering ( အုတ်နံရံ အချောကိုင်မယ် ဆိုရင်...) - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2022 1:53 pm တွင် တင်ခဲ့သည်
3925 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အတွင်းနံရံ ချောခြင်းကို Plastering လို့ ခေါ်ပြီး အပြင်နံရံ ချောခြင်းကို Rendering လို့ ခေါ်ပါတယ်။

ချောတာခြင်း တူပေမယ့် ဘိလပ်မြေ အချိုးအစား ရောစပ်ပုံ မတူညီရပါဖူး အတွင်းနံရံကတော့ နူးညံ့ရမှာ ဖြစ်လို့ သဲနုကို သုံးရမှာ ဖြစ်ပြီး အချိုးကတော့ (1:5) စပ်လို့ရပါတယ် ။အပြင်နံရံကတော့ လေဒဏ်၊မိုးဒဏ်၊နေဒဏ် ခံနိုင်ရန် သဲကြမ်းကိုသုံး၍ ဘိလပ်မြေကို ပိုကဲ ထည့်ရမှာ ဖြစ်တဲ့ အတွက် (1:4) အချိုး စပ်ရပါမယ်။

နှစ်များစွာ ကောင်းမွန်ခိုင်ခံတဲ့ ချောသားနံရံဖြစ်ဖို့ သဲ အသန့်ကို သုံးရပါမယ် ကိုယ်ဝယ်ယူတဲ့ သဲ သန့် မသန့်ကို လက်မှာ ပွတ်ကြည့် သိနှိုင်ပါတယ်။ သဲ အနည်းငယ်ကို လက်ထဲထည့်ပွတ်ကြည့်ပါ။ ပေကျံပြီး ကျန်ခဲ့လျှင် သဲ မသန့်ပါ တစ်နည်း ပုလင်းထဲ ရေထည့်ပါ သဲ တစ်ဝက်ထည့်ပြီး ခေါက်ကြည့်ပါ ရေနောက်ပြီး ကျန်ခဲ့လျှင် သဲ မသန့်ပါ ဒါဆို ရေဆေးရပါ့မယ် မသန့်ရှင်းသောသဲ အမှိုက်စများ ပါသောသဲ လုံးဝ မသုံးရပါ။

မချောခင် အုတ်တွေမှာ ရှိတတ်တဲ့ ရေညှိ ၊ ရွှံ့၊ ဖုန်မှုန့် စတာတွေ သေချာ သန့်ရှင်းရေး လုပ်ရပါမယ် ရေဝအောင် ကြိမ်းသေလောင်းပေးရပါမယ်။ ရေမလောင်းပဲ ချောရင် မဆလာအက်ကြောင်း( crack) ပေါ်ပါမယ်၊ အုတ်တွေ ရေဓာတ်ရှိနေရင်တော့ တစ်မျိုး ပေါ့။

စချောမယ်ဆိုရင် ချိန်ကျ မျဉ်းကျ ပါရာ (pier) ထောင်ရပါမယ် မျဉ်းတံ တမှီစာ ပါရာ နှစ်ချောင်း ထောင်ရပါမယ်။ ပြီးမှ မဆလာကို နံရံမှာ ကပ်ရပါမယ် နံရံ အပြည့်ကပ်ပြီးမှ မျဉ်းကြမ်းတိုက်ရပါ့မယ်(ပါရာ အတိုင်းပေါ့) ပြီးရင် လိုအပ်တဲ့နေရာ အစာဖြည့် မျဉ်းချောချ အားလုံး သေချာပြီဆိုရင် လက်ပွက်ဝိုက်လို့ ရပါပြီ၊ ဝိုက်တဲ့ နေရာမှာလဲ ဝိုက်တတ်ဖို့ အရေးကြီးပါတယ် မဝိုက်တတ်ရင် ကွဲတက်ပါတယ် ( မဆာလာ စိုပျော့နေရင် မဝိုက်ရဘူးပြောတာပါ ၊ ကွဲအက်တက်လို့ပါ )

အားလုံး ချောပြီး ဝိုက်ပြီးရင် တံမြက်စည်း ခတ်ရပါ့မယ် ၊ တံမြက်စည်းခတ်တဲ့ နေရာမှာလဲ အထက်အောက် လှန် မခတ်ရပါ ၊ အောက်ဘက်ကြီးပဲ ခတ်ချရပါ့မယ် ၊ ကျည်းဘောင်တွေ ပလိန်းချောထားရင် ဘောင်အသားနှုတ်ခမ်းတွေမှာ မျော့ကြောင်းထိုးပေးထားရပါမယ် မထိုးထားရင် အက်ကြောင်းပေါ်ပါလိမ့်မယ်။

မျက်နှာပြင်တစ်ခုတည်းကို တစ်ရက်တည်းနဲ့ ချောလို့မပြီးဘူးဆိုရင် နောက်ရင် ဆက်ချောရမယ့်အဆုံးသတ်နေရာမှာ ဒဲ့ (90 ဒီဂရီ) မဖြတ်ဘဲ စောင်းပြီး ဖြတ်ထားရပါမယ် (ဒါမှ အဲဒီအဆက်နေရာမှာ ကြည့်လို့လှမှာပါ။ မဟုတ်ရင် အဲဒီအဆက်နေရာက ကြည့်ရရုပ်ဆိုးပါလိမ့်မယ်)

- ချောပြီးနောက်ရက်က စလို့ curing အနေနဲ့ မနက်၊ နေ့လည်၊ ညနေ တစ်ကြိမ်စီ ရေပုံမှန်လောင်းပေးရပါမယ် ဒါပါပဲ ၊ လိုအပ်တာ ထပ်ဖြည့်ကျပါ။ ကောင်းမွန်တဲ့ ချောသားနံရံတစ်ခု ပိုင်ဆိုင်ကြပါစေ။ သေချာဝိုက်ကြပါ လက်ပွတ်ကို.......

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကိုရင်သာအေး

 

 

[Zawgyi]













Credit: ကိုရင်သာအေး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Shwe Wutt Hmone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service