ရေမီးမရှိသော ၁၀ ပေတဲအိမ်ကို ပေါင် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဈေးခေါ်

ရေမီးမရှိသော ၁၀ ပေတဲအိမ်ကို ပေါင် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
19 May 2022 11:01 am တွင် တင်ခဲ့သည်
2255 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ၁၀ ပေအကျယ်သာရှိပြီး ရေနှင့် လျှပ်စစ်မီးမပါသော ကမ်းခြေတဲအိမ်တစ်လုံးကို ပေါင် ၂၅၀၀၀၀ (မြန်မာကျပ်ငွေအားဖြင့် ၅၆၆၉ သိန်းခန့်) ဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။

အဆိုပါ ဈေးနှုန်းမှာ တဲအိမ်တည်နေရာမှ ၁၀ မိုင်အကွာတွင် တည်ရှိသော အိပ်ခန်း ၃ ခန်းပါ လုံးချင်းအိမ်တစ်လုံး၏ ဈေးနှုန်းထက် ၂ ဆခန့် ပိုမိုများပြားနေသည်။

'Here's Hoping' ဟု အမည်ပေးထားသော တဲအိမ်မှာ အကျယ် ၁၀ ပေ ၆ လက်မသာရှိပြီး အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း East Suffolk ခရိုင်၊ Southwold မြို့ကလေး၏ ပင်လယ်ကမ်းခြေတွင် တည်ရှိသည်။

အဆိုပါနေရာသည် အမေရိကန်ရုပ်ရှင်မင်းသား Chris Evans နှင့် အင်္ဂလန်ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ Stephen Fry ၊ ဆာဘွဲ့ရ အင်္ဂလန်သရုပ်ဆောင် Michael Palin ၊ Mr.Bean ဟု လူသိများသူ Rowan Atkinson နှင့် ရုပ်ရှင်ဒါရိုက်တာ Richard Curtis တို့အပါအဝင် နာမည်ကျော်တို့ လာရောက်လည်ပတ်လေ့ ရှိသည့်နေရာ အဖြစ် နာမည်ကျော်သည်။

သို့သော် ယခုရောင်းချမည့် တဲအိမ်များတွင် လျှပ်စစ်မီး မရှိ၊ ရေမရှိသည့်အပြင် ညဉ့်အိမ်ညဉ့်နေ နေထိုင်ခြင်းလည်း ဥပဒေအရ ခွင့်မပြုသောကြောင့် နေ့ဘက်သာ နေထိုင်နိုင်သည့်နေရာ ဖြစ်သည်။'

ညအိပ်ခွင့်မရှိသည့် တဲအိမ်တစ်လုံးအတွက် ဗြိတိန်တွင် အမြင့်မားဆုံးခေါ်ဈေးလည်း ဖြစ်သည်။

ရောင်းချမည့် တဲအိမ်၏ အိမ်အမှတ်မှာ ၁၄၉ ဖြစ်သည်။

ယခုနေရာသည် လန်ဒန်မှ လူကုံထံများနှင့် အကျော်အမော်တို့ အပန်းဖြေကြသည့်နေရာဖြစ်သောကြောင့် ဤမျှဈေးခေါ်ခြင်း ဖြစ်နိုင်သည်။

အင်္ဂလန်၏ တောင်ဘက်ကမ်းရိုးတန်းရှိ ကမ်းခြေတဲအိမ်များဆိုလျှင် ယခုခေါ်ဈေးထက်ပင် ပိုမိုမြင့်မားပြီး Dorset မှ အချို့တဲအိမ်များဆိုလျှင် ပေါင် ၅၀၀၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ကြသည်။

Southwold မှ ယခုတဲများမှာမူ ရေမီးမရှိသောကြောင့် ဒေသတွင်းဥပဒေအရ ညအိပ်ခွင့်မရှိချေ။

(ပုံတွင်တွေ့ရသည်မှာ 'Here's Hoping' ဟု အမည်ပေးထားသည့် ရောင်းချမည့်တဲအိမ်ဖြစ်ပြီး ပေါင် ၂၅၀၀၀၀ ဈေးခေါ်ထားသည်)

(ညအိပ်ခွင့်မရှိသည့် တဲအိမ်တစ်လုံးအတွက် ဗြိတိန်တွင် အမြင့်မားဆုံးခေါ်ဈေးလည်း ဖြစ်သည်)

(ဤကမ်းခြေမှာ နာမည်ကျော်တို့ လာရောက်လည်ပတ်လေ့ရှိသည့်နေရာတစ်ခုအဖြစ် နာမည်ကျော်သည်)

ဝယ်လက်အနေဖြင့် နှစ်စဉ်မြေငှားခ ၉၉၈ ပေါင် ပေးဆောင်ရဦးမည်ဖြစ်သည်။ မြေငှားသက်တမ်းမှာ နှစ် ၃၀ ဖြစ်ပြီး ၁၈ နှစ်သာ သက်တမ်းကျန်တော့သည်။

သို့သော် သက်တမ်းတိုးနိုင်သည်ဟု သိရသည်။

ကမ်းခြေနှင့် North Sea ကို စီးမိုးတွေ့မြင်နေရသည့် ဝရန်တာမှတဆင့် လှပသည့်ရှုမျှော်ခင်းများကို ခံစားနိုင်သည်။

အရက်ဘားများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်သည်။

သို့တိုင် ယခုနေရာမှ ၁၀ မိုင်သာ ဝေးကွာသော Lowestoft တွင် ပေါင် ၁၂၀၀၀၀ မှ ၁၄၀၀၀၀ ကြားပေးလျှင် ရွေးချယ်နိုင်သည့် လုံးချင်းအိမ်များစွာ ရှိသည်။

(ဤတဲများတွင် လျှပ်စစ်မီးနှင့် ရေမရှိသောကြောင့် ဒေသတွင်း ဥပဒေအရ ညအိပ်ခွင့်မရှိချေ)

(လန်ဒန်မှ လူကုံထံများနှင့် အကျော်အမော်တို့ အပန်းဖြေရာ Southwold ကမ်းခြေ)

(Southwold ၏ အကောင်းဆုံးနေရာတွင်ရှိသည့် ကမ်းခြေတဲများမှာ အရောင်းဈေးကွက်သို့ရောက်သည်မှာ အလွန်ရှားပြီး မိသားစုတစ်ခုတည်းက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းပိုင်ဆိုင်ထားလေ့ရှိသည်)

Southwold တွင် ကမ်းခြေတဲအိမ်ပေါင်း ၃၀၀ ရှိပြီး ယခင်က အမြင့်ဆုံးခေါ်ဈေးမှာ ပေါင် ၁၅၀,၀၀၀ ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Beach hut that is just 10ft wide and has no running water or electricity is up for sale in Southwold for £250,000 (dailymail)

[Zawgyi]

ေရမီးမရိွေသာ ၁၀ ေပတဲအိမ္ကို ေပါင္ ၂၅၀၀၀၀ (ျမန္မာေငြ သိန္း ၅၀၀၀ ေက်ာ္) ေစ်းေခၚ

အဂၤလန္ႏိုင္ငံတြင္ ၁၀ ေပအက်ယ္သာရွိျပီး ေရႏွင့္ လွ်ပ္စစ္မီးမပါေသာ ကမ္းေျခတဲအိမ္တစ္လံုးကို ေပါင္ ၂၅၀၀၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၅၆၆၉ သိန္းခန္႔) ျဖင့္ ေရာင္းခ်ရန္ ေစ်းေခၚထားသည္။

အဆိုပါ ေစ်းႏႈန္းမွာ တဲအိမ္တည္ေနရာမွ ၁၀ မိုင္အကြာတြင္ တည္ရွိေသာ အိပ္ခန္း ၃ ခန္းပါ လံုးခ်င္းအိမ္တစ္လံုး၏ ေစ်းႏႈန္းထက္ ၂ ဆခန္႔ ပိုမိုမ်ားျပားေနသည္။

'Here's Hoping' ဟု အမည္ေပးထားေသာ တဲအိမ္မွာ အက်ယ္ ၁၀ ေပ ၆ လက္မသာရွိျပီး အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း East Suffolk ခရိုင္၊ Southwold ျမိဳ႕ကေလး၏ ပင္လယ္ကမ္းေျခတြင္ တည္ရွိသည္။

အဆိုပါေနရာသည္ အေမရိကန္ရုပ္ရွင္မင္းသား Chris Evans ႏွင့္ အဂၤလန္ရုပ္ရွင္သရုပ္ေဆာင္၊ ဒါရိုက္တာ Stephen Fry ၊ ဆာဘြဲ႔ရ အဂၤလန္သရုပ္ေဆာင္ Michael Palin ၊ Mr.Bean ဟု လူသိမ်ားသူ Rowan Atkinson ႏွင့္ ရုပ္ရွင္ဒါရိုက္တာ Richard Curtis တို႔အပါအဝင္ နာမည္ေက်ာ္တို႔ လာေရာက္လည္ပတ္ေလ့ ရွိသည့္ေနရာ အျဖစ္ နာမည္ေက်ာ္သည္။

သို႔ေသာ္ ယခုေရာင္းခ်မည့္ တဲအိမ္မ်ားတြင္ လွ်ပ္စစ္မီး မရွိ၊ ေရမရွိသည့္အျပင္ ညဥ့္အိမ္ညဥ္႔ေန ေနထုိင္ျခင္းလည္း ဥပေဒအရ ခြင့္မျပဳေသာေၾကာင့္ ေန႔ဘက္သာ ေနထိုင္ႏိုင္သည့္ေနရာ ျဖစ္သည္။

ညအိပ္ခြင့္မရွိသည့္ တဲအိမ္တစ္လံုးအတြက္ ျဗိတိန္တြင္ အျမင့္မားဆံုးေခၚေစ်းလည္း ျဖစ္သည္။

ေရာင္းခ်မည့္ တဲအိမ္၏ အိမ္အမွတ္မွာ ၁၄၉ ျဖစ္သည္။ ယခုေနရာသည္ လန္ဒန္မွ လူကံုထံမ်ားႏွင့္ အေက်ာ္အေမာ္တို႔ အပန္းေျဖၾကသည့္ေနရာျဖစ္ေသာေၾကာင့္ ဤမွ်ေစ်းေခၚျခင္း ျဖစ္ႏိုင္သည္။

အဂၤလန္၏ ေတာင္ဘက္ကမ္းရိုးတန္းရွိ ကမ္းေျခတဲအိမ္မ်ားဆိုလွ်င္ ယခုေခၚေစ်းထက္ပင္ ပိုမိုျမင့္မားျပီး Dorset မွ အခ်ဳိ႕တဲအိမ္မ်ားဆိုလွ်င္ ေပါင္ ၅၀၀၀၀၀ ေက်ာ္ျဖင့္ အေရာင္းအဝယ္ျဖစ္ၾကသည္။

Southwold မွ ယခုတဲမ်ားမွာမူ ေရမီးမရွိေသာေၾကာင့္ ေဒသတြင္းဥပေဒအရ ညအိပ္ခြင့္မရွိေခ်။

(ပံုတြင္ေတြ႔ရသည္မွာ 'Here's Hoping' ဟု အမည္ေပးထားသည့္ ေရာင္းခ်မည့္တဲအိမ္ျဖစ္ျပီး ေပါင္ ၂၅၀၀၀၀ ေစ်းေခၚထားသည္)

(ညအိပ္ခြင့္မရွိသည့္ တဲအိမ္တစ္လံုးအတြက္ ျဗိတိန္တြင္ အျမင့္မားဆံုးေခၚေစ်းလည္း ျဖစ္သည္)

(ဤကမ္းေျခမွာ နာမည္ေက်ာ္တို႔ လာေရာက္လည္ပတ္ေလ့ရွိသည့္ေနရာတစ္ခုအျဖစ္ နာမည္ေက်ာ္သည္)

ဝယ္လက္အေနျဖင့္ ႏွစ္စဥ္ေျမငွားခ ၉၉၈ ေပါင္ ေပးေဆာင္ရဦးမည္ျဖစ္သည္။ ေျမငွားသက္တမ္းမွာ ႏွစ္ ၃၀ ျဖစ္ျပီး ၁၈ ႏွစ္သာ သက္တမ္းက်န္ေတာ့သည္။

သို႔ေသာ္ သက္တမ္းတိုးႏိုင္သည္ဟု သိရသည္။

ကမ္းေျခႏွင့္ North Sea ကို စီးမိုးေတြ႔ျမင္ေနရသည့္ ဝရန္တာမွတဆင့္ လွပသည့္ရႈေမွ်ာ္ခင္းမ်ားကို ခံစားႏိုင္သည္။

အရက္ဘားမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ေစ်းဆိုင္မ်ားသို႔ လမ္းေလွ်ာက္သြားရံုျဖင့္ ေရာက္ရွိႏိုင္သည္။

သို႔တိုင္ ယခုေနရာမွ ၁၀ မိုင္သာ ေဝးကြာေသာ Lowestoft တြင္ ေပါင္ ၁၂၀၀၀၀ မွ ၁၄၀၀၀၀ ၾကားေပးလွ်င္ ေရြးခ်ယ္ႏိုင္သည့္ လံုးခ်င္းအိမ္မ်ားစြာ ရွိသည္။

(ဤတဲမ်ားတြင္ လွ်ပ္စစ္မီးႏွင့္ ေရမရွိေသာေၾကာင့္ ေဒသတြင္း ဥပေဒအရ ညအိပ္ခြင့္မရွိေခ်)

(လန္ဒန္မွ လူကံုထံမ်ားႏွင့္ အေက်ာ္အေမာ္တို႔ အပန္းေျဖရာ Southwold ကမ္းေျခ)

(Southwold ၏ အေကာင္းဆံုးေနရာတြင္ရွိသည့္ ကမ္းေျခတဲမ်ားမွာ အေရာင္းေစ်းကြက္သို႔ေရာက္သည္မွာ အလြန္ရွားျပီး မိသားစုတစ္ခုတည္းက မ်ဳိးရိုးစဥ္ဆက္ ထိန္းသိမ္းပိုင္ဆိုင္ထားေလ့ရွိသည္)

Southwold တြင္ ကမ္းေျခတဲအိမ္ေပါင္း ၃၀၀ ရွိျပီး ယခင္က အျမင့္ဆံုးေခၚေစ်းမွာ ေပါင္ ၁၅၀,၀၀၀ ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Beach hut that is just 10ft wide and has no running water or electricity is up for sale in Southwold for £250,000 (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service