ဝီလ်စမစ်နှင့် ရုပ်ရှင်မင်းသမီး ဂျာဒါ ပင်ကက်တို့စုံတွဲ၏ ဒေါ်လာ ၄၂ သန်းတန် စံအိမ်

ဝီလ်စမစ်နှင့် ရုပ်ရှင်မင်းသမီး ဂျာဒါ ပင်ကက်တို့စုံတွဲ၏ ဒေါ်လာ ၄၂ သန်းတန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
23 Feb 2022 11:37 am တွင် တင်ခဲ့သည်
936 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဝီလ်စမစ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း နေအိမ်တွင် ယခင်ကထက်ပို၍ ကုန်လွန်ဖြတ်သန်းရန် အခွင့်အရေးရနေသည်။

The Fresh Prince of Bel-Air ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူ ဝီလ်စမစ်သည် ခန့်မှန်းခြေ ကန်ဒေါ်လာ ၄၂ သန်းခန့် တန်ကြေးရှိသော စံအိမ်ကြီးတွင် ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး ဂျာဒါ ပင်ကက်၊ ရင်သွေးများဖြစ်သော ဂျာဒန်၊ ဝီလိုတို့နှင့်အတူ နေထိုင်လျက်ရှိသည်။

ဝီလ်စမစ်၏ စံအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင်၊ ကာလာဘက်ဆက်စ်မြို့တွင် တည်ရှိသည်။

အဆိုပါဒေသသည် နာမည်ကျော် ကြယ်ပွင့်များ အခြေချရာဒေသဖြစ်ကာ ကာဒါရှီယန်နှင့် ဂျင်းနာမိသားစုများအပြင် အခြားသော အကျော်အမော်များစွာနေထိုင်သည့် နေရာလည်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ပြီး ဘက်စ်ကက်ဘော၊ ဘော်လီဘောနှင့် တင်းနစ်ကွင်းများ၊ ကိုယ်ပိုင်သဘာဝရေကန်နှင့် ခြံဝန်းအတွင်း ရေကူးကန်တို့ ပါဝင်သည်။

စံအိမ်အတွင်း အိပ်ခန်း ၉ ခန်း၊ တရားထိုင်ခန်း၊ ဂိမ်းကစားခန်း၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် အသံဖမ်းစတူဒီယိုပင် ပါဝင်သည်။

ဝီလ်စမစ်၏ သမီးဖြစ်သူ အမေရိကန်အဆိုတော်၊ တေးရေး ဝီလိုက သူမ၏ နာမည်ကြီး သီချင်းဖြစ်သော Whip My Hair ကို အဆိုပါစတူဒီယိုတွင် အသံဖမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဝီလ်စမစ်က ဂျာဒါပင်ကက်အား ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ချစ်ရေးဆိုခဲ့ခြင်းဖြစ်သည်။ ဝီလ်စမစ်က ပင်ကက်အတွက် ပေးအပ်ခဲ့သော စေ့စပ်လက်စွပ်မှာ ဖာရာရီပြိုင်ကားထက်ပင် ဈေးကြီးသည်ဟု ဆိုသည်။

၁၂ ကာရက်စိန်ကို တဖက်တချက်စီတွင် Baguette ကျောက်များ ကွပ်ထားသော အဆိုပါလက်စွပ်သည် ခန့်မှန်းချေ ကန်ဒေါ်လာ ၂၅၀၀၀၀ ခန့် တန်ကြေးရှိသည်ဟုဆိုရာ Ferrari Portofino ပြိုင်ကားအသစ်တစ်စီး၏ တန်ကြေးမှာ ကန်ဒေါ်လာ ၂၂၀၀၀၀ ခန့်သာရှိရာ ဂျာဒါအတွက်လက်စွပ်မှာ ပြိုင်ကားတစ်စီးထက် ဈေးကြီးနေသည်။

ဝီလ်စမစ်၏ စံအိမ်မှ အဝင်တံခါးမကြီးမှာ သစ်ထွင်းတံခါးဖြစ်ပြီး အိန္ဒိယမြောက်ပိုင်းရှိ ခံတပ်တစ်ခုမှ ရယူကာ ပြန်လည်မွမ်းမံထားခြင်းဖြစ်သည်ဟုဆိုသည်။

ခရစ္စမတ်ကာလက ဧည့်သည်များကို ကြိုဆိုရာတွင် အဝင်ခန်းမအပြင်ဘက်၌ နှင်းတုများထုတ်သည့်စက် တပ်ဆင်ထားကာ စင်္ကြန်လမ်းတွင်လည်း ကြီးမားလှသည့် ခရစ္စမတ်သစ်ပင်ကြီးတစ်ခု ဂျာဒါက ထားရှိကာကြိုဆိုခဲ့သည်။

ဝီလ်စမစ်သည် ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းကာလအတွင်း နေအိမ်မှသာ အဓိကအလုပ်လုပ်သည်။ အခန်းနံရံတွင် ကြီးမားသည့် ပိတ်ကားကြီးထိုးကာ Zoom မှတဆင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့၏။

စံအိမ်အတွင်း ဂီတနှင့် အားကစားပစ္စည်းများလည်း ဝီလ်စမစ်က တပ်ဆင်ထားသည်။

မီးဖိုဆောင်တွင် နံရံတစ်လျှောက်၌ ဗီရိုများရှိပြီး အလယ်ဗဟိုတွင် အစားအသောက်ပြင်ဆင်ရန်နှင့် ညစာစားရန် နေရာတို့ ပါဝင်သည်။

မီးဖိုဆောင်သည်လည်း နေအိမ်၏ အခြားနေရာများနည်းတူ အဝါရောင်လွှမ်းခြုံထားပြီး သစ်ကြမ်းခင်းနှင့် ဗီရိုစင်များတွေ့ရသည်။

ဝီလ်စမစ်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ရက်ပ်အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်သည်။ ဟာသနှင့် အလွမ်းအဆွေးဇာတ်ကားများဖြင့် နာမည်ကျော်ပြီး ဂီတအတွက် ဂရမ်မီဆု ၊ ရွှေကမ္ဘာလုံးဆုတို့အပြင် ရုပ်ရှင်အတွက် အော်စကာဆု ၄ ဆု အမည်စာရင်းဝင်ခဲ့ဖူးသည်။

၂၀၂၁ ခုနှစ်အထိ ဝီလ်စမစ်၏ ရုပ်ရှင်များသည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံအထိ ဝင်ငွေရရှိထားပြီး ဖြစ်သည်။

ဂျာဒါပင်ကက်သည် အမေရိကန်ရုပ်ရှင်မင်းသမီးဖြစ်ပြီး A Different World, The Nutty Professor,The Matrix Reloaded, The Matrix Revolutions,The Matrix Resurrections အစရှိသော ဇာတ်ကားများဖြင့် နာမည်ကျော်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Will Smith and Jada Pinkett-Smith's jaw-dropping £32.3million mansion (hellomagazine)

 

[Zawgyi]

ဝီလ္စမစ္ႏွင့္ ရုပ္ရွင္မင္းသမီး ဂ်ာဒါ ပင္ကက္တို႔စံုတြဲ၏ ေဒၚလာ ၄၂ သန္းတန္ စံအိမ္

 

ဝီလ္စမစ္သည္ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကာလအတြင္း ေနအိမ္တြင္ ယခင္ကထက္ပို၍ ကုန္လြန္ျဖတ္သန္းရန္ အခြင့္အေရးရေနသည္။

The Fresh Prince of Bel-Air ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ထားသူ ဝီလ္စမစ္သည္ ခန္႔မွန္းေျခ ကန္ေဒၚလာ ၄၂ သန္းခန္႔ တန္ေၾကးရွိေသာ စံအိမ္ၾကီးတြင္ ဇနီးျဖစ္သူ ရုပ္ရွင္မင္းသမီး ဂ်ာဒါ ပင္ကက္၊ ရင္ေသြးမ်ားျဖစ္ေသာ ဂ်ာဒန္၊ ဝီလိုတို႔ႏွင့္အတူ ေနထုိင္လ်က္ရွိသည္။

ဝီလ္စမစ္၏ စံအိမ္မွာ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိခရိုင္၊ ကာလာဘက္ဆက္စ္ျမိဳ႕တြင္ တည္ရွိသည္။

အဆိုပါေဒသသည္ နာမည္ေက်ာ္ ၾကယ္ပြင့္မ်ား အေျခခ်ရာေဒသျဖစ္ကာ ကာဒါရွီယန္ႏွင့္ ဂ်င္းနာမိသားစုမ်ားအျပင္ အျခားေသာ အေက်ာ္အေမာ္မ်ားစြာေနထိုင္သည့္ ေနရာလည္း ျဖစ္သည္။

၂၀၁၀ ျပည့္ႏွစ္တြင္ အျပီးသတ္ေဆာက္လုပ္ခဲ့သည့္ စံအိမ္ျဖစ္ျပီး ဘက္စ္ကက္ေဘာ၊ ေဘာ္လီေဘာႏွင့္ တင္းနစ္ကြင္းမ်ား၊ ကိုယ္ပိုင္သဘာဝေရကန္ႏွင့္ ျခံဝန္းအတြင္း ေရကူးကန္တို႔ ပါဝင္သည္။

စံအိမ္အတြင္း အိပ္ခန္း ၉ ခန္း၊ တရားထိုင္ခန္း၊ ဂိမ္းကစားခန္း၊ အိမ္တြင္းရုပ္ရွင္ရံုႏွင့္ အသံဖမ္းစတူဒီယိုပင္ ပါဝင္သည္။

ဝီလ္စမစ္၏ သမီးျဖစ္သူ အေမရိကန္အဆိုေတာ္၊ ေတးေရး ဝီလိုက သူမ၏ နာမည္ၾကီး သီခ်င္းျဖစ္ေသာ Whip My Hair ကို အဆိုပါစတူဒီယိုတြင္ အသံဖမ္းခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

ဝီလ္စမစ္က ဂ်ာဒါပင္ကက္အား ၁၉၉၇ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း ခ်စ္ေရးဆိုခဲ့ျခင္းျဖစ္သည္။ ဝီလ္စမစ္က ပင္ကက္အတြက္ ေပးအပ္ခဲ့ေသာ ေစ့စပ္လက္စြပ္မွာ ဖာရာရီျပိဳင္ကားထက္ပင္ ေစ်းၾကီးသည္ဟု ဆိုသည္။

၁၂ ကာရက္စိန္ကို တဖက္တခ်က္စီတြင္ Baguette ေက်ာက္မ်ား ကြပ္ထားေသာ အဆိုပါလက္စြပ္သည္ ခန္႔မွန္းေခ် ကန္ေဒၚလာ ၂၅၀၀၀၀ ခန္႔ တန္ေၾကးရွိသည္ဟုဆိုရာ Ferrari Portofino ျပိဳင္ကားအသစ္တစ္စီး၏ တန္ေၾကးမွာ ကန္ေဒၚလာ ၂၂၀၀၀၀ ခန္႔သာရွိရာ ဂ်ာဒါအတြက္လက္စြပ္မွာ ျပိဳင္ကားတစ္စီးထက္ ေစ်းၾကီးေနသည္။

ဝီလ္စမစ္၏ စံအိမ္မွ အဝင္တံခါးမၾကီးမွာ သစ္ထြင္းတံခါးျဖစ္ျပီး အိႏိၵယေျမာက္ပိုင္းရွိ ခံတပ္တစ္ခုမွ ရယူကာ ျပန္လည္မြမ္းမံထားျခင္းျဖစ္သည္ဟုဆိုသည္။

ခရစၥမတ္ကာလက ဧည့္သည္မ်ားကို ၾကိဳဆိုရာတြင္ အဝင္ခန္းမအျပင္ဘက္၌ ႏွင္းတုမ်ားထုတ္သည့္စက္ တပ္ဆင္ထားကာ စၾကၤန္လမ္းတြင္လည္း ၾကီးမားလွသည့္ ခရစၥမတ္သစ္ပင္ၾကီးတစ္ခု ဂ်ာဒါက ထားရွိကာၾကိဳဆိုခဲ့သည္။

ဝီလ္စမစ္သည္ ကိုရိုနာဗိုင္းရပ္စ္ေလာ့ေဒါင္းကာလအတြင္း ေနအိမ္မွသာ အဓိကအလုပ္လုပ္သည္။ အခန္းနံရံတြင္ ၾကီးမားသည့္ ပိတ္ကားၾကီးထိုးကာ Zoom မွတဆင့္ ေျပာဆိုေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့၏။

စံအိမ္အတြင္း ဂီတႏွင့္ အားကစားပစၥည္းမ်ားလည္း ဝီလ္စမစ္က တပ္ဆင္ထားသည္။

မီးဖိုေဆာင္တြင္ နံရံတစ္ေလွ်ာက္၌ ဗီရိုမ်ားရွိျပီး အလယ္ဗဟိုတြင္ အစားအေသာက္ျပင္ဆင္ရန္ႏွင့္ ညစာစားရန္ ေနရာတို႔ ပါဝင္သည္။

မီးဖိုေဆာင္သည္လည္း ေနအိမ္၏ အျခားေနရာမ်ားနည္းတူ အဝါေရာင္လႊမ္းျခံဳထားျပီး သစ္ၾကမ္းခင္းႏွင့္ ဗီရိုစင္မ်ားေတြ႔ရသည္။

ဝီလ္စမစ္သည္ အေမရိကန္ရုပ္ရွင္သရုပ္ေဆာင္၊ ရက္ပ္အဆိုေတာ္၊ ရုပ္ရွင္ထုတ္လုပ္သူ ျဖစ္သည္။ ဟာသႏွင့္ အလြမ္းအေဆြးဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္ျပီး ဂီတအတြက္ ဂရမ္မီဆု ၊ ေရႊကမၻာလံုးဆုတို႔အျပင္ ရုပ္ရွင္အတြက္ ေအာ္စကာဆု ၄ ဆု အမည္စာရင္းဝင္ခဲ့ဖူးသည္။

၂၀၂၁ ခုႏွစ္အထိ ဝီလ္စမစ္၏ ရုပ္ရွင္မ်ားသည္ ကမၻာတစ္ဝန္းတြင္ ကန္ေဒၚလာ ၉ ဒသမ ၃ ဘီလီယံအထိ ဝင္ေငြရရွိထားျပီး ျဖစ္သည္။

ဂ်ာဒါပင္ကက္သည္ အေမရိကန္ရုပ္ရွင္မင္းသမီးျဖစ္ျပီး A Different World, The Nutty Professor,The Matrix Reloaded, The Matrix Revolutions,The Matrix Resurrections အစရွိေသာ ဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Will Smith and Jada Pinkett-Smith's jaw-dropping £32.3million mansion (hellomagazine)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service