“ နေရာပြောင်းဖို့ ”

“ နေရာပြောင်းဖို့ ” - Property Knowledge in Myanmar from iMyanmarHouse.com
21 Feb 2022 1:20 pm တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တစ်ခါတစ်ရံလူသည် အနေကြာသည့်နေရာကို သံယောဇဉ်တွယ်မိသည်။ကိုယ့်ရဲ့အမြဲတမ်းနေရာလေးလို့ ထင်မှတ်မိတတ်သည်။ကိုယ့်ကိုယ်ကိုယ် အိမ်ငှားနေရာတယ်ဆိုတာမျိုးကို မေ့မေ့နေတတ်သည်။ သက်တမ်း ပြည့်၍ စာထပ်ချုပ်ရတော့မည်ဆိုမှ ဒီနေရာဟာ ကိုယ့်ကိုယ်ပိုင်နေရာမဟုတ်ပါလားလို့ အသိလေးပြန်ဝင်လာ သည်။

ယခုကာလ လူတိုင်းအခက်အခဲပေါင်းစုံနှင့်နေထိုင်နေရသည်။ လုပ်ငန်းတော်တော်များများ ရပ်နားထားသလို ဝန်ထမ်းများကလည်း အလုပ်လေးပြန်ဖွင့်နိုးနှင့် စောင့်နေရသည့်ကာလကလည်း ရှည်ကြာလာသည်။ မစောင့်နိုင်သည်က စားရေး၊ဝတ်ရေး၊ နေရေးဖြစ်သည်။ရောဂါများကြောင့် အိမ်ပြင်မထွက်ဘဲ နေခဲ့သော်လည်း ကူးစက်ခံရပါသည်။တဖြည်းဖြည်း စုစောင်းထားသည့်ငွေတို့သည်လည်း ပါးလျလာသည်။ထိုသို့ ဝင်ငွေမဝင်ဘဲ ရှိတာထိုင်စားရင်းနှင့် အချိန်တို့ကုန်လွန်လာသည်နှင့်အမျှ နေရေးက အခက်အခဲဖြစ်လာသည်။

စားရေးကို ဖြေရှင်းရန် နီးစပ်ရာအသိမိတ်ဆွေများထံ ဆက်သွယ်စုံစမ်း၍ အလုပ်တောင်းရာတွင် နေ့စဉ် အလုပ်မဆင်းရသော်လည်း တစ်လအတွင်း အလုပ်ဆင်းရက်လေးက အတော်အတန်ရှိရာ စားရေးအတွက် အနည်းငယ် အဆင်ပြေခဲ့သည်။

နေရေးအတွက်ကတော့ ခေါင်းခဲရပြန်ပါသည်။ယခင်က နှစ်သိန်းကျော်ပေးငှားနေခဲ့ရသော်လည်း စဉ်ဆက် မပြတ် အလုပ်လုပ်နေရသောကြောင့် အိမ်လခလည်းပေးနေနိုင်သည်။ ကူးစက်ရောဂါ အခြေအနေကြောင့် အလုပ်တို့ ရက်လရှည်စွာနားလိုက်ရသည့်အခါ အိမ်လခလည်း ယခင်အတိုင်းပေးနေနိုင်ဖို့ အဆင်မပြေ ဖြစ်လာသည်။

အဆိုးထဲမှ အကောင်းလေးကရှိသေးသည်။ အိမ်ရှင်၏သက်ညှာမှုကြောင့် အနည်းငယ်အသက်ရှုချောင် ခွင့်ရခဲ့သည်။ (၂)လ အလကားနေခွင့်ပေးသည်။ ထို့အပြင် အိမ်လခကိုလည်း အတော်များများလျော့ချပေး လေရာ အဆိုးထဲမှ အကောင်းဟုပင် မှတ်ရတော့သည်။

သို့သော်လည်းအထပ်မြင့်ဖြစ်၍ ဈေးရောင်းဈေးဝယ် လုပ်စားကိုင်စားပြုလုပ်ရန် ခက်ခဲလှ၏။ထို့ကြောင့် နေရာ ပြောင်းဖို့စဉ်းစားရပြန်သည်။နေရာပြောင်းသည်က ထင်သလောက်မလွယ်လှပါ။ပိုက်ဆံရှိလို့ ပြောင်းခဲ့ပါပြီတဲ့ ၎င်းနေရာမှလူများ၏ အခြေအနေ၊နေထိုင်သွားလာရေး အဆင်ပြေလုံခြုံမှုရှိရဲ့လား။ ရေမီးမိလ္လာကအစ အဆင်ပြေပါ့မလား တွက်ချက်ရသည်။ တော်ကြာပြောင်းပြီးမှ လက်ရှိနေနေသည့်နေရာလောက်တောင်မှ အဆင်မပြေသည့်နေရာ ဖြစ်နေလျှင် စိတ်ညစ်နေရဦးမည်။

မိမိငှားသည့်အိမ်ခန်းပိုင်ရှင်၏ စိတ်အခြေအနေကလည်း အခရာကျသည်။ရေနစ်သူဝါးကူထိုးသူလား။ ဘယ်သူသေသေ ငတေမာသူလား။စဉ်းစားရသည်။တစ်ခါတစ်ရံ အိမ်ငှားနေသူတွေက ခေတ်ကာလအရ ဒုက္ခရောက်နေလို့ အိမ်ငှားခကိုရက်လေးနောက်ကျပြီးမှယူပေးပါလားလို့ အသနားခံသည်ကိုတောင်မရ။ လကုန်သည်နှင့်ချက်ခြင်း စာချုပ်ပြီးငွေပေးချေရမည်လုပ်သည်။ခက်တော့လည်းခက်သည်။ အိမ်ရှင်တွေပဲ အပြစ်ပြောနေလို့ကလည်းမဖြစ် အိမ်ငှားတွေကလည်း ဘယ်လို (လက်ဆင်တွေ)ပေးခဲ့မှန်းမှမသိတာ။ မရိုးသားမှုတွေက သံသယဖြစ်စေခြင်းရဲ့အကြောင်းဖြစ်သည်။ထို့ကြောင့် နှစ်ဦးနှစ်ဖက်ကတော့ စာနာရမည် ရိုးသားကြရမည်ဖြစ်သည်။

နေရာပြောင်းဖို့ကိုတော့ မဖြစ်မနေလုပ်ရမည်။နေရာသစ်ကိုမြေညီထပ်(သို့မဟုတ်)လုံးချင်းအိမ်လေးဖြစ်လျှင် ပိုကောင်းမည်။ မိမိတို့စုဆောင်းထားသည့် ပစ္စည်းပစ္စယတွေကိုလည်း ကောင်းကောင်းထားနိုင်ဖို့နှင့် ဈေးဆိုင် တည်လျှင် ရောင်းချမည့်ပစ္စည်းများ ခင်းကျင်းပြသနိုင်ဖို့နှင့် သိုလှောင်ထားရှိနိုင်ဖို့ အကျယ်ရှိမည့်နေရာလေးကို ပြောင်းနိုင်ဖို့တော့ကြိုးစားရှာဖွေရပါဦးမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

“ ေနရာေျပာင္းဖို႔ ”

တစ္ခါတစ္ရံလူသည္ အေနၾကာသည့္ေနရာကို သံေယာဇဥ္တြယ္မိသည္။ကိုယ့္ရဲ႕အျမဲတမ္းေနရာေလးလို႔ ထင္မွတ္မိတတ္သည္။ကိုယ့္ကိုယ္ကိုယ္ အိမ္ငွားေနရာတယ္ဆိုတာမ်ိဳးကို ေမ့ေမ့ေနတတ္သည္။ သက္တမ္း ျပည့္၍ စာထပ္ခ်ဳပ္ရေတာ့မည္ဆိုမွ ဒီေနရာဟာ ကိုယ့္ကိုယ္ပိုင္ေနရာမဟုတ္ပါလားလို႔ အသိေလးျပန္ဝင္လာ သည္။

ယခုကာလ လူတိုင္းအခက္အခဲေပါင္းစုံႏွင့္ေနထိုင္ေနရသည္။ လုပ္ငန္းေတာ္ေတာ္မ်ားမ်ား ရပ္နားထားသလို ဝန္ထမ္းမ်ားကလည္း အလုပ္ေလးျပန္ဖြင့္ႏိုးႏွင့္ ေစာင့္ေနရသည့္ကာလကလည္း ရွည္ၾကာလာသည္။ မေစာင့္ႏိုင္သည္က စားေရး၊ဝတ္ေရး၊ ေနေရးျဖစ္သည္။ေရာဂါမ်ားေၾကာင့္ အိမ္ျပင္မထြက္ဘဲ ေနခဲ့ေသာ္လည္း ကူးစက္ခံရပါသည္။တျဖည္းျဖည္း စုေစာင္းထားသည့္ေငြတို႔သည္လည္း ပါးလ်လာသည္။ထိုသို႔ ဝင္ေငြမဝင္ဘဲ ရွိတာထိုင္စားရင္းႏွင့္ အခ်ိန္တို႔ကုန္လြန္လာသည္ႏွင့္အမွ် ေနေရးက အခက္အခဲျဖစ္လာသည္။

စားေရးကို ေျဖရွင္းရန္ နီးစပ္ရာအသိမိတ္ေဆြမ်ားထံ ဆက္သြယ္စုံစမ္း၍ အလုပ္ေတာင္းရာတြင္ ေန႔စဥ္ အလုပ္မဆင္းရေသာ္လည္း တစ္လအတြင္း အလုပ္ဆင္းရက္ေလးက အေတာ္အတန္ရွိရာ စားေရးအတြက္ အနည္းငယ္ အဆင္ေျပခဲ့သည္။

ေနေရးအတြက္ကေတာ့ ေခါင္းခဲရျပန္ပါသည္။ယခင္က ႏွစ္သိန္းေက်ာ္ေပးငွားေနခဲ့ရေသာ္လည္း စဥ္ဆက္ မျပတ္ အလုပ္လုပ္ေနရေသာေၾကာင့္ အိမ္လခလည္းေပးေနႏိုင္သည္။ ကူးစက္ေရာဂါ အေျခအေနေၾကာင့္ အလုပ္တို႔ ရက္လရွည္စြာနားလိုက္ရသည့္အခါ အိမ္လခလည္း ယခင္အတိုင္းေပးေနႏိုင္ဖို႔ အဆင္မေျပ ျဖစ္လာသည္။

အဆိုးထဲမွ အေကာင္းေလးကရွိေသးသည္။ အိမ္ရွင္၏သက္ညွာမႈေၾကာင့္ အနည္းငယ္အသက္ရႈေခ်ာင္ ခြင့္ရခဲ့သည္။ (၂)လ အလကားေနခြင့္ေပးသည္။ ထို႔အျပင္ အိမ္လခကိုလည္း အေတာ္မ်ားမ်ားေလ်ာ့ခ်ေပး ေလရာ အဆိုးထဲမွ အေကာင္းဟုပင္ မွတ္ရေတာ့သည္။

သို႕ေသာ္လည္းအထပ္ျမင့္ျဖစ္၍ ေဈးေရာင္းေဈးဝယ္ လုပ္စားကိုင္စားျပဳလုပ္ရန္ ခက္ခဲလွ၏။ထို႔ေၾကာင့္ ေနရာ ေျပာင္းဖို႔စဥ္းစားရျပန္သည္။ေနရာေျပာင္းသည္က ထင္သေလာက္မလြယ္လွပါ။ပိုက္ဆံရွိလို႔ ေျပာင္းခဲ့ပါၿပီတဲ့ ၎ေနရာမွလူမ်ား၏ အေျခအေန၊ေနထိုင္သြားလာေရး အဆင္ေျပလုံျခဳံမႈရွိရဲ႕လား။ ေရမီးမိလႅာကအစ အဆင္ေျပပါ့မလား တြက္ခ်က္ရသည္။ ေတာ္ၾကာေျပာင္းၿပီးမွ လက္ရွိေနေနသည့္ေနရာေလာက္ေတာင္မွ အဆင္မေျပသည့္ေနရာ ျဖစ္ေနလွ်င္ စိတ္ညစ္ေနရဦးမည္။

မိမိငွားသည့္အိမ္ခန္းပိုင္ရွင္၏ စိတ္အေျခအေနကလည္း အခရာက်သည္။ေရနစ္သူဝါးကူထိုးသူလား။ ဘယ္သူေသေသ ငေတမာသူလား။စဥ္းစားရသည္။တစ္ခါတစ္ရံ အိမ္ငွားေနသူေတြက ေခတ္ကာလအရ ဒုကၡေရာက္ေနလို႔ အိမ္ငွားခကိုရက္ေလးေနာက္က်ၿပီးမွယူေပးပါလားလို႔ အသနားခံသည္ကိုေတာင္မရ။ လကုန္သည္ႏွင့္ခ်က္ျခင္း စာခ်ဳပ္ၿပီးေငြေပးေခ်ရမည္လုပ္သည္။ခက္ေတာ့လည္းခက္သည္။ အိမ္ရွင္ေတြပဲ အျပစ္ေျပာေနလို႔ကလည္းမျဖစ္ အိမ္ငွားေတြကလည္း ဘယ္လို (လက္ဆင္ေတြ)ေပးခဲ့မွန္းမွမသိတာ။ မရုိးသားမႈေတြက သံသယျဖစ္ေစျခင္းရဲ႕အေၾကာင္းျဖစ္သည္။ထို႔ေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ကေတာ့ စာနာရမည္ ရိုးသားၾကရမည္ျဖစ္သည္။

ေနရာေျပာင္းဖို႔ကိုေတာ့ မျဖစ္မေနလုပ္ရမည္။ေနရာသစ္ကို ေျမညီထပ္(သို႔မဟုတ္)လုံးခ်င္းအိမ္ေလးျဖစ္လွ်င္ ပိုေကာင္းမည္။ မိမိတို႔စုေဆာင္းထားသည့္ ပစၥည္းပစၥယေတြကိုလည္း ေကာင္းေကာင္းထားႏိုင္ဖို႔ႏွင့္ ေဈးဆိုင္ တည္လွ်င္ ေရာင္းခ်မည့္ပစၥည္းမ်ား ခင္းက်င္းျပသႏိုင္ဖို႔ႏွင့္ သိုေလွာင္ထားရွိႏိုင္ဖို႔ အက်ယ္ရွိမည့္ေနရာေလးကို ေျပာင္းႏိုင္ဖို႔ေတာ့ႀကိဳးစားရွာေဖြရပါဦးမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service