စီရော်နယ်ဒိုရဲ့ နယူးယောက်ကွန်ဒိုခန်း ဘာလို့ရောင်းမထွက်တာလဲ
စီရော်နယ်ဒိုရဲ့ နယူးယောက်ကွန်ဒိုခန်း ဘာလို့ရောင်းမထွက်တာလဲ - Property News in Myanmar from iMyanmarHouse.com
8 Feb 2022 11:07 am တွင် တင်ခဲ့သည်
1423 ကြိမ် ကြည့်ရှု့ပြီး
[Unicode] ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ထရမ့််တာဝါရှိ ကွန်ဒိုခန်းတစ်ခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုအခါ ဝယ်ဈေး၏ ထက်ဝက်ခန့်လျှော့ချပေးသည့်တိုင် ဝယ်လက်ရှာမတွေ့ဘဲ ဖြစ်နေသည်။
စီရော်နယ်ဒိုသည် အဆိုပါအခန်းကို ၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင်မူ ဒေါ်နယ်ထရမ့်၏ နာမည်ကျော်ကြားမှု ကျဆင်းသွားသည့်နည်းတူ စီရော်နယ်ဒို၏ အခန်းဈေးနှုန်းမှာလည်း ကျဆင်းလျက်ရှိနေသည်။
၂၀၂၁ ခုနှစ်သည် ဒေါ်နယ်ထရမ့်အတွက် ဆိုးရွားသည့်နှစ်တစ်နှစ်ဟု ဆိုနိုင်သည်။ လူမှုကွန်ရက်အများစုတွင် သူ၏အကောင့်များ အပိတ်ခံထားရသည့်အပြင် ငွေကြေးပိုင်ဆိုင်မှုမှာလည်း အလွန်လျင်မြန်စွာ ကျဆင်းလာလျက် ရှိနေသည်။
သို့သော် သူတစ်ဦးတည်းမဟုတ်။ ထရမ့်မှာ သူထိုးဆင်းကျသည့်တချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်းရှိ အခြားသူများကိုလည်း ဆွဲခေါ်သွားသည်။
သာဓကအားဖြင့် ကနေဒါ ဘီလျံနာ ဆူဇန်နီ ရော်ဂျာစ်ကို ကြည့်ပါ။ ဆူဇန်နီသည် ကနေဒါ၏ ဖက်ရှင်လောကမိခင်ကြီးအဖြစ် ရပ်တည်နေရာမှ ဒေါ်နယ်ထရမ့်၏ နာမည်ကျော် မာရာလာဂို အပန်းဖြေစခန်းစံအိမ်ကြီးတွင် ထရမ့်နှင့်အတူ ရိုက်ကူးခဲ့ဖူးသော ဓာတ်ပုံတစ်ပုံကြောင့် အထက်တန်းအသိုက်အဝန်းမှ ဖယ်ကြဉ်ခံလိုက်ရသည်။ ယခုအခါ ခရစ္စတီယာနို ရော်နယ်ဒိုသည် နယူးယောက်မြို့၊ ထရမ့်တာဝါရှိ သူ၏အခန်းကို ရောင်းထုတ်ရန် ကြိုးစားနေရာ ကြီးမားစွာ အရှုံးပေါ်သည့်တိုင် ရောင်းထုတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
စီရော်နယ်ဒို၏ ပရိသတ်များက အဆိုပါအခန်းကို ရောင်းထုတ်ရန် တိုက်တွန်းနေခဲ့သည်မှာ အတန်ကြာမြင့် ခဲ့ပြီဖြစ်ပြီး အခန်းရောင်းချရေးအတွက် အသနားခံမှု petition campaign များပင် ပြုလုပ်ကြသည်။
ယခုအခါတွင် စီရော်နယ်ဒိုသည် အဆိုပါအခန်းကို အမြန်ဆုံးရောင်းထုတ်လိုလျက်ရှိနေသည်။ စီရော်နယ်ဒိုသည် နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၇၂၁ ရှိ အဆိုပါအခန်းကို ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်က သမ္မတနေရာကို ဝင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံမည်ဖြစ်ကြောင်း ကြေညာပြီး ၂ လအကြာတွင် စီရော်နယ်ဒိုက ထရမ့်တာဝါမှ အခန်းကို အပြီးသတ်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ဈေးကောင်းနေချိန်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းအထိ ပေးခဲ့ရသည်။
သူ၏ ပိုက်ဆံအတွက် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါသောအခန်းမှ မည်သည့်အရာများ ရခဲ့သည်ကို ကြည့်ရအောင်။
အဝင်ခန်းမ
အဖြူနှင့်အမည်း ထုံးကျောက်ကြမ်းခင်းများက ပန်းချီပြခန်းနှင့် ဧည့်ခန်းဆီသို့ ဆောင်ကြဉ်းသွားသည်။ ဈေးကွက်တင်မှတ်တမ်းအရ ဧည့်ခန်းနေရာများတွင် အဓိက အသုံးပြုထားသည်မှာ ဟာဝိုင်အီတွင် ပေါက်ရောက်သော Koa သစ်ဖြင့် ပြုလုပ်ထားသည့် နံရံ၊ ၁၈ ရာစု ပါကေးဒီဇိုင်း parquet de Versaille ကြမ်းခင်းများဖြစ်သည်ဟု ဆိုသည်။
ဧည့်ခန်း
ဧည့်ခန်းတွင် ဂန္ထဝင်ဆန်သော အညိုနှင့် အပြာတို့ရောယှက်နေပြီး အနုပညာလက်ရာများ၊ စာအုပ်များဖြင့် ပြည့်နှက်နေရာ ရှေးဆန်သည့်အငွေ့အသက် ခံစားရသည်။
ရုံးခန်း
မန်ဟက်တန်ရှိ တာဝါများကို တွေ့မြင်နေရသည့် ရုံးခန်းတစ်ခုလည်း ပါဝင်သည်။
အားကစားလေ့ကျင့်ရေးခန်းမ
ကမ္ဘာ့အဆင့် နာမည်ကျော်အားကစားသမားတစ်ဦး၏အိမ်တွင် အားကစားခန်းမမှာ မရှိမဖြစ်ပင်။ အားကစားခန်းမမှတဆင့် နယူးယောက်၏ နာမည်ကျော် Central Park ပန်းခြံကြီးနှင့် မန်ဟက်တန်အရပ်၏ ကောင်းကင်ရှုခင်းကို တွေ့မြင်ရမည် ဖြစ်သည်။
စီရော်နယ်ဒိုသည် စတုရန်းပေ ၂၅၁၀ ကျယ်ဝန်းသော အဆိုပါအခန်းကို ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ရာ ဝယ်ယူခဲ့သောဈေးအောက် ထက်ဝက်ပင် မရှိသော ဈေးနှုန်း ဖြစ်သည်။
ယခုဈေးကွက်တင်လာသည့် ဈေးမှာ ကန်ဒေါ်လာ ၇ ဒသမ ၇၅ သန်းဖြစ်ပြီး အပြီးသတ်အရောင်းအဝယ်ဖြစ် သွားမည့် ဈေးမှာ ခေါ်ဈေးအောက် ပိုမိုနည်းပါးသွားမည်လားဆိုသည်ကိုမူ မလောင်းဝံ့ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why Cristiano Ronaldo can’t sell his Trump Tower apartment: the soccer star bought the US$18.5 million New York City property in 2015 – now he’s struggling to find buyers at less than half the price (scmp)
[Zawgyi]
ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ထရမ့်တာဝါရှိ ကွန်ဒိုခန်းတစ်ခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုအခါ ဝယ်ဈေး၏ ထက်ဝက်ခန့်လျှော့ချပေးသည့်တိုင် ဝယ်လက်ရှာမတွေ့ဘဲ ဖြစ်နေသည်။
အဝင်ခန်းမ
ဧည့်ခန်း
ရုံးခန်း
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
Mingalar Market
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service