ကျန်းမာရေးက B အဆင့်သတ်မှတ်ခံရတဲ့ စက်ရုံ ၄၀၀၀ ကျော်ကို ဒီရက်ထဲမှာ စစ်ဆေးမယ် - Property News in Myanmar from iMyanmarHouse.com
910 Views

ကျန်းမာရေးက B အဆင့်သတ်မှတ်ခံရတဲ့ စက်ရုံ ၄၀၀၀ ကျော်ကို ဒီရက်ထဲမှာ စစ်ဆေးမယ်

[Unicode]

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းပြင်ဆင်ထားပြီး အဆင့် B အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ စက်ရုံပေါင်း ၄၀၀၀ ကျော်ကို ရက်ပိုင်းအတွင်း စစ်ဆေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

B အဆင့်သတ်မှတ်ခံထားရတဲ့ အဲ့ဒီ့စက်ရုံပေါင်း ၄၀၀၀ ကျော်က လာရောက်စစ်ဆေးချိန်မှာ အဆင့် A ဖြစ်အောင် ပြင်ဆင်ထားနိုင်ရင်တော့ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဌ-ဦးအေးသောင်း "စည်ကမ်းချက်နဲ့မညီရင် သူတို့ရှောင်တခင်ဝင်စစ်တဲ့အခါတွေ့ရှိရင်တော့ အရေးယူမယ်ဆိုတဲ့ ညွှန်ကြားစာလည်း ကျွန်တော်တို့ဆီရောက်ပါပြီ ဒါ့ကြောင့် စက်ရုံတွေကိုကျွန်တော်တို့အသိပေးထားတာတွေရှိပါတယ် " CMP စက်ရုံ၊ အလုပ်ရုံတွေကို ခေတ္တရပ်နားဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်နေ့က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ကျန်းမာရေးနဲ့အညီပြင်ဆင်ထားနိုင်တဲ့ အဆင့် A ရှိတဲ့ စက်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။

လက်ရှိရန်ကုန်မှာ အဆင့် A အဖြစ်သတ်မှတ်ခံရလို့ ပြန်လည်ဖွင့်လှစ်နေတဲ့ စက်ရုံပေါင်းက ၂၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ဆေးဖို့ကျန်ရှိနေပြီး Bအဆင့် စက်ရုံပေါင်း ၄၀၀၀ ကျော်ကိုလည်း တိုင်းဒေသကြီးအစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပါပြီ။

အဆိုပါ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအနေဖြင့် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်သတ်မှတ်ချက်များ အတိုင်း အပြည့်အဝလိုက်နာ ဆောင်ရွက်နိုင်မည်ဆိုပါက လိုက်နာမှုအဆင့် A သတ်မှတ်ခံရမည်ဖြစ်ကာ အောက်တိုဘာ ၁၂ ရက်ကစ၍ ပြန်လည်ဖွင့်လှစ်လုပ်ကိုင် နိုင်မည်ဟု ကြေညာချက်များမှ သိရသည်။

ထိုသို့ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်နှင့် ပတ် သက်၍ နိုင်ငံပိုင်မီဒီယာနှင့် သက် ဆိုင်ရာဝန်ကြီးဌာန၏ ကြေညာချက်နှစ်စောင် ပြောင်းသွားသော်လည်း အဓိပ္ပာယ်မှာ ကွာခြားမှု မရှိဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှာ CMP လုပ်ငန်းပေါင်း ၅,၀၀၀ ကျော်ရှိပြီးအလုပ်သမားဦးရေ ငါးသိန်း ကျော်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

က်န္းမာေရးက B အဆင့္သတ္မွတ္ခံရတဲ့ စက္႐ုံ ၄၀၀၀ ေက်ာ္ကို ဒီရက္ထဲမွာ စစ္ေဆးမယ္

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္းျပင္ဆင္ထားၿပီး အဆင့္ B အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ စက္႐ုံေပါင္း ၄၀၀၀ ေက်ာ္ကို ရက္ပိုင္းအတြင္း စစ္ေဆးမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က သတင္းထုတ္ျပန္လိုက္ပါတယ္။

B အဆင့္သတ္မွတ္ခံထားရတဲ့ အဲ့ဒီ့စက္႐ုံေပါင္း ၄၀၀၀ ေက်ာ္က လာေရာက္စစ္ေဆးခ်ိန္မွာ အဆင့္ A ျဖစ္ေအာင္ ျပင္ဆင္ထားႏိုင္ရင္ေတာ့ဖြင့္လွစ္ခြင့္ျပဳသြားမယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ေ႐ႊလင္ဗန္းစက္မႈဇုန္ဥကၠဌ-ဦးေအးေသာင္း "စည္ကမ္းခ်က္နဲ႔မညီရင္ သူတို႔ေ႐ွာင္တခင္ဝင္စစ္တဲ့အခါေတြ႕႐ွိရင္ေတာ့ အေရးယူမယ္ဆိုတဲ့ ၫႊန္ၾကားစာလည္း ကြၽန္ေတာ္တို႔ဆီေရာက္ပါၿပီ ဒါ့ေၾကာင့္ စက္႐ုံေတြကိုကြၽန္ေတာ္တို႔အသိေပးထားတာေတြ႐ွိပါတယ္ " CMP စက္႐ုံ၊ အလုပ္႐ုံေတြကို ေခတၱရပ္နားဖို႔ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၁ရက္ေန႔က က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခဲ့တာျဖစ္ၿပီး ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာေတာ့ က်န္းမာေရးနဲ႔အညီျပင္ဆင္ထားႏိုင္တဲ့ အဆင့္ A ႐ွိတဲ့ စက္႐ုံေတြကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳခဲ့တာပါ။

လက္႐ွိရန္ကုန္မွာ အဆင့္ A အျဖစ္သတ္မွတ္ခံရလို႔ ျပန္လည္ဖြင့္လွစ္ေနတဲ့ စက္႐ုံေပါင္းက ၂၁၀၀ ေက်ာ္႐ွိတယ္လို႔ သိရပါတယ္။

စစ္ေဆးဖို႔က်န္႐ွိေနၿပီး Bအဆင့္ စက္႐ုံေပါင္း ၄၀၀၀ ေက်ာ္ကိုလည္း တိုင္းေဒသႀကီးအစိုးရက ျပန္လည္ဖြင့္လွစ္ခြင့္ျပဳထားပါၿပီ။

အဆိုပါ စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာနမ်ားအေနျဖင့္ က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၏ လမ္းၫႊန္သတ္မွတ္ခ်က္မ်ား အတိုင္း အျပည့္အဝလိုက္နာ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက လိုက္နာမႈအဆင့္ A သတ္မွတ္ခံရမည္ျဖစ္ကာ ေအာက္တိုဘာ ၁၂ ရက္ကစ၍ ျပန္လည္ဖြင့္လွစ္လုပ္ကိုင္ ႏိုင္မည္ဟု ေၾကညာခ်က္မ်ားမွ သိရသည္။

ထိုသို႔ စက္႐ုံ၊ အလုပ္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ခြင့္ႏွင့္ ပတ္ သက္၍ ႏိုင္ငံပိုင္မီဒီယာႏွင့္ သက္ ဆိုင္ရာဝန္ႀကီးဌာန၏ ေၾကညာခ်က္ႏွစ္ေစာင္ ေျပာင္းသြားေသာ္လည္း အဓိပၸာယ္မွာ ကြာျခားမႈ မ႐ွိဟု ျမန္မာႏိုင္ငံအထည္ခ်ဳပ္ လုပ္ငန္း႐ွင္မ်ားအသင္း ဥကၠ႒ ဦးျမင့္စိုးက ဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးမွာ CMP လုပ္ငန္းေပါင္း ၅,၀၀၀ ေက်ာ္႐ွိၿပီးအလုပ္သမားဦးေရ ငါးသိန္း ေက်ာ္လုပ္ကိုင္ေနၾကတာပဲျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service