ပြည်တွင်း၌ခွင့်ပြုထားသော ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းများတွင် နိုင်ငံခြားသားပညာရှင်များ ခန့်ထားရာတွင် အထောက်အထားမပြည့်စုံပါက ခွင့်မပြု - Property News in Myanmar from iMyanmarHouse.com
758 Views

ပြည်တွင်း၌ခွင့်ပြုထားသော ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းများတွင် နိုင်ငံခြားသားပညာရှင်များ ခန့်ထားရာတွင် အထောက်အထားမပြည့်စုံပါက ခွင့်မပြု

[Unicode]

ရင်းနှီးမြှုုပ်နှံမှုကော်မတီက ခွင့်ပြုထားသော လုပ်ငန်းများတွင် နိုင်ငံခြားသားပညာရှင်များခန့်ထားရာတွင် အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့် နိုင်ငံခြားသားများအားခန့်ထားခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်ကအသိပေး ကြေညာထားသည်။

ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခွင့်ရ လုပ်ငန်များတွင် စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေးများအဖြစ် နိုင်ငံခြားသား ကျွမ်းကျင်သူများအားခန့်ထားရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုနည်းဥပဒေ ၂၀၆ တို့အရ စိစစ်ခွင့်ပြုပေးလျက် ရှိရာ အချို့ကုမ္ပဏီများသည် ကျွမ်းကျင်မှု အထောက်အထားသို့မဟုတ် ဘွဲ့လက်မှတ်အထောက်အထားအစား ကုမ္ပဏီဒါရိုက်တာသို့မဟုတ် မိခင်ကုမ္ပဏီ၏ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံချက်တို့အား ပူးတွဲ၍ တင်ပြလျှောက်ထားလျက်ရှိသည်ကို တွေ့ရကြောင်း အသိပေးဖော်ပြထားသည်။

သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီအလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား၏ ဘွဲ့လက်မှတ် မိတ္တူ (ဘာသာပြန်ရန် လိုအပ်ပါက နိုတြီမူ ရင်း) သို့မဟုတ် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဆောင်ရွက်မည့် လုပ်ငန်းနှင့် ကိုက်ညီသည့် သင်တန်းဆင်းလက်မှတ် တို့ ကို ပူးတွဲတင်ပြလာသည့် လျှောက်ထားလွှာများကိုသာ စိစစ်၍ အဆိုပါလုပ်ငန်းများတွင် ခန့်ထားခွင့် ၆ လ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး အထောက်အထား ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိသည့် နိုင်ငံခြားသားများကို ခန့်ထားခွင့်ပြုမည် မဟုတ်ကြောင်း ကြေညာချက်အရ သိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပြည်တွင်း၌ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် နိုင်ငံခြားသားပညာရှင်များ ခန့်ထားရာတွင် အထောက်အထားမပြည့်စုံပါက ခွင့်မပြု

ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသော လုပ်ငန်းများတွင် နိုင်ငံခြားသားပညာရှင်များခန့်ထားရာတွင် အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့် နိုင်ငံခြားသားများအားခန့်ထားခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကအသိပေး ကြေညာထားသည်။

ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခွင့်ရ လုပ်ငန်များတွင် စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေးများအဖြစ် နိုင်ငံခြားသား ကျွမ်းကျင်သူများအားခန့်ထားရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၀၆ တို့အရ စိစစ်ခွင့်ပြုပေးလျက် ရှိရာ အချို့ကုမ္ပဏီများသည် ကျွမ်းကျင်မှု အထောက်အထားသို့မဟုတ် ဘွဲ့လက်မှတ်အထောက်အထားအစား ကုမ္ပဏီဒါရိုက်တာသို့မဟုတ် မိခင်ကုမ္ပဏီ၏ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံချက်တို့အား ပူးတွဲ၍ တင်ပြလျှောက်ထားလျက်ရှိသည်ကို တွေ့ရကြောင်း အသိပေးဖော်ပြထားသည်။




Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service