ရန်ကုန်တိုင်းရှိ စားသောက်ဆိုင်များ စက်တင်ဘာ ၈ ရက်မှစတင်ပြီး ဆိုင်ထိုင်စနစ်ဖြင့် မရောင်းချရန် ကန့်သတ် - Property News in Myanmar from iMyanmarHouse.com
2092 Views

ရန်ကုန်တိုင်းရှိ စားသောက်ဆိုင်များ စက်တင်ဘာ ၈ ရက်မှစတင်ပြီး ဆိုင်ထိုင်စနစ်ဖြင့် မရောင်းချရန် ကန့်သတ်

[Unicode]

COVID-19 ရောဂါ ကူးစက်မှု တစ်ကျော့ပြန်မြင့်မား လာသည့်အတွက် စက်တင်ဘာ ၈ ရက်ကစ၍ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အားလုံးရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ပြန်လည်ရောင်းချရန် မြို့တော်စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားချက်ထုတ် ပြန်သည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်စတင်ခဲ့သည့် ကာလတွင် ရန်ကုန်တိုင်းရှိ စားသောက်ဆိုင်များကို ပါဆယ်စနစ်သာရောင်းချရန် စတင်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကူးစက်မှုလျော့နည်းသွားချိန်တွင် ဆိုင်ထိုင်စနစ်ကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဩဂုတ်လအတွင်း ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ယခုလို ပြန်လည် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ကနဦးအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရေးအတွက် Semi-Lockdown ချထားသည့် သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်များကို ညွှန်ကြားခဲ့သော်လည်း လက်ရှိရောဂါတွေ့ရှိမှုသည် အခြားမြို့နယ်များတွင်ပါ ဆက်တိုက်မြင့်တက်လာ၍ တိုင်းတစ်ခုလုံးကို ညွှန်ကြားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရှင်းပြသည်။

‘‘တိုင်းမှာရှိတဲ့ မြို့နယ် ၄၄ ခုစလုံးကို ဆောင်ရွက်မှာဖြစ်တယ်။ ကိုကိုးကျွန်းတော့မပါဘူး’’ဟု ဦးမောင်မောင်စိုးကပြောသည်။

ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ညွှန်ကြားချက်ကို လိုက်နာမှုမရှိပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးသည်။

‘‘ဒီလ ၃ ရက်နေ့ကတည်းက ပါဆယ်စနစ်နဲ့ ရောင်းဖို့ဆိုပြီး ညွှန် ကြားချက်လာလို့ အဲဒီအတိုင်း ဆောင်ရွက်နေတယ်’’ဟု အင်းစိန် မြို့နယ်မှ ရွှေထီးဆောင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုလေးက ပြောသည်။

ရန်ကုန်မြို့၏ ရောဂါတွေ့ရှိ မှုများပြားနေသည့် ယခုအနေအထားသည် တစ်ဦးတစ်ယောက်ချင်းစီ၏ အသိတရားနှင့်သတိရှိမှုများဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်းလည်း မြို့တော်ဝန်က တိုက်တွန်းသည်။

ရန်ကုန်တိုင်း အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ကြီးများ အပါအဝင် အခြားဈေးဆိုင်များလည်း ခင်းကျင်းရောင်းချခြင်းများ မပြုဘဲ ထုတ်ပိုးသယ်ဆောင်ခြင်းဖြင့်သာ ရောင်းချရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) က အသိပေးကြေညာချက် ၂၀၂၀ မတ်လကုန်တွင် ပထမအကြိမ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆိုင်များအပြင် မြို့နယ်အချို့တွင် ကွမ်းယာဆိုင်များနှင့် လမ်းဘေးဈေးသည်များကိုပါ ပိတ်သိမ်းခိုင်းခြင်း ပြုလုပ်လျက်ရှိပြီး အချို့ ဈေးဆိုင်များမှာ ၃ ပေအကွာအဝေး သတ်မှတ်ပြီး ဈေးရောင်းချပေးခြင်း ပြုလုပ်ကြသည်ဟုလည်း သိရသည်။

မေလ ၁၇ ရက် နောက်ပိုင်း ရန်ကုန်တိုင်းတွင် ပြည်တွင်းကူးစက်မရှိတော့ဘဲ သုံးလကျော်အကြာ သြဂုတ် ၂၄ ရက်ကစ၍ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းအထိ မြို့နယ် ၃၃ ခုတွင် ကူးစက်လူနာ ၁၆၀၀ကျော်ရှိလာသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ရန္ကုန္တိုင္း႐ွိ စားေသာက္ဆိုင္မ်ား စက္တင္ဘာ ၈ ရက္မွစတင္ၿပီး ဆိုင္ထိုင္စနစ္ျဖင့္ မေရာင္းခ်ရန္ ကန္႔သတ္

COVID-19 ေရာဂါ ကူးစက္မႈ တစ္ေက်ာ့ျပန္ျမင့္မား လာသည့္အတြက္ စက္တင္ဘာ ၈ ရက္ကစ၍ ရန္ကုန္တိုင္းေဒသၾကီးၿမိဳ႕နယ္အားလုံး႐ွိ စားေသာက္ဆိုင္မ်ား ပါဆယ္စနစ္ျဖင့္သာ ျပန္လည္ေရာင္းခ်ရန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ၫႊန္ၾကားခ်က္ထုတ္ ျပန္သည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္စတင္ခဲ့သည့္ ကာလတြင္ ရန္ကုန္တိုင္း႐ွိ စားေသာက္ဆိုင္မ်ားကို ပါဆယ္စနစ္သာေရာင္းခ်ရန္ စတင္ကန္႔သတ္ခဲ့ျခင္းျဖစ္ၿပီး ျပည္တြင္းကူးစက္မႈေလ်ာ့နည္းသြားခ်ိန္တြင္ ဆိုင္ထိုင္စနစ္ကို ျပန္လည္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္လည္း ဩဂုတ္လအတြင္း ျပည္တြင္းကူးစက္မႈ ျပန္လည္ျမင့္တက္လာျခင္းေၾကာင့္ ယခုလို ျပန္လည္ ကန္႔သတ္လိုက္ျခင္းျဖစ္သည္။

ကနဦးအေနျဖင့္ ပါဆယ္စနစ္ျဖင့္ ေရာင္းခ်ေရးအတြက္ Semi-Lockdown ခ်ထားသည့္ သဃၤန္းကြၽန္း၊ အင္းစိန္၊ ေျမာက္ဥကၠလာပ၊ သာေကတ၊ လိႈင္၊ ပုဇြန္ေတာင္ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္မ်ားကို ၫႊန္ၾကားခဲ့ေသာ္လည္း လက္႐ွိေရာဂါေတြ႕႐ွိမႈသည္ အျခားၿမိဳ႕နယ္မ်ားတြင္ပါ ဆက္တိုက္ျမင့္တက္လာ၍ တိုင္းတစ္ခုလုံးကို ၫႊန္ၾကားျခင္းျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ႐ွင္းျပသည္။

‘‘တိုင္းမွာ႐ွိတဲ့ ၿမိဳ႕နယ္ ၄၄ ခုစလုံးကို ေဆာင္႐ြက္မွာျဖစ္တယ္။ ကိုကိုးကြၽန္းေတာ့မပါဘူး’’ဟု ဦးေမာင္ေမာင္စိုးကေျပာသည္။

ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ၫႊန္ၾကားခ်က္ကို လိုက္နာမႈမ႐ွိပါက ဆိုင္ပိတ္သိမ္းသည္အထိ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိေပးသည္။

‘‘ဒီလ ၃ ရက္ေန႔ကတည္းက ပါဆယ္စနစ္နဲ႔ ေရာင္းဖို႔ဆိုၿပီး ၫႊန္ၾကားခ်က္လာလို႔ အဲဒီအတိုင္း ေဆာင္႐ြက္ေနတယ္’’ဟု အင္းစိန္ ၿမိဳ႕နယ္မွ ေ႐ႊထီးေဆာင္းလက္ဖက္ရည္ဆိုင္ပိုင္႐ွင္ ကိုေလးက ေျပာသည္။

ရန္ကုန္ၿမိဳ႕၏ ေရာဂါေတြ႕႐ွိ မႈမ်ားျပားေနသည့္ ယခုအေနအထားသည္ တစ္ဦးတစ္ေယာက္ခ်င္းစီ၏ အသိတရားႏွင့္သတိ႐ွိမႈမ်ားျဖင့္ ထိန္းသိမ္းရန္ လိုအပ္ေနေၾကာင္းလည္း ၿမိဳ႕ေတာ္ဝန္က တိုက္တြန္းသည္။

ရန္ကုန္တိုင္း အတြင္း႐ွိ လက္ဖက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္ႀကီးမ်ား အပါအဝင္ အျခားေဈးဆိုင္မ်ားလည္းခင္းက်င္းေရာင္းခ်ျခင္းမ်ား မျပဳဘဲ ထုတ္ပိုးသယ္ေဆာင္ျခင္းျဖင့္သာ ေရာင္းခ်ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (YCDC) က အသိေပးေၾကညာခ်က္ ၂၀၂၀ မတ္လကုန္တြင္ ပထမအႀကိမ္ ထုတ္ျပန္ခဲ့သည္။

အဆိုပါ ဆိုင္မ်ားအျပင္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ကြမ္းယာဆိုင္မ်ားႏွင့္ လမ္းေဘးေဈးသည္မ်ားကိုပါ ပိတ္သိမ္းခိုင္းျခင္း ျပဳလုပ္လ်က္႐ွိၿပီး အခ်ိဳ႕ ေဈးဆိုင္မ်ားမွာ ၃ ေပအကြာအေဝး သတ္မွတ္ၿပီး ေဈးေရာင္းခ်ေပးျခင္း ျပဳလုပ္ၾကသည္ဟုလည္း သိရသည္။

ေမလ ၁၇ ရက္ ေနာက္ပိုင္း ရန္ကုန္တိုင္းတြင္ ျပည္တြင္းကူးစက္မ႐ွိေတာ့ဘဲ သုံးလေက်ာ္အၾကာ ၾသဂုတ္ ၂၄ ရက္ကစ၍ စက္တင္ဘာ ၈ ရက္ နံနက္ပိုင္းအထိ ၿမိဳ႕နယ္ ၃၃ ခုတြင္ ကူးစက္လူနာ ၁၆၀၀ေက်ာ္႐ွိလာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service