အိမ်ယာစီမံကိန်းများအပါအဝင်မည်သည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည်မဟုတ်တော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
1359 Views

အိမ်ယာစီမံကိန်းများအပါအဝင်မည်သည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည်မဟုတ်တော့ဟုဆို

[Unicode]

အိမ်ယာစီမံကိန်းအပါအဝင် လမ်း၊တံတား ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁ ရက်မှ စတင်ပြီး ဆောက်လုပ်တော့မည်မဟုတ်တော့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဝန်ကြီးဌာနရှိ ထိုဌာနငါးခုသည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်မည်မဟုတ်တော့၍ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လုပ်ငန်းသစ်များကို တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထိုဌာန ငါးခုတွင် အဆောက်အဦး ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြစ်သည်။ဆောက်လုပ်ရေးဝန်ကြီးဌာနကို အထက်ပါဌာန ၅ ခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုကြောင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနအားလုံးကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အထက်ပါဌာနများသည် တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁ အောက်တိုဘာ၁ရက်မှ စတင်ပြီး စည်းကမ်းကြီးကြပ်သူ (regulatory Body)အဖြစ်ပြောင်းသွားတော့မည်ဟုဆိုသည်။ ထိုသို့ ပြောင်းလဲရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်စည်းမျဉ်းစည်းကမ်းများကြိုတင်ရေးဆွဲထားရမည်ဟု ဝန်ကြီးရုံးက အဆိုပါဌာနများကို ညွန့်ကြားထားသည်။

“ပုဂ္ဂလိက ဆောက်လုပ်ရေးကဏ္ဍက လူတွေအလုပ်အကိုင်အခွင့်အလန်းပိုပြီးရလာမယ်။ နောက်တစ်ခုက စည်းမျည်းစည်းကမ်းထိန်းတဲ့သူနဲ့ ကိုယ်တိုင်လုပ်တဲ့သူက တစ်ယောက်တည်းဖြစ်နေတော့ အကျိုးစီးပွား ပါဝင်ပတ်သတ်မှု(COI)အရလည်းမကောင်းတော့ နိုင်ငံတော်ပြုပြင်ပြောင်းလဲတာပါ”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းချုပ်၊အတွင်းရေးမှူး ဦးမျိုးမြင့်ကပြောသည်။

ထို့သို့ပြောင်းလဲလိုက်ခြင်းကြောင့် အစိုးရ၏ တည်ဆောက်ရေးဘတ်ဂျတ်များသည် ပုဂ္ဂလိကသို့ ရောက်ရှိလာမည်ဟု ၎င်းကဆိုသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဟူ၍ ၂ မျိုးရှိသည်။

နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အစိုးရ၏ ပြည်တွင်းသုံးငွေဖြင့် ဆောက်ရွက်သည့် လုပ်ငန်းနှင့် နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဟူ၍ ၂ မျိုးရှိသည်။ ပြည်တွင်းသုံးဘက်ဂျက်ဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများသည် နှစ်စဉ် ငွေကျပ် ဘီလီယံ ၅ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းမှာ နှစ်စဉ်ငွေကျပ် ဘီလီယံ ၂ဝဝဝ ကျော်ရှိသည်။

သို့သော်လည်း အရေးပေါ်တည်ဆောက်ရေးနှင့်ကျေးလက်လမ်းခင်းရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများက လိုအပ်နေဦးမည်ဟု ဦးမျိုးမြင့်ကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ယာစီမံကိန္းမ်ားအပါအဝင္မည္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေဆာင္႐ြက္မည္မဟုတ္ေတာ့ဟုဆို

အိမ္ယာစီမံကိန္းအပါအဝင္ လမ္း၊တံတား ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ ၁ ရက္မွ စတင္ၿပီး ေဆာက္လုပ္ေတာ့မည္မဟုတ္ေတာ့ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အစိုးရ၏ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသည့္ ဝန္ႀကီးဌာန႐ွိ ထိုဌာနငါးခုသည္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္မည္မဟုတ္ေတာ့၍ ေဆာင္႐ြက္ဆဲလုပ္ငန္းမ်ားႏွင့္ လုပ္ငန္းသစ္မ်ားကို တင္ဒါေခၚယူေဆာင္႐ြက္သြားမည္ဟု ထုတ္ျပန္ထားသည္။

ထိုဌာန ငါးခုတြင္ အေဆာက္အဦး ဦးစီးဌာန၊ လမ္းဦးစီးဌာန၊ တံတားဦးစီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီး ဌာနႏွင့္ ေက်းလက္လမ္းဖြံ႕ျဖိဳးေရးဦးစီးဌာနတို႔ျဖစ္သည္။ေဆာက္လုပ္ေရးဝန္ႀကီးဌာနကို အထက္ပါဌာန ၅ ခုျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္သည္။ ထိုေၾကာင့္ ဝန္ႀကီးဌာနလက္ေအာက္႐ွိ ဦးစီးဌာနအားလုံးကို ေျပာင္းလဲလိုက္ျခင္းျဖစ္သည္။

အထက္ပါဌာနမ်ားသည္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁ ေအာက္တိုဘာ၁ရက္မွ စတင္ၿပီး စည္းကမ္းႀကီးၾကပ္သူ (regulatory Body)အျဖစ္ေျပာင္းသြားေတာ့မည္ဟုဆိုသည္။ ထိုသို႔ ေျပာင္းလဲရန္အတြက္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ရန္ တင္ဒါေခၚယူေဆာင္႐ြက္ရန္အတြက္ လုပ္ထုံးလုပ္နည္းႏွင့္စည္းမ်ဥ္းစည္းကမ္းမ်ားႀကိဳတင္ေရးဆြဲထားရမည္ဟု ဝန္ႀကီး႐ုံးက အဆိုပါဌာနမ်ားကို ၫြန္႔ၾကားထားသည္။

“ပုဂၢလိက ေဆာက္လုပ္ေရးက႑က လူေတြအလုပ္အကိုင္အခြင့္အလန္းပိုၿပီးရလာမယ္။ ေနာက္တစ္ခုက စည္းမ်ည္းစည္းကမ္းထိန္းတဲ့သူနဲ႔ ကိုယ္တိုင္လုပ္တဲ့သူက တစ္ေယာက္တည္းျဖစ္ေနေတာ့ အက်ိဳးစီးပြား ပါဝင္ပတ္သတ္မႈ(COI)အရလည္းမေကာင္းေတာ့ ႏိုင္ငံေတာ္ျပဳျပင္ေျပာင္းလဲတာပါ”ဟု ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္အသင္းခ်ဳပ္၊အတြင္းေရးမႉး ဦးမ်ိဳးျမင့္ကေျပာသည္။

ထို႔သို႔ေျပာင္းလဲလိုက္ျခင္းေၾကာင့္ အစိုးရ၏ တည္ေဆာက္ေရးဘတ္ဂ်တ္မ်ားသည္ ပုဂၢလိကသို႔ ေရာက္႐ွိလာမည္ဟု ၎ကဆိုသည္။

ေဆာက္လုပ္ေရးက႑တြင္ အဓိကအားျဖင့္ ႏိုင္ငံေတာ္အစိုးရဘတ္ဂ်က္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံသည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ ေဆာင္႐ြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားဟူ၍ ၂ မ်ိဳး႐ွိသည္။

ႏိုင္ငံေတာ္အစိုးရဘတ္ဂ်က္ျဖင့္ ေဆာင္႐ြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အစိုးရ၏ ျပည္တြင္းသုံးေငြျဖင့္ ေဆာက္႐ြက္သည့္ လုပ္ငန္းႏွင့္ ႏိုင္ငံတကာေခ်းေငြျဖင့္ ေဆာင္႐ြက္သည့္ လုပ္ငန္းဟူ၍ ၂ မ်ိဳး႐ွိသည္။ ျပည္တြင္းသုံးဘက္ဂ်က္ျဖင့္ ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ား၏ တည္ေဆာက္ေရးလုပ္ငန္းမ်ားသည္ ႏွစ္စဥ္ ေငြက်ပ္ ဘီလီယံ ၅ဝဝဝ ေက်ာ္႐ွိၿပီး ႏိုင္ငံတကာေခ်းေငြျဖင့္ ေဆာင္႐ြက္သည့္လုပ္ငန္းမွာ ႏွစ္စဥ္ေငြက်ပ္ ဘီလီယံ ၂ဝဝဝ ေက်ာ္႐ွိသည္။

သို႔ေသာ္လည္း အေရးေပၚတည္ေဆာက္ေရးႏွင့္ေက်းလက္လမ္းခင္းေရးလုပ္ငန္းမ်ားအတြက္ ဝန္ႀကီးဌာန၏ တည္ေဆာက္ေရးလုပ္ငန္းမ်ားက လိုအပ္ေနဦးမည္ဟု ဦးမ်ိဳးျမင့္ကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service