Local Property News | Posted by Zarni Kyaw
[Unicode]
ရခိုင်ပြည်နယ်ရှိမြို့နယ်အားလုံး ယနေ့မှစ၍ Stay at Home အဖြစ် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်က ကြေညာလိုက်ပြီး သြဂုတ် ၂၇ ရက် မနက် ၈ နာရီတွင်အတည်ဖြစ်ကြောင်းကြေညာချက်အရ သိရသည်။
အချိန်တိုကာလအတွင်း ကိုဗစ်ကပ်ရောဂါသည် ရခိုင်ပြည်နယ်အတွင်းတိုးတက်များပြားလာသည့်အတွက် ရောဂါကူးစက်ပြန့်နှံမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင် နေထိုင်ရန် (Stay at Home) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ထားသည့် အချက်(၆) ချက်ကိုလည်း လိုက်နာရန်အသိပေးထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းသိရသည်။
သတ်မှတ်ဦးရေထက်ပိုမိုရန်နှင့် အခြားအရေးပေါ်ကိစ္စများကြောင့် သွားလာရန်ရှိခဲ့ပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့ အကြောင်းကြားပြီးမှသွားလာရမည်ဖြစ်ပြီး ၎င်းတို့မှအပ ကျန်သူများအနေဖြင့် ရပ်ကွက်ပြင်ပသို့လည်းကောင်း၊ ရပ်ကွက်အ တွင်း သို့လည်းကောင်း ဝင်ထွက်သွားလာခြင်းမပြုရန် ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရခိုင္ျပည္နယ္ရွိၿမိဳ႕နယ္အားလုံး ယေန႔မွစ၍ Stay at Home အျဖစ္ အက်ဳံးဝင္ေၾကာင္းေၾကညာ
ရခိုင္ျပည္နယ္ရွိၿမိဳ႕နယ္အားလုံး ယေန႔မွစ၍ Stay at Home အျဖစ္ အက်ဳံးဝင္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ၾသဂုတ္ ၂၆ ရက္က ေၾကညာလိုက္ၿပီး ၾသဂုတ္ ၂၇ ရက္ မနက္ ၈ နာရီတြင္အတည္ျဖစ္ေၾကာင္းေၾကညာခ်က္အရ သိရသည္။
အခ်ိန္တိုကာလအတြင္း ကိုဗစ္ကပ္ေရာဂါသည္ ရခိုင္ျပည္နယ္အတြင္းတိုးတက္မ်ားျပားလာသည့္အတြက္ ေရာဂါကူးစက္ျပန္႔ႏွံမႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီးမွ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ေနအိမ္တြင္ ေနထိုင္ရန္ (Stay at Home) က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက အသိေပးထားသည္။
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနထုတ္ျပန္ထားသည့္ အခ်က္(၆) ခ်က္ကိုလည္း လိုက္နာရန္အသိေပးထားၿပီး လိုက္နာမႈမရွိပါက တည္ဆဲဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္းသိရသည္။
သတ္မွတ္ဦးေရထက္ပိုမိုရန္ႏွင့္ အျခားအေရးေပၚကိစၥမ်ားေၾကာင့္ သြားလာရန္ရွိခဲ့ပါက သက္ဆိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႔သို႔ သတင္းပို႔ အေၾကာင္းၾကားၿပီးမွသြားလာရမည္ျဖစ္ၿပီး ၎တို႔မွအပ က်န္သူမ်ားအေနျဖင့္ ရပ္ကြက္ျပင္ပသို႔လည္းေကာင္း၊ ရပ္ကြက္အ တြင္း သို႔လည္းေကာင္း ဝင္ထြက္သြားလာျခင္းမျပဳရန္ ေၾကညာခ်က္ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com