ရန်ကုန်တိုင်းရှိ တိုက်ခန်းပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေမကြာခင် ပြဌာန်းနိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
802 Views

ရန်ကုန်တိုင်းရှိ တိုက်ခန်းပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေမကြာခင် ပြဌာန်းနိုင်တော့မည်

[Unicode]

ရန်ကုန်တိုင်းဒေသကြီး ရှိ တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဥပဒေမူကြမ်း ရေး ဆွဲပြီးစီးခဲ့ပြီး မကြာခင် အတည်ပြုနိုင်ရန် ဆွေးနွေးတော့မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီ အတွင်းရေးမှူး ဦးဝေဖြိုးဟန်က ပြောသည်။

ရန်ကုန်မြို့ တိုက်ခန်းတွဲအိမ် ရာအများစုသည် ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် ခိုင်မာသည့်ပိုင် ဆိုင်ကြောင်း ဥပဒေလုပ်ထုံးလုပ် နည်းမရှိသေးခြင်းကြောင့် တိုက် ခန်းအိမ်ရာပိုင်ဆိုင်မှုဆိုင်ရာဥပ ဒေရေးဆွဲရန် စီစဉ်နေခြင်းဖြစ် သည်။

တိုက်ခန်း ဝယ်ယူသူများ သည် အစိုးရ၏ တိုက်ခန်းမှတ်ပုံ တင်ရုံးများတွင် မည်သူပိုင်ဆိုင် သည်ကို သွားရောက်ကြည့်ရှုနိုင်ခြင်း၊ ဆင့်ခံရောင်းချနေ သည့် အရှုပ်အရှင်းများဖြေရှင်း ပေးနိုင်မည့်ကိစ္စရပ်များအပါအ ဝင် အမည်ပေါက်လျှောက်ထား နိုင်ခြင်းနှင့် တိုက်ခန်းအိမ်ရာများ အာမခံမှု အပြည့်အဝရရှိရန် ဥပဒေတစ်ရပ် ရေးဆွဲရေးကို ရန် ကုန်တိုင်းလွှတ်တော်တွင် ၂၀၁၉ စက်တင်ဘာက စတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါဥပဒေ ရေးဆွဲရန် တိုင်းဒေသကြီးလွှတ် တော်ဥပဒေကြမ်းကော်မတီအပါ အဝင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ ၂၀၁၉ အောက်တို ဘာ ၁၀ ရက်က စတင်ဆွေးနွေးခဲ့ သည်။

‘‘အခု လာမယ့်အပတ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရယ်၊ ဌာနဆိုင်ရာနဲ့ ရေးဆွဲထား တဲ့မူကြမ်းကိုဆွေးနွေးမယ်။ ပြီး ရင် လွှတ်တော်တင်ပြီး အတည်ပြု နိုင်ဖို့ ကြိုးပမ်းသွားမယ်’’ ဟု ဦးဝေဖြိုးဟန်က ပြောသည်။

ရန်ကုန်မြို့ရှိ တိုက်ခန်းတွဲ အိမ်ရာ သုံးသိန်းခန့်အတွက်တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှုဆိုင် ရာဥပဒေကြမ်းနှင့်အိမ်ရာစီမံခန့် ခွဲရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဥပဒေကြမ်းပြဋ္ဌာန်းနိုင်ရေး ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းလွှတ်တော်တို့ ပူးပေါင်းရေးဆွဲနေကြောင်း ဝန် ကြီး ဒေါ်နီလာကျော်က ပြောကြား ထားသည်။

လက်ရှိတွင် တိုက်ခန်းတွဲ အိမ်ရာစီမံခန့်ခွဲရေး၊ ပြင်ဆင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စုပေါင်းအဆောက်အအုံစီမံခန့်ခွဲရေးညွှန်ကြားချက်နှင့် စီမံခန့် ခွဲနေသည်။

တိုက်ခန်းတွဲအိမ်ရာ စီမံခန့် ခွဲရေး၊ ပြင်ဆင်ထိန်းသိမ်းရေး ဆိုင်ရာအငြင်းပွားမှုများနှင့် ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဆက်နွှယ်သောဌာန များဖြစ်သည့် ထွေအုပ်နှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန် ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့ ပူးပေါင်းဖြေရှင်း နေကြောင်း ဒေါ်နီလာကျော်က ဆိုသည်။

အိမ်ရာစီမံကိန်းအမျိုးအစားများကို နိုင်ငံ့ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့အငှားအိမ်ရာ၊ ပြည်သူ့ အရောင်းတိုက်ခန်းတွဲ အိမ်ရာ၊ ပြည်သူ့ အရောင်းလုံးချင်းအိမ်ရာ၊ ပုဂ္ဂလိက တိုက်ခန်းတွဲနှင့် လုံးချင်း အိမ်ရာနှင့် စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာ တိုက်ခန်းတွဲအိမ်ရာ များအဖြစ် အစိုးရက ခွဲခြားသတ် မှတ်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္တိုင္း႐ွိ တိုက္ခန္းပိုင္ဆိုင္မႈဆိုင္ရာ ဥပေဒမၾကာခင္ ျပဌာန္းႏိုင္ေတာ့မည္

ရန္ကုန္တိုင္းေဒသႀကီး ႐ွိ တိုက္ခန္းအိမ္ရာပိုင္ဆိုင္မႈႏွင့္ ပတ္သက္၍ ဥပေဒမူၾကမ္း ေရး ဆြဲၿပီးစီးခဲ့ၿပီး မၾကာခင္ အတည္ျပဳႏိုင္ရန္ ေဆြးေႏြးေတာ့မည္ျဖစ္ ေၾကာင္း ေဆာက္လုပ္ေရးႏွင့္ စက္မႈလက္မႈေရးရာေကာ္မတီ အတြင္းေရးမႉး ဦးေဝၿဖိဳးဟန္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ တိုက္ခန္းတြဲအိမ္ ရာအမ်ားစုသည္ ဖြံ႕ၿဖိဳးတိုးတက္ ေရးအပါအဝင္ ခိုင္မာသည့္ပိုင္ ဆိုင္ေၾကာင္း ဥပေဒလုပ္ထုံးလုပ္ နည္းမ႐ွိေသးျခင္းေၾကာင့္ တိုက္ ခန္းအိမ္ရာပိုင္ဆိုင္မႈဆိုင္ရာဥပ ေဒေရးဆြဲရန္ စီစဥ္ေနျခင္းျဖစ္ သည္။

တိုက္ခန္း ဝယ္ယူသူမ်ား သည္ အစိုးရ၏ တိုက္ခန္းမွတ္ပုံ တင္႐ုံးမ်ားတြင္ မည္သူပိုင္ဆိုင္ သည္ကို သြားေရာက္ၾကည့္႐ႈႏိုင္ျခင္း၊ ဆင့္ခံေရာင္းခ်ေန သည့္ အ႐ႈပ္အ႐ွင္းမ်ားေျဖ႐ွင္း ေပးႏိုင္မည့္ကိစၥရပ္မ်ားအပါအ ဝင္ အမည္ေပါက္ေလွ်ာက္ထား ႏိုင္ျခင္းႏွင့္ တိုက္ခန္းအိမ္ရာမ်ား အာမခံမႈ အျပည့္အဝရ႐ွိရန္ ဥပေဒတစ္ရပ္ ေရးဆြဲေရးကို ရန္ ကုန္တိုင္းလႊတ္ေတာ္တြင္ ၂၀၁၉ စက္တင္ဘာက စတင္ခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ အဆိုပါဥပေဒ ေရးဆြဲရန္ တိုင္းေဒသႀကီးလႊတ္ ေတာ္ဥပေဒၾကမ္းေကာ္မတီအပါ အဝင္ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနႏွင့္ ေဆာက္လုပ္ေရး ကုမၸဏီမ်ား ၂၀၁၉ ေအာက္တို ဘာ ၁၀ ရက္က စတင္ေဆြးေႏြးခဲ့ သည္။

‘‘အခု လာမယ့္အပတ္မွာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ ရယ္၊ ဌာနဆိုင္ရာနဲ႔ ေရးဆြဲထား တဲ့မူၾကမ္းကိုေဆြးေႏြးမယ္။ ၿပီး ရင္ လႊတ္ေတာ္တင္ၿပီး အတည္ျပဳ ႏိုင္ဖို႔ ႀကိဳးပမ္းသြားမယ္’’ ဟု ဦးေဝၿဖိဳးဟန္က ေျပာသည္။

ရန္ကုန္ၿမိဳ႕႐ွိ တိုက္ခန္းတြဲ အိမ္ရာ သုံးသိန္းခန္႔အတြက္တိုက္ခန္းအိမ္ရာပိုင္ဆိုင္မႈဆိုင္ ရာဥပေဒၾကမ္းႏွင့္အိမ္ရာစီမံခန္႔ ခြဲေရးႏွင့္ ျပင္ဆင္ထိန္းသိမ္းေရး ဥပေဒၾကမ္းျပ႒ာန္းႏိုင္ေရး ရန္ ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ႏွင့္ ရန္ကုန္တိုင္းလႊတ္ေတာ္တို႔ ပူးေပါင္းေရးဆြဲေနေၾကာင္း ဝန္ ႀကီး ေဒၚနီလာေက်ာ္က ေျပာၾကား ထားသည္။

လက္႐ွိတြင္ တိုက္ခန္းတြဲ အိမ္ရာစီမံခန္႔ခြဲေရး၊ ျပင္ဆင္ ထိန္းသိမ္းေရးႏွင့္ စပ္လ်ဥ္းၿပီး ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ စုေပါင္းအေဆာက္အအုံစီမံခန္႔ခြဲေရးၫႊန္ၾကားခ်က္ႏွင့္ စီမံခန္႔ ခြဲေနသည္။

တိုက္ခန္းတြဲအိမ္ရာ စီမံခန္႔ ခြဲေရး၊ ျပင္ဆင္ထိန္းသိမ္းေရး ဆိုင္ရာအျငင္းပြားမႈမ်ားႏွင့္ ပတ္ သက္၍ ရန္ကုန္တိုင္းေဒသႀကီး အစိုးရႏွင့္ ဆက္ႏႊယ္ေသာဌာန မ်ားျဖစ္သည့္ ေထြအုပ္ႏွင့္ ၿမိဳ႕ျပ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၊ ရန္ ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီတို႔ ပူးေပါင္းေျဖ႐ွင္း ေနေၾကာင္း ေဒၚနီလာေက်ာ္က ဆိုသည္။

အိမ္ရာစီမံကိန္းအမ်ိဳးအစားမ်ားကို ႏိုင္ငံ့ဝန္ထမ္းအိမ္ရာ၊ ျပည္သူ႕အငွားအိမ္ရာ၊ ျပည္သူ႕ အေရာင္းတိုက္ခန္းတြဲ အိမ္ရာ၊ ျပည္သူ႕ အေရာင္းလုံးခ်င္းအိမ္ရာ၊ ပုဂၢလိက တိုက္ခန္းတြဲႏွင့္ လုံးခ်င္း အိမ္ရာႏွင့္ စုေပါင္းပိုင္အေဆာက္ အအုံဆိုင္ရာ တိုက္ခန္းတြဲအိမ္ရာ မ်ားအျဖစ္ အစိုးရက ခြဲျခားသတ္ မွတ္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service