ပြည်ပရွှေတင်ပို့ရာတွင် ဘဏ် အချင်းချင်းချိတ်ဆက်ရောင်းချသည့် စနစ်သာ ကျင့်သုံးရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
750 Views

ပြည်ပရွှေတင်ပို့ရာတွင် ဘဏ် အချင်းချင်းချိတ်ဆက်ရောင်းချသည့် စနစ်သာ ကျင့်သုံးရမည်ဟုဆို

[Unicode]

ပြည်ပသို့ ရွှေတင်ပို့/တင်သွင်းရာတွင် ဘဏ်အချင်းချင်းချိတ်ဆက်ဝယ်ယူရသည့် LC စနစ်ကိုသာ မဖြစ်မနေကျင့်သုံးရတော့မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ဩဂုတ် ၁၂ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသည် ငွေချေးခဝါချမှုတွင် မီးခိုးရောင်အဆင့်သတ်မှတ်တွင်ပါဝင်နေ၍ ရွှေငွေ လက်ဝတ်ရတနာ တင်ပို့ရောင်းချခြင်းမှ တရားမဝင်သော ငွေကြေးများဝင်လာခြင်းမှ ကာကွယ်ရန်ဖြစ်သည်ဟု ကုန်သွယ်ရေးဦးစီးဌာနကဆိုသည်။

ယခင်က လက်ငင်းငွေချေသည့်စနစ် TT (Telegraph Transfer) နှင့် ဘဏ်ဖြင့်ချိတ်ဆက်ဝယ်ယူရသည့် LC (etter of Credit)စနစ် နှစ်မျိုးလုံးအသုံးပြုနေခြင်းဖြစ်သည်။ ယခုအခါ ဩဂုတ် ၁၂ ရက်နောက်ပိုင်းမှ စတင်၍ LC စနစ်သာကျင့်သုံးရတော့မည်ဖြစ်သည်။

၂၀၂၀ မတ်လမှစတင်ပြီး ပြည်ပရွှေတင်ပို့ခြင်းကို LC စနစ်ကိုသာကျင့်သုံးရန် ဝန်ကြီးဌာနက ညွန့်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုညွန့်ကြားချက်ကို ပြင်ဆင်ပေးရန် လုပ်ငန်းရှင်များက ပြန်လည်တောင်းဆိုခဲ့ခြင်းကို ဝန်ကြီးဌာနက ညွန့်ကြားချက် ထပ်မံထုတ်ပေးခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမျိုးမြင့်ကပြောသည်။

ထိုကြေငြာချက်အရ ပြည်ပရွှေတင်ပို့မှုများတွင် မဖြစ်မနေ LC စနစ်ကိုသာ ကျင့်သုံးရမည်ဟု ၎င်းကဆိုသည်။

“ဒီစနစ်က လက်ဆောက်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေအတွက်သာ အဆင်ပြေမယ်၊ ရွှေတုံးရွှေခဲတင်ပို့တာအတွက် အဆင်မပြေနိုင်ဘူး”ဟု ဦးမျိုးမြင့်ကပြောသည်။

LC စနစ်ဖြင့် ငွေပေးချေရာတွင် တစ်လခန့် အချိန်ကြန့်ကြာသည့်အပြင် ဘဏ်စရိတ်များ နှစ်ဘက်စလုံး ပေးရခြင်း၊ သယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးကုမ္ပဏီများ ဌားရမ်းခ စရိတ်တက်လာခြင်း၊ ကမ္ဘာ့ရွှေဈေးမှာလည်း နေ့စဉ်အတက်အကျရှိခြင်း စသည့်အချက်များကြောင့် လုပ်ငန်းရှင်များက ကြိုက်နှစ်သက်ခြင်းမရှိပေ။

ပြည်ပနိုင်ငံများမှ ရွှေဝယ်ယူရာတွင် ငွေပေးချေသည့်စနစ်ကို ယခင် Telegraph Transfer(TT)မှ Letter of Credit(LC) စနစ်သို့ ပြောင်းလဲလိုက်သောကြောင့် ပြည်ပ ရွှေတင်ပို့မှု ရပ်ဆိုင်းလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ရွှေနှင့် လက်ဝတ်ရတနာ အသုံးအဆောင်ပစ္စည်းများကို ဂျပန်နှင့် ကိုရီးယားတို့မှ အဓိကဝယ်ယူပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသည့် အခြား ပြည်ပနိုင်ငံများမှလည်း ဝယ်ယူကြကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီကစ၍ ပြည်ပ ရွှေတင်ပို့တင်သွင်းခြင်းကို ပထမဆုံးတရားဝင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ျပည္ပေ႐ႊတင္ပို႔ရာတြင္ ဘဏ္ အခ်င္းခ်င္းခ်ိတ္ဆက္ေရာင္းခ်သည့္ စနစ္သာ က်င့္သုံးရမည္ဟုဆို

ျပည္ပသို႔ ေ႐ႊတင္ပို႔/တင္သြင္းရာတြင္ ဘဏ္အခ်င္းခ်င္းခ်ိတ္ဆက္ဝယ္ယူရသည့္ LC စနစ္ကိုသာ မျဖစ္မေနက်င့္သုံးရေတာ့မည္ဟု ကုန္သြယ္ေရးဦးစီးဌာနက ဩဂုတ္ ၁၂ ရက္စြဲျဖင့္ထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံသည္ ေငြေခ်းခဝါခ်မႈတြင္ မီးခိုးေရာင္အဆင့္သတ္မွတ္တြင္ပါဝင္ေန၍ ေ႐ႊေငြ လက္ဝတ္ရတနာ တင္ပို႔ေရာင္းခ်ျခင္းမွ တရားမဝင္ေသာ ေငြေၾကးမ်ားဝင္လာျခင္းမွ ကာကြယ္ရန္ျဖစ္သည္ဟု ကုန္သြယ္ေရးဦးစီးဌာနကဆိုသည္။

ယခင္က လက္ငင္းေငြေခ်သည့္စနစ္ TT (Telegraph Transfer) ႏွင့္ ဘဏ္ျဖင့္ခ်ိတ္ဆက္ဝယ္ယူရသည့္ LC (etter of Credit)စနစ္ ႏွစ္မ်ိဳးလုံးအသုံးျပဳေနျခင္းျဖစ္သည္။ ယခုအခါ ဩဂုတ္ ၁၂ ရက္ေနာက္ပိုင္းမွ စတင္၍ LC စနစ္သာက်င့္သုံးရေတာ့မည္ျဖစ္သည္။

၂၀၂၀ မတ္လမွစတင္ၿပီး ျပည္ပေ႐ႊတင္ပို႔ျခင္းကို LC စနစ္ကိုသာက်င့္သုံးရန္ ဝန္ႀကီးဌာနက ၫြန္႔ၾကားခ်က္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ထိုၫြန္႔ၾကားခ်က္ကို ျပင္ဆင္ေပးရန္ လုပ္ငန္း႐ွင္မ်ားက ျပန္လည္ေတာင္းဆိုခဲ့ျခင္းကို ဝန္ႀကီးဌာနက ၫြန္႔ၾကားခ်က္ ထပ္မံထုတ္ေပးျခင္းျဖစ္သည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္း ဥကၠဌဦးမ်ိဳးျမင့္ကေျပာသည္။

ထိုေၾကျငာခ်က္အရ ျပည္ပေ႐ႊတင္ပို႔မႈမ်ားတြင္ မျဖစ္မေန LC စနစ္ကိုသာ က်င့္သုံးရမည္ဟု ၎ကဆိုသည္။

“ဒီစနစ္က လက္ေဆာက္ပစၥည္းေတြ၊ လက္ဝတ္ရတနာေတြအတြက္သာ အဆင္ေျပမယ္၊ ေ႐ႊတုံးေ႐ႊခဲတင္ပို႔တာအတြက္ အဆင္မေျပႏိုင္ဘူး”ဟု ဦးမ်ိဳးျမင့္ကေျပာသည္။

LC စနစ္ျဖင့္ ေငြေပးေခ်ရာတြင္ တစ္လခန္႔ အခ်ိန္ၾကန္႔ၾကာသည့္အျပင္ ဘဏ္စရိတ္မ်ား ႏွစ္ဘက္စလုံး ေပးရျခင္း၊ သယ္ယူပို႔ေဆာင္ရာတြင္ လုံျခဳံေရးကုမၸဏီမ်ား ဌားရမ္းခ စရိတ္တက္လာျခင္း၊ ကမ႓ာ့ေ႐ႊေစ်းမွာလည္း ေန႔စဥ္အတက္အက်႐ွိျခင္း စသည့္အခ်က္မ်ားေၾကာင့္ လုပ္ငန္း႐ွင္မ်ားက ႀကိဳက္ႏွစ္သက္ျခင္းမ႐ွိေပ။

ျပည္ပႏိုင္ငံမ်ားမွ ေ႐ႊဝယ္ယူရာတြင္ ေငြေပးေခ်သည့္စနစ္ကို ယခင္ Telegraph Transfer(TT)မွ Letter of Credit(LC) စနစ္သို႔ ေျပာင္းလဲလိုက္ေသာေၾကာင့္ ျပည္ပ ေ႐ႊတင္ပို႔မႈ ရပ္ဆိုင္းလွ်က္႐ွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

ေ႐ႊႏွင့္ လက္ဝတ္ရတနာ အသုံးအေဆာင္ပစၥည္းမ်ားကို ဂ်ပန္ႏွင့္ ကိုရီးယားတို႔မွ အဓိကဝယ္ယူၿပီး ျမန္မာျပည္သို႔ လာေရာက္လည္ပတ္ၾကသည့္ အျခား ျပည္ပႏိုင္ငံမ်ားမွလည္း ဝယ္ယူၾကေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းထံမွ သိရသည္။ ၿပီးခဲ့သည့္ ၂၀၁၈ ဇန္နဝါရီကစ၍ ျပည္ပ ေ႐ႊတင္ပို႔တင္သြင္းျခင္းကို ပထမဆုံးတရားဝင္ ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service