မော်လမြိုင်တွင် အထူးစီးပွားရေးဇုန်ကြီးတစ်ခုတည်ဆောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော - Property News in Myanmar from iMyanmarHouse.com
1511 Views

မော်လမြိုင်တွင် အထူးစီးပွားရေးဇုန်ကြီးတစ်ခုတည်ဆောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

[Unicode]

မော်လမြိုင်တွင် မြန်မာ့နိုင်ငံ၏ အထူးစီးပွားရေးဇုန်စီမံကိန်းကြီး တစ်ခုကို ဖော်ဆောင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇူလိုင် ၂၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် ‘Myanmar-Japan Investment Dialogue’ တွင် အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုဖြင့်သတင်းစကား ပြောစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းနှင့်အတူ ရန်ကုန်မြို့အနောက်ဘက်ကမ်း စက်မှုဆိပ်ကမ်း စီမံကိန်းနှင့်အတူ မကြာခင်ထုတ်ပြန်ကြေငြာသွားမည်ဟု အတိုင်ပင်ခံကဆိုသည်။

‘‘သီလဝါရဲ့အောင်မြင်မှုအပေါ်မှာ ဆက်လက်တည်ဆောက်ရင်းနဲ့ ကျွန်မတို့ အလုပ်အကိုင်အခွင့်အလမ်းအများကြီး ဖန်တီးနိုင်မယ့် အဓိကစီမံကိန်းနှစ်ခုကို မကြာခင် ကြေညာရပါလိမ့်မယ်။ ဒါကတော့ ရန်ကုန်အနောက်ဘက်ကမ်းက စက်မှုဆိပ်ကမ်းစီမံကိန်းအသစ်နဲ့ မွန်ပြည်နယ်က စီးပွားရေးဇုန်စီမံကိန်းအသစ်ဖြစ်ပါ တယ်။ မကြာခင်မှာ အသေးစိတ်ထပ်ကြေညာမှာပါ’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

လက်ရှိတွင် ရန်ကုန်မြို့အနောက်ဘက်ကမ်း စက်မှုဆိပ်ကမ်းစီမံကိန်းအတွက် Swiss Challenge ခေါ်ယူသည့် လုပ်ငန်းစဉ် ဆောင်ရွက်နေသည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုမရှိပါဘဲ အလုပ်အကိုင်ကောင်းများဖန်တီးနိုင်မည် မဟုတ်သည်ကို နားလည်ထားကြောင်း၊ အရည်အသွေးပြည့်ဝသည့်ရင်းနှီးမြှုပ်နှံမှုများကသာ အရည်အသွေးမြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီး အဆင့်အတန်းမီ လစာရရှိစေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (MSDP) ၏ အဓိကသော့ချက်သည် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံ နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အောင်မြင်မှုများရရန် ထိုစီမံကိန်းနှစ်ခုကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။

ထိုစီမံကိန်းကို ဂျပန်နိုင်ငံက အထူးစိတ်ဝင်စားပြီး မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးကပြောသည်။

Keidanten ၏ ဂျပန်-မြန်မာစီးပွားရေးကော်မတီဥက္ကဋ္ဌ ကင်ဘိုဘာယာရှီက ကိုဗစ်ကပ် ရောဂါကြောင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးရွှေ့ပြောင်းရန်ရှိနေပြီး မြန်မာနိုင်ငံသည် ဂျပန်စက်ရုံများ လာရောက်အခြေစိုက်ရန် နေရာကောင်းဖြစ်နေသည်ဟုဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း ရန်ကုန်မြို့သစ် စီမံကိန်းကို Swiss Challenge ခေါ်တော့မည်ဟု ပြောသည်။ရန်ကုန်မြို့အနောက်ဘက် ခြမ်းတွင် စက်မှုဥယျာဉ်မြို့တော်တစ်ခုကို အကောင်အထည်ဖော်သွားမည်ဟုဆိုသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ထိုစီမံကိန်း တည်ဆောက်ရေးအတွက် ရင်းနှီး တည်ဆောက်မည့်ကုမ္ပဏီ ရွေးချယ်ရန် နိုင်ငံတကာအကြံပေးအ ဖွဲ့ကို ရွေးချယ်နေပြီး ထိုအဖွဲ့နှင့် ပေါင်းစပ်၍ ပွင့်လင်းမြင်သာ သည့် Swiss Challenge ယှဉ်ပြိုင်မှုတင်ဒါစနစ်ဖြင့် ရင်းနှီးတည် ဆောက်သူအား ရွေးချယ်မည်ဟု ပြောသည်။

မွန်ပြည်နယ်တွင်ဖော်ဆောင်မည့် အထူးစီးပွားဇုန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးအထူးစီးပွားဇုန်တစ်ခုဖြစ်လာမည်ဟု ဝန်ကြီးသောင်းထွန်းကပြောသည်။

ထို့စီမံကိန်းသည် မြန်မာနိုင်ငံကို မဟာမဲခေါင်ဒေသ အရှေ့အ နောက် စီးပွားရေးစင်္ကြံကိုချိတ် ဆက်မည်ဖြစ်ပြီး ထိုအတွက် မွန် ပြည်နယ်အနောက်ကမ်းရိုးတစ် လျှောက်တွင် အထူးစီးပွားရေးဇုန် များကို ဖိတ်ခေါ်သွားမည်ဟု ဝန်ကြီးက ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO)က ဦးဆောင်ကျင်းပပြီး မြန်မာနိုင်ငံဘက်က ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင် ၈၀၀ ကျော်တက်ရောက်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေမာ္လၿမိဳင္တြင္ အထူးစီးပြားေရးဇုန္ႀကီးတစ္ခုတည္ေဆာက္မည္ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ေမာ္လၿမိဳင္တြင္ ျမန္မာ့ႏိုင္ငံ၏ အထူးစီးပြားေရးဇုန္စီမံကိန္းႀကီး တစ္ခုကို ေဖာ္ေဆာင္မည္ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ဇူလိုင္ ၂၉ ရက္က ဗီဒီယိုကြန္ဖရင့္ျဖင့္ က်င္းပသည့္ ‘Myanmar-Japan Investment Dialogue’ တြင္ အတိုင္ပင္ခံပုဂၢိဳလ္က ဗီဒီယိုျဖင့္သတင္းစကား ေျပာစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းႏွင့္အတူ ရန္ကုန္ၿမိဳ႕အေနာက္ဘက္ကမ္း စက္မႈဆိပ္ကမ္း စီမံကိန္းႏွင့္အတူ မၾကာခင္ထုတ္ျပန္ေၾကျငာသြားမည္ဟု အတိုင္ပင္ခံကဆိုသည္။

‘‘သီလဝါရဲ႕ေအာင္ျမင္မႈအေပၚမွာ ဆက္လက္တည္ေဆာက္ရင္းနဲ႔ ကြၽန္မတို႔ အလုပ္အကိုင္အခြင့္အလမ္းအမ်ားႀကီး ဖန္တီးႏိုင္မယ့္ အဓိကစီမံကိန္းႏွစ္ခုကို မၾကာခင္ ေၾကညာရပါလိမ့္မယ္။ ဒါကေတာ့ ရန္ကုန္အေနာက္ဘက္ကမ္းက စက္မႈဆိပ္ကမ္းစီမံကိန္းအသစ္နဲ႔ မြန္ျပည္နယ္က စီးပြားေရးဇုန္စီမံကိန္းအသစ္ျဖစ္ပါ တယ္။ မၾကာခင္မွာ အေသးစိတ္ထပ္ေၾကညာမွာပါ’’ ဟု ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာ သည္။

လက္႐ွိတြင္ ရန္ကုန္ၿမိဳ႕အေနာက္ဘက္ကမ္း စက္မႈဆိပ္ကမ္းစီမံကိန္းအတြက္ Swiss Challenge ေခၚယူသည့္ လုပ္ငန္းစဥ္ ေဆာင္႐ြက္ေနသည္ဟု အတိုင္ပင္ခံပုဂၢိဳလ္ကေျပာသည္။

အရည္အေသြးျပည့္ဝသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ႐ွိပါဘဲ အလုပ္အကိုင္ေကာင္းမ်ားဖန္တီးႏိုင္မည္ မဟုတ္သည္ကို နားလည္ထားေၾကာင္း၊ အရည္အေသြးျပည့္ဝသည့္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကသာ အရည္အေသြးျမင့္ အလုပ္အကိုင္မ်ား ဖန္တီးေပးႏိုင္ၿပီး အဆင့္အတန္းမီ လစာရ႐ွိေစမည္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံက ေဆာင္႐ြက္ေနသည့္ ေရ႐ွည္ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံခ်က္ (MSDP) ၏ အဓိကေသာ့ခ်က္သည္ အရည္အေသြးျမင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းပင္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ဂ်ပန္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံေနသည့္ သီလဝါအထူးစီးပြားေရးဇုန္ကဲ့သို႔ ေအာင္ျမင္မႈမ်ားရရန္ ထိုစီမံကိန္းႏွစ္ခုကို လုပ္ေဆာင္ရန္ရည္႐ြယ္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

ထိုစီမံကိန္းကို ဂ်ပန္ႏိုင္ငံက အထူးစိတ္ဝင္စားၿပီး ျမန္မာႏိုင္ငံႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္ စီစဥ္ေနသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံအမတ္ႀကီးကေျပာသည္။

Keidanten ၏ ဂ်ပန္-ျမန္မာစီးပြားေရးေကာ္မတီဥကၠ႒ ကင္ဘိုဘာယာ႐ွီက ကိုဗစ္ကပ္ ေရာဂါေၾကာင့္ ကုန္ထုတ္လုပ္မႈ ကြင္းဆက္တစ္ခုလုံးေ႐ႊ႕ေျပာင္းရန္႐ွိေနၿပီး ျမန္မာႏိုင္ငံသည္ ဂ်ပန္စက္႐ုံမ်ား လာေရာက္အေျခစိုက္ရန္ ေနရာေကာင္းျဖစ္ေနသည္ဟုဆိုသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္ဆံေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကလည္း ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို Swiss Challenge ေခၚေတာ့မည္ဟု ေျပာသည္။ရန္ကုန္ၿမိဳ႕အေနာက္ဘက္ျခမ္းတြင္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္တစ္ခုကို အေကာင္အထည္ေဖာ္သြားမည္ဟုဆိုသည္။

စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္က ထိုစီမံကိန္း တည္ေဆာက္ေရးအတြက္ ရင္းႏွီးတည္ေဆာက္မည့္ကုမၸဏီ ေ႐ြးခ်ယ္ရန္ ႏိုင္ငံတကာအၾကံေပးအ ဖြဲ႕ကို ေ႐ြးခ်ယ္ေနၿပီး ထိုအဖြဲ႕ႏွင့္ ေပါင္းစပ္၍ ပြင့္လင္းျမင္သာသည့္ Swiss Challenge ယွဥ္ၿပိဳင္မႈတင္ဒါစနစ္ျဖင့္ ရင္းႏွီးတည္ေဆာက္သူအား ေ႐ြးခ်ယ္မည္ဟု ေျပာသည္။

မြန္ျပည္နယ္တြင္ေဖာ္ေဆာင္မည့္ အထူးစီးပြားဇုန္သည္ ျမန္မာႏိုင္ငံတြင္ အႀကီးဆုံးအထူးစီးပြားဇုန္တစ္ခုျဖစ္လာမည္ဟု ဝန္ႀကီးေသာင္းထြန္းကေျပာသည္။

ထို႔စီမံကိန္းသည္ ျမန္မာႏိုင္ငံကို မဟာမဲေခါင္ေဒသ အေ႐ွ႕ေနာက္ စီးပြားေရးစႀကႍကိုခ်ိတ္ ဆက္မည္ျဖစ္ၿပီး ထိုအတြက္ မြန္ျပည္နယ္အေနာက္ကမ္း႐ိုးတစ္ ေလွ်ာက္တြင္ အထူးစီးပြားေရးဇုန္မ်ားကို ဖိတ္ေခၚသြားမည္ဟု ဝန္ၾကီးက ေျပာသည္။

အဆိုပါေဆြးေႏြးပြဲကို ဂ်ပန္ ျပည္ပကုန္သြယ္ေရးအဖြဲ႕ (JETRO)က ဦးေဆာင္က်င္းပၿပီး ျမန္မာႏိုင္ငံဘက္က ျပည္ေထာင္စု ဝန္ႀကီးဦးေသာင္းထြန္း၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္ႏွင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ႏွင့္ စီးပြားေရးလုပ္ငန္း႐ွင္ ၈၀၀ ေက်ာ္တက္ေရာက္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service