မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ်လုပ်ကိုင်ခြင်း မရှိသည့် ဧက ၁၆၄၅၀ အား ပြန်လည်သိမ်းဆည်းရန်ဆုံးဖြတ် - Property News in Myanmar from iMyanmarHouse.com
707 Views

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ်လုပ်ကိုင်ခြင်း မရှိသည့် ဧက ၁၆၄၅၀ အား ပြန်လည်သိမ်းဆည်းရန်ဆုံးဖြတ်

[Unicode]

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ်လုပ်ကိုင်ခြင်း မရှိသည့် ဧက ၁၆၄၅၀ အား ပြန်လည်သိမ်းဆည်းရန်ဆုံးဖြတ် ဆုံးဖြတ်လိုက်ကြောင်း ဇူလိုင် ၂၁ ရက်ကကျင်းပသော ယင်းကော်မတီ၏ (၂၈)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ယခင်အစိုးရကာလ ဗဟိုအဖွဲ့က အသုံးပြုခွင့် ခွင့်ပြုထားခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်၊ အထူးအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအရ ယခင်ခွင့်ပြုဧရိယာ ဧက ၂၃၄၂၆၀၀ အနက် သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ်လုပ်ကိုင်ခြင်းမရှိသည့် ဧက ၁၆၄၅၀ အားပြန်လည်သိမ်းဆည်းရန် ယင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းချက်နှင့် ညီညွတ်မှုမရှိ၍ ပြန်လည်သိမ်းဆည်းခဲ့သည့် မြေဧရိယာစုစုပေါင်းမှာ လက်ရှိတွင် ၁၅၆၇၆၁၉ ဒသမ ၁၃ ဧက ရှိပြီဖြစ်ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရယူထားပြီး စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေးလုပ်ငန်းများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင် ခွင့်ရသူများထံမှ မြေခွန်တော်ကြွေးကျန်များ ပြေကြေစွာကောက်ခံရရှိရန် လုပ်ငန်းများထိထိရောက်ရောက် ဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်း ချက် အတိုင်း တိတိကျကျ ဆောင်ရွက်ရန်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီ၏ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အစည်းအဝေးတွင် ပြောထားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ငန်းဖော်ထုတ်လုပ်ကိုင်လျက်ရှိသော ဧရိယာများအား ၂၀၁၂ ခုနှစ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်းဥပဒေ စတင်အသက်ဝင်သည့် နေ့မှစ၍ နောက်ကြောင်းပြန် ကောက်ခံသွားရန် မြေခွန်ကောက်ခံခြင်း နည်း ဥပဒေ ၂ (ခ) အရ အထူးအဖွဲ့များ ဖွဲ့စည်း၍ မြေပြင်အမှန်စိုက်ဧကများ သိရှိရန် စိစစ်ဆောင်ရွက်ပြီး အမှန်စိုက်ဧကကို စည်းကြပ်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားစီမံခန္႔ခြဲေရးဗဟိုေကာ္မတီက သတ္မွတ္ကာလအတြင္း လုပ္ငန္းေဖာ္ထုတ္လုပ္ကိုင္ျခင္း မရွိသည့္ ဧက ၁၆၄၅၀ အား ျပန္လည္သိမ္းဆည္းရန္ဆုံးျဖတ္

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားစီမံခန္႔ခြဲေရးဗဟိုေကာ္မတီက သတ္မွတ္ကာလအတြင္း လုပ္ငန္းေဖာ္ထုတ္လုပ္ကိုင္ျခင္း မရွိသည့္ ဧက ၁၆၄၅၀ အား ျပန္လည္သိမ္းဆည္းရန္ဆုံးျဖတ္ ဆုံးျဖတ္လိုက္ေၾကာင္း ဇူလိုင္ ၂၁ ရက္ကက်င္းပေသာ ယင္းေကာ္မတီ၏ (၂၈)ႀကိမ္ ေျမာက္ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးမွ သိရသည္။

ယခင္အစိုးရကာလ ဗဟိုအဖြဲ႕က အသုံးျပဳခြင့္ ခြင့္ျပဳထားခဲ့ျခင္းႏွင့္စပ္လ်ဥ္း၍ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႕ရွိခ်က္ ႏွင့္ သေဘာထားမွတ္ခ်က္၊ အထူးအဖြဲ႕မ်ား၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ယခင္ခြင့္ျပဳဧရိယာ ဧက ၂၃၄၂၆၀၀ အနက္ သတ္မွတ္ကာလအတြင္း လုပ္ငန္းေဖာ္ထုတ္လုပ္ကိုင္ျခင္းမရွိသည့္ ဧက ၁၆၄၅၀ အားျပန္လည္သိမ္းဆည္းရန္ ယင္းအစည္းအေဝးက ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။

စည္းကမ္းခ်က္ႏွင့္ ညီညြတ္မႈမရွိ၍ ျပန္လည္သိမ္းဆည္းခဲ့သည့္ ေျမဧရိယာစုစုေပါင္းမွာ လက္ရွိတြင္ ၁၅၆၇၆၁၉ ဒသမ ၁၃ ဧက ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား လုပ္ကိုင္ခြင့္ရယူထားၿပီး စည္းကမ္းခ်က္သတ္မွတ္ကာလ ေလးႏွစ္ျပည့္ေျမာက္ၿပီးခ်ိန္အထိ ေျမျပင္ အမွန္တကယ္ စိုက္ပ်ိဳးလုပ္ကိုင္မႈမရွိေသာ လုပ္ကိုင္ခြင့္ခ်ထားေျမမ်ားအား ခြင့္ျပဳမိန္႔ ျပန္လည္႐ုပ္သိမ္းနိုင္ေရးႏွင့္ အမွန္တကယ္ စိုက္ပ်ိဳး လုပ္ကိုင္ထားေသာ ေျမဧရိယာအေပၚ ခြင့္ျပဳအမိန္႔စာအသစ္ ထုတ္ေပးနိုင္ေရးလုပ္ငန္းမ်ား၊ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား လုပ္ကိုင္ ခြင့္ရသူမ်ားထံမွ ေျမခြန္ေတာ္ေႂကြးက်န္မ်ား ေျပေၾကစြာေကာက္ခံရရွိရန္ လုပ္ငန္းမ်ားထိထိေရာက္ေရာက္ ေဆာင္ရြက္ရန္ ဥပေဒျပ႒ာန္း ခ်က္ အတိုင္း တိတိက်က် ေဆာင္ရြက္ရန္လည္း ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားစီမံခန္႔ခြဲေရးဗဟို ေကာ္မတီ၏ ဗဟိုေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူက အစည္းအေဝးတြင္ ေျပာထားသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားတြင္ လုပ္ငန္းေဖာ္ထုတ္လုပ္ကိုင္လ်က္ရွိေသာ ဧရိယာမ်ားအား ၂၀၁၂ ခုႏွစ္ ဥပေဒ၊ နည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ယင္းဥပေဒ စတင္အသက္ဝင္သည့္ ေန႔မွစ၍ ေနာက္ေၾကာင္းျပန္ ေကာက္ခံသြားရန္ ေျမခြန္ေကာက္ခံျခင္း နည္း ဥပေဒ ၂ (ခ) အရ အထူးအဖြဲ႕မ်ား ဖြဲ႕စည္း၍ ေျမျပင္အမွန္စိုက္ဧကမ်ား သိရွိရန္ စိစစ္ေဆာင္ရြက္ၿပီး အမွန္စိုက္ဧကကို စည္းၾကပ္ေကာက္ခံ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service