မြေဧက ၄၇၀၀ရှိသည့် မြစ်ကြီးနားစက်မူဇုန်ကို တရုတ်ကုမ္ပဏီ တိုက်ရိုက်လုပ်ခွင့်ရမည်မဟုတ်ဘဲ တင်ဒါပြိုင်ရမည်ဟု ပြည်နယ်အစိုးရပြော - Property News in Myanmar from iMyanmarHouse.com
1585 Views

မြေဧက ၄၇၀၀ရှိသည့် မြစ်ကြီးနားစက်မူဇုန်ကို တရုတ်ကုမ္ပဏီ တိုက်ရိုက်လုပ်ခွင့်ရမည်မဟုတ်ဘဲ တင်ဒါပြိုင်ရမည်ဟု ပြည်နယ်အစိုးရပြော

[Unicode]

ဧက ၄,၇၀၀ ကျယ်ဝန်းသည့် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန် စီမံကိန်းကို တရုတ်ကုမ္ပဏီအား တိုက်ရိုက်ပေးမည်မဟုတ်ဘဲ တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဟု ကချင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းက ပြောသည်။

ထိုစီမံကိန်းတည်ဆောက်ရန် ကချင်ပြည်နယ် အစိုးရနှင့် ယူနန် ထိန်ချုံးဟန်ရင်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ၂၀၁၈ မေလတွင် နားလည်မှုစာ ချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြစ်ကြီးနား စီးပွား ဖွံ့ဖြိုးရေးဇုန်စီမံကိန်းကို မြစ်ကြီး နားမြို့နယ် နန်ကျင်ကျေးရွာအုပ် စုအတွင်းရှိ မြေဧက ၄,ရဝဝ ကို အသုံးပြုသွားမည်ဖြစ်သည်။

ထို့ပြင် စီမံကိန်းပါ အသေး စိတ်အချက်အလက်များကို တင် ဒါမခေါ်ယူမီ လူထုထံသို့ အသေး စိတ်ချပြသွားမည်ဖြစ်ကြောင်း ဇူ လိုင် ၁၇ ရက်က ပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ သ တင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

‘‘စီမံကိန်းနေရာမှာ ဘာလုပ် မယ်။ ငွေကြေးဘယ်လောက်သုံး စွဲမယ်။ ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ်ချပြပါ့မယ်’’ ဟု ဦးဝေလင်းက ပြောသည်။

တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟန်ရင်းကုမ္ပဏီက ဆောင်ရွက် ရန်တင်ပြထားသော မြစ်ကြီးနား စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန် စီမံ ကိန်းအတွက် ပြည်သူများစိုးရိမ်မှု ရှိသလို ပြည်နယ်အစိုးရနှင့် ပြည် ထောင်စုအစိုးရက စိုးရိမ် ကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် ဒေသခံအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအ ပါအဝင် အသေးစား၊ အလတ်စား နှင့် အငယ်စားလုပ်ငန်းများဖွံ့ဖြိုး စေရန် ရည်ရွယ်ထားကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြော သည်။

သို့သော် ယမန်နေ့သတင်း စာရှင်းလင်းပွဲတွင် အစိုးရတာဝန် ရှိသူများက စီမံကိန်းကို အသေး စိတ် ဘက်ပေါင်းစုံလေ့လာနေဆဲ သာဖြစ်ပြီး သမ္မတရုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီမံကိန်း အတွက် လုပ်ဆောင်ရမည့်ညွှန် ကြားချက်များနှင့်အညီ ဆောင် ရွက်နေကြောင်း ရှင်းလင်းသည်။

ထိုစီမံကိန်းအတွက် ၂၀၁၈ မေလ ၈ ရက်က ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ (၁၅) နှစ်တာ အကောင်အထည်ဖော် မည်ဖြစ်ကာ တရုတ်ကုမ္ပဏီက ဒေါ်လာ သန်း ၃၆၀ ထက် မနည်းရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

သမ္မတရုံး၏ စီမံကိန်းဆောင် ရွက်ရမည့် ညွှန်ကြားချက်များအရ MoU သက်တမ်းတိုးထားခြင်းမရှိ ဟု ကချင်ပြည်နယ် စီမံ၊ ဘဏ္ဏာ ဝန်ကြီးက ဆိုသည်။

ယူနန်ထိန်ချုံးဟန်ရင်းကုမ္ပ ဏီ၏ တင်ပြထားချက်အရ ဧက ၄,၇၀၀ ရှိ စီမံကိန်းမြေနေရာတွင် လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်ယန္တရားထုတ် လုပ်မှု၊ သစ်အချောထည်ထုတ် လုပ်မှု၊ ဇီဝဆေးဝါးနှင့် ခရီးသွား အပန်းဖြေဇုန်လုပ်ငန်းများ ပါရှိ သည်။

စက်မှုဇုန်သီးသန့်မဟုတ်ဘဲ လူနေရပ်ဝန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ စူပါမားကက်များ၊ သယ်ယူပို့ဆောင်ရေးအတွက် အဝေးပြေးလမ်းများနှင့် ရထား လမ်းများ တည်ဆောက်သွားမည် ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမဧက ၄၇၀၀႐ွိသည့္ ျမစ္ႀကီးနားစက္မူဇုန္ကို တ႐ုတ္ကုမၸဏီ တိုက္႐ိုက္လုပ္ခြင့္ရမည္မဟုတ္ဘဲ တင္ဒါၿပိဳင္ရမည္ဟု ျပည္နယ္အစိုးရေျပာ

ဧက ၄,၇၀၀ က်ယ္ဝန္းသည့္ ျမစ္ႀကီးနားစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈဇုန္ စီမံကိန္းကို တ႐ုတ္ကုမၸဏီအား တိုက္႐ိုက္ေပးမည္မဟုတ္ဘဲ တင္ဒါစနစ္ျဖင့္ ယွဥ္ၿပိဳင္ရမည္ဟု ကခ်င္ျပည္နယ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေဝလင္းက ေျပာသည္။

ထိုစီမံကိန္းတည္ေဆာက္ရန္ ကခ်င္ျပည္နယ္ အစိုးရႏွင့္ ယူနန္ ထိန္ခ်ံဳးဟန္ရင္းရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီတို႔က အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္ ၂၀၁၈ ေမလတြင္ နားလည္မႈစာ ခြၽန္လႊာ ေရးထိုးခဲ့ျခင္းျဖစ္သည္။ အဆိုပါ ျမစ္ႀကီးနား စီးပြား ဖြံ႕ၿဖိဳးေရးဇုန္စီမံကိန္းကို ျမစ္ႀကီး နားၿမိဳ႕နယ္ နန္က်င္ေက်း႐ြာအုပ္ စုအတြင္း႐ွိ ေျမဧက ၄,ရဝဝ ကို အသုံးျပဳသြားမည္ျဖစ္သည္။

ထို႔ျပင္ စီမံကိန္းပါ အေသး စိတ္အခ်က္အလက္မ်ားကို တင္ ဒါမေခၚယူမီ လူထုထံသို႔ အေသး စိတ္ခ်ျပသြားမည္ျဖစ္ေၾကာင္း ဇူ လိုင္ ၁၇ ရက္က ျပဳလုပ္သည့္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ သ တင္းစာ႐ွင္းလင္းပြဲတြင္ ၎က ေျပာသည္။

‘‘စီမံကိန္းေနရာမွာ ဘာလုပ္ မယ္။ ေငြေၾကးဘယ္ေလာက္သုံး စြဲမယ္။ က႑တစ္ခုခ်င္းအလိုက္ အေသးစိတ္ခ်ျပပါ့မယ္’’ ဟု ဦးေဝလင္းက ေျပာသည္။

တ႐ုတ္ႏိုင္ငံ ယူနန္ထိန္ခ်ံဳး ဟန္ရင္းကုမၸဏီက ေဆာင္႐ြက္ ရန္တင္ျပထားေသာ ျမစ္ႀကီးနား စီးပြားဖြံ႕ၿဖိဳးတိုးတက္မႈဇုန္ စီမံ ကိန္းအတြက္ ျပည္သူမ်ားစိုးရိမ္မႈ ႐ွိသလို ျပည္နယ္အစိုးရႏွင့္ ျပည္ ေထာင္စုအစိုးရက စိုးရိမ္ ေၾကာင္း၊ သို႔ေသာ္ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္ေရးႏွင့္ ေဒသခံအလုပ္အကိုင္အခြင့္အလမ္းရ႐ွိေရးအ ပါအဝင္ အေသးစား၊ အလတ္စား ႏွင့္ အငယ္စားလုပ္ငန္းမ်ားဖြံ႕ၿဖိဳး ေစရန္ ရည္႐ြယ္ထားေၾကာင္း ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာ သည္။

သို႔ေသာ္ ယမန္ေန႔သတင္း စာ႐ွင္းလင္းပြဲတြင္ အစိုးရတာဝန္ ႐ွိသူမ်ားက စီမံကိန္းကို အေသး စိတ္ ဘက္ေပါင္းစုံေလ့လာေနဆဲ သာျဖစ္ၿပီး သမၼတ႐ုံး၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ အထူးစီမံကိန္း အတြက္ လုပ္ေဆာင္ရမည့္ၫႊန္ ၾကားခ်က္မ်ားႏွင့္အညီ ေဆာင္ ႐ြက္ေနေၾကာင္း ႐ွင္းလင္းသည္။

ထိုစီမံကိန္းအတြက္ ၂၀၁၈ ေမလ ၈ ရက္က ေရးထိုးခဲ့ေသာ နားလည္မႈစာခြၽန္လႊာအရ (၁၅) ႏွစ္တာ အေကာင္အထည္ေဖာ္ မည္ျဖစ္ကာ တ႐ုတ္ကုမၸဏီက ေဒၚလာ သန္း ၃၆၀ ထက္ မနည္းရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္သည္။

သမၼတ႐ုံး၏ စီမံကိန္းေဆာင္ ႐ြက္ရမည့္ ၫႊန္ၾကားခ်က္မ်ားအရ MoU သက္တမ္းတိုးထားျခင္းမ႐ွိ ဟု ကခ်င္ျပည္နယ္ စီမံ၊ ဘဏၰာ ဝန္ႀကီးက ဆိုသည္။

ယူနန္ထိန္ခ်ံဳးဟန္ရင္းကုမၸ ဏီ၏ တင္ျပထားခ်က္အရ ဧက ၄,၇၀၀ ႐ွိ စီမံကိန္းေျမေနရာတြင္ လယ္ယာစိုက္ပ်ိဳးေရး၊ သယ္ယူပို႔ေဆာင္ေရး၊ စက္ယႏၲရားထုတ္ လုပ္မႈ၊ သစ္အေခ်ာထည္ထုတ္ လုပ္မႈ၊ ဇီဝေဆးဝါးႏွင့္ ခရီးသြား အပန္းေျဖဇုန္လုပ္ငန္းမ်ား ပါ႐ွိ သည္။

စက္မႈဇုန္သီးသန္႔မဟုတ္ဘဲ လူေနရပ္ဝန္းမ်ား၊ ေဆး႐ုံမ်ား၊ ေက်ာင္းမ်ား၊ စူပါမားကက္မ်ား၊ သယ္ယူပို႔ေဆာင္ေရးအတြက္ အေဝးေျပးလမ္းမ်ားႏွင့္ ရထား လမ္းမ်ား တည္ေဆာက္သြားမည္ ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service